စစ်ကောင်စီ ဆက်တိုက်ဖမ်းဆီးမှုကြောင့် ရန်ကုန်ရောက် ရခိုင်လူငယ် ရာနှင့်ချီ ရခိုင်နှင့် နိုင်ငံခြားသို့ ထွက်ခွာ
သတင်း
1 min read
0

စစ်ကောင်စီ ဆက်တိုက်ဖမ်းဆီးမှုကြောင့် ရန်ကုန်ရောက် ရခိုင်လူငယ် ရာနှင့်ချီ ရခိုင်နှင့် နိုင်ငံခြားသို့ ထွက်ခွာ

ဖေ‌ဖော်ဝါရီ ၇ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီ၏ ဆက်တိုက် လိုက်လံဖမ်းဆီးနေ၍ ရန်ကုန်မှာရှိသည့် ကျောင်းသားလူငယ်များအပါအဝင် ရခိုင်လူငယ် ရာနှင့်ချီ ရခိုင်နှင့် နိုင်ငံခြားသို့ ထွက်ခွာသွားကြောင်း စုံစမ်း သိရှိရသည်။ ရန်ကုန်တိုင်း မြို့နယ် ၅ ခုထက်မနည်းမှ အဆောင် ၆၀ ခုထက်မနည်းက ရခိုင်လူငယ် ၄၀၀ ကျော်မှာ မိမိဒေသ ရခိုင်ပြည်နှင့် ထိုင်း၊ မလေးရှားအပါအဝင် နိုင်ငံခြားသို့ ထွက်ခွာသွားကြောင်း ရန်ကုန်ရောက် ရခိုင် အဖွဲ့အစည်းတစ်ချို့ က ပြောသည်။ “အခုအဖမ်း အဆီးအရမ်းများတယ်။ တစ်ချို့ လူငယ်တွေဆို အဖွဲ့အလိုက်သွားတယ်။ တစ်ချို့ကတော့ စုဖွဲ့ပြီးတော့ သွားတယ်။ ကျောင်းတက်နေတဲ့ ကလေးတွေပါတယ်။ ပြီးတော့ ဘာသာစကားသင်တန်းကျောင်းတက်နေသူတွေ၊ ပန်းထိမ်း လုပ်နေတဲ့သူတွေ အများကြီးပါပဲ။ အခု

Continue Reading
ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ နီးပါးအဖမ်းရသည့် အထဲတွင် ရခိုင်အများ အပြားပါဝင်
စစ်ရေး သတင်း
1 min read
0

ရန်ကုန်တွင် တစ်လအတွင်း လူငယ် ၅၀၀ နီးပါးအဖမ်းရသည့် အထဲတွင် ရခိုင်အများ အပြားပါဝင်

ဖေ‌ဖော်ဝါရီ ၅ - ၂၀၂၅
0

ရန်ကုန်တိုင်း ဒေသကြီးတွင် ပြီးခဲ့သည့် ဇန်နဝါရီလအတွင်း စစ်မှုထမ်းရန်အတွက် စစ်ကောင်စီက လူငယ် ၅၀၀ နီးပါး အဖမ်းခံရသည့် အထဲတွင် ရခိုင်လူငယ်အများအပြားလည်း ပါဝင်ခဲ့ကြောင်း Western News က စုံစမ်းသိရှိရသည်။ ဇန်နဝါရီလအတွင်း ဖမ်းဆီးခံလိုက်ရသူ ရန်ကုန်တွင် စုစုပေါင်း ၄၇၅ ဦး ရှိခဲ့ပြီး ယင်းတို့ အနက် ၅၈ ဦး ပြန်လွတ်လာခဲ့ကာ ၁၇ ဦးကိုမူ ပြန်မလွှတ်ပေးသေးဟု အတည်ပြု သိရှိရကြောင်း Rangoon Scout Network က ဖေဖော်ဝါရီလ ၄ ရက်နေ့က ထုတ်ပြန်သည်။ “လမ်းမပေါ် တွေ့ရာ လိုက်ဆွဲလို့ ပါသွားသူ ဦးရေမှာ ၂၄၁ ဦး ရှိပြီး

Continue Reading
ရန်ကုန်မှာ ရခိုင်လူငယ်များ ဖမ်းဆီးခံရမှုတွင် ဝန်ကြီး ဦးဇော်အေးမောင် ပါဝင်ပတ်သက်နေ
နိုင်ငံရေး သတင်း
1 min read
0

ရန်ကုန်မှာ ရခိုင်လူငယ်များ ဖမ်းဆီးခံရမှုတွင် ဝန်ကြီး ဦးဇော်အေးမောင် ပါဝင်ပတ်သက်နေ

ဇန်နဝါရီ ၁၂ - ၂၀၂၅
1

ရန်ကုန်တိုင်းမြို့နယ်အချို့တွင် စစ်ကောင်စီက ရခိုင်လူငယ်များကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးလျှက်ရှိနေပြီး ပြည်ထောင်စုအဆင့် တိုင်းရင်းသားလူမျိုးများရေးရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်လည်း တိုက်ရိုက် ပါဝင်ပတ်သက်နေကြောင်း ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုဝင်များနှင့် စောင့်ကြည့်နေသူများက ပြောသည်။ ဦးဇော်အေးမောင်သည် အာဏာသိမ်း စစ်ကောင်စီ၏ ဝန်ကြီးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေပြီး ရန်ကုန်တိုင်းအတွင်း ရခိုင်လူငယ်များအား ဖမ်းဆီးရာတွင် ကိုယ်တိုင် တိုက်ရိုက်ညွှန်ကြားသည့် နေရာက ပါဝင်နေသည်ဟု ၎င်းတို့က ပြောဆိုကြခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာနှင့် ယခုနှစ် ဇန်နဝါရီလများတွင် ရန်ကုန်တိုင်း မရမ်းကုန်း၊ လှိုင်သာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ စသည့်မြို့နယ်များနှင့် သာကေတမြို့နယ်များက ရခိုင်လူငယ်များ ၅၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားသည်။

Continue Reading