လူစုလူဝေးနှင့် သင်္ကြမကျရန် အာရက္ခတပ်တော် AA အသိပေး
လူစုလူဝေးနှင့် သင်္ကြန်မပြုလုပ်ကြရန် အချက်ပါဝင်သည့် သင်္ကြန်ကာလ လိုက်နာရမည့် စည်းကမ်းချက်များကို အာရက္ခတပ်တော် AA က ရခိုင်ပြည်သူများအား အသိပေးထုတ်ပြန်လိုက်သည်။ Western News ၏ စုံစမ်းချက်အရ အာရက္ခတပ်တော် AA စစ်ရုံးချုပ်က ရခိုင်ပြည်သူများအား တိုက်ရိုက်အသိပေး ထုတ်ပြန်ထားမျိုး မဟုတ်ဘဲ သက်ဆိုင်ရာမြို့နယ်အလိုက် တာဝန်ရှိသူများအား AA စစ်ရုံးချုပ်က ညွှန်ကြားထားခြင်းဖြစ်သည်။ မြို့နယ်အလိုက် အာရက္ခတပ်တော် အုပ်ချုပ်ရေးအဖွဲ့များကမှ တစ်ဆင့် ရခိုင်ပြည်သူများ ထပ်ဆင့်ညွှန်ကြား အသိပေးထုတ်ပြန်ထားခြင်းဖြစ်ကြောင်း သိရသည်။ အာရက္ခတပ်တော် AA ၏ သင်္ကြန်ကာလအတွင်း ပြည်သူများ လိုက်နာရမည့် အချက်များမှာ လူစုလူဝေးဖြင့် သင်္ကြန်မဏ္ဍပ်ပြုလုပ် ရေကစားခြင်း မလုပ်ရ၊ လူအများအပြား စီးနင်းပြီး ကားများဖြင့် လှည့်ပတ်ခြင်း