ယောတပ် YPDF ကို အပြီးအပိုင် ဖျက်သိမ်း
စစ်ရေး သတင်း
1 min read
0

ယောတပ် YPDF ကို အပြီးအပိုင် ဖျက်သိမ်း

မတ် ၃ - ၂၀၂၅
0

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF ကို အပြီးအပိုင်ဖျက်သိမ်းကြောင်း ယမန်နေ့ မတ်လ ၂ ရက်တွင် ဗဟိုအလုပ်အမှုဆောင်ကော်မတီ ဥက္ကဌ ရဲဘော်ယောလေးက ထုတ်ပြန်အသိပေးထားကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၉ ရက်နေ့က ယောတပ်တော် YA က ယောဒေသတွင် ယောတပ်တော်အဖြစ် ဖွဲ့စည်းသွားရန် ဖိတ်ခေါ်ပြီးနောက် YPDF ကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။ ယောတပ်တော် YA နှင့် YPDF ပေါင်းစည်းနိုင်ရေးအတွက် ညှိနှိုင်းဆွေးနွေးပြီး အခြေခံမူများ သဘောတူထားသည်ဟု ရဲဘော်ယောလေးက ပြောဆိုထားသည်။ စုစည်းညီညွတ်မှုဖြင့် လက်တွေ့ကျသော စစ်ရေး၊ နိုင်ငံရေး တနည်းအားဖြင့် ယောအမျိုးသားနိုင်ငံရေးကို အကောင်အထည်ဖော်ဆောင်ရာတွင် YPDF တပ်ဖွဲ့အမည်ဖြင့် ဆက်လက်တည်ရှိရန် မလိုအပ်တော့ကြောင်း ယုံကြည်မိသည်ဟု

Continue Reading