KNU သို့ ပို့မည် လက်နက်များ ချင်းမိုင်တွင် ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်
မှုခင်း သတင်း
1 min read
0

KNU သို့ ပို့မည် လက်နက်များ ချင်းမိုင်တွင် ဖမ်းမိကြောင်း ထိုင်းရဲတပ်ဖွဲ့ ထုတ်ပြန်

ဧပြီ ၂၂ - ၂၀၂၅
0

တိုင်းရင်းသားလက်နက်တစ်ခု ဖြစ်သော KNU သို့ ပို့မည် လက်နက်များကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့၊ တူးမြောင်းလမ်း (Canel Road) ပေါ်မှာ ဖမ်းဆီး ရမိခဲ့ကြောင်း ဧပြီလ ၂၂ရက် နေ့လယ် ပိုင်းက ထိုင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။ သေနတ်နှင့် ကျည်ဆံများ သယ်ဆောင်လာသူ ထိုင်းအမျိုးသားနှစ်ယောက်တို့ကို ယာတာပစ်ကပ် အနက်ရောင်ကား တစ်စီးနှင့် အတူ ထိုင်းရဲတပ်ဖွဲ့က ယနေ့တွင် ဖမ်းဆီးခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့ က ထုတ်ပြန်သည်။ ဖမ်းဆီးခံရသော ထိုင်းအမျိုးသားနှစ်ဦးသည် အသက်၂၇နှစ်၊ ၂၈နှစ် အရွယ် ဖြစ်ကြပြီး ၎င်းတို့နှင့် အတူ ၅.၅၆ မမ ကျည်သုံး M16 ရိုင်ဖယ် ၁၀လက်၊ ကျည်ကတ်

Continue Reading
ပလက်ဝ ဒေသခံ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း AA တပ်ဖွဲ့နှစ်ဦး စွပ်စွဲခံထားရ
မှုခင်း သတင်း
1 min read
0

ပလက်ဝ ဒေသခံ အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ခဲ့ကြောင်း AA တပ်ဖွဲ့နှစ်ဦး စွပ်စွဲခံထားရ

ဧပြီ ၂၂ - ၂၀၂၅
0

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသည့် ပလက်ဝဒေသတွင် ကလေးမိခင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်မှု ကျူးလွန်ပြီး သတ်ဖြတ်ရန် ကြံစည်ခဲ့မှုဖြင့် အာရက္ခတပ်တော် AA တပ်ဖွဲ့နှစ်ဦး စွပ်စွဲခံထားရသည်။ AA အဖွဲ့မှ အရာရှိတစ်ဦးနှင့် တပ်သားတစ်ဦးတို့က ပလက်ဝမြို့နယ် စိမ်းစင်းကျေးရွာမှ နို့စို့အရွယ် ကလေးငယ်တစ်ဦး၏ မိခင် အမျိုးသမီးတစ်ဦးကို အဓမ္မပြုကျင့်ပြီးနောက် သတ်ဖြတ်ရန် ကြိုးပမ်းခဲ့သည်ဟု မိသားစုဝင်များနှင့် ကြားကာလ ခူမီးချင်းမျိုးနွယ်စုများရေးရာ အတိုင်ပင်ခံကောင်စီ/ပလက်ဝကောင်စီ (IKACC/PC) တို့က စွပ်စွဲပြောဆိုထားကြသည်။ ယခုလ ဧပြီလ ၅ ရက်နေ့ နံနက် ၉ နာရီဝန်းကျင်အချိန်တွင် စိမ်းစင်းကျေးရွာက အမျိုးသမီးမှာ ဟင်းခူးရန် ယာခင်းသို့ သွားရောက်စဉ် လမ်းတွင် AA တပ်ဖွဲ့ဝင်နှစ်ဦးက အဓမ္မပြုကျင့်ပြီး

Continue Reading
ULA/AA ၏ မင်းပြားမြို့ ရာမောင် စခန်းမှူးက အရပ်သားနှစ်ဦးကို ကျည်ထိုးထားသော သေနတ်ဖြင့်ချိန်ပြီး ဖမ်းဆီးသွား
မှုခင်း သတင်း
1 min read
0

ULA/AA ၏ မင်းပြားမြို့ ရာမောင် စခန်းမှူးက အရပ်သားနှစ်ဦးကို ကျည်ထိုးထားသော သေနတ်ဖြင့်ချိန်ပြီး ဖမ်းဆီးသွား

