ရခိုင်မှာ အရေပြားရောဂါ ပိုပျံ့နှံ့လာ၊ ကူးစက်ခံရသူ ၅၀၀ ကျော်အထိရှိနေ
ကျန်းမာရေး သတင်း
1 min read
53

ရခိုင်မှာ အရေပြားရောဂါ ပိုပျံ့နှံ့လာ၊ ကူးစက်ခံရသူ ၅၀၀ ကျော်အထိရှိနေ

September 20, 2024
0

ရခိုင်မြောက်ပိုင်း အထူးသဖြင့် ပုဏ္ဏားကျွန်းမြို့နယ်နှင့် မင်းပြားမြို့နယ်တို့တွင် အရေပြားရောဂါ ပိုပျံ့နှံ့လာပြီး ကူးစက်ခံရသူ ၅၀၀ ကျော်အထိ ရှိနေကြောင်း စာရင်းပြုစုထားသူများထံမှ သိရသည်။ ကူးစက်ခံရသူအများစုမှာ စစ်ရှောင်များဖြစ်ပြီး မိုးဦးကာလ ဇွန်လကတည်းက စတင်ဖြစ်ပွားရာကနေ ယခုအချိန်အထိ တစ်ဦးတစ်ယောက်မျှ ပြန်လည်ကောင်းမွန်လာခြင်းမရှိဘဲ ပိုမိုပျံ့နှံ့လာခြင်း ဖြစ်ကြောင်း ပုဏ္ဏားကျွန်း လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ” စဖြစ်တာက မိုးဦးကာလကတည်းက၊ ပြန်ကောင်းလာတာမရှိဘဲ ပိုကူးစက်လာတယ်။ ကျနော်တို့ လူ ၂၅၀၀ ကို စာရင်းကောက်ထားတဲ့အထဲ ၄၈၀ ကျော်လောက်က အရေပြားရောဂါကို ခံစားနေရတယ်။ လက်တွေ၊ ပေါင်တွေ၊ ကျောကုန်း၊ တင်ပါး၊ ခြေသလုံး၊ လည်ပင်း စသဖြင့် တချို့ဆို ခန္ဓာကိုယ်တစ်ခုလုံး ယားယံတာ၊

Continue Reading
ရခိုင်မှာ အရေပြားရောဂါ ပိုပျံ့နှံ့လာ ကူးစက်ခံရသူ ၅၀၀ ကျော်အထိရှိနေ
ကျန်းမာရေး သတင်း
1 min read
104

ရခိုင်မှာ အရေပြားရောဂါ ပိုပျံ့နှံ့လာ ကူးစက်ခံရသူ ၅၀၀ ကျော်အထိရှိနေ

September 20, 2024
0

Continue Reading
မင်းပြားက ရေဘေးသင့် ပြည်သူ ၃၀၀၀ ကျော် အကူအညီတွေ လိုအပ်နေ
ဗီဒီယိုသတင်း မိုးလေဝါသ သတင်း
1 min read
132

မင်းပြားက ရေဘေးသင့် ပြည်သူ ၃၀၀၀ ကျော် အကူအညီတွေ လိုအပ်နေ

September 19, 2024
0

Continue Reading
ရခိုင်မြောက်ပိုင်း မိုးသည်း လေးမြို့မြစ်ရေတက်လာ
မိုးလေဝါသ သတင်း
0 min read
84

ရခိုင်မြောက်ပိုင်း မိုးသည်း လေးမြို့မြစ်ရေတက်လာ

September 13, 2024
0

ရခိုင်ပြည် မြောက်ပိုင်းဒေသမှာ ပြီးခဲ့သည့် ၃ ရက်ခန့်ကစ၍ မိုးဆက်တိုက်ရွာသွန်းနေပြီး ယနေ့အချိန်အထိ မိုးသည်းထန်စွာ ရွာသွန်းနေကြောင်း ဒေသခံများထံမှ သိရသည်။ လေးမြို့မြစ်ရေနှင့် ကုလားတန်မြစ်ရေမှာ အနည်းငယ် ရေတက်လာနေပြီး တကျော့ပြန် ရေကြီးရေလျှံဖြစ်မည်ကို ဒေသခံများ စိုးရိမ်နေကြသည်။ မြောက်ဦးဒေသခံတစ်ဦးက ” မိုးက ရွာနေတာ ၃ ရက်ရှိပြီး ဆက်တိုက်ပဲ။ နေပူဖို့ အလားအလာတောင် မမြင်ရဘူး။ မှောင်မဲနေတာ။ လေးမြို့မြစ်ရေနဲ့ ကုလားတန်မြစ်ရေကလည်း တောင်ကျရေတွေကြောင့် နည်းနည်းတက်လာနေတယ်လို့ သိရတယ်။ လေးမြို့မြစ်မှာဆို အနိမ့်ပိုင်းက ရွာတွေက သတိထား စောင့်ကြည့်ပြီး ရွှေ့ပြောင်းဖို့ အဆင့်သင့်လုပ်ထားတယ်လို့ သိရတယ်။ ” ဟု ပြောသည်။ တောင်သူလယ်သမားများမှာလည်း စပါးစိုက်ပျိုးပြီးသည့်အချိန်ဖြစ်၍ နောက်ထပ်တစ်ကြိမ် စပါးခင်းများအား

