အမ်းနှင့် တောင်ကုတ် တိုက်ပွဲများတွင် မွတ်ဆလင်တပ်သား ၆၀၀ ထက်မနည်း စစ်ကောင်စီ အသုံးပြုနေ
စစ်ရေး သတင်း
1 min read
0

အမ်းနှင့် တောင်ကုတ် တိုက်ပွဲများတွင် မွတ်ဆလင်တပ်သား ၆၀၀ ထက်မနည်း စစ်ကောင်စီ အသုံးပြုနေ

နိုဝင်ဘာ ၁၂ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့နယ်နှင့် တောင်ကုတ်မြို့နယ်က တိုက်ပွဲများတွင် ၄၅ ရက်သင်တန်းဆင်း မွတ်ဆလင်တပ်သား ၆၀၀ ထက်မနည်းကို စစ်ကောင်စီက အသုံးပြုတိုက်ခိုက်နေကြောင်း စစ်ရေးလေ့လာသူများ၏ မှတ်တမ်းအရ သိရသည်။ စစ်ရေးလေ့လာသူအချို့သည် အာရက္ခတပ်တော် AA နှင့် နီးစပ်သူများနှင့် စစ်ကောင်စီ၏ သတင်းပေးသူများမှ အချက်အလက်များကို အခြေခံ၍ စစ်ကောင်စီ၏ စစ်ရေးလှုပ်ရှားမှုနှင့် အတွင်းသတင်းများကို ရယူပြီး Western News ကို အခိုင်အမာ ပြောဆိုကြသည်။ စစ်သားစုဆောင်ခံရသည့် မွတ်ဆလင်များကို ပြီးခဲ့သည့် စက်တင်ဘာလနှင့် အောက်တိုဘာလ ၅ ရက်နေ့စ၍ အမ်းနှင့် တောင်ကုတ်သို့ ကျောက်ဖြူရေတပ်၊ စစ်တွေရေတပ်အကူအညီဖြင့်အသုတ်လိုက် ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။ ထို့အပြင် နိုဝင်ဘာ ၂ ရက်နေ့က တစ်ကြိမ်၊ ၅

Continue Reading
AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် အမ်း နပခ လက်နက် သိုလှောင်ရုံ မီးလောင်ပေါက်ကွဲ၊ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
0

AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် အမ်း နပခ လက်နက် သိုလှောင်ရုံ မီးလောင်ပေါက်ကွဲ၊ စစ်ကောင်စီတပ်သား ၁၁ ဦးသေဆုံး

နိုဝင်ဘာ ၁၁ - ၂၀၂၄
0

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ နပခ ဌာနချုပ် လက်နက်သိုလှောင်ရုံကို AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးသွားကြောင်း စစ်ကောင်စီ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ နိုဝင်ဘာ ၁၀ ရက် ညနေ ၄ နာရီအချိန်ခွဲခန့်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည် ရှိရာ အမ်းမြို့ နပခရှိ လက်နက်သိုလှောင်ရုံကို AA က အာပီဂျီအပါအဝင် ရှော့တိုက်ဒုံး ၁၀လုံး ထက်မနည်း ပစ်ခတ်ခဲ့ကြောင်း စစ်ကောင်စီ၏ စစ်ရေး သတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။ “နပခကို ၁၀ လုံးထက်မနည်း ပစ်ပါတယ်။ အဲ့ဒီမှာ တစ်လုံးက

Continue Reading
အမ်းတိုက်ပွဲမှာ တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၃၀၀ နီးပါး AA ထံ လက်နက်ချအလင်းဝင်
စစ်ရေး သတင်း
1 min read
0

အမ်းတိုက်ပွဲမှာ တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်အပါအဝင် စစ်ကောင်စီတပ်သား ၃၀၀ နီးပါး AA ထံ လက်နက်ချအလင်းဝင်

