ယူကရိန်းအတွက် အမေရိကန်၏ စစ်ရေးအကူအညီအားလုံး ရပ်ဆိုင်း
ရုရှားနှင့် စစ်ဖြစ်နေသော ယူကရိန်းနိုင်ငံကို အမေရိကန်နိုင်ငံက ပေးနေသော စစ်ရေးအကူအညီများ အားလုံး ယာယီရပ်ဆိုင်းကြောင်း အိမ်ဖြူတော်အရာရှိတစ်ဦးက ပြောသည်။ သမ္မတ ထရမ့်အမိန့်ဖြင့် ယူကရိန်းအကူအညီများ ချက်ချင်း ယာယီရပ်ဆိုင်းမည်ဟု အိမ်ဖြူတော်အရာရှိတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ ရိုက်တာ သတင်းဌာနက ယနေ့ မတ်လ ၄ ရက် နံနက်တွင် ဖော်ပြသည်။ ပြီးခဲ့သည့် အပတ်က ယူကရိန်း သမ္မတ ဇလန်းစကီးနှင့် ထရမ့်တို့ တွေ့ဆုံပြီးနောက်မှာ အမေရိကန်က ပေးနေသော စစ်ရေးအကူအညီများကို ရပ်ဆိုင်းလိုက်ခြင်းဖြစ်သည်။ ဇလန်းစကီးနှင့် ထရမ့်တို့ တွေ့ဆုံပွဲတွင် စကားများ ကတောက်ကဆ ဖြစ်ခဲ့ကြပြီး အမေရိကန်က ယူကရိန်းနိုင်ငံရှိ မြေရှားသတ္တု တူးဖော်ရေးကို တောင်းဆိုခဲ့သည်။ အိမ်ဖြူတော် အရာရှိက
ရုရှားကို ဗြိတိန်လုပ် Storm Shadow ခရုဇ်ဒုံးကျည်များဖြင့် ယူကရိန်းတိုက်ခိုက်
ယူကရိန်းသည် US ATACMS ဒုံးကျည်များကို အသုံးပြုပစ်ခတ်ပြီးနောက် တစ်ရက်အကြာတွင် ရုရှားပစ်မှတ်များကို နောက်ဆုံးပေါ် အနောက်တိုင်းလက်နက်အသစ်ဖြစ်သည့် ဗြိတိန်လုပ် Storm Shadow ခရုဇ်ဒုံးကျည်များဖြင့် ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက် ဗုဒ္ဓဟူးနေ့တွင် ပစ်ခတ်ခဲ့ကြောင်း သိရသည်။ ယခုတိုက်ခိုက်မှုကို ရုရှားစစ်သတင်းထောက်များက Telegram မှာ ကျယ်ကျယ်ပြန့်ပြန့် အစီရင်ခံခဲ့ပြီး အမည်မဖော်လိုသည့် တာဝန်ရှိသူတစ်ဦးက အတည်ပြုထားကြောင်း သိရသည်။ ရုရှားပိုင်နက်ကို အနောက်နိုင်ငံ လက်နက်များသုံးပြီး တိုက်ခိုက်ခြင်းသည် ပဋိပက္ခကို ပိုကြီးမားလာမည်ဟု သုံးသပ်သူများက ပြောဆိုကြသည်။ ယူကရိန်းအရှေ့မြောက်ပိုင်းနှင့် နယ်နိမိတ်ချင်းထိစပ်နေသော Kursk ဒေသတွင် ကြီးမားသော ပေါက်ကွဲသံ ၁၄ ခုထက်မနည်းကြားရပြီး အများစုမှာ ဒုံးကျည်ကဲ့သို့ စူးရှသော ဝီစီသံများနှင့်အတူ