တိုက်ပွဲ ဂွမြို့အထိရောက်လာ၍ မြို့ခံအားလုံး ဧရာဝတီဘက် တိမ်းရှောင်
ရခိုင်ပြည် ဂွမြို့အထိ အာရက္ခတပ်တော် AA ထိုးစစ် ရောက်ရှိလာပြီး အာဏာသိမ်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ဩဂုတ်လ ၁၀ ရက်နေ့က ဂွမြို့နယ် ကျိန္တလီမြို့ ချင်းကွင်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ယမန်နေ့ ဩဂုတ်လ ၁၅ ရက်နေ့ ဒေသခံများပြောပြချက်အရ ကျိန္တလီမြို့ကို AA က သိမ်းလိုက်ပြီဟု ပြောဆိုကြသည်။ အသက် ၃၅ နှစ်အရွယ် ဂွမြို့ပေါ်ဒေသခံ အမျိုးသားတစ်ဦးက ” ကျိန္တလီမြို့ကို AA က သိမ်းလိုက်ပြီလို့ ပြောလို့ရပါတယ်။ ကျိန္တလီမြို့မှာ စစ်ကောင်စီ မရှိတော့ပါဘူး။
စစ်တွေ ဗျိုင်းဖြူရွာသားများကို တရားရုံးက စတင်စစ်ဆေး၊ စွပ်စွဲခံရသူတစ်ဦးလျှင် ခံပြသက်သေ ၂ ဦး တင်ပြရန် တရားရုံးက တောင်းဆို
ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူရွာသားများကို တရားရုံးက စတင်စစ်ဆေးနေပြီး စွပ်စွဲခံရသူတစ်ဦးလျှင် ခံပြသက်သေ ၂ ဦး တင်ပြရမည်ဟု စစ်တွေမြို့နယ်တရားရုံးက တောင်းဆိုထားကြောင်း မိသားစုဝင်များထံမှ သိရသည်။ ဗျိုင်းဖြူကျေးရွာက အမျိုးသား၊ အမျိုးသမီးအပါအဝင် အရပ်သား ၂၀၀ ကျော်ကို AA နှင့်ဆက်သွယ်သည်ဟုဆိုကာ စစ်ကောင်စီက မတရားဖမ်းဆီးခဲ့ပြီး ယင်းအထဲက လူ ၁၀၀ ခန့်ကို စစ်ကောင်စီက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်။ ကျန် အရပ်သား ၁၀၀ ကျော်ထဲက ၆၀ ဦးနှင့်အထက်ကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက စစ်တွေမြို့နယ်တရားရုံးတွင် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) တို့ဖြင့် ဇွန်လ ပထမအပတ်တွင် တရားစွဲဆိုခဲ့သည်။ ရုံးချိန်း ၄ ကြိမ်အထိ
ဂွ-ကျိန္တလီကြားရှိ ကုလားပြင်တံတားနှင့် ဆပ်သွားတံတားကို မိုင်းခွဲဖျက်ဆီးရန် စစ်ကောင်စီ ပြင်ဆင်နေ
တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် တောင်ပိုင်းဒေသတွင် ဂွမြို့နှင့် ကျိန္တလီမြို့ကြားတွင်ရှိသော ကုလားပြင် (ရတနာမြိုင်) တံတားနှင့် ဆပ်သွားချောင်းတံတားတို့ကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မိုင်းခွဲဖျက်ဆီးရန် ပြင်ဆင်နေကြောင်း စုံစမ်းသိရသည်။ ဩဂုတ်လ ၁၂ ရက်နေ့က ကျိန္တလီမြို့အတွင်း ပိတ်မိနေသော မိသားစုဝင်တစ်အား သွားရောက်ကယ်ထုတ်သူ ဂွမြို့ခံလူငယ်တစ်ဦးက မျက်မြင်တွေ့ခဲ့ရသည်ကို Western News အား ပြောပြသည်။ ” ဟိုတနေ့က ဩဂုတ်လ ၁၂ ရက်ပေါ့။ ကျိန္တလီမြို့ထဲ မိသားစုဝင်တစ်ဦးခေါ်ဖို့ သွားခဲ့တယ်။ အပြန် ညနေပိုင်းမှာ ကုလားပြင်တံတားနဲ့ ဆပ်သွားတံတားမှာ မိုင်းထောင်နေတာ တွေ့ခဲ့ရတယ်။ တံတား အစ၊ အလယ်၊ အဆုံး ထိပ်တွေမှာ ကားတာယာတွေနဲ့ မိုင်ခွဲဖျက်ဆီးဖို့ ပြင်ဆင်နေတာ တွေ့ခဲ့ရတယ်။ တံတားတွေမှာလည်း
