စစ်တွေမြို့ကို ဝိုင်းထားသည့် AA ကို စစ်ကောင်စီက စနိုက်ဘာများဖြင့် ပစ်ခတ်
စစ်ရေး သတင်း
1 min read
0

စစ်တွေမြို့ကို ဝိုင်းထားသည့် AA ကို စစ်ကောင်စီက စနိုက်ဘာများဖြင့် ပစ်ခတ်

ဇန်နဝါရီ ၂၁ - ၂၀၂၅
0

ရခိုင်ပြည် မြို့တော် စစ်တွေမြို့ကို ဝိုင်းရံပိတ်ဆို့ထားသည့် အာရက္ခတပ်တော် AA တပ်ဖွဲ့ဝင်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စနိုက်ဘာများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း သိရသည်။ စစ်တွေမြို့မှာရှိသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်းများအပြင် စနိုက်ဘာများဖြင့် တောက်လျှောက် ပစ်ခတ်တိုက်ခိုက်နေသည်ဟု AA က ဇန်နဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။ စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်၊ ဒရုန်း၊ စနိုက်ဘာများအပါအဝင် လေကြောင်း၊ ရေကြောင်းမှ ပစ်ခတ်မှုကြောင့် တပ်သားသေဆုံးမှု အရပ်သား သေဆုံးမှု အခြေအနေကို AA က ရေးထားသည်ကို မတွေ့ရပေ။ ယင်းအပြင် လေကြောင်း၊ ရေကြောင်းများမှလည်း ရမ်းသန်းပစ်ခတ်တိုက်ခိုက်မှုများမှာ နေ့စဉ်နှင့်အမျှ ရှိနေပြီး အထူးသဖြင့် ဒရုန်းတိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုက

Continue Reading
ရခိုင်ရိုးမတောင်တန်းနှင့် ထိစပ်နေသည့် ဧရာဝတီ၊ ပဲခူး၊ မကွေးက စစ်ကောင်စီစစ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

ရခိုင်ရိုးမတောင်တန်းနှင့် ထိစပ်နေသည့် ဧရာဝတီ၊ ပဲခူး၊ မကွေးက စစ်ကောင်စီစစ်စခန်းများကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ

ဇန်နဝါရီ ၂၁ - ၂၀၂၅
0

(ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှာ စစ်ကောင်စီနှင့် တိုက်ပွဲဖြစ်နေဟု AA ပြော) Western News| ဇန်နဝါရီ ၂၁ ရခိုင်နှင့် ဧရာဝတီတိုင်း အစပ် နေရာအချို့၊ ပွိိုင့် ၃၆၉ ကုန်းနှင့် ရေကြည်မြို့နယ် ချင်းစုကျေးရွာအနီးတွင် စစ်ကောင်စီတပ်တို့နှင့် တိုက်ပွဲဖြစ်ပွားနေသည်ဟု အာရက္ခတပ်တော် AA ပြောသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၀ ရက်နေ့ ရခိုင်ပြည်အတွင်း စစ်ရေးသတင်းထုတ်ပြန်ရာတွင် ရခိုင်နှင့်ထိစပ်နေသော နေရာများက အခြေအနေများကိုလည်း AA က ထည့်သွင်းထုတ်ပြန်ထားခြင်းဖြစ်သည်။ ရခိုင်နယ်နမိတ် ရိုးမတောင်တန်းနှင့် ထိစပ်နေသော ရခိုင်-ဧရာဝတီအစပ်က တိုက်ပွဲများအပြင် ပဲခူး၊ မကွေးနှင့် ထိစပ်နေသော နေရာများတွင်လည်း စစ်ကောင်စီတပ်နှင့် AA တို့ တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်သည်ဟု

Continue Reading
ဘောမိတိုက်ပွဲမှ ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ချောင်းသာသို့ပို့ဆောင်
စစ်ရေး သတင်း
1 min read
0

ဘောမိတိုက်ပွဲမှ ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ချောင်းသာသို့ပို့ဆောင်

