နွေရာသီကာလ ရခိုင်ဒေသမှာ ရေရှားပါးမှုနှင့်အတူ ဝမ်းပျက်ဝမ်းလျှောရောဂါကို စိုးရိမ်နေရ
ကျန်းမာရေး သတင်း
1 min read
0

နွေရာသီကာလ ရခိုင်ဒေသမှာ ရေရှားပါးမှုနှင့်အတူ ဝမ်းပျက်ဝမ်းလျှောရောဂါကို စိုးရိမ်နေရ

ဖေ‌ဖော်ဝါရီ ၆ - ၂၀၂၅
0

ရခိုင်ပြည်အတွင်း လာမည့် နွေရာသီကာလတွင် ရေရှားပါးမှုနှင့်အတူ ကလေးငယ်များ ဝမ်းပျက်ဝမ်းလျှောဖြစ်ပွားမည် မိဘများ အလွန်စိုးရိမ်နေကြ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဆောင်ပေးဖို့ မိဘများ တောင်းဆိုနေကြသည်။ နွေရာသီရောက်လျှင် ပေါက်တော၊ ပုဏ္ဏားကျွန်း၊ မင်းပြားနယ်က ကျေးရွာအများအပြားတွင် သောက်သုံးရေရှားပါးလေ့ရှိပြီး ရေနှောက်များကို သုံးစွဲရ၍ ဝမ်းပျက်ဝမ်းလျှောရောဂါကိုလည်း တပါတည်း ခံစားကြရလေ့ရှိသည်။ ပုဏ္ဏားကျွန်းလူငယ်တစ်ဦးက “ကျနော်တို့ မြို့နယ်မှာက နှစ်စဉ် ရေရှားပါးပါတယ်။ မနှစ်ကလည်း ရေနှောက်တွေ သောက်ရလို့ ကျေးရွာတချို့က ကလေးငယ်တွေ တော်တော်များများ ဝမ်းပျက်ဝမ်းလျှော ဖြစ်ပွားတာ ရှိခဲ့ပါတယ်။ အသက်သေဆုံးတဲ့အထိ ဖြစ်ခဲ့တာရှိပါတယ်။ ဒီနှစ်မှာတော့ စစ်ဘေးလေး သင့်ထားတော့ ဆေးဝါးတွေကလည်း မရှိ။ ရှိရင်လည်း မဝယ်နိုင်ကြဘူး။ တော်တော်လေးကို ဂရုစိုက်ရပါမယ်” ဟု

Continue Reading
မင်းပြားမှာ မွတ်ဆလင် အုပ်ချုပ်ရေးမှူးတစ်ဦး သတ်ဖြတ်ခံရ
မှုခင်း သတင်း
1 min read
0

မင်းပြားမှာ မွတ်ဆလင် အုပ်ချုပ်ရေးမှူးတစ်ဦး သတ်ဖြတ်ခံရ

ဖေ‌ဖော်ဝါရီ ၄ - ၂၀၂၅
0

ရခိုင်ပြည် မင်းပြားမြို့နယ် မွတ်ဆလင်ကျေးရွာ လက်မအုပ်ချုပ်ရေးမှူးဖြစ်သူကို ဂိုဏ်းတစ်ခု၏ သတ်ဖြတ်ခံရမှုကြောင့် သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။ အသက် ၃၅ နှစ်အရွယ်ရှိ လက်မကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမောင်သိန်းနိုင်ကို မွတ်ဆလင်ဂိုဏ်းတစ်ခုမှ ဖေဖော်ဝါရီလ ၁ ရက်တွင် သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ မင်းပြားလူငယ်တစ်ဦးက “ဟုတ်တယ်ဗျ၊ လက်မကျေးရွာအုပ်ချုပ်ရေးမှူး အသတ်ခံရလို့ သေဆုံးသွားပါတယ်။ သူတို့အချင်းချင်းပဲလို့ သိရပါတယ်။ မွတ်ဆလင်ဂိုဏ်းတစ်ခုက သတ်ဖြတ်သွားတယ်လို့ သိရပါတယ်” ဟု ပြောသည်။ ဖေဖော်ဝါရီလ ၁ ရက် ည ၈ နာရီခန့်တွင် ဦးမောင်သိန်းနိုင်သည် ရွာထဲ လက်ဖက်ရည်ဆိုင်ထဲရှိနေစဉ် ဂိုဏ်းတစ်ခုက ဓါးဖြင့် ခုတ်သတ်သွားကြောင်း သိရသည်။ “လက်နဲ့ လည်ပင်းမှာ ဓားဒဏ်ရာတွေ အပြည့်ပါ။