ကျိန္တလီမြို့ထဲ စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ
ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့ထဲ ယနေ့ နံနက် ၆ နာရီကျော်ကစ၍ နေ့လယ် ၁ နာရီကျော်အထိ စစ်ကောင်စီနှင့် AA တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြကြောင်း စစ်ရေးသိသူများက ပြောသည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ” မနက် ၆ နာရီကျော်လောက်နေ ဖြစ်နေကြတာ။ မြို့ထဲနေရာအစုံပါပဲ။ ဒီနေ့ နေ့လယ်အထိတော့ လေယာဉ် မရှိဘူး။ မနေ့ကတော့ လေယာဉ်နဲ့ ဗုံးကြဲတာ၊ ပစ်ခတ်တာရှိတယ်။ ” ဟု ပြောသည်။ စစ်ရှောင်လာသည့် ကျိန္တလီမြို့ခံအချို့ ပြောပြချက်အရ နယ်မြေရဲစခန်းအနီး၊ စည်ပင်ရုံးအနီး၊ လျှပ်စစ်ဖြန့်ဖြူးရေးရုံးအနီး၊ အ.ထ.က ကျောင်းအနီးနှင့် အဝိုင်းပတ်တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။ မြေပြင် AA တပ်ဖွဲ့ဝင်များ၏ ကြိုတင်သတိပေးချက်များနှင့် စစ်ကောင်စီ၏
AA ထိုးစစ် ရခိုင်အဆုံး ဂွမြို့နယ်သို့ရောက်
(ကျိန္တလီရဲစခန်းအနီး စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီက ဗုံးကြဲနေ၍ မြို့ခံအများစု တိမ်းရှောင်) ဩဂုတ်လ ၁၀ ရက်နေ့ကစ၍ ဂွမြို့နယ် ကျိန္တလီမြို့ ချင်းကွင်းကျေးရွာအနီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် ယမန်နေ့ ဩဂုတ်လ ၁၁ ရက် ညနေတွင် ကျိန္တလီမြို့ရဲစခန်းအား AA က ထိုးစစ်ဆင်တိုက်ခိုက်နေရာ လက်ရှိတွင် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။ ကျိန္တလီမြို့ရဲစခန်းအား AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ စစ်ကောင်စီကလည်း ရဲစခန်းအနီးက တောင်တန်းများနှင့် ရဲစခန်းဟောင်းအနီး တစ်ဝိုက်ကို ဗုံးကြဲတိုက်ခိုက်နေကြောင်း သတင်းရင်းမြစ်က ဆိုသည်။ ” တိုက်ပွဲဖြစ်တာက ၂ ရက်လောက်ရှိပြီ။ ချင်းကွင်းကနေစတာ။ မနေ့က ရဲခန်းအနီးမှာ
မောင်တောမြို့အနီး ဒရုန်းပစ်ခတ်မှုကြောင့် အသက်ရှင်လွတ်မြောက်လာသူ ပြောဆိုချက် Interview
” ကျနော်တို့က AA ကို မမုန်းပါဘူး။ မမုန်းဘူးပေါ့နော်။ ကျနော်တို့က AA ကို ထောက်ခံပါတယ်။ ရခိုင်ပြည်မှာ ကျနော်တို့ အတူတကွ နေကြရမှာပါ။ ဩဂုတ် ၅ ရက် ညနေက ဖြစ်စဉ်မှာ ဒရုန်းတွေက AA ဟာလားဆိုတော့ ဒရုန်းတွေမှာ AA လို့ စာတန်းမပါဘူးလေနော်။ AA ဒရုန်းတွေလို့ ပြောလို့မရဘူးလေနော်။ ” Western News| ဩဂုတ် ၁၃ (အင်တာဗျူး) ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ ညနေ ၅ နာရီခန့်က မောင်တောမြို့အနီး နတ်မြစ်ကမ်း၌ ဒရုန်းပစ်ခတ်မှုကြောင့် ကလေးတွေအပါအဝင် မွတ်ဆလင် ရာနှင့်ချီ သေဆုံးသွားသည်ဟု
