တရားမဝင် နယ်စပ်ဖြတ်ကျော် ပြဿနာကို ဘင်္ဂလားဒေ့ရှ်နှင့် ပူးပေါင်းဖြေရှင်းလိုကြောင်း AA ပြော
ရခိုင်ရေပိုင်နက်ဖြစ်သော ဘူးသီးတောင်၊ မောင်တောဒေသတွင် တရားမဝင်နယ်စပ်ဖြတ်ကျော်ပြီး အကြိမ်ကြိမ်ဝင်ရောက် ငါးဖမ်းနေကြသော ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများအရေးနှင့် ပတ်သက်၍ ပူးပေါင်းဖြေရှင်းဆောင်ရွက်လိုကြောင်း အာရက္ခတပ်တော် AA က ပြောသည်။ တရားမဝင် နယ်စပ်ဖြတ်ကျော်ပြဿနာအား ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့် ထိထိရောက်ရောက် ဖြေရှင်းရန် မျှော်လင့်ထားကြောင်း ULA/AA ပြောခွင့်ရ ဦးခိုင်သုခက ယနေ့ မတ်လ ၁၅ ရက်တွင် ထုတ်ပြန်ပြောဆိုထားသည်။ “ULA အနေနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော် ငါးဖမ်းမှုပြဿနာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် ဘင်္ဂလားဒေ့ရှ်နဲ့ ရခိုင်ကြား ပူးပေါင်းလုပ်ဆောင်ပြီး ထိရောက်တဲ့ အဖြေတစ်ခုရရှိဖို့ မျှော်လင့်ပါတယ်” ဟု ဦးခိုင်သုခက ဆိုသည်။ အာရက္ခတပ်တော် AA သည် စစ်ကောင်စီထံမှ ဘူးသီးတောင်၊ မောင်တောဒေသကို သိမ်းပိုက်ပြီးနောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်
ရခိုင်ပင်လယ်ပြင်မှာ တရားမဝင် ငါးဖမ်းသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးကို AA က ဖမ်းဆီး
ရခိုင် ရေပိုင်နက်ဖြစ်သည့် မောင်တောမြို့အနီးက နတ်မြစ်မှာ တရားမဝင် ဝင်ရောက်ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၁၉ ဦးကို အာရက္ခတပ်တော် AA က ယမန်နေ့ ဖေဖော်ဝါရီလ ၂၀ ရက်တွင် ဖမ်းဆီးလိုက်ကြောင်း သိရသည်။ တရားမဝင် ဝင်ရောက် ငါးဖမ်းနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၉ ဦးကို စက်လှေ ၄ စီးနှင့်အတူ AA က ဖမ်းဆီးသွားခြင်းဖြစ်သည်။ မောင်တောမြို့အနီးက နတ်မြစ်သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံက ထက်ဝက်ပိုင်သလို ရခိုင်ကလည်း ထက်ဝက်ပိုင်ဆိုင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများမှာ ရခိုင်ပိုက်နက်သို့ ကျူးကျော်ဝင်ရောက် ငါးဖမ်းခြင်းများ မကြာခဏ ပြုလုပ်လေ့ရှိသည်။ အာရက္ခတပ်တော် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့ကလည်း ရခိုင်ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်ငါးဖမ်းခြင်းများနှင့်
ရခိုင်ပိုင်နက် နတ်မြစ်အတွင်းမှာ ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကို AA ဖမ်းဆီး
အာရက္ခတပ်တော် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့သည် ရခိုင်ပိုင်နက် နတ်မြစ်အတွင်းမှာ ဝင်ရောက် ငါးဖမ်းနေကြသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမား ၄ ဦးကို ဖမ်းဆီးသွားကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းများက ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၁ ရက် နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ် ကော့ဘဇားမြို့အနီး နတ်မြစ်အတွင်း Shahparir Dwip နှင့် Golarchar Mukh ဧရိယာတွင် AA ၏ ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ပြောဆိုကြသည်။ ဖမ်းဆီးခံရသူများမှာ အသက် ၃၀ အရွယ် Md Hasan, အသက် ၂၀ အရွယ် Abdur Rakim, အသက် ၂၆ နှစ်အရွယ် Md Jaber နှင့်