Continue Reading
ပုဏ္ဏားကျွန်းဒေသမှာ သောက်သုံးရေ စတင်ရှားပါးလာ
ကျန်းမာရေး သတင်း
1 min read
0

ပုဏ္ဏားကျွန်းဒေသမှာ သောက်သုံးရေ စတင်ရှားပါးလာ

ဖေ‌ဖော်ဝါရီ ၁ - ၂၀၂၅
0

ရခိုင်ပြည် ပုဏ္ဏားကျွန်းဒေသမှာ သောက်သုံးရေကန်များ ခမ်းခြောက်လာ၍ ရေစတင်ရှားပါးလာသည်ဟု ဒေသခံများထံမှ သိရသည်။ ပုဏ္ဏားကျွန်းဒေသသည် နှစ်စဉ်လိုလို ရေရှားပါးလေ့ရှိပြီး လက်ရှိ နွေရာသီဘက် ကူးပြောင်းလာ၍ ကျေးရွာအချို့မှ ကန်များမှာ ရေခမ်းခြောက်လာနေပြီဟု ဒေသခံများက ပြောသည်။ ပုဏ္ဏားကျွန်း-ကျောက်တော် ကားလမ်းဘေးရှိ ယိုးငူ၊ သရက်ချို၊ အောင်ဖြူပြင်၊ ပန်းနီလာ၊ ကြံခင်း၊ တောင်နားရွာ၊ ကျင်တလင်းကျေးရွာတို့အပါအဝင် ရွာပေါင်း ၅၀ ခန့်မှာ နှစ်စဉ် ရေရှားလေ့ရှိကြောင်း သိရသည်။ “တချို့ကျေးရွာက တစ်လလောက်ပဲ လုံလောက်တော့တယ်။ တချို့ရွာကျတော့လည်း ၂ လကျော်လောက်ပေါ့။ ၃ လလောက်ပဲ သောက်သုံးလို့ ရမယ့် ရွာတွေလည်းရှိတယ်။ အများစုက ရေကန်တွေမှာ ရေတွေ ခမ်းခြောက်လာပါပြီ” ဟု ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက

Continue Reading
ငါးသိုင်းချောင်းမြို့ကနေ ရခိုင်ဘက်ကို ဆေးဝါးနှင့် စားသောက်ကုန်များ မပို့ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကယ်ရီမောင်းသူများကို ဖိအားပေးနေ
ကျန်းမာရေး သတင်း
1 min read
0

ငါးသိုင်းချောင်းမြို့ကနေ ရခိုင်ဘက်ကို ဆေးဝါးနှင့် စားသောက်ကုန်များ မပို့ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကယ်ရီမောင်းသူများကို ဖိအားပေးနေ

ဇန်နဝါရီ ၃၀ - ၂၀၂၅
0

ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်က ဆိုင်ကယ် ကယ်ရီမောင်းသူများကို ရခိုင်ဘက်သို့ ဆေးဝါးနှင့် စာားသောက်ကုန်များ မပို့ဆောင်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတင်းဖိအားပေးနေကြောင်း သိရသည်။ “ရေကြည်မြို့၊ ငါးသိုင်းချောင်းမြို့တို့ကနေ ရခိုင် ဂွမြို့သို့ ဆိုင်ကယ်တွေနဲ့ ခရီးသည်၊ ရိက္ခာ၊ ဆေးဝါးတွေကို မပို့ဆောင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကယ်ရီသမားတွေကို ခေါ်ပြီး ဖိအားပေးနေတယ်။ လက်မှတ်လည်း အတင်းထိုးခိုင်းတယ်” ဟု ကယ်ရီမောင်းသူအချို့က ပြောသည်။ အကယ်၍ ပို့ဆောင်ပေးသူများရှိပါက သို့မဟုတ် ပို့ဆောင်ရန် လာရောက်ငှားရမ်းသူများကို ရဲစခန်းသို့ ချက်ချင်းအကြောင်းကြားရမည်ဟု ဆိုင်ကယ် ကယ်ရီသမားများအား ငါးသိုင်းချောင်းမြို့မရဲစခန်းမှူး တင်လင်းထွဋ်က ညွှန်ကြားထားကြောင်း သိရသည်။ သတင်းပို့ပါမည်ဟုလည်း ကယ်ရီသမားများအားလုံးမှာ ရဲစခန်း၌ ခံဝန်လက်မှတ်များ ရေးထိုးပေးခဲ့ရကြောင်းလည်း သိရသည်။ ကယ်ရီသမားတစ်ဦးက “ဆိုင်ကယ်