Continue Reading
လေပွေလှိုင်း မုန်တိုင်းငယ်သို့ ရောက်ရှိနိုင်
မိုးလေဝါသ သတင်း
1 min read
32

လေပွေလှိုင်း မုန်တိုင်းငယ်သို့ ရောက်ရှိနိုင်

September 13, 2024
0

ဘင်္ဂလားပင်လယ်အော် အရှေ့မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော လေပွေလှိုင်းသည် ပိုမိုအားကောင်းလာပြီး လေဖိအားနည်းရပ်ဝန်း (Low Pressure Area) တစ်ခုအဖြစ်သို့ ရောက်ရှိသွားပြီဟု စစ်ကောင်စီ မိုးဇ/လက ယနေ့ စက်တင်ဘာ ၁၃ ရက် နံနက်က ထုတ်ပြန်သည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်းသည် အနောက်မြောက်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားနိုင်ပြီး နောက် ၄၈ နာရီအတွင်း ပိုမိုအားကောင်းလာကာ ကမ်းရိုးတန်းနှင့် ဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းတို့တွင် မုန်တိုင်းငယ် (Depression) အဖြစ်သို့ ရောက်ရှိနိုင်သည်ဟုခန့်မှန်းထားသည်။ အဆိုပါ လေဖိအားနည်းရပ်ဝန်း၏ အရှိန်နှင့် မုတ်သုံလေများကြောင့် ယနေ့ နံနက်မှ ၁၅-၉-၂၀၂၄ ရက်နေ့အတွင်း ချင်းပြည်နယ်နှင့် ရခိုင်ပြည်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဒေသအလိုက် နေရာကွက်၍ မိုးကြီးနိုင်သည်ဟု

Continue Reading
ရခိုင်ကို Unitary State System ဖြင့် အုပ်ချုပ်မည်ဟု AA စစ်ဦးစီးချုပ်ပြော
နိုင်ငံရေး သတင်း
1 min read
100

ရခိုင်ကို Unitary State System ဖြင့် အုပ်ချုပ်မည်ဟု AA စစ်ဦးစီးချုပ်ပြော

September 12, 2024
0

ရခိုင်ပြည်ကို တစ်ပြည်ထောင်စနစ် Unitary State System ဖြင့် အုပ်ချုပ်သွားမည်ဟု အာရက္ခတပ်တော် AA စစ်ဦးစီးချုပ် (တပ်မှူးချုပ်) ဗိုလ်ချုပ်ထွန်းမြတ်နိုင်က The Diplomat သတင်းဌာန အင်တာဗျူးတွင် ပြောဆိုထားသည်။ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကို The Diplomat သတင်းဌာနမှ အွန်လိုင်းက အင်တာဗျူးထားပြီး ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၆ ရက်နေ့က ဖော်ပြခဲ့သည်။ အစောပိုင်းမှာ ဗဟိုချုပ်ကိုင်မှုဖြင့် တစ်ပြည်ထောင်အစိုးရကို ထူထောင်ပြီး နောက်ပိုင်းတွင် အစိုးရအလွှာအသီးသီးထံ ခွဲဝေသွားနိုင်ခြေရှိကြောင်း ဗိုလ်ချုပ်က ပြောသည်။ “ULA က ရှေ့ဆောင်ပါတီအဖြစ် ခေါင်းဆောင်တဲ့ တစ်ပြည်ထောင်စနစ် (Unitary State System) တစ်ရပ် ရှိပါလိမ့်မယ်။

