မောင်တောက WFP ကယ်ဆယ်ရေးရိက္ခာများကို ယူဆောင်ကြောင်း စစ်ကောင်စီဝန်ခံ
စစ်ရေး သတင်း
1 min read
555

မောင်တောက WFP ကယ်ဆယ်ရေးရိက္ခာများကို ယူဆောင်ကြောင်း စစ်ကောင်စီဝန်ခံ

June 27, 2024
0

ရခိုင်ပြည် မောင်တောမြို့ရှိ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ၏ ကယ်ဆယ်ရေးရိက္ခာများ သိုလှောင်ရုံမှာ ဇွန်လ ၂၁ ရက်နှင့် ၂၂ ရက်နေ့က ဖောက်ထွင်းလုယက်ခံရခြင်းနှင့် မီးရှို့ဖျက်ဆီးခံခဲ့ရကြောင်း WFP က ထုတ်ပြန်ထားသည်။ မောင်တောမြို့ WFP သိုလှောင်ရုံထဲမှ ရိက္ခာပစ္စည်းများကို စစ်တပ်နှင့် ရဲ ပူးပေါင်းတပ်ဖွဲ့ကယူဆောင်ခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဇွန်လ ၂၆ ရက်နေ့တွင် ဝန်ခံထားသည်။ ” ဒေသခံ မွတ်ဆလင်တွေ ယူထားတဲ့ ဆန်အိတ်တွေကို WFP ကလည်း ဒုက္ခသည်တွေကို ထောက်ပံ့ဖို့ ရည်ရွယ်ထားတာကြောင့် ကျနော်တို့ စစ်တပ်နဲ့ရဲ ပူးပေါင်းတပ်ဖွဲ့က ရပ်ကွက် ၁, ၂, ၃, ၄, ကညင်တန်းရပ်ကွက်

Continue Reading
အိန္ဒိယမှ ရခိုင်ပြည်ထဲသို့ ကုန်ပစ္စည်းမျိုးစုံ တင်သွင်းနေသည့် ကုန်လမ်းကြောင်းများကို CYLA က ပိတ်ပင်
စီးပွားရေး ဗီဒီယိုသတင်း
1 min read
289

အိန္ဒိယမှ ရခိုင်ပြည်ထဲသို့ ကုန်ပစ္စည်းမျိုးစုံ တင်သွင်းနေသည့် ကုန်လမ်းကြောင်းများကို CYLA က ပိတ်ပင်

June 26, 2024
0

Continue Reading
အိန္ဒိယ-ရခိုင်-ချင်း ကုန်သွယ်ရေးလမ်းကြောင်း လိုင်လူငယ်အဖွဲ့ ပိတ်ပင်ခြင်း မရာလူငယ်အသင်း ကန့်ကွက်
သတင်း
1 min read
289

အိန္ဒိယ-ရခိုင်-ချင်း ကုန်သွယ်ရေးလမ်းကြောင်း လိုင်လူငယ်အဖွဲ့ ပိတ်ပင်ခြင်း မရာလူငယ်အသင်း ကန့်ကွက်

June 26, 2024
0

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်ခရိုင်မှတစ်ဆင့် ရခိုင်ပြည်နှင့် ချင်းပြည်နယ်အတွင်းသို့ ကုန်ပစ္စည်းမျိုးစုံ တင်သွင်းနေသည့် ကုန်သွယ်ရေးလမ်းကြောင်းများကို ဗဟိုလိုင်လူငယ်အဖွဲ့ချုပ် CYLA က အကြိမ်ကြိမ် တားမြစ်ပင်နေသည်။ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်အတွင်းမှာ စစ်ဘေးရှောင်များမဟုတ်ဘဲ လက်နက်ကိုင်ဆောင်သော ရခိုင်လူမျိုးအများအပြား ဝင်ရောက်လာခြင်းနှင့် AA က ချင်းလက်နက်ကိုင်များကို တိုက်ခိုက်နေသည့်အတွက် ကုန်သွယ်ရေးလမ်းကြောင်းကို ပိတ်ပင်ရခြင်းဖြစ်သည်ဟု ဗဟိုလိုင်လူငယ်အဖွဲ့ချုပ်က ဇွန်လ ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ ဒေသအသီးသီးက လိုင်လူငယ်အဖွဲ့ YLA များအနေဖြင့် မိမိဒေသကို တာဝန်ယူ စုံစမ်းကြပြီး ဗဟိုလိုင်လူငယ်အဖွဲ့ချုပ် CYLA ထံသို့ အကြောင်းကြားရမည်ဟု ထုတ်ပြန်ပြောသည်။ “စစ်ဘေးရှောင်မဟုတ်တဲ့ ရခိုင်လူမျိုးလက်နက်ကိုင် အများအပြား ကျွန်တော်တို့နယ်မြေကို ဝင်ရောက်လာတာတွေ့ရတာကြောင့် CYLA အနေနဲ့ သူတို့ကိုစုံစမ်းပြီး

Continue Reading
ကျောက်ဖြူတွင် ဆေးဝါးပစ္စည်းအချို့ ရောင်းချခွင့်ကို စစ်ကောင်စီကန့်သတ်နေ
စစ်ရေး သတင်း
0 min read
119