ကျိန္တလီမြို့၏ စစ်ရေး နောက်ဆုံးအခြေအနေ
(အင်တာဗျူး) ဩဂုတ်လ ၁၀ ရက်နေ့က စတင်ခဲ့သည့် ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့သိမ်းတိုက်ပွဲမှာ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲ ပြင်းထန်နေကြသည်။ ကျိန္တလီမြို့ နယ်မြေရဲစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ကစ၍ စစ်ကောင်စီသည် လေကြောင်းက ဗုံးကြဲခုခံတိုက်ခိုက်နေပြီး ယနေ့တွင် အကြိမ်ရေ ပြင်းပြင်းထန်ထန် ခုခံခဲ့ကြောင်း သိရသည်။ မြေပြင် AA တပ်ဖွဲ့ဝင်များ၏ ကြိုတင်သတိပေးချက်များနှင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျိန္တလီမြို့ခံ အများစုမှာ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး အနည်းစု ကျန်ရှိနေသေးသည်။ ကျိန္တလီမြို့၏ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့
မြောက်ဦးဟိုတယ်ရှေ့ ဗုံးကြဲခံရ၊ ၄ ဦးထက်မနည်းသေဆုံး
ရခိုင်ပြည် မြောက်ဦးမြို့ထဲ မြောက်ဦးဟိုတယ်ရှေ့ကို အာဏာသိမ်း စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၁၀ ရက် နေ့လယ် ၁၂ နာရီခွဲကျော်အချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးတစ်လုံးကြဲချခဲ့ကြောင်း မြို့ခံများက ပြောသည်။ စစ်ကောင်စီ ဗုံးကြောင့် ခရီးသွားလာနေသော တုတ်တုတ်ပေါ်ကျရောက်၍ ယာဉ်မောင်းအပါအဝင် ခရီးသည်စုစုပေါင်း ၄ ဦးထက်မနည်း သေဆုံးသွားကြောင်း မြို့ခံများထံမှ ကနဦး သတင်းရရှိသည်။ ” နေ့လယ် ၁၂ နာရီခွဲကျော်လောက်ကပါ။ ဗုံးလာကြဲတာ။ မြောက်ဦးဟိုတယ်ရှေ့နဲ့ နဝရတ်ဟိုတယ်ရှေ့ကို ကျပါတယ်။ လမ်းမှာ ခရီးသည်နဲ့ သွားနေတဲ့ တုတ်တုတ်ပေါ်ကို ထိတယ်လို့ ပြောတယ်။ ၄ ဦးလား၊ ၅ ဦးလား မသိဘူး။ ပွဲချင်းပြီး သေသွားတယ်။ တော်တော်လေး
စစ်တွေအကျဉ်းထောင်ဂိတ်စောင့်များ ထောင်ဝင်စာတွေ့သူများထံမှ ငွေတောင်းယူနေ
ရခိုင်ပြည် စစ်တွေမြို့ရှိ စစ်တွေအကျဉ်းထောင်တွင် ထောင်ဝင်စာတွေ့သူ မိသားစုဝင်များ ဂိတ်စောင့်များအား ငွေပေးနေရကြောင်း ထောင်ဝင်စာတွေ့သူများက ပြောဆိုကြသည်။ အကျဉ်းကျနေသော မိသားစုဝင်ကို အစေားအသောက်များ ပေးလိုပါက ဂိတ်စောင့်အား ပိုက်ဆံပေးပြီးမှ လက်ခံကြကြောင်း ထောင်ဝင်စာသွားတွေ့သူ စစ်တွေဒေသခံတစ်ဦးက ပြောသည်။ “ကိုယ့်မိသားစုဝင်ကို ဆေးနဲ့ လိုတာလေးတွေ ပေးချင်ရင် အရင်လို ဒီအတိုင်း ပေးထားခဲ့လို့ မရတော့ဘူး။ ပေးမယ့် ပစ္စည်းတွေကို ဂိတ်မှာ ပိုက်ဆံပေးပြီးထားခဲ့ရတယ်။ သူတို့က ပိုက်ဆံမပေးရင်လက်မခံဘူး။ မပို့ပေးဘူး” ဟု ပြောသည်။ ထောင်ဂိတ်စောင့်အား ပေးရသည့် ငွေကြေးမှာ ကျပ် ၅ ထောင်ကနေ ၁ သောင်းအထိဖြစ်ပြီး ထောင်ဝင်စာတွေ့သူတိုင်း၊ အကြိမ်တိုင်း ပေးနေကြရသည်ဟု သိရသည်။ ထောင်ဝင်စာ လာတွေ့သူများကို