စစ်တွေနှင့် ကျောက်ဖြူကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၊ လူနေအိမ် ၂၀၀ ကျော် မီးလောင်ပျက်စီး
ရခိုင်ပြည်၊ စစ်တွေမြို့နယ် ဝါဘိုကျေးရွာနှင့် ကျောက်ဖြူမြို့နယ် ဦးကင်းကျေးရွာကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့၍ လူနေအိမ် ၂၀၀ ကျော်နီးလောင် ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ ကျောက်ဖြူမြို့နယ် ဓညဝတီရေတပ်အနီးက ဦးကင်းကျေးရွာကို စစ်ကောင်စီက မတ်လ ၆ ရက် နေ့လယ်က ၁ ကြိမ်နှင့် ညနေပိုင်းတွင် ၁ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ယင်း ဦးကင်းကျေးရွာတွင် လူနေအိမ် ၁၇၀ ကျော်ရှိပြီး စစ်ကောင်စီဗုံးများကြောင့် ရွာလုံးကျွတ် မီးလောင်ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။ “လူတွေတော့ အထိအခိုက်မရှိဘူး။ ပြီးခဲ့တဲ့ ၁၀ ရက်ကျော်လောက်ကစပြီး တိုက်ပွဲတွေကြောင့် တိမ်းရှောင်သွားကြတာ။ မနေ့က နေ့လယ်နဲ့ ညနေပိုင်းမှာ စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။
ကျောက်ဖြူနှင့် စစ်တွေက စစ်ရှောင်ပြည်သူ နှစ်သောင်းကျော် အကူအညီလိုအပ်နေ
အာဏာသိမ်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲပြင်းထန်နေသော ကျောက်ဖြူမြို့နယ်နှင့် စစ်တွေမြို့က စစ်ဘေးရှောင်ပြည်သူ နှစ်သောင်းကျော်မှာ စားနပ်ရိက္ခာနှင့် ကျန်းမာရေးစောင့်ရှောက်မှု အကူအညီများ အရေးတကြီး လိုအပ်နေကြောင်း သိရသည်။ ကျောက်ဖြူမြို့နယ်က ကျေးရွာပေါင်း ၁၀ ကျော်က စစ်ရှောင် တစ်သောင်းကျော်နှင့် စစ်တွေမြို့နယ် ကျေးရွာပေါင်း ၂၀ ကျော်က စစ်ရှောင် တစ်သောင်းနီးပါးမှာ လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာ အကူအညီများ လိုအပ်နေကြခြင်းဖြစ်သည်။ ကျောက်ဖြူဒေသခံတစ်ဦးက “စစ်ဘေးရှောင်တွေက အကူအညီလိုအပ်နေတာပေါ့ဗျာ။ အဓိကတော့ စားရေးသောက်ရေးပေါ့။ နေတာက အဆင်ပြေသလို အဆင်ပြေတဲ့ ရွာတွေမှာ ခိုကပ်ပြီး နေလို့ရပေမယ့် စားဖို့ အဆင်မပြေကြဘူး။ ကိုယ့်မှာရှိတာကလည်း အားလုံး ထားခဲ့ရတော့ ဆန်တွေ၊ ဆီတွေ
မောင်တော ကျီးကန်းပြင်ဌာနချုပ်ဟောင်း အဆောက်အအုံ ဗုံးကြဲခံရမှု ထိခိုက် သေဆုံးမှု မရှိ
အာရက္ခတပ်တော် AA သိမ်းပိုက် ထိန်းချုပ်ထားသော ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်းက ကျီးကန်းပြင်ဌာနချုပ်ဟောင်း အဆောက်အအုံကို စစ်ကောင်စီ လေကြောင်းကနေ တိုက်ခိုက်ခဲ့သော်လည်း လူထိခိုက် သေဆုံးမှု မရှိကြောင်း သိရသည်။ မတ် ၁ ရက်နေ့ ယနေ့ နံနက် ၁၂ နာရီကျော်မှာ ကျီးကန်းပြင်ဌာနချုပ်ဟောင်း အဆောက်အအုံနှင့် အနီးတစ်ဝိုက်ကို စစ်ကောင်စီ လေကြောင်းက ပေါင် ၅၀၀ ဗုံးဖြင့် နှစ်ကြိမ်တိုင်တိုင် လာရောက် ဗုံးကြဲခဲ့ကြောင်း AA သတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အဆောက်အအုံ တစ်ဝိုက် လာပြီးတော့ ဗုံးကြဲသွားတာပါ။ ကျွန်တော်တို့ သွားကြည့်သလောက်တော့ အဆောက်အအုံကတော့ တော်တော်လေးကို ပျက်စီးသွားပါတယ်။ တစ်ယောက်မှ ထိခိုက်တာတွေ မရှိဘူး။ အဲ့ဒီမှာ လူတွေကို
ကျောက်ဖြူတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်