Continue Reading
ရခိုင်တောင်ပိုင်း တကျော့ပြန် ရေစတင်ကြီးနေ
မိုးလေဝါသ သတင်း
0 min read
65

ရခိုင်တောင်ပိုင်း တကျော့ပြန် ရေစတင်ကြီးနေ

September 12, 2024
0

ဇူလိုင်လမှာ ရေကြီးခဲ့သည့် ရခိုင်ပြည် တောင်ပိုင်းဒေသက သံတွဲ၊ တောင်ကုတ်၊ ဂွနှင့် ရမ်းဗြဲဒေသတို့တွင် ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ကစပြီး တကျော့ပြန် ရေစတင်ကြီးနေပြီဟု ဒေသခံများထံမှ သိရသည်။ သံတွဲမြို့နယ် မိုးသည်းထန်စွာ ရွာသွန်းပြီး ချောင်းရေမြင့်တက်လာကာ သံတွဲမြို့ပေါ်က ရပ်ကွက်အချို့နှင့် အနီးအနားကျေးရွာအချို့မှာ ရေကြီးနေပြီဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။ “သံတွဲမြို့လယ်ချောင်းက ရေတွေ အနိမ့်ပိုင်းရပ်ကွက်တွေ ဝင်ပြီး ရေပြန်ကြီးနေပြီ။ တချို့နေအိမ်တွေဆို နစ်မြုပ်သွားပြီ။ လေယာဉ်ကြောက်ရမလား၊ ရေမြုပ်တာ ရွှေ့ရမလား။ တော်တော်လေးကို ဒုက္ခရောက်နေကြပါပြီ။” ဟု ပြောသည်။ အလားတူ တောင်ကုတ်မြို့တွင်လည်း မိုးသည်း၍ ချောင်းရေမြင့်တက်လာကာ မြို့ပေါ်ရပ်ကွက်အချို့နှင့် အနီးအနားကျေးရွာများသို့ ရေဝင်ရောက်နေပြီး နေအိမ်အချို့ နစ်မြုပ်နေကြသည်။ တောင်ကုတ်ဒေသခံတစ်ဦးက

Continue Reading
ရခိုင်မှာ မိုးသည်း၍ ရေကြီးပြီး လေပြင်းတိုက်ခတ်လာနိုင်
မိုးလေဝါသ သတင်း
1 min read
36

ရခိုင်မှာ မိုးသည်း၍ ရေကြီးပြီး လေပြင်းတိုက်ခတ်လာနိုင်

September 12, 2024
0

ရခိုင်ပြည်မှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးကာ လေပြင်းမုန်တိုင်း တိုက်ခတ်နိုင်ကြောင်း စစ်ကောင်စီ မိုးဇလ နှင့် တစ်သီးပုဂ္ဂလ မိုးလေဝသပညာရှင်များက ခန့်မှန်း ပြောဆိုထားကြသည်။ စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာန၏ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက်ပိုင်း ထုတ်ပြန်ချက်အရ မိုးသည်းထန်ပြီး ရေကြီးနိုင်သလို လေပွေလေပြင်းများ တိုက်ခတ်နိုင်ကြောင်း ခန့်မှန်းထားသည်။ မြန်မာအလယ်ပိုင်းနှင့် အနောက်မြောက်ဘက်မှာ ဖြစ်ပေါ်ခဲ့သော လေပွေလှိုင်းနှင့် လေပြင်းမုန်တိုင်းမှာ ရခိုင်၊ ချင်း၊ မကွေးနှင့် စစ်ကိုင်းမှာ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး နောက် ၃၆ နာရီအတွင်း ဘင်္ဂလားဒေ့ရှ် ကမ်းရိုးတန်းနှင့် ဘင်္ဂလားပင်လယ်အော် အနောက်မြောက်ဘက်သို့ ရောက်သွားနိုင်ကြောင်း စစ်ကောင်စီ မိုး/ဇလ က ထုတ်ပြန်ထားသည်။

Continue Reading
ရခိုင်မှာ ယခုနှစ် မိုးစပါးစိုက်ပျိုးဧက ၆ သိန်းခန့်သာ စိုက်ပျိုးနိုင်
စီးပွားရေး သတင်း
0 min read
32