မတ် ၂၁ - ၂၀၂၅
0

အမျိုးသမီးတစ်ဦး၏ တိုင်ကြားချက်ဖြင့် ရခိုင်ပြည် မင်းပြားမြို့နယ် တံခွန်တိုင်ကျေးရွာက အရပ်သားနှစ်ဦးကို သေနတ်ထောက်ပြီး အာရက္ခတပ်တော် AA မင်းပြားမြို့နယ် ရာမောင်ရဲစခန်းမှူး ဦးကျော်ကျော်သန်းက ဖမ်းဆီးသွားကြောင်း သိရသည်။ မတ်လ ၁၈ ရက်နေ့က စခန်းမှူး ဦးကျော်ကျော်သန်း ဦးဆောင်သော ရဲတပ်ဖွဲ့ဝင် ၃ ဦးက အုပ်ချုပ်ရေးမှူးနေအိမ်သို့ လာရောက်ဖမ်းဆီးသွားခြင်းဖြစ်သည်ဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။ စခန်းမှူး ဦးကျော်ကျော်သန်း ဦးဆောင်သော ရဲတပ်အဖွဲ့သည် တိုင်ကြားသူ အမျိုးသမီး၏ နေအိမ်တွင် နေ့လယ်စာ ထမင်းစားပြီးနောက် ကျည်ထိုးထားသော သေနတ်ဖြင့် ချိန်ပြီး ရွာသားနှစ်ဦးအား ဖမ်းဆီးသွားခြင်းဖြစ်သည်။ ဖမ်းဆီးခံ မိသားစုဝင်တစ်ဦးက “မတ်လ ၁၈ ရက်နေ့က ညနေ ၃ နာရီလောက်ရှိမယ်။

Continue Reading
စစ်ကောင်စီအဖွဲ့ဝင်များ ၁၃ ဦးနှင့် ဌာနဆိုင်ရာ အဖွဲ့ ၃ ခုကို ကနေဒါက ဒဏ်ခတ်ပိတ်ဆို့ အရေးယူ
စစ်ရေး မှုခင်း သတင်း
1 min read
0

စစ်ကောင်စီအဖွဲ့ဝင်များ ၁၃ ဦးနှင့် ဌာနဆိုင်ရာ အဖွဲ့ ၃ ခုကို ကနေဒါက ဒဏ်ခတ်ပိတ်ဆို့ အရေးယူ

မတ် ၈ - ၂၀၂၅
2

ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ထိခိုက်စေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုများ ကျူးလွန်ခြင်းအတွက် မြန်မာစစ်ကောင်စီအဖွဲ့ဝင် ၁၃ ဦးနှင့် အဖွဲ့အစည်း ၃ ခုကို ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လိုက်သည်။ စစ်ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ဝန်ကြီး၊ ဒုဝန်ကြီး ၁၃ ဦးနှင့် ဌာနဆိုင်ရာ အဖွဲ့ ၃ ခုကို ကနေဒါနိုင်ငံ အစိုးရက ဒဏ်ခတ်ပိတ်ဆို့ အရေး ယူကြောင်း ယနေ့ မြန်မာစံတော်ချိန် မတ်လ ၈ ရက်နေ့တွင် ကြေညာလိုက်သည်။ ဒဏ်ခတ်ပိတ်ဆို့ ခံရသူများတွင် စစ်ကောင်စီအဖွဲ့ဝင် ဒေါက်တာဘရွှေ၊ ဗိုလ်ချုပ်ကြီး မိုးအောင်၊ ဝန်ကြီး ကံဇော်၊ ဝန်ကြီး ကိုကိုလှိုင်၊ ဆက်သွယ်ရေး ဒုဝန်ကြီး ဗိုလ်မှူးချုပ် လူမွန်၊

Continue Reading
ရခိုင်က လွတ်မြောက်နယ်များတွင် ဥပဒေမဲ့ ဓါးပြမှု၊ လူသတ်မှု များပြားလာ
မှုခင်း သတင်း
1 min read
0

ရခိုင်က လွတ်မြောက်နယ်များတွင် ဥပဒေမဲ့ ဓါးပြမှု၊ လူသတ်မှု များပြားလာ

ဖေ‌ဖော်ဝါရီ ၂၇ - ၂၀၂၅
0

(AA က ဥပဒေမဲ့ လုပ်ရပ်များကို သေချာ မကိုင်တွယ်နိုင်လျှင် ပြည်သူ့ယုံကြည်မှု ကျဆင်းလာနိုင်) အာရက္ခတပ်တော် ဦးဆောင်သည့် အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ လက်အောက် ရခိုင်ပြည်အတွင်း လွတ်မြောက်နယ် မြေများတွင် ဓါးပြတိုက်မှု၊ လူသတ်မှုနှင့် ခိုးဆိုးလုယက်မှုများ အပါအဝင် ဥပဒေမဲ့ လုပ်ရပ်များ ဆက်တိုက်ဖြစ်ပေါ်လာနေသည်။ Western News ၏ စုစည်းချက်အရ ရခိုင် လွတ်မြောက်နယ်မြေများတွင် မကြာသေးခင်က ဖြစ်ပွားခဲ့သော ဥပဒေမဲ့ လုပ်ရပ် ဖြစ်စဉ် ၁၀ ခုထက်မနည်း ရှိနေပြီး ကလေးသူငယ် ၂ဦး သတ်ဖြတ်ခံရသည့် ဖြစ်စဉ်လည်း ပါဝင်နေသည်။ ယင်းဖြစ်စဉ်များနှင့် ပတ်သက်၍ အာရက္ခပြည်သူ့တော်လှန်ရေးအစိုးရ က လက်ရှိအချိန်အထိ တရားခံများကို ဖော်ထုတ် ဖမ်းဆီးနိုင်ခြင်း မရှိဘဲ