တရုတ်စီမံကိန်းများရှိသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်က စစ်ကောင်စီ၏ ဓညဝတီရေတပ်အနီး အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း ဒေသခံများ ပြောဆိုချက် အရ သိရသည်။ ဓညဝတီရေတပ်စခန်းအနီးက စစ်ကောင်စီ၏ ကာကင်းစခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေသလို ဓညဝတီရေတပ်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဖြင့် ခုခံနေပြီး သစ်ပုတ်တောင်ကျေးရွာ အနီးတစ်ဝိုက်နှင့် ကြတ္တိန်၊ စည်မော် ကျေးရွာဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒေသခံတစ်ဦးက “မနေ့က တနေ့လုံးနီးပါး သစ်ပုတ်တောင်နဲ့ ရေတပ်မနီးက ရွာတွေကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒေသခံပြည်သူတွေက ဘေလွတ်ရာကို ရွှေ့ပြောင်းနေနေကြပါတယ်။ အထိအခိုက် သေဆုံးမှုရှိလားမရှိဘူးလား
ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် မာန်အောင်က ရေတပ်ကို စစ်ကောင်စီ အင်အားဖြည့်
ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းစ၍ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေမှုကြောင့် မာန်အောင်မြို့နယ်ကို စစ်အင်အား တိုးမြှင့် ချထားလိုက်ကြောင်း သိရသည်။ ကျောက်ဖြူမြို့ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မာန်အောင်မြို့က ရေတပ်စခန်းနှင့် တပ်စခန်းများတွင် အင်အား ထပ်ဖြည့်တင်းနေကြောင်း ဒေသခံသတင်းရင်းမြစ်များမှ ပြောသည်။ မာန်အောင်သတင်းရင်းမြစ်တစ်ဦးက “မာန်အောင်မှာ စစ်ကောင်စီက အင်အားဖြည့်တာ၊ တပ်သားတွေ စုထားတာက ပုံမှန်ပဲပေါ့နော်။ ဒါပေမယ့် ကျောက်ဖြူမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ကြတော့ မာန်အောင်က ရေတပ်စခန်းနဲ့ တပ်စခန်းတွေမှာ အင်အားတွေ ထပ်ဖြည့်ထားတယ်လို့ သိရတယ်။ မာန်အောင်ကိုတော့ စစ်ကောင်စီက အခိုက်အမာကို ခံစစ်ပြင်ဆင်ထားတယ်” ဟု ပြောသည်။ ကျောက်ဖြူ
ပဲခူးနှင့် မကွေးက စစ်ကောင်စီတပ်စခန်းနှစ်ခုကို AA တိုက်ခိုက်
ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးရွာအနီးက စစ်ကောင်စီတပ်စခန်းနှင့် မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းမှာရှိသည့် နတ်ရေကန်ဗျူဟာ စစ်ကောင်စီတပ်စခန်းတို့ကို အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ ညောင်ကျိုးကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ တစ်ပတ်ခန့် ရှိလာနေပြီး နတ်ရေကန်ဗျူဟာ တပ်စခန်းသိမ်းတိုက်ပွဲမှာလည်း ပြင်းထန်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ “တိုက်ပွဲကတော့ နှစ်နေရာစလုံးမှာ ပြင်းပြင်းထန်ထန်ပဲ။ စစ်ကောင်စီဘက်ကတော့ အကျအဆုံး များတယ်လို့ သိရတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကူဖြည့်ပေးတာကိုတော့ စစ်ကောင်စီက တောက်လျှောက်လုပ်ပေးနေတာပေါ့လေ။ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကလည်း အသားကုန်ဆော်နေကြတာ” ဟု ပြောသည်။ စစ်ကောင်စီ၏ ညောင်ကျိုးတပ်စခန်းမှာ ညောင်ခြေထောက် ကပစ (၆) နှင့် ၁၀ မိုင်အကွာတွင်
ပေါက်တောမြို့ပေါ်နှင့် ကျေးရွာ ၁၂ ရွာကို စစ်ကောင်စီ ဗုံးအလုံး ၅၀ ဖြင့် ကြဲ၍ အရပ်သား ဒဏ်ရာရသူနှင့် သေဆုံးသူ ၂၁ ဦးရှိ