ဇန်နဝါရီ ၂၀ - ၂၀၂၅
0

ဧရာဝတီုတိုင်း ပုသိမ်မြို့နယ် ရွှေသောင်ယံကမ်းခြေက ဘောမိကျေးရွာအနီးတွင် အာရက္ခတပ်တော် AA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်နေပြီး ဒဏ်ရာရ စစ်ကောင်စီတပ်သားများကို ချောင်းသာသို့ ပို့ဆောင်ပေးနေကြောင်း သိရသည်။ ဇန်နဝါရီလ ၁၈ ရက် ညနေပိုင်းတွင် ဘောမိတိုက်ပွဲမှ ဒဏ်ရာရ စစ်ကောင်စီတပ်သား ၆၀ ခန်ဦးကို ချောင်းသာသို့ ပို့ဆောင်လိုက်ကြောင်း ပုသိမ်မြို့ပြပြောက်ကျားအဖွဲ့ PSTF ၏ သတင်းအထူးတပ်ဖွဲ့က ထုတ်ပြန်ထားသည်။ “ရွှေသောင်ယံ မြို့နယ်ခွဲ ဘောမိက ဒဏ်ရာရ စစ်ကောင်စီတပ်သား ၆၀ လောက်ကို ဇန်နဝါရီ ၁၈ ညနေပိုင်းမှာ စက်လှေတွေအသုံးပြုပြီး ချောင်းသာသို့ပို့ဆောင်ကာ Ambulance ကားတွေ၊ ကုန်ကားတွေနဲ့ ပုသိမ် နတခ မဆရ (၄) သို့

Continue Reading
မြောက်ဦး ရမ်းချောင်း ဗုံးကြဲခံရမှု စစ်သုံ့ပန်း ၂၈ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိ
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
0

မြောက်ဦး ရမ်းချောင်း ဗုံးကြဲခံရမှု စစ်သုံ့ပန်း ၂၈ ဦးသေဆုံးပြီး ၂၅ ဦးဒဏ်ရာရရှိ

ဇန်နဝါရီ ၁၉ - ၂၀၂၅
0

ရခိုင်ပြည် မြောက်ဦးမြို့နယ် ရမ်းချောင်းကျေးရွာအနီး တဝိုက်ရှိ စစ်သုံ့ပန်းများ ထားရှိရာ နေရာကို အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သည်။ ဇန်နဝါရီလ ၁၈ ရက် ညနေ ၄ နာရီ ၄၅ မိနစ်တစ်ကြိမ်၊ ၄ နာရီ ၄၆ မိနစ်တစ်ကြိမ်နှင့် ၄ နာရီ ၄၇ မိနစ်တစ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ထိုတိုက်ခိုက်မှုများကြောင့် အာရက္ခတပ်တော် AA က လွှတ်ပေးရန် စီစဉ်ထားရှိသည့် စစ်သုံ့ပန်းများထဲမှ အမျိုးသားအမျိုးသမီး အပါအဝင် သေဆုံးသူ ၂၈ ဦးနှင့် ဒဏ်ရာရရှိသူ ၂၅ ဦးရှိကြောင်း အာရက္ခတပ်တော် AA က ယနေ့ ထုတ်ပြန်ထားသည်။ ဒဏ်ရာရရှိသူများထဲမှ အချို့မှာ

Continue Reading
AA တပ်စခန်းနှင့် သုံ့ပန်းထားသည့်နေရာများ ကို စစ်ကောင်စီ ပေါင် ၅၀၀ ဖြင့် ဗုံးကြဲ ၃၀ ကျော် သေဆုံး
စစ်ရေး သတင်း
1 min read
0

AA တပ်စခန်းနှင့် သုံ့ပန်းထားသည့်နေရာများ ကို စစ်ကောင်စီ ပေါင် ၅၀၀ ဖြင့် ဗုံးကြဲ ၃၀ ကျော် သေဆုံး

ဇန်နဝါရီ ၁၉ - ၂၀၂၅
0

ရခိုင်ပြည်၊ မြောက်ဦးမြို့နယ် ရမ်းချောင်းဒေသမှ စစ်သုံ့ပန်းများထားသော နေရာနှင့် AA တပ်စခန်းအချို့ကို စစ်ကောင်စီက လေကြောင်းကနေ ပေါင် ၅၀၀ ရှိသော ဗုံးများဖြင့် လာရောက်ကြဲချခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ ဇန်နဝါရီလ ၁၈ ရက် ည ၉ နာရီကျော်တွင် စစ်ကောင်စီက ပေါင် ၅၀၀ ရှိသော ဗုံးများဖြင့် ၃ကြိမ်တိုင်တိုင် လာရောက် ကြဲချခဲ့မှုကြောင့် သုံ့ပန်းအပါအဝင် တပ်မိသားစုများလည်း ၃၀ ကျော်မနည်းသေဆုံးခဲ့ကြောင်း သတင်းရင်းမြစ်က ပြောသည်။ “သုံ့ပန်းတွေသေဆုံးပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ ပြီးတော့ စစ်သားတွေ ပါတယ်။ တပ်မိသားစုတွေ ကလေးတွေပါတယ်။ အကုန် ၃၀ ကျော်ပါတယ်။ ဒဏ်ရာပြင်းထန်တဲ့ လူနာတွေကိုတော့ ဆေးရုံတွေကို ပို့ထားပါတယ်။