ရခိုင်မှာ ယခုနှစ် မိုးစပါးစိုက်ပျိုးဧက ၆ သိန်းခန့်သာ စိုက်ပျိုးနိုင်

September 10, 2024
0

ရခိုင်မှာ ယခုနှစ် မိုးစပါးစိုက်ပျိုးရာသီ တပြည်နယ်လုံးအတိုင်းတာဖြင့် ဧက ၆ သိန်းခန့်သာ စိုက်ပျိုးနိုင်ကြောင်း ရခိုင်တောင်သူလယ်သမားများသမဂ္ဂက ပြောသည်။ ယခု ၂၀၂၄ ခုနှစ် မိုးစပါးစိုက်ပျိုးရာသီတွင် သွင်းအားစုများ စျေးအဆမတန်မြင့်တက်ခြင်းနှင့် တိုက်ပွဲများကြောင့် ရခိုင်လယ်သမားအများစုမှာ လယ်ယာမြေများအား လျော့ချထွန်ယက်ခဲ့ကြသည်။ ထိုကဲ့သို့ လျော့ချလုပ်ကိုင်မှုူကြောင့် လယ်သမားများမှာ နစ်နာရသလို ပြည်သူများမှာလည်း စားနပ်ရိက္ခာဖုံလုံမှုအတွက် စိန်ခေါ်မှုရှိလာနိုင်သည်ဟု ရခိုင်တောင်သူလယ်သမားများသမဂ္ဂ ဥက္ကဌ ဦးကျော်ဇံက ပြောသည်။ “ဒီနှစ် လယ်ယာမြေဧက ၆ သိန်းသာ စိုက်ပျိုးနိုင်ပါတယ်။ တပြည်နယ်လုံးအတိုင်းအတာအနေနဲ့ပေါ့လေ။ စိုက်ပျိုးဧက လျော့ပါးတာကြောင့်တော့ လယ်သမားတွေမှာရော၊ ပြည်သူတွေမှာရော အဓိက စိန်ခေါ်မှုတွေရှိလာနိုင်တယ်။ နောက်နှစ်တွေမှာ စားနပ်ရိက္ခာဖုံလုံဖို့ပါ။” ဟု ပြောသည်။ လက်ရှိ စိုက်ပျိုးထားသည့် လယ်ယာမြေဧကများမှာလည်း

Continue Reading
ပုဏ္ဏားကျွန်းမှာ အရေပြားရောဂါဖြစ်ပွားသူ ၂၀၀ ကျော်အထိရှိလာ
ကျန်းမာရေး ဓါတ်ပုံသတင်း သတင်း
1 min read
70

ပုဏ္ဏားကျွန်းမှာ အရေပြားရောဂါဖြစ်ပွားသူ ၂၀၀ ကျော်အထိရှိလာ

August 30, 2024
0

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်က စစ်ရှောင်များနှင့် အရပ်သားပြည်သူများမှာ ပတ်ဝန်းကျင် မသန့်ရှင်းခြင်းနှင့် သောက်သုံးရေ မသန့်ရှင်းမှုများကြောင့် အရေပြားရောဂါဖြစ်ပွားသူ ၂၀၀ ကျော်အထိ တိုးလာနေကြောင်း လင်းရောင်ခြည်ဖောင်ဒေးရှင်း တာဝန်ရှိသူများက ပြောသည်။ မိုးဦးကာလ ဇွန်လအတွင်း အရေပြားရောဂါဖြစ်ပွားသူ တစ်ဦးစ၊ နှစ်ဦးစ ရှိခဲ့သော်လည်း လက်ရှိတွင် ကလေး၊ လူငယ်၊ လူကြီးစသဖြင့် ရောဂါဖြစ်ပွားနေသူ တိုးလာနေပြီး ကလေးအရေအတွက် ပိုများပြားသည်ဟု လင်းရောင်ခြည်ဖောင်ဒေးရှင်းမှ တာဝန်ရှိသူတစ်ဦးဖြစ်သည့် အသက် ၂၅ နှစ်ကျော်အရွယ် လူငယ်တစ်ဦးကဆိုသည်။ “အရေပြားရောဂါမှာ သက်သာမှုမရှိဘဲ ပိုပြီးပျံ့နှံ့လာတာဟာ စစ်ရှောင်စခန်းတွေမှာ ကျပ်ကျပ်တည်းတည်း နေထိုင်ရတာရယ်၊ ထိတွေ့မှုများတာတွေနဲ့ စနစ်တကျ ကုသမှုတွေ မလုပ်နိုင်ကြတာကြောင့် ဖြစ်ပါတယ် ” ဟုလည်း စစ်ရှောင်အမျိုးသမီးတစ်ဦးက ပြောသည်။

Continue Reading