အမ်းမြို့ မဲတောင်ဗျူဟာ စခန်းတစ်ခုလုံး AA သိမ်းပိုက်၊ မဲတောင်ဗျုဟာကုန်းသည် အမ်း နပခ ဌာနချုပ်နှင့် ၁၄ ကီလိုမီတာခန့်သာ ကွာဝေး
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့နယ်မှ မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် အနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ စခန်းအားလုံးကို သိမ်းပိုက် ရရှိကြောင်း အာရက္ခတပ်တော် AA က ယနေ့ တွင် သတင်းထုတ်ပြန်သည်။ အမ်းမြို့နယ်အတွင်း လက်ကျန်စခန်းများထဲမှ တစ်ခုဖြစ်သော မဲတောင်ဗျူဟာစခန်းတစ်ခုလုံးနှင့် ၎င်းအနီး ပတ်ဝန်းကျင်ရှိ စစ်ကောင်စီ စခန်းများအားလုံးကို အောက်တိုဘာလ ၇ ရက်နေ့ ညနေ ၄ နာရီနီးပါးတွင် အပြီးသတ် သိမ်းပိုက်ရခြင်း ဖြစ်သည်။ အဆိုပါ ဗျူကုန်းတွင် စစ်ကိုင်းတိုင်း၊ ကလေး၊ မော်လိုက်၊ ဟုမ္မလင်းအခြေစိုက် စကခ (၁၀) လက်အောက်ခံ တပ်ရင်းများဖြစ်ကြသော ခမရ (၃၆၂/၃၆၅/၃၆၉) တပ်ရင်းများ၊ အမ်း၊ နပခ ဌာနချုပ်လက်အောက်ခံ တပ်ရင်းအချို့
တောင်ကုတ် တန်းလွဲရွာမကို စစ်ကောင်စီက ဗုံးကြဲ၊ အရပ်သား ၁၀ ဦးထက် မနည်း သေဆုံး
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမမြို့ ဈေးနားရွာသစ်ကို စစ်ကောင်စီတပ်က အောက်တိုဘာ ၇ ရက်နေ့ ည ၁၁ နာရီကျော်လောက်က ဗုံးကြဲတိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးထက်မနည်း သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ နှစ်ဖက်တိုက်ပွဲ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ညဉ့် ၁၁ နာရီကျော်ခန့်တွင် လာရောက်ပြီး ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အရပ်သားများ ယခုကဲ့သို့ သေဆုံးမှုများနှင့် နေအိမ်အများအပြား ပျက်စီးသွားကြောင်း ဒေသခံများက ဆိုသည်။ ဗုံးကြဲခံရမှုကြောင့် အရပ်သား အနည်းဆုံး ၁၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း အတည်မပြုရသေးသည့် သတင်းများ ထွက်ပေါ်နေသော်လည်း Western News က သီခြား အတည်ပြု၍ မရရှိသေးပေ။ ယင်းအထဲ အမျိုးသား၊
AA ထိုးစစ် ဂွမြို့အနီးကို ချဉ်းကပ်လာ
(ဂွမြို့နှင့် မိုင် ၃၀ ကျော်ဝေးသည့် ကုလားပြင်တပ်စခန်းကို AA သိမ်းပိုက်ဟုဆို) အာရက္ခတပ်တော် AA ၏ ထိုးစစ်မှာ ဂွမြို့အနီးကို ရောက်ရှိလာပြီး ဂွမြို့နှင့် မိုင် ၃၀ ကျော်ဝေးသည့် ကုလားပြင်တပ်စခန်းကို AA က သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ သံတွဲမြို့နှင့် ငပလီမြို့ကို သိမ်းပိုက်နောက် AA သည် ဂွမြို့ကို သိမ်းပိုက်နိုင်ရန် ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ စက်တင်ဘာလ အစောပိုင်းကဖြစ်ပြီး ယခုရက်ပိုင်းအတွင်း စစ်ကောင်စီနှင့် ထိတွေ့တိုက်ပွဲ ပြင်းထန်လျှက်ရှိကြောင်း သိရသည်။ ထိုးစစ်တစ်ပတ်အတွင်းမှာ ဂွမြို့ထဲက မြို့တစ်ဖြစ်သည့် ကျန္တလီမြို့ကို AA က ထိန်းချုပ်နိုင်ခဲ့ပြီး ကျိန္တလီမြို့ထဲရှိ ရဲနှင့် စစ်တပ်ပူးပေါင်းတပ်ဖွဲ့မှာ ဂွမြို့အနီး ကုလားပြင်
အမ်းနှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို သိမ်းပိုက်ရန် AA က ထိုးစစ်အရှိန်မြှင့်နေ