ကျောက်ဖြူတွင် ဆေးဝါးပစ္စည်းအချို့ ရောင်းချခွင့်ကို စစ်ကောင်စီကန့်သတ်နေ

June 25, 2024
0

ရခိုင်ပြည် ကျောက်ဖြူမြို့တွင် ဆေးခန်း၊ ဆေးဆိုင်များ၌ ဆေးဝါးပစ္စည်းအချို့ရောင်းချခွင့်ကို စစ်ကောင်စီတပ်မှ တားဆီးပိတ်ပင်နေကြောင်း ဒေသခံများက ပြောသည်။ စစ်ကောင်စီမှ ရောင်းချခွင့်ပိတ်ထားသည့် ဆေးဝါးပစ္စည်းများမှာ ဆေးဝါရည်၊ ဂွမ်း၊ ပတ်တီး၊ စပရိတ် စသည့် ပစ္စည်းများဖြစ်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဆေးဆိုင်၊ ဆေးခန်းများသို့ လာရောက်ပြောဆိုထားခြင်းဖြစ်သည်ဟု ဆေးဆိုင်ရောင်းချနေသူတစ်ဦးက ပြောသည်။ “အဓိက ထိခိုက်ဒဏ်ရာရတဲ့ နေရာတွေမှာ သုံးတဲ့ဆေးဝါးပစ္စည်းတွေ ပေါ့နော်။ ဂွမ်းတို့၊ ပတ်တီးလိပ်တို့၊ စပရိတ်လို အရာမျိုးတို့ပေါ့။ အဲ့တာတွေကို မရောင်းချရဘူးဆိုပြီး သူတို့တွေကိုယ်တိုင်လာပြောကြတာရှိတယ်။ ဘာကြောင့် မရောင်းချရတာလဲတော့ မသိဘူး” ဟု ပြောသည်။ ဆေးဆိုင်ဆေးခန်းများတွင် အဆိုပါ ဆေးဝါးပစ္စည်းများရောင်းချ၍ တွေ့ရှိပါက စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယူဆောင်သွားပြီး မြို့နယ်တွင်း ဆေးဝါးသယ်ဆောင်ခွင့်ကို တင်းကျပ်စွာပိတ်ဆို့ထားသည်ဟု

Continue Reading
တောင်ကုတ်နယ်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင် ၃ ဦးသေဆုံး
စစ်ရေး
1 min read
305

တောင်ကုတ်နယ်ကို စစ်ကောင်စီဗုံးကြဲတိုက်ခိုက်၊ ကလေးအပါအဝင် ၃ ဦးသေဆုံး

June 18, 2024
0

ရခိုင်ပြည် တောင်ကုတ်မြို့နယ် ပန်းတင်းတိုက်နယ် ကံဆိပ်ကျေးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အသက် ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးအပါအဝင် အမျိုးသမီးနှစ်ဦး စုစုပေါင်း ၃ ဦး နေရာ၌ သေဆုံးသွားကြောင်း စုံစမ်းသိရသည်။ ယနေ့ ဇွန်လ ၁၈ ရက် နံနက် ၁၀ နာရီကျော်အချိန်က အရပ်သားနေ ကံဆိပ်ကျေးရွာကို စစ်ကောင်စီက လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ဒေသခံတစ်ဦးက ” အမျိုးသမီးကြီး တစ်ဦးသေတယ်။ ဆက်ကျော်သက် အမျိုးသမီးငယ်တစ်ဦး သေတယ်။ နောက် ကလေးလေးတစ်ယောက် အသက် ၇ နှစ်လောက်ရှိမယ် သေသွားပါတယ်။ ပြည်သူတွေနေတဲ့ရွာကို စစ်ကောင်စီက ရည်ရွယ်ချက် ရှိရှိနဲ့ ဗုံးကြဲတာ။ ဒီရွာမှာ တိုက်ပွဲလည်းမရှိဘူး။

Continue Reading
သံတွဲမြို့နယ်က စစ်ရှောင်များ အရေးပေါ် စားနပ်ရိက္ခာများလိုအပ်နေ
ဓါတ်ပုံသတင်း သတင်း
1 min read
49