Continue Reading
သိမ်းပိုက်ထားသည့် မြို့များတွင် AA က ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်နေ (ဓါတ်ပုံသတင်း)
ဓါတ်ပုံသတင်း သတင်း
1 min read
0

သိမ်းပိုက်ထားသည့် မြို့များတွင် AA က ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်နေ (ဓါတ်ပုံသတင်း)

ဇန်နဝါရီ ၂၉ - ၂၀၂၅
0

အာရက္ခတပ်တော် AA သည် ရခိုင်ပြည်အတွင်း သိမ်းပိုက်ထားသော မြို့များတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး စနစ်တကျဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယာဉ်အသွားအလာများသော နေရာများ၊ လမ်းဆုံးလမ်းခွများတွင် အထူးသဖြင့် အလေးထားဆောင်ရွက်နေပြီး မြို့ထဲသို့ ပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်ကတည်းက အများအပြည်သူ အန္တရာယ်ကင်းရှင်းရေးကို ပြုလုပ်နေသည်ဟု သိရသည်။ ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ ဘေးတွဲ၊ တေဗာ၊ ကုန်ကား စသဖြင့် စနစ်တကျ မောင်းနှင်သွားလာရေးနှင့် ဆိုင်ကယ်ဦးထုပ်များ ဆောင်းရေးအတွက်လည်း အသိပညာပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်ဟု သိရသည်။

Continue Reading
ဖုန်းလိုင်း၊ အင်အာနက် ပြတ်တောက်နေသည့် ရခိုင်တွင် ရေဒီယိုများ ဈေးမြင့်တက်
သတင်း
1 min read
0

ဖုန်းလိုင်း၊ အင်အာနက် ပြတ်တောက်နေသည့် ရခိုင်တွင် ရေဒီယိုများ ဈေးမြင့်တက်

ဇန်နဝါရီ ၁၇ - ၂၀၂၅
0

ဖုန်းလိုင်း၊ အင်တာနက် ဆက်သွယ်ရေး ပြတ်တောက်နေသော ရခိုင်ပြည်တွင် ရေဒီယိုတစ်လုံးကို ကျပ် တစ်သိန်းဝန်းကျင်အထိ ဈေးမြှင့်တက်နေပြီး ဝယ်ယူနိုင်ရန် အခက်အခဲ ဖြစ်နေကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ မည်သည့် ရေဒီယိုအမျိုးအစားမဆိုကို အနည်းဆုံး ကျပ် ၅ သောင်းကနေ စတင်ပြီး ဈေးနှုန်းများ ရှိကြပြီး လူတိုင်းမဝယ်နိုင်ကြကြောင်း ရခိုင်အခြေအနေများ ရေဒီယိုကနေတစ်ဆင့် သတင်းများကို နေ့တိုင်း နားဆင်နေသော ရခိုင်ဒေသခံတစ်ဦးက ပြောသည်။ “ရေဒီယိုက စျေးအရမ်းများတော့ ဝယ်နိုင်တဲ့သူနည်းပါတယ်။ သိန်းဂဏန်းဝန်းကျင်လောက်သုံးမှ ရေဒီယိုကောင်းကောင်းလေးတစ်လုံးရနိုင်မယ်။ ဒီလောက်စျေးမြင့်နေတော့ မဝယ်နိုင်ကြဘူးလေ။ ရှိတဲ့သူတွေဆီကပဲကပ်ပြီး သတင်းတွေနားထောင်ကြရတယ်။ ရှိတဲ့သူတွေကလည်း အရင်ကတည်းကနေ ဝယ်ထားကြတဲ့သူတွေများတယ်” ဟု ပြောသည်။ ၂၀၂၃ တကျော့ပြန်တိုက်ပွဲ စတင်ကတည်းက ရခိုင်ပြည်မအတွင်း

Continue Reading
ရခိုင်လူမျိုးများကိုသာ ရွေးဖမ်းနေ၍ ရန်ကုန်ရောက် ရခိုင်များ စိုးရိမ်မှုမြင့်တက်
နိုင်ငံရေး သတင်း
0 min read
0

