နိုင်ငံရေးအရ ဆွေးနွေးရန် ဖိတ်ခေါ်နေသော်လည်း စစ်ကောင်စီက ရခိုင်ကို နေ့စဉ် ဗုံးကြဲနေ
(စစ်ကောင်စီ ဗုံးကြဲ၍ မြေပုံနှင့် ပုဏ္ဏားကျွန်းမှာ အရပ်သား ထိခိုက်သေဆုံးမှုရှိ) အာရက္ခတပ်တော် AA သည် နိုင်ငံရေးအရ ဆွေးနွေးရန် ဖိတ်ခေါ်ထားသော်လည်း အာဏာသိမ်း စစ်ကောင်စီသည် ရခိုင်ပြည်ထဲက မြို့နယ်များကို နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေသည်။ ယနေ့ ဇန်နဝါရီလ ၃ ရက်နေ့ နံနက်စောစောပိုင်း ၁ နာရီကျော်အချိန်တွင် အာဏာသိမ်း စစ်ကောင်စီသည် မြေပုံမြို့နယ် ကမ်းထောင်းကြီးမြို့က ဆေးရုံနှင့် စာသင်ကျောင်းတို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။ “စစ်ကောင်စီဟာ နှစ်ကြိမ်တိုင်တိုင် ဂျက်ဖိုက်တာနဲ့ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့ပါတယ်။ ကမ်းထောင်းကြီးဆေးရုံနဲ့ စာသင်ကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ အသက်ကြီးကြီး အမျိုးသမီးတစ်ယောက်သေဆုံးသွားပါတယ်။ ဆေးရုံနဲ့ စာသင်ကျောင်းလည်း ပျက်စီးသွားပါတယ်” ဟု မြေပုံမြို့ခံတစ်ဦးက ပြောသည်။ သေဆုံးသူ
ဂွမြို့နယ်ကို AA သိမ်းပိုက် ထိန်းချုပ်လိုက်ပြီ
စစ်ကောင်စီတပ်နှင့် AA တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန်ဖြစ်ပွားနေသည့် ရခိုင်ပြည်၊ ဂွမြို့နယ်အားလုံးကို ဒီဇင်ဘာ ၂၉ ရက်နေ့ နေ့လယ်ပိုင်းတွင် သိမ်းပိုက်ထိန်းချုပ် လိုက်ပြီ ဖြစ်ကြောင်း အာရက္ခတပ်တော် AA က ပြောဆိုလိုက်သည်။ ဂွမြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများအားလုံးကို AA က အပြီးသတ် တိုက်ခိုက်ရှင်းလင်းပြီး ဖြစ်ပြီး ကစဉ့်ကလျားထွက်ပြေးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံးကို လိုက်လံ ရှင်းလင်းနေကြောင်း ပြောခွင့်ရ ဦးခိုင်သုခ က ပြောသည်။ “ဂွမြို့နယ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စစ်အခြေစိုက်စခန်းတွေအားလုံးကို ကျနော်တို့ အာရက္ခတပ်တော်က ချေမှုန်းတိုက်ခိုက်ရှင်းလင်းသိမ်းပိုက်ထားနိုင်ပြီဖြစ်ပါတယ်”ဟုပြောသည်။ လက်ရှိတွင် စစ်ကောင်စီတပ်၏ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ရှိနေပြီး ဧရာဝတီတိုင်း၊ ကမ်းသာယာ ကမ်းခြေအနီး ရေပြင်ထက်မှ ရေကြောင်းပစ်ကူမှုများ ဆက်လက်
ရခိုင်စစ်ရှောင်များကို စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများပြုလုပ်ပေးရန် လိုအပ်နေ