Continue Reading
စစ်တွေမြို့ စစ်ကောင်စီ တပ်စခန်းများက ၂ ရက်အတွင်း လက်နက်ကြီးအလုံး ၇၀ ကျော် ပစ်ခတ်
စစ်ရေး သတင်း
1 min read
0

စစ်တွေမြို့ စစ်ကောင်စီ တပ်စခန်းများက ၂ ရက်အတွင်း လက်နက်ကြီးအလုံး ၇၀ ကျော် ပစ်ခတ်

ဇန်နဝါရီ ၁၈ - ၂၀၂၅
0

စစ်ကောင်စီ ထိန်းချုပ်ထားသည့် ရခိုင်ပြည် စစ်တွေမြို့ပေါ်က လက်နက်ကြီးများအပါအဝင် အတွဲလိုက်ဒုံးများဖြင့် AA ထိန်းချုပ်နေရာများသို့ ၂ ရက်အတွင်း အလုံးအရေ ၇၀ ကျော် ပစ်ခတ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ ယင်းကဲ့သို့ ပစ်ခတ်မှုကြောင့် စစ်တွေမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များကို ကျရောက်ပေါက်ကွဲခဲ့ပြီး ကျွဲ၊ နွားများ တိရစ္ဆာန် အကောင်အရေအတွက် ၂၀ ကျော် သေဆုံးသွားကာ လူနေအိမ်အများအပြားလည်း ပျက်စီးခဲ့ကြောင်း စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ ဇန်နဝါရီလ ၁၆၊ ၁၇ ရက်နေ့အတွင်း စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်စခန်း၊ ခလရ ၂၀ နှင့် ဒေသကွက်ကဲမှု စစ်ဌာနချုပ် (ဒကစ – စစ်တွေ) ကနေ လက်နက်ကြီး

Continue Reading
စစ်ကောင်စီ က လက်လွှတ်ဆုံးရှုံးလိုက်ရသော နယ်မြေများကို မြေလှန်ဖျက်ဆီးနေကြောင်း HRW ထုတ်ပြန်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ က လက်လွှတ်ဆုံးရှုံးလိုက်ရသော နယ်မြေများကို မြေလှန်ဖျက်ဆီးနေကြောင်း HRW ထုတ်ပြန်

ဇန်နဝါရီ ၁၇ - ၂၀၂၅
0

စစ်ကောင်စီ လက်လွှတ်ဆုံးရှုံး လိုက်ရသော မြို့များကို မြေလှန်ဖျက်ဆီးသည့် နည်းဗျူဟာ ပိုမိုအသုံးပြုလာကြောင်း လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဇန်နဝါရီ ၁၆ ရက်တွင် သတင်းထုတ်ပြန်သည်။ တိုက်ပွဲများတွင် အထိနာပြီး ဆုံးရှုံးမှုများ ဆက်တိုက်ဖြစ်နေသော အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့ ဆုံးရှုံးသွားသော နယ်မြေများမှာ အကြမ်းဖက်မှုများ တိုးမြှင့်လုပ်ဆောင်နေကြောင်း HRW ကဆိုသည်။ စစ်ကောင်စီသည် တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့များ ထိန်းချုပ်တဲ့နယ်မြေများထဲတွင် စစ်ဘက် အရပ်ဘက် မခွဲခြားဘဲ လေကြောင်းကနေတိုက်ခိုက်ခြင်း သတ်ဖြတ်ခြင်း၊ အဓမ္မကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် မီးရှို့ခြင်းများ အပါအဝင် အရပ်သားများနှင့် အရပ်ဘက်အခြေခံအဆောက်အအုံများ ဥပဒေမဲ့ တိုက်ခိုက်မှုများ ကျူးလွန်ခဲ့ကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြသည်။ ညီနောင်မဟာမိတ်တပ်ဖွဲ့များ၏ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့သည့် ၂၀၂၃

Continue Reading
AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီ လက်နက်ကြီးများဖြင့် ပစ်ခတ်
စစ်ရေး သတင်း
1 min read
0

AA ထိန်းချုပ်ရာ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီ လက်နက်ကြီးများဖြင့် ပစ်ခတ်

