ရခိုင်မှာ ပါတီသစ်ထူထောင်သူ မည်သူလဲ
ရခိုင်ပြည်မှာ ရခိုင်အမျိုးသားပါတီ Arakan National Party (ANP) ကို အာဏာသိမ်း စစ်ကောင်စီက မှတ်ပုံတင်ခွင့် ပယ်ချက်ပြီးနောက် ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုနိုင်သည့် ရခိုင့်နိုင်ငံရေးပါတီကြီးတစ်ခု ပေါ်ပေါက်လာသည်ဟု သိရသည်။ စစ်ကောင်စီ၏ ဝါဒဖြန့်မီဒီယာ MRTV ကလည်း ယမန်နေ့ ဧပြီလ ၇ ရက်နေ့ ည သတင်းတွင် ရခိုင်တိုင်းရင်းသားများပါတီ Rakhine Nationalities Party (RNP) မှတ်ပုံလာတင်ထားသည်ဟု သတင်းထုတ်ပြန်ကြေညာသွားသည်။ ရခိုင်ပြည်မှာ ရခိုင်တစ်မျိုးသားလုံးကို ကိုယ်စားပြုသည်ဟု ဆိုသည့် ဒေါက်တာ အေးမောင် ဦးဆောင်သော ရခိုင့်ဦးဆောင်ပါတီ AFP နှင့် ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ RSNUP တို့ စစ်ကောင်စီထံ မှတ်ပုံတင်ထားကြပြီး စစ်ကောင်စီကလည်း ခွင့်ပြုထားပြီးဖြစ်သည်။