စစ်ကောင်စီ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ ရခိုင်ပြည် အမ်းမြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် AA က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ယခု အောက်တိုဘာလ အစောပိုင်းကစ၍ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ စစ်ကောင်စီတပ်စခန်းများကို AA က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် တိုက်ခိုက်နေခြင်းဖြစ်သည်။ AA ၏ ထိုးစစ် အောက်တိုဘာလ ၅ ရက် နေ့လယ်ပိုင်းက ပိုမိုပြင်းထန်ခဲ့ပြီး စစ်ကောင်စီ တပ်စခန်းများကို အင်အားအများအပြားသုံး တိုက်ခိုက်နေသည်ဟု စစ်ရေးသတင်းသိသူ ဒေသခံတစ်ဦးက ပြောသည်။ ” အောက်တိုဘာ ၅ ရက် နေ့လ ၁၂ နာရီဝန်းကျင်ကနေ AA ဖက်က
တောင်ကုတ် ကင်းတောင်စံပြရွာ ဗုံးကြဲခံရ အရပ်သား ၄ ဦးသေဆုံး
ရခိုင်ပြည် တောင်ကုတ်မြို့နယ် ကင်းတောင်စံပြ ကျေးရွာကို ယနေ့ အောက်တိုဘာလ ၄ ရက် နံနက် ၂ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၄ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိသည်။ တောင်ကုတ်မြို့ခံတစ်ဦးက ” ကျနော်တို့ နေတဲ့အပိုင်းက အဘိုးကြီးတစ်ယောက် အဒေါ်ကြီးတစ်ယောက်သေတယ်။ ပြီးတော့ ကလေးလေးတစ်ယောက်သေတယ်။ ရွာအထက်ပိုင်းက တစ်ယောက် သေတယ်။ ဒဏ်ရာရတဲ့သူတွေ အများကြီးပဲ အခု လမုဘက် ဆေးကုဖို့ ပို့ထားတယ်။ တိုက်ပွဲမရှိဘဲ စစ်ကောင်စီ ဗုံးလာကြဲတာလို့ သိရတယ်။ “ ဟု ပြောသည်။ သေဆုံးသူ ၄ ဦးထဲက ၃ ဦး၏အမည်မှာ ဦးလှတင် (၇၀ နှစ်)၊ ဒေါ်မြရီ
တောင်ကုတ်၊ သံတွဲ ထပ်မံဗုံးကြဲခံရ တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ
ရခိုင်ပြည် တောင်ကုတ်နှင့် သံတွဲမြို့နယ်ကို စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာလ ၁ ရက်၊ ၂ ရက် ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့သည်။ သံတွဲမြို့နယ် ညောင်ခြေထောက်ကျေးရွာကို အောက်တိုဘာလ ၁ ရက်နေ့က စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၁ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာရရှိခဲ့သည်။ သေဆုံးသူမှာ ဦးအောင်နိုင်သူနှင့် ဒဏ်ရာရရှိသူမှာ ကိုမိုးတီဖြစ်သည်။ ဒေသခံတစ်ဦးက ” ညနေ ၃ နာရီလောက်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ ညောင်ခြေထောက်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့တာ။ ရွာက ဘုန်းတော်ကြီးအနီးက နေအိမ်တွေကို ထိမှန်ခဲ့တာပါ။ ”
အမ်းမှာ ၂ နာရီကြာ စစ်ကောင်စီနှင့် AA တိုက်ပွဲဖြစ်ပွား
ရခိုင်ပြည် အမ်းမြို့နယ် ကျောက်စကွဲကျေးရွာ အနောက်ဘက်တွင် အာဏာသိမ်း စစ်ကောင်စီတပ်နှင့် AA တို့ ၂ နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။ ကျောက်စကွဲကျေးရွာ အနောက်ဘက် မီတာ ၄၀၀ ခန့်အကွာမှာ စကခ ၅ လက်အောက်ခံ ခမရ ၃၄၆၊ ခမရ ၃၇၃ နှင့် ခမရ ၃၇၂ တို့က အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းနှင့် စက်တင်ဘာလ ၂၆ ရက်နေ့က တိုက်ပွဲဖြစ်ပွားကြောင်း AA က ထုတ်ပြန်ထားသည်။ နံနက် ၁၁ နာရီ ၅၀ မိနစ်ကစတင်ပြီး ၂ နာရီကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားကာ စစ်ကောင်စီတပ်သား