ရခိုင်ပြည်အတွင်းက မွတ်ဆလင်များအပါအဝင် စစ်ဘေးရှောင်ပြည်သူများမှာ စစ်ပွဲကာလအတွင်း စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးများ ထိခိုက်နေ၍ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုများ ပြုလုပ်ပေးရန် လိုအပ်နေကြောင်း ULA/AA အစိုးရ၏ HDCO က ပြောသည်။ ULA/AA အစိုးရအဖွဲ့၏ လူသားချင်းစာနာထောက်ပံ့ရေးရုံး HDCO က ရခိုင်ပြည်အတွင်း စစ်ရှောင်ပြည်သူ ၆ သိန်းကျော်ရှိကြောင်း ထုတ်ပြန်ထားပြီး ထိုစစ်ရှောင်များမှာ ရုပ်ပိုင်းဆိုင်ရာ ပျက်စီးဆုံးရှုံးမှုများအပြင် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရင်ဆိုင်ကြုံတွေ့လျက် ရှိသည်ဟု ဆိုသည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာလျက်ရှိသော စစ်ရှောင်ပြည်သူများကို HDCO က စိတ်ကျန်းမာရေးနှင့် စိတ်လူမှုဆက်ဆံရေးဆိုင်ရာပံ့ပိုးမှု ( Mental Health and Psychosocial Support) အစီအမံများကို အရပ်ဖက်လူမှုအဖွဲ့အစည်းများနှင့်
ဂွတိုက်ပွဲတွင် ဗိုလ်မှူးကြီး သန်းစိုးဝင်း ဦးဆောင်သော စစ်ကောင်စီတပ်သား ၇၀၀ ကျော် သေဆုံးခဲ့
အင်အား ၁၂၀၀ ကျော် ခုခံ တိုက်ခိုက်သော်လည်း AA ထံ ရှုံးနိမ့် ရခိုင်ပြည်အတွင်း ဂွမြို့နယ်ကို ပြန်လည် ရရှိရေး စစ်ကောင်စီအင်အား ၁၂၀၀ ကျော်ဖြင့် ခုခံကာကွယ်ခဲ့သော်လည်း နောက်ဆုံးတွင် ဂွမြို့နယ်တစ်ခုလုံးကို စစ်ကောင်စီက လက်လွှတ် ဆုံးရှုံးခဲ့ရကြောင်း သိရသည်။ ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ဂွအခြေစိုက်တပ်ရင်းနှစ်ရင်းဖြစ်ကြသော ခမရ ၅၆၂နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား အာရက္ခတပ်တော်မှ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဒီဇင်ဘာလ ၂၉ ရက်နေ့တွင် တပ်ရင်းနှစ်ရင်းစလုံးအား AA က သိမ်းပိုက်ခဲ့သည်။ ဂွမြို့သို့ စစ်ကူလာသော တပ်မ (၆၆) လက်အောက်ခံ၊ ခမရ (၄) တပ်ရင်း၊
အမ်းတိုက်ပွဲမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF အရှိုတပ် တိုက်ခိုက်
(စစ်ကောင်စီတပ်သား ၁၇ ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းမိ) ရခိုင်ပြည် အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုက်ပွဲမှ ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို CDF အရှိုတပ်က လိုက်လံတိုက်ခိုက်ရှင်းလင်းနေကြောင်း ယနေ့ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။ စစ်တပ်စစ်ကြောင်း ၂ ခုကို ၃ ရက်ဆက် ပိတ်ဆို့ တိုက်ခိုက်ခဲ့ရာ စစ်သား ၁၇ ဦးအရှင်မိပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကာ တပ်ပျက်၍ ထွက်ပြေးနေသော စစ်သားများကိုလည်း လိုက်လံဖမ်းဆီးနေကြောင်း Chin Defence Force – Asho တပ်ဖွဲ့မှ တာဝန်ရှိသူ ဆလိုင်းရိုးချင်းက ပြောသည်။ ဒီဇင်ဘာလ ၂၅ ရက်မှ ၂၇ ရက်နေ့ထိ အမ်းမြို့နယ်၊
