ကျိုက်မရော ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲမှု သေဆုံးသူ ၁၆ ဦးအထိ ရှိလာ
စစ်ရေး သတင်း
1 min read
185

ကျိုက်မရော ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က ဗုံးကြဲမှု သေဆုံးသူ ၁၆ ဦးအထိ ရှိလာ

ဇူလိုင် ၂၂ - ၂၀၂၄
0

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ လွှစင်ကုန်းရွာလမ်းဆုံနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီတပ်က လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၆ ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက် အရသိရသည်။ ဇူလိုင်လ ၁၉ ရက်နေ့တွင် နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် စစ်ကောင်စီတပ်က ကျိုက်မရောမြို့နယ်၊ ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ အစပ် လမ်းဆုံနှင့် လမ်းဆုံအနီးရှိ ဘုန်းကြီးကျောင်းကို ဂျက်ဖိုက်တာ ၂ စီးဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ သေဆုံးမှု ၁၆ ဦးတွင် ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်များပါဝင်ပြီး ဂျက်ဖိုက်တာ ၂ စီးသည် ကြုံငွယ်ရွာနှင့် လွှစင်ကုန်းရွာ တို့ကို အချိန်အတော်ကြာ ပျံဝဲပြီးမှ ဗုံးကြဲသွားခြင်း ဖြစ်ကြောင်း

Continue Reading
■ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း ကရင်လေးတံတား မိုင်းခွဲခံရ
စစ်ရေး သတင်း
1 min read
135

■ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း ကရင်လေးတံတား မိုင်းခွဲခံရ

ဇူလိုင် ၁၇ - ၂၀၂၄
0

ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်း သထုံမြို့နယ် ကရင်လေဆိပ်တံတား မိုင်းခွဲခံရ၍ ပြိုကျပျက်စီးသွားကြောင်း သိရသည်။ ကရင်လေးတံတား ပျက်စီးသွား၍ ခရီးသွားကားများနှင့် ကုန်တင်ကားများ သွားလာ၍မရဘဲ ရာနှင့်ချီ လမ်းပိတ်ဆို့နေကြောင်း ဒေသခံပြည်သူများက ပြောသည်။ ယမန်နေ့ ဇူလိုင်လ ၁၆ ည ၁၀ နာရီခွဲတွင် မိုင်းခွဲခံရ၍ တံတား ပျက်စီးသွားပြီး မည်သူက မိုင်းခွဲဖျက်ဆီးခဲ့သည်ကို အတိအကျ မသိရသေးပေ။ ခရီးသွားပြည်သူတစ်ဦးက ” အခုကားတွေ ပိတ်မိနေတာတော့ အစီး ၁၀၀ လောက်ရှိတယ်။ အဲဒီဘက်က ရှောင်ကွင်းသွားလို့ရတဲ့ လမ်းကြောတော့ မတွေ့သေးဘူး။ နောက်ပြန် လှည့်ရမလား၊ ယာယီတံတား လာထိုးပေးတာ စောင့်ရမလားတော့ မသိသေးဘူး” ဟု ပြောသည်။ ကရင်လေးတံတားသည် မကြာခဏ

Continue Reading