ရခိုင်ပြည် ပေါက်တောမြို့ပေါ်နှင့် ကျေးရွာ ၁၂ ရွာကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၀ ရက် နေ့လယ်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ အရပ်သား ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ စုစုပေါင်း ၂၁ ဦး ရှိကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ ၂၁ ဦးထဲတွင် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၇ ဦးတို့ဖြစ်ပြီး သေဆုံးသူများထဲတွင် ကလေးနှစ်ဦး ပါဝင်ကြောင်းလည်း သိရသည်။ ကျောက်တောင်၊ ငပြီကျွန်း၊ ဆင်တက်မော် ဘော်ဒလီ၊ တောင်ချောင်၊ ဆင်တက်မော် တောတန်း၊ ဆင်တက်မော် မွတ်ဆလင်ရွာ၊ မညင်းကိုင်း၊ အနောက်ရဲရွာ၊ ဆံတော်ရှင်ကျွန်း၊ သဲခုံ၊ ပိန္နဲချောင်း၊ တောင်ဦးမော်ကျေးရွာနှင့် ပေါက်တောမြို့ပေါ်
AA တိုက်ခိုက်မှုကြောင့် ဒဏ်ရာရပြီး စစ်တွေဆေးရုံတွင် ကုသနေသော စစ်ကောင်စီတပ်သား ၃၈ ဦးထဲက ၃ ဦး သေဆုံးသွား
အာရက္ခတပ်တော် AA ၏ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော စစ်ကောင်စီတပ်သား ၃၈ ဦးမှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းက ၃ ဦး သေဆုံးသွားကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညက အာရက္ခတပ်တော် AA သည် ပါဒလိပ်၊ အမြင့်ကျွန်းနှင့် ရေချမ်းပြင်က စစ်ကောင်စီ တပ်စခန်းများကို အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ဒါဇင်နှင့်ချီ ဒဏ်ရာရရှိသွားပြီး စစ်တွေမြို့အဝင်ရှိ စစ်ဆေးရုံ ကုတင် ၁၀၀ တွင် ဆေးကုသမှုခံယူနေစဉ်
စစ်ရှောင်များရှိရာ စစ်တွေက ဘုန်းတော်ကြီးကျောင်းများကို စစ်တပ်နှင့်ရဲ နေ့တိုင်း ဧည့်စာရင်းဝင်စစ်
စစ်ရှောင်ပြည်သူ တစ်သောင်းခန့်ကို လက်ခံ ကျွေးမွေးစောင့်ရှောက်ထားသော စစ်တွေမြို့က ဘုန်းတော်ကြီးကျောင်း ၅၃ ကျောင်းကို စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်တို့က ဧည့်စာရင်း နေ့တိုင်း ဝင်စစ်ဆေးနေကြောင်း သိရသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေ့တိုင်းဧည့်စာရင်း ဝင်ရောက် စစ်ဆေးနေ၍ စစ်ရှောင်ဒုက္ခသည်များနှင့် ဘုန်းတော်ကြီးများမှာ စိတ်အနှောင့်အယှက်ဖြစ်ရသည်ဟု ပြောဆိုနေကြသည်။ “စစ်တပ်နဲ့ ရဲတပ်ဝင်တွေဟာ ကားတွေနဲ့ စစ်ရှောင်တွေ လက်ခံထားတဲ့ ဘုန်းတော်ကြီးကျောင်းတွေကို နေ့တိုင်းဧည့်စာရင်း လာရောက် စစ်ဆေးတာရှိပါတယ်။ ညနေ ၇ နာရီ ၈ နာရီလောက်ဆို လာပြီ။ သူတို့လာရင် ဒုက္ခသည်တွေက အရမ်းစိုးရိမ်နေကြတာ။ ဘာတွေဖြစ်မလဲ။ ဘာတွေလုပ်မလဲပေါ့။ ဘာအပြစ်မှ မလုပ်ထားရင်လည်း သူတို့လာရင် စိတ်က လုံခြုံမှု မခံစားရဘူးလေ။ မတရားဖမ်းဆီးခေါ်တာတွေ၊
စစ်တွေ ဒကစ ရုံးချုပ်ရှေ့က လေ့ကျင့်ရေးကွင်းနှင့် နာရီကန်တပ်ဦးဘုန်းကြီးကျောင်းတွင် စစ်ကောင်စီက မွတ်ဆလင် ၁၀၀ ကျော်ကို စစ်သင်တန်းပေးနေ
အာဏာသိမ်း စစ်ကောင်စီသည် ဒေသကွက်ကွဲမှုစစ်ဌာနချုပ် (စစ်တွေ) ရုံးချုပ်ရှေ့က လေ့ကျင့်ရေးကွင်းနှင့် နာရီကန်တပ်ဦး ဘုန်းတော်ကြီးကျောင်း ခြံဝန်းတွင် မွတ်ဆလင် ၁၂၀ ခန့်ကို အခြေခံ စစ်ပညာ သင်တန်းပေးနေသည်။ Western News က ရရှိထားသော သတင်းအရ အဆိုပါ မွတ်ဆလင်များသည် စစ်တွေမြို့နယ်က သဲချောင်း၊ သက္ကယ်ပြင်၊ ပလ္လင်ပြင်၊ ဒါးပိုင်၊ အုန်းတောကြီး၊ အုန်းတောငယ်၊ ဘုမေ စသည့် မွတ်ဆလင်ကျေးရွာများက ဖြစ်ကြောင်း သိရှိထားသည်။ ယခုတစ်ဖြတ် စစ်ကောင်စီ၏ စစ်သင်တန်းကို စစ်တွေ ဒကစ ရုံးချုပ်ရှေ့က လေ့ကျင့်ရေးကွင်းနှင့် နာရီကန်တပ်ဦးဘုန်းကြီးကျောင်းတို့မှာ အခြေခံ စစ်ပညာ သင်တန်းပေးနေခြင်း ဖြစ်ပြီး သင်တန်းသား ဦးရေ ၁၂၀ ခန့်