ရခိုင်လူမျိုးများကိုသာ ရွေးဖမ်းနေ၍ ရန်ကုန်ရောက် ရခိုင်များ စိုးရိမ်မှုမြင့်တက်

ဇန်နဝါရီ ၁၅ - ၂၀၂၅
0

ရန်ကုန်တိုင်းဒေသတွင် အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရခိုင်လူမျိုးများကို အဓိကထား ဖမ်းဆီးခြင်း၊ စစ်ဆေးခြင်းများ ပြုလုပ်နေ၍ စစ်ရှောင်များနှင့် ယခင်ရှိနေကြသည့် ရခိုင်တိုင်းရင်းများမှာ စိုးရိမ်မှုအလွန်မြင့်တက်နေကြသည်။ စိုးရိမ်မှုများ ပိုဖြစ်လာပြီး လုံခြုံမှု မရှိတော့သလို ခံစားလာရကြောင်း ရန်ကုန်မြို့တွင် နှစ်ပေါင်း ၃၀ ကျော်နေထိုင်လာသော ဘူးသီးတောင်ဒေသခံ ဦးကျော်သန်းက ပြောသည်။ “ကျနော်တို့ ရခိုင်တွေကိုပဲ အဓိကထား လိုက်ဖမ်းနေတော့ ရန်ကုန်မှာနေဖို့တောင် ကြောက်လာပါပြီခင်ဗျာ။ ကလေးတွေကို အပြင်တောင် ပေးမထွက်ခိုင်းတော့ဘူး။ ရန်ကုန်မှာနေတာ နှစ်ပေါင်း ၃၀ ကျော်ပါပြီ။ အခုတော့ လုံခြုံမှုမရှိဘူးတော့ဘူးလို့ ခံစားလာရတယ်။ ကလေးတွေက လူတကာကြည့်ပြီး ကြောက်စိတ်တွေနဲ့ သွားနေရတယ်လို့ ပြောကြတယ်။ ကျနော် အရမ်းခံစားရတယ်ဗျာ။ ဘယ်လိုပြန်ပြောရမလဲတောင် မသိတော့ဘူး” ဟု

Continue Reading
AA ထိုးစစ်ကို ပြန်ခုခံရန် စစ်ကောင်စီက ALP နှင့် ပူးပေါင်းပြင်ဆင်
စစ်ရေး သတင်း
1 min read
0

AA ထိုးစစ်ကို ပြန်ခုခံရန် စစ်ကောင်စီက ALP နှင့် ပူးပေါင်းပြင်ဆင်

ဇန်နဝါရီ ၁၃ - ၂၀၂၅
2

ရခိုင်ပြည် မြို့တော် စစ်တွေမြို့ကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင်တိုက်ခိုက်လာပါက ပြန်လည်ခုခံနိုင်ရန် အာဏာသိမ်း စစ်ကောင်စီသည် ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP နှင့် ခံစစ်ပူးပေါင်းပြင်ဆင်ထားကြောင်း ဒေသခံများထံမှ သိရသည်။ ရခိုင်လက်နက်ကိုင်အဖွဲ့တစ်ခုဖြစ်သည့် ALP သည် အာဏာသိမ်း စစ်ကောင်စီနှင့် ငြိမ်းချမ်းရေးယူထားသော အဖွဲ့တစ်ခုဖြစ်ပြီး လက်ရှိ စစ်တွေမြို့တွင် ရုံးအခြေစိုက်ကာ စစ်ကောင်စီ၏ အကူအညီများဖြင့် ဒေသခံများကို ခေါ်ယူပြီး စစ်သင်တန်းပေးနေကြောင်း မြို့ခံသတင်းရင်းမြစ်အချို့က ပြောသည်။ ALP သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အခြံအရံများဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလက စတင်ခဲ့ပေးခဲ့သည့် အခြေခံစစ်ပညာသင်တန်းကို ဒီဇင်ဘာလ တတိယအပတ်တွင် သင်တန်းဆင်းပွဲပြုလုပ်ခဲ့ကြောင်း မြို့ခံသတင်းရင်းက ပြောသည်။ “ALP

Continue Reading
ရခိုင်တွင် ဆေးဝါး ပြတ်လပ်မှု ဆက်ကြုံ နေရဆဲ
ကျန်းမာရေး သတင်း
0 min read
0