ဇန်နဝါရီ ၁၇ - ၂၀၂၅
0

အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်တွေမြို့မှာရှိသည့် စစ်ကောင်စီတပ်ရင်းများက လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း ဒေသခံများက ပြောသည်။ ဇန်နဝါရီလ ၁၆ ရက် နံနက်ပိုင်းက စစ်တွေမြို့ရှိ စစ်ကောင်စီ၏ ရွှေမင်းဂံရေတပ်စခန်း၊ ခလရ ၂၀ နှင့် ဒေသကွက်ကဲမှုစစ်ဌာနချုပ် (ဒကစ – စစ်တွေ) ကနေ လက်နက်ကြီး အလုံး ၄၀ ထက်မနည်း ပုဏ္ဏားကျွန်းမြို့နယ်ဘက်ကို ပစ်ခတ်တိုက်ခဲ့သည်။ “ဇန်နဝါရီလ ၁၅ ရက်နေ့ ညကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ။ ၁၆ ရက်နေ့ နံနက် ၃ နာရီကျော်မှာလည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တယ်။ နံနက်ပိုင်း တစ်ပိုင်းလုံးလည်း လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်ခတ်တယ်ခဲ့တယ်။ လက်နက်ကြီးတစ်လုံးရဲ့

Continue Reading
ဗုံးဆက်တိုက် ကြဲခံရပြီးနောက် ရခိုင်တွင် AA က အချက်ပေးစနစ် စတင်
စစ်ရေး သတင်း
1 min read
0

ဗုံးဆက်တိုက် ကြဲခံရပြီးနောက် ရခိုင်တွင် AA က အချက်ပေးစနစ် စတင်

ဇန်နဝါရီ ၁၆ - ၂၀၂၅
1

အာရက္ခတပ်တော် AA က စစ်ရေးကို နိုင်ငံးရေးနည်းလမ်းဖြင့် ဖြေရှင်းရန် ကြေညာပြီးနောက် အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်အား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ နောက်ဆုံးအပတ်ကစ၍ တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့ရွာများကို ဗုံးဆက်တိုက် ကြဲချတိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ၏ ထိုဗုံးကြဲတိုက်ခိုက်မှုများကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၆၀ နီးပါသေဆုံးခဲ့သလို ၆၀ ဦးနီးပါးမှာလည်း ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြပြီး စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦး လူနေအိမ် အများအပြား ပျက်စီးခဲ့သည်။ ယင်းအပြင် အာရက္ခတပ်တော် AA ၏ နယ်မြေခံ ထိပ်ပိုင်းခေါင်းအချို့လည်း ဗုံးဒဏ်ကြောင်း သေဆုံးသွားသလို ဒဏ်ရာရရှိသူများလည်းရှိကြောင်း Western News က စုံစမ်းရရှိထားသည်။ ထိုကြောင့် အာရက္ခတပ်တော် AA သည် သိမ်းပိုက်ထားသော

Continue Reading
ရခိုင်တွင် စစ်ကောင်စီခန့်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို AA အပြောင်းအလဲလုပ်နေ
စစ်ရေး သတင်း
1 min read
0

ရခိုင်တွင် စစ်ကောင်စီခန့်ထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးများကို AA အပြောင်းအလဲလုပ်နေ

ဇန်နဝါရီ ၁၆ - ၂၀၂၅
0

အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသော မြို့နယ်များတွင် စစ်ကောင်စီခန့်ထားခဲ့သည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများကို အပြောင်းအလဲလုပ်နေကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။ အထူးသဖြင့် ရခိုင်ပြည် မြောက်ပိုင်းဘက်က ထိန်းချုပ်နယ်မြေများတွင် ပြုလုပ်နေပြီး ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ခံရပြီးနောက်ပိုင်း ပြုလုပ်လာခြင်းဖြစ်သည်။ “မြေပုံ၊ မင်းပြား၊ မြောက်ဦး၊ ကျောက်တော်၊ ပေါက်တော၊ ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်၊ ဘူးသီးတောင်ဒေသတွေမှာ အဓိက ရပ်/ကျေးအုပ်ချုပ်ရေးမှူးတွေကို အပြောင်းအလဲလုပ်နေတယ်လို့ သိရပါတယ်။ ဘာကြောင့်ဆိုတာမျိုးတော့ မသိဘူး။ ပြီးခဲ့တဲ့ ရက်ပိုင်း ဗုံးဆက်တိုက်ကြဲခံရတာနဲ့ ပတ်သက်မယ်ထင်တာပဲ” ဟု မြောက်ဦးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ AA သည် ရခိုင်ပြည်အတွင်း အုပ်ချုပ်ရေးယန္တရားများကို စတင်ကတည်းက ရပ်ကွက်နှင့် ကျေးရွာများတွင် စစ်ကောင်စီခန့်ထားသော အုပ်ချုပ်ရေးမှူးများနှင့်အပြိုင်

Continue Reading