အမေရိကန်ဒေါ်လာ သန်းပေါင်း သောင်းနှင့်ချီသော တရုတ်စီမံကိန်းများကို AA ထိန်းချုပ်
ရခိုင်ပြည်အတွင်းရှိသော တရုတ်စီမံကိန်းများထဲမှ အမေရိကန်ဒေါ်လာ သန်းပေါင်း သောင်းနှင့်ချီတန်ဖိုးရှိသော တရုတ်စီမံကိန်း ၁၀ ခုကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားကြောင်း မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ပြောသည်။ ရခိုင်ပြည်မှာ တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း စုစုပေါင်း ၁၁ ခုရှိသည့်အနက် ၁၀ ခုကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၄ ရက်အထိ အချက်အလက်တွေအရ အာရက္ခတပ်တော် (AA) က ထိန်းချုပ်ထားကြောင်း ISP Myanmar က ယနေ့ ဒီဇင်ဘာလ ၂၈ ရက်တွင် ထုတ်ပြန်ပြောဆိုထားခြင်းဖြစ်သည်။ အမေရိကန်ဒေါ်လာ ၁၀၉၀ သန်းရှိသော သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ အမေရိကန်ဒေါ်လာ ၁၁၀၀၀ သန်းရှိသော
နပခ သိမ်းတိုက်ပွဲက ဖမ်းဆီးရမိသော စစ်သုံ့ပန်းများ
ရခိုင်ပြည် အမ်းမြို့တွင်ရှိသော အာဏာသိမ်း စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို ၂၀၂၄ ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အာရက္ခတပ်တော် AA က သိမ်းပိုက်ခဲ့သည်။ အဆိုပါ စခန်းသိမ်းတိုက်ပွဲက စစ်သုံ့ပန်းများအား အာရက္ခတပ်တော် AA မှ ထုတ်ပြန်လာခြင်းဖြစ်သည်။
ရခိုင်ရိုးမမှာ စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ
ရခိုင်ရိုးမတောင်တန်းတွင် ကျန်ရှိနေသေးသည့် အာဏာသိမ်း စစ်ကောင်စီ တပ်စခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်နေခြင်းကြောင့် တိုက်ပွဲပြင်းထန်နေသည်ဟု သိရသည်။ အာရက္ခတပ်တော် AA က အမ်းမြို့နှင့် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် ကို ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် အပြီးသတ်သိမ်းပြီးနောက်ပိုင်း ရိုးတောင်ထက်ကနေ ပြန်လည်ထိုးစစ်ဆင်ပြင်လာသည့် စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေခြင်းဖြစ်သည်။ “ရိုးဘက်က စစ်ကောင်စီတပ်တွေကို တိုက်နေတယ်။ အခုရိုးအတက်ဘက်ကို အရင်ရှင်းနေတယ်ပေါ့နော်။ သူတို့ဖက်တပ်ကူတွေကလည်း တော်တော်ပို့ကြတယ်။ အခု ဆင်ခုံတိုင်ရွာဖက်အထိ သိမ်းထားပြီးပြီ။ ရိုးပေါ်မှာ စခန်းတွေကတော့ အများကြီးကျန်နေပါသေးတယ်” ဟု ပြောသည်။ AA မှ သိမ်းပိုက်ထားပြီးဖြစ်သည့် ဆင်ခုံတိုင်ကျေးရွာမှာ အမ်းရိုးတောင်တွင်တည်ရှိသည့် ရွာတစ်ရွာဖြစ်ပြီး အမ်းမြို့နှင့် ၁၆ မိုင်ခန့်အကွာတွင်ရှိကာ ချင်းလူမျိုးများ