ရခိုင်တွင် ဆေးဝါး ပြတ်လပ်မှု ဆက်ကြုံ နေရဆဲ

ဇန်နဝါရီ ၁၃ - ၂၀၂၅
0

ပြည်မနှင့် အဆက် ပြတ်တောက်နေသည့် ရခိုင်ပြည် မြို့နယ်များတွင် ဆေးဝါးပြတ်လပ်သည့် ပြဿနာကို ဆက်လက်ကြုံတွေ့ နေကြရဆဲ ဖြစ်ပြီး ဆေးဝါးများမှာလည်း အဆမတန်ဈေးနှုန်း မြင့်တက်နေကြောင်း သိရသည်။ ယင်းကဲ့သို့ ဆေးဝါးပြတ်လပ်မှုပြဿနာကြောင့် ကုသရေးပိုင်းများတွင် များစွာအခက်ခဲ ဖြစ်ပေါ်နေရပြီး ဆေးရုံတက်ရောက်ကုသနေသော လူနာများ သေဆုံးသည်များလည်း ရှိနေကြောင်း တာဝန်ကျ သူနာပြုတစ်ဦးက ပြောသည်။ “ဆေးပြတ်တာတွေက ရှိနေဆဲပါပဲ။ ဆေးရုံသုံးဆေးတွေက ပြတ်လပ်နေတာပါ။ လူနာရှင်တွေကို ဒီဆေးတွေ လိုတယ်လို့ ရေးပေးပြီး ရှာခိုင်းလိုက်ရင် သူတို့မှာ တစ်မြို့ပြီးတစ်မြို့ ပတ်ရှာကြရတယ်။ ဟိုတစ်လောက ဝမ်းသွားပြီး အန်တဲ့ အသက် ၁ နှစ်အရွယ် ကလေးတစ်ယောက်ဆို လိုအပ်တဲ့ ဆေးရှာမရတော့လို့ အသက်ဆုံးရှုံးခဲ့ရတယ်” ဟု ပြောသည်။

Continue Reading
ရန်ကုန်မှာ ရခိုင်လူငယ်များ ဖမ်းဆီးခံရမှုတွင် ဝန်ကြီး ဦးဇော်အေးမောင် ပါဝင်ပတ်သက်နေ
နိုင်ငံရေး သတင်း
1 min read
0

ရန်ကုန်မှာ ရခိုင်လူငယ်များ ဖမ်းဆီးခံရမှုတွင် ဝန်ကြီး ဦးဇော်အေးမောင် ပါဝင်ပတ်သက်နေ

ဇန်နဝါရီ ၁၂ - ၂၀၂၅
1

ရန်ကုန်တိုင်းမြို့နယ်အချို့တွင် စစ်ကောင်စီက ရခိုင်လူငယ်များကို အကြောင်းအမျိုးမျိုးပြ ဖမ်းဆီးလျှက်ရှိနေပြီး ပြည်ထောင်စုအဆင့် တိုင်းရင်းသားလူမျိုးများရေးရာ ဒုတိယဝန်ကြီး ဦးဇော်အေးမောင်လည်း တိုက်ရိုက် ပါဝင်ပတ်သက်နေကြောင်း ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုဝင်များနှင့် စောင့်ကြည့်နေသူများက ပြောသည်။ ဦးဇော်အေးမောင်သည် အာဏာသိမ်း စစ်ကောင်စီ၏ ဝန်ကြီးအဖွဲ့မှာ တာဝန်ထမ်းဆောင်နေပြီး ရန်ကုန်တိုင်းအတွင်း ရခိုင်လူငယ်များအား ဖမ်းဆီးရာတွင် ကိုယ်တိုင် တိုက်ရိုက်ညွှန်ကြားသည့် နေရာက ပါဝင်နေသည်ဟု ၎င်းတို့က ပြောဆိုကြခြင်းဖြစ်သည်။ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာနှင့် ယခုနှစ် ဇန်နဝါရီလများတွင် ရန်ကုန်တိုင်း မရမ်းကုန်း၊ လှိုင်သာ၊ ရွှေပြည်သာ၊ တောင်ဒဂုံ၊ မြောက်ဒဂုံ၊ မြောက်ဥက္ကလာ စသည့်မြို့နယ်များနှင့် သာကေတမြို့နယ်များက ရခိုင်လူငယ်များ ၅၀ ဦးထက်မနည်းကို စစ်ကောင်စီက ဖမ်းဆီးထားသည်။

Continue Reading