Continue Reading
မြောက်ဦး သျှစ်သောင်းဘုရားမှာ ဓါးပြတိုက်ပြီး ဘုရားဂေါပကတစ်ဦး ကို သတ်ဖြတ်သွား
မှုခင်း သတင်း
1 min read
0

မြောက်ဦး သျှစ်သောင်းဘုရားမှာ ဓါးပြတိုက်ပြီး ဘုရားဂေါပကတစ်ဦး ကို သတ်ဖြတ်သွား

ဖေ‌ဖော်ဝါရီ ၂၇ - ၂၀၂၅
0

(တရားခံ ထွက်ပြေး လွတ်မြောက်နေ) အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည် ရှေးဟောင်း မြောက်ဦးမြို့တော်ရှိ သျှစ်သောင်းဘုရားအတွင်း ဘုရားအလှူငွေများ ဓါးပြတိုက်ခိုက်ခံရစဉ် ဘုရားဂေါပကတစ်ဦးကို သတ်ဖြတ်သွားကြောင်း ဒေသခံများထံမှ သိရသည်။ မင်းပြားဒေသခံ လူလတ်ပိုင်း အမျိုးသားတစ်ဦးသည် သျှစ်သောင်းဘုရားက အလှူငွေများကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့က နေ့လယ်ပိုင်းတွင် ဓါးပြတိုက်ပြီး တောင်းယူရာမှာ ဘုရားဂေါပက မပေးနိုင်ဟု ငြင်းဆို၍ ဓါးဖြင့် ခုတ်သတ်ခံလိုက်ရကြောင်း သိရသည်။ အသတ်ခံရပြီး သေဆုံးသွားသော ဘုရားဂေါပကမှာ အသက် ၆၀ အရွယ် ဦးအောင်မြင့်ဇော် ဖြစ်ပြီး မြောက်ဦးမြို့ခံတစ်ဦးဖြစ်သည်။ မြောက်ဦးမြို့ခံတစ်ဦးက “လူလတ်ပိုင်း အမျိုးသားတစ်ဦးဟာ ဓါးရှည်တစ်လက်ကိုင်ဆောင်ပြီး သျှစ်သောင်းဘုရားက အလှူငွေကို ဓါးပြတိုက်ပါတယ်။ ဘုရားဂေါပအဖွဲ့ဝင်

Continue Reading
မှုခင်း သတင်း
1 min read
0

လှိုင်သာယာမြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင်နှင့် ကိုယ်ရေးအရာရှိတို့ ပစ်ခတ်ခံရ

အောက်တိုဘာ ၁၃ - ၂၀၂၄
0

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်အနောက်ပိုင်း စီမံအုပ်ချုပ်ရေးကောင်စီဝင် ကျော်သူဝင်း(ခ) ရွှေမန်းနှင့် ကိုယ်ရေးအရာရှိတို့ကို တော်လှန်ရေးတပ်များက ဝင်ရောက်ပစ်ခတ်ရာ ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း သိရသည်။ အောက်တိုဘာလ ၁၃ ရက်နေ့ နံနက် ၉ နာရီအချိန်ဝန်းကျင် လှိုင်သာယာမြို့နယ်၊ ၁၁ ရပ်ကွက်တွင် လှိုင်သာယာမြို့နယ်အနောက်ပိုင်း စီမံအုပ်ချုပ်ရေးကောင်စီဝင် အဖွဲ့ဝင် ၂ ကျော်သူဝင်းနှင့် ကိုယ်ရေးအရာရှိတို့ကို Golden Valley Warriors ရဲဘော်များက ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သတင်းထုတ်ပြန်သည်။ ကျော်သူဝင်းမှာ ရင်ဘတ်ဖောက်ဝင် ဒဏ်ရာ ၂ ချက်၊ ဝဲလက်ဖဝါးဖောက်ဒဏ်ရာ ၁ ချက်ကျည်ထိမှန်ဒဏ်ရာရရှိ ခဲ့ပြီး ကိုယ်ရေးအရာရှိမှာ ဦးခေါင်းဖောက်ဝင် ဒဏ်ရာ ၂ ချက် ရရှိခဲ့ကာ လူနာတင်ယာဉ် ၂ စီးဖြင့် ဆေးရုံသို့

Continue Reading