နိုဝင်ဘာ ၁၁ - ၂၀၂၄
1

ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က အာရက္ခတပ်တော် AA ထံသို့ လက်နက်ချ အလင်းဝင်လာသူ တပ်ရင်းမှူး၊ ဗိုလ်မှူး အဆင့်အပါအဝင် တပ်သား ၃၀၀ နီးပါးရှိကြောင်း ခိုင်မာသော သတင်းရင်းမြစ်ထံမှ သိရသည်။ မဲတောင်ဗျူဟာကုန်း သိမ်းပိုက်ခဲ့သည့် အောက်တိုဘာလ ၇ ရက်နေ့က စ၍ ယနေ့ နိုဝင်ဘာလ ၁၁ ရက်နေ့အထိ လက်နက်ချအလင်းဝင်ကြသည့် စစ်ကောင်စီတပ်သား အရေအတွက်ဖြစ်သည်ဟု Western News ကို ပြောသည်။ “မဲတောင်တိုက်ပွဲနောက်ပိုင်း စစ်ကောင်စီတပ်သား လက်နက်ချအလင်းဝင် အရေအတွက်ဟာ ၃၀၀ နီးပါးရှိပါတယ်။ တပ်ရင်းမှူးအဆင့်ပါမယ်။ ဗိုလ်မှူးတွေပါမယ်၊ ရာထူးကတော့ အစုံပါပဲ။ မိသားစုဝင်တွေလည်း ပါမယ်။ တိုက်ပွဲဖြစ်နေချိန်မှာ လက်နက်ချတာရှိသလို လက်နက်ချပြီး အလင်းဝင်ဖို့

Continue Reading
စစ်ကောင်စီ လေယာဉ်တစ်စီးကို ပစ်ချပြီး အမ်း ပဲပဒုံစစ်ဆေးရေးဂိတ်ကို AA သိမ်းပိုက်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ လေယာဉ်တစ်စီးကို ပစ်ချပြီး အမ်း ပဲပဒုံစစ်ဆေးရေးဂိတ်ကို AA သိမ်းပိုက်

နိုဝင်ဘာ ၁၁ - ၂၀၂၄
0

မြန်မာစစ်တပ်၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသော အာရက္ခတပ်တော် AA က အမ်းမြို့အဝင် ဌာနပေါင်းစုံ ပဲပဒုံစစ်ဆေးရေးဂိတ်ကို ယနေ့ နိုဝင်ဘာလ ၁၁ ရက် နံနက်အစောပိုင်းက သိမ်းပိုက်လိုက်ပြီဟု သိရသည်။ ပဲပဒုံစစ်ဆေးရေးဂိတ်အနီးက BE တပ်ကို ပြီးခဲ့သည့်အပတ်က တိုက်ခိုက်သိမ်းပိုက်ပြီးနောက် ယနေ့မှာ စစ်ဆေးရေးဂိတ်ကို အလုံးစုံသိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း ခိုင်လုံသော စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ “ဒီနေ့ မနက် အာရုံလောက်မှာလို့တော့ ပြောပါတယ်။ ပဲပဒုံစစ်ဆေးရေးဂိတ်ကို သိမ်းပိုက်လိုက်ပြီလို့။ ကိုယ့်လူတွေ စစ်ဆေးရေးဂိတ်သို့ ရောက်သွားပြီလို့ ပြောပါတယ်။ စစ်ကောင်စီက ပဲပဒုံစစ်ဆေးရေးဂိတ်အနီးနဲ့ BE တပ်အနီးဝန်းကျင်ကို နေ့လယ် ၁၂ နာရီလောက်ကနေ အခုအချိန်အထိ ဗုံးကြဲတိုက်ခိုက်နေတယ်။ ထိခိုက်သေဆုံးမှုတော့ ကျနော်လည်းမသိဘူး။” ဟု

Continue Reading
ရခိုင်နယ်စပ်တိုက်ပွဲပြင်းထန်နေချိန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ကောင်စီသံအမတ် တွေ့ဆုံ
သတင်း
1 min read
0

ရခိုင်နယ်စပ်တိုက်ပွဲပြင်းထန်နေချိန် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးနှင့် စစ်ကောင်စီသံအမတ် တွေ့ဆုံ

နိုဝင်ဘာ ၁၁ - ၂၀၂၄
1

(ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးက နယ်စပ်တစ်လျှောက် လုံခြုံရေးစိုးရိမ်ကြောင်း ပြော) ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Md Jashim Uddin နှင့် ဘင်္ဂလားဒေ့ရှ်ဆိုင်ရာ စစ်ကောင်စီ သံအမတ် ဦးကျော်စိုးမိုးတို့ ယမန်နေ့ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် နိုင်ငံခြားရေးဝန်ကြီးရုံး၌ တွေ့ဆုံခဲ့ကြသည်။ မြန်မာပြည်တွင်း ပဋိပက္ခများကြောင့် နယ်စပ်တလျှောက် လုံခြုံရေးစိုးရိမ်မှုများရှိကြောင်းနှင့် ဘင်္ဂလားဒေ့ရှ် လှေများကို မော်တာကျည်များဖြင့် ပစ်ခတ်ခဲ့သည်ကို သတိပြုမိခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး Md Jashim Uddin က တွေ့ဆုံပွဲတွင် စစ်ကောင်စီသံအမတ်ကို ပြောကြားခဲ့သည်။ တွေ့ဆုံစဉ်အတွင်း မြန်မာနိုင်ငံ အထူးသဖြင့် ရခိုင်ပြည်အတွင်း ဆိုးရွားနေသည့် အခြေအနေများနှင့် ပတ်သက်၍ နက်နက်ရှိုင်းရှိုင်း စိုးရိမ်ကြောင်း ဝန်ကြီးက ပြောကြားခဲ့သည်။