ဧရာဝတီရောက် ရခိုင်စစ်ရှောင်များကို အတင်းဖိအားပေး ရွှေ့ပြောင်းမှု မလုပ်ကြရန် ဂွမြို့နယ်စစ်ရှောင်ကူညီရေးပူးပေါင်းအဖွဲ့ တောင်းဆို
ဧရာဝတီဒေသ ရေကြည်မြို့နယ်အပါအဝင် ပုသိမ်ခရိုင်အတွင်း ခိုလှုံရောက်ရှိနေကြသည့် ရခိုင်တိုင်းရင်းသား စစ်ဘေးဒုက္ခသည်များကို အတင်းအဓမ္မ ဖိအားပေး ရွှေ့ပြောင်းမှုများ မလုပ်ကြရန် ဂွမြို့နယ်စစ်ဘေးရှောင်ကူညီရေးပူးပေါင်းအဖွဲ့က မေတ္တာရပ်ခံ တောင်းဆိုကြောင်း သိရသည်။ ဧရာဝတီတိုင်းက သက်ဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ရခိုင်စစ်ဘေးရှောင်ပြည်သူများအား လူသားတစ်ယောက်၏ လွတ်လပ်စွာရွှေ့ပြောင်းနေထိုင်ခွင့်အား လေးစားလိုက်နာ၍ စစ်ဘေးရှောင်ပြည်သူများအပေါ် လူသားချင်းစာနာထောက်ထားစွာဖြင့် အတင်းဖိအားပေးရွှေ့ပြောင်းခိုင်းမှု့များမလုပ်ကြရန် မေတ္တာရပ်ခံတိုက်တွန်းထားသည်။ ရေကြည်မြို့နယ်၊ ခွေးတောက်ကွက်သစ်အုပ်စု၊ ကုန်းပြင်အနီးဝန်းကျင်နှင့် တစ်ခြားဧရာဝတီတိုင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် နေထိုင်ကြသော ရခိုင်စစ်ဘေးရှောင်ပြည်သူများအား အတင်းရွှေ့ပြောင်းကြရန် သက်ဆိုင်ရာတာဝန်ရှိသူများမှဖိအားပေး ဆောင်ရွက်နေသည်ဟု ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ပြောသည်။ “ဧရာဝတီတိုင်းရောက်နေတဲ့ ရခိုင်စစ်ဘေးရှောင်ပြည်သူတွေကို ၂၃ ရက် ၁၂ လပိုင်း ၂၀၂၄ ရက်နေ့က စစ်ကောင်စီ အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲတွေပေါ့လေ၊ စကစ တပ်သားတွေနဲ့
AA ၏ နိုင်ငံရေးအမြင်ကို ပအိုဝ်းနှင့် မွန်အဖွဲ့များ ဂုဏ်ယူကြောင်းပြော
ဗမာအပါအဝင် ဘဝတူ အဖိနှိပ်ခံ တိုင်းရင်းသားလူမျိုးများအားလုံးကို လွတ်မြောက်ရေအတွက် တိုက်ပွဲဝင်နေသော အာရက္ခတပ်တော် AA ၏ နိုင်ငံရေးအမြင်ကို ပအိုဝ်းနှင့် မွန်အဖွဲ့အစည်း ၄ ခုက ချီးမွမ်းဂုဏ်ပြုကြောင်း ပြောဆိုကြသည်။ ပအိုဝ်းနှင့် မွန်လူမျိုးတို့၏ လက်နက်ကိုင်အဖွဲ့များဖြစ်သော ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီ-စစ်အာအာရှင်ဆန့်ကျင်ရေး (NMSP-AD)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က ယနေ့ ဒီဇင်ဘာလ ၂၅ ရက်တွင် သဝဏ်လွှာပေးပို့ ဂုဏ်ပြုခဲ့ခြင်းဖြစ်သည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) အား သိမ်းပိုက်နိုင်ခြင်းနှင့်အတူ မကြာမီကာလတွင် ရက္ခိုင်တစ်ပြည်လုံးရှိ စစ်ကောင်စီတပ်များ ကင်းစင်ပပျောက်သွားအောင် အာရက္ခတပ်တော် (AA) ၏ ဆက်လက်တိုက်ပွဲဝင်မှုနှင့် ရဲစွမ်းသတ္တိကို ဂုဏ်ပြုပါကြောင်း သဝဏ်လွှာတွင်