Continue Reading
စစ်ကောင်စီက သံတွဲနှင့် ဘူးသီးတောင်ကို လေကြောင်းက ဗုံးကြဲမှုကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီက သံတွဲနှင့် ဘူးသီးတောင်ကို လေကြောင်းက ဗုံးကြဲမှုကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၁ - ၂၀၂၄
0

စစ်ကောင်စီလေကြောင်းက ဗုံးကြဲမှုကြောင့် ရခိုင်ပြည်၊ သံတွဲနှင့် ဘူးသီးတောင်မြို့တို့မှ ဘုန်းတော်ကြီး တစ်ပါးအပါအဝင် အရပ်သား ပြည်သူ နှစ်ဦး သေဆုံးခဲ့ပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရရှိသည်။ နိုဝင်ဘာ ၁၀ ရက်နေ့ နံနက်ပိုင်း ၃နာရီအချိန်ခန့် က စစ်ကောင်စီလေကြောင်းက ဗုံးကြဲချမှုကြောင့် သံတွဲမြို့၊ အမှတ် ၈ရပ်ကွက်ရှိ TMP စက်ရုံနှင့် အံတော်တံတားထိပ်သို့ ပေါင် ၅၀၀ဗုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများက Western News ကိုပြောသည်။ အသက် ၃၅ နှစ်အရွယ် သံတွဲ ဒေသခံတစ်ဦးက “စိတ်မနှံတဲ့ အမျိုးသမီးတစ်ဦးနဲ့ နောက်ထပ် အမျိုးသမီးတစဦးသေဆုံးပါတယ်။ သုံးနေရာလာပြီး ဗုံးလာကြဲချသွားတာပါ။ TMP

Continue Reading
AA ထိုးစစ်ကြောင့် တောင်ကုတ် ကိုင်းရှည်တံတားရှိ အထိုင် စစ်ကောင်စီတပ်စခန်းများ တပ်ပြန်ဆုတ်
စစ်ရေး သတင်း
1 min read
0

AA ထိုးစစ်ကြောင့် တောင်ကုတ် ကိုင်းရှည်တံတားရှိ အထိုင် စစ်ကောင်စီတပ်စခန်းများ တပ်ပြန်ဆုတ်

နိုဝင်ဘာ ၁၀ - ၂၀၂၄
1

(တံတား နှစ်စင်းလုံးတွင် စစ်ကောင်စီတပ်က မိုင်ထောင်ထားခဲ့) ရခိုင်ပြည်၊ တောင်ကုတ်မြို့ ကိုင်းရှည်တံတားအနီးရှိ စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် တပ်နောက်ပြန်ဆုတ်သွားပြီး တံတားများတွင် မိုင်းထောင်ထားခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ယခုရက်ပိုင်းများတွင် AA ၏ ထိုးစစ်အရှိန်ကြောင့် စစ်ကောင်စီတပ်သားများသည် ယမန်နေ့က စ၍ တပ်ဆုတ်ခွာခဲ့ခြင်းဖြစ်ပြီး မြို့ထဲ တပ်ရင်းများသို့ ပူးပေါင်းသွားကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက Western News ကိုပြောသည်။ “အာလိန်ငါးဆင့်ကျောင်းတိုက်နဲ့ ကိုင်းရှည်တံတားမှာ အထိုင်ချပြီးတော့ တပ်စွဲထားတာရှိတယ်။ မနေ့ညကစပြီး မရှိတော့ဘူး။ မြို့ထဲဖက်ကို တပ်ဆုတ်သွားပြီ၊ တစ်ချို့ကတော့ မြို့ထဲက စကခ ၅ နဲ့ ပေါင်းသွားကြတယ်လို့ သိရတယ်။ အခုက AA က

Continue Reading
အမ်းမြို့ (နပခ) တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးဖမ်းဆီးရမိ
စစ်ရေး သတင်း
1 min read
0

အမ်းမြို့ (နပခ) တိုက်ပွဲမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးဖမ်းဆီးရမိ

နိုဝင်ဘာ ၉ - ၂၀၂၄
0

View Post တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ အမ်းမြို့ရှိ စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် နပခမှ ထွက်ပြေးလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ဦးအား ဖမ်းဆီး ရရှိကြောင်း ချင်းကာကွယ်ရေးတပ်-အရှို CDF – Asho ထုတ်ပြန်သည်။ အာရက္ခတပ်တော် AA မှ ထိုးစစ်ဆင် တိုက်ခိုက်မှုကြောင့် ထွက်ပြေးလာသော စစ်ကောင်စီ တပ်သား ၄ ဦးအား မကွေးတိုင်းနှင့် ရခိုင်ပြည်စပ်ရှိ CDF – Asho ရှေ့တန်း စစ်ဆင်ရေးဒေသတစ်နေရာတွင် ဖမ်းဆီးရမိခဲ့ကြောင်း CDF – Asho နိုဝင်ဘာ ၈ ရက်နေ့တွင်က ထုတ်ပြန်သည်။ ပြီးခဲ့သည့် အောက်တိုဘာ ၃၁ ရက်နေ့က အမ်းမြို့ နပခရှိ

Continue Reading
၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်တွင် လူဦးရေ ၂သန်းကျော် အငတ်ဘေး ကြုံရနိုင်
ဒုက္ခသည်အရေး သတင်း
1 min read
0

၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်တွင် လူဦးရေ ၂သန်းကျော် အငတ်ဘေး ကြုံရနိုင်

နိုဝင်ဘာ ၈ - ၂၀၂၄
1

လာမည့် ၂၀၂၅ ခုနှစ်လယ်တွင် ရခိုင်ပြည်အတွင်း လူဦးရေ ၂သန်းကျော်လောက်မှာ အငတ်ဘေးနှင့် ကြုံရနိုင်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေးအစီအစဉ် UNDP က နိုဝင်ဘာလ ၇ ရက်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်လိုက်သည်။ ရခိုင်ပြည်အတွင်း တိုက်ပွဲများပြင်းထန်နေခြင်းနှင့်အတူ ကုန်သွယ်ရေးလမ်းကြောင်း ပိတ်ဆို့မှုအပါအဝင် ပြည်အတွင်း နိုင်ငံတကာ ကုန်ပစ္စည်းဝင်ရောက်မှု ကန့်သတ်ခြင်း၊ ဝင်ငွေမရှိခြင်း ငွေကြေးဖောင်းပွခြင်းတို့ကြောင့် လာမည်နှစ်အတွင်း ဆိုးဆိုးရွားရွားကြုံရနိုင်ကြောင်း ဆိုသည်။ ထို့အပြင် ရခိုင် ပြည်တွင်းထုတ်ကုန် သိသိသာသာကျဆင်းမှု အပါအဝင် ဝန်ဆောင်မှုများ၊ လူမှုဖူလုံရေးကွန်ရက်များ မရှိသောကြောင့် ပိုပြီးအကျိုးဆက်များ ခံစားရနိုင်ကြောင်း UNDP ၏ အစီရင်ခံစာက ဆိုသည်။ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၁၃ ရက်နေ့

Continue Reading
တောင်ကုတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်သေဆုံး
စစ်ရေး သတင်း
1 min read
0

တောင်ကုတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀ ဦးခန့်သေဆုံး

နိုဝင်ဘာ ၈ - ၂၀၂၄
0

(နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပြီး ကျေးရွာများမှ အရပ်သားများအား အမြန်ဆုံးထွက်ခွာရန် AA သတိပေး) တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားနေသည့် ရခိုင်ပြည် တောင်ကုတ်မြို့နယ်တိုက်ပွဲတွင် တစ်ညအတွင်း စစ်ကောင်စီတပ်ဖက်က တပ်သား ၂၀ ဦးခန့်သေဆုံးခဲ့ပြီး အများအပြား ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံစစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ ယမန့်နေ့ နိုဝင်ဘာ ၇ ရက် ၇ နာရီခွဲအချိန်စ၍ ယနေ့ နံနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲမှာ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်က ယင်းကဲ့သို့ ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့ခြင်းဟု အမည်မဖော်လိုသည့် ဒေသခံစစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အလောင်းတွေကို တေဘာကားပေါ်တင်တယ်။ အလောင်းတွေကို အာလိန်ငါးဆင့်ကျောင်းတိုက်ကနေ ထုတ်သွားတာ။ စုစုပေါင်း အလောင်း ၂၀ လောက်ရှိတယ်။ စကခ ၅

Continue Reading