သံတွဲမြို့နယ်က စစ်ရှောင်များ အရေးပေါ် စားနပ်ရိက္ခာများလိုအပ်နေ

June 14, 2024
0

(ဓါတ်ပုံသတင်း)ရခိုင်ပြည် သံတွဲမြို့နယ်မှာ စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲများ ပြင်းထန်လျှက်ရှိနေပြီး စစ်ရှောင်အရပ်သားများလည်း နေ့စဉ်တိုးလာနေကာ အရေးပေါ် စားနပ်ရိက္ခာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ အရေးတကြီးလိုအပ်နေကြောင်း ဒေသခံများထံမှ သိရသည်။နိုင်ငံတကာအကူအညီများနှင့် အရပ်ဘက်အသင်းအဖွဲ့အစည်းများ၏ အကူအညီများမှာလည်း ဝင်ရောက်ကူညီမှု နည်းပါးနေပြီး မိုးတွင်းရာသီဖြစ်၍ အဓိက စားနပ်ရိက္ခာနှင့် အမိုးအကာများ လိုအပ်နေကြသည်။သံတွဲမြို့ပေါ်က အရပ်သားပြည်သူများ အားလုံးနီးပါးမှာ ကျေးလက်ဒေသများနှင့် AA ထိန်းချုပ်ရာနေရာဒေသများသို့ သွားရောက်ခိုလှုံလျှက်ရှိကြောင်းနှင့် သံတွဲမြို့နယ်တွင် စစ်ရှောင်အရေအတွက် သောင်းချီ ရှိနေကြောင်း သိရသည်။ပုံစာ – သံတွဲမြို့နယ်က ပြည်သူလူထုများမှာ ဘေးကင်းရာဟု ထင်ရသည့် နေရာများ၌ စစ်ရှောင်နေကြစဉ်။ (ဓါတ်ပုံ – ဝေဟင်အောင်)မှတ်ချက် – ဝေဟင်အောင်သည် စစ်ရှောင်များအရေး ကူညီဆောင်ရွက်ပေးနေသော ပရဟိတ

Continue Reading
စစ်တွေက အတင်းပြောင်းရွှေ့ခံရ ၁၂ ရွာတွင် အိမ်စောင့်ကျန်ခဲ့သူများလည်းကို စစ်ကောင်စီက လိုက်လံဖမ်းဆီး
နိုင်ငံရေး သတင်း
1 min read
52

စစ်တွေက အတင်းပြောင်းရွှေ့ခံရ ၁၂ ရွာတွင် အိမ်စောင့်ကျန်ခဲ့သူများလည်းကို စစ်ကောင်စီက လိုက်လံဖမ်းဆီး

June 14, 2024
0

(ယင်း ၁၂ ရွာက နေအိမ်များကို စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီခေါ်လာသူ လူတစ်စုက ဖောက်ထွင်းနေ) ရခိုင်ပြည် စစ်တွေမြို့အနီး ကျေးရွာ ၁၂ ရွာက ရွာသားများအားလုံး တစ်ယောက်မကျန်ကို ယနေ့ ဇွန်လ ၁၄ ရက်နေ့ နောက်ဆုံးထားပြီး အတင်းပြောင်းရွှေ့ရန် အမိန့်ထုတ်ခဲ့သော်လည်း ယမန်နေ့ ဇွန်လ ၁၃ ရက်နေ့တွင် အဓမ္မပြောင်းရွှေ့ခဲ့သည်ဟု သိရသည်။မပြောင်းရွှေ့လိုသည့် ရွာသားများနှင့် အိမ်စောင့်ကျန်ခဲ့သူများကိုလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လိုက်လံဖမ်းဆီးကာ ငွေပေးမှ လွှတ်ပေးခဲ့ကြောင်း ကြွီတဲရွာသားများက ပြောသည်။ ” ကျမတို့ ကြွီတဲရွာမှာ မပြောင်းရွှေ့လိုတဲ့သူတွေရှိတယ်။ အိမ်ကပစ္စည်းတွေ၊ ကျွဲတွေ၊ နွားတွေ ပျောက်မှာစိုးလို့ အိမ်စောင့်ကျန်ခဲ့တာရှိတယ်။ သူတို့တွေကို လိုက်ဖမ်းတာ။ ၁၀ ယောက်ကျော် ပါသွားတယ်။

Continue Reading
ရခိုင်က HIV လူနာများ ART ဆေးပြတ်လပ်မှုဖြင့်ကြုံနေရ
သတင်း
1 min read
297

ရခိုင်က HIV လူနာများ ART ဆေးပြတ်လပ်မှုဖြင့်ကြုံနေရ

April 4, 2024
0

ရခိုင်က HIV လူနာအများစုမှာ ART ဆေးပြတ်လပ်မှုဖြင့် ကြုံတွေ့နေရပြီဖြစ်ကြောင်း HIV လူနာများကပြောသည်။ ဆေးပြတ်လပ်နေသည့် လူနာများမှာ အများအားဖြင့် ရက္ခိုင့်တပ်တော် AA မှ သိမ်းပိုက်ရရှိထားပြီဖြစ်သည့် မြို့နယ်များမှ လူနာများဖြစ်ပြီး တိုက်ပွဲပြင်းထန်နေသည့် မြို့နယ်များတွင်လည်း ဆေးပြတ်လပ်မှုဖြင့် ကြုံတွေ့နေကြရကြောင်း သိရသည်။ HIV လူနာများအတွက် ART ဆေးကို ယခင်မြို့နယ်အလိုက် ကျန်းမာရေးဌာနများမှတစ်ဆင့် အခမဲ့ထုတ်ပေးခဲ့ပြီး လက်ရှိတွင် ထိုကဲ့သို့ တာဝန်ယူထုတ်ပေးသူများမရှိတော့၍ များစွာအခက်တွေ့နေရသည်ဟု မြောက်ဦးဒေသခံ HIV လူနာတစ်ဦးက ပြောသည်။ ” အရင်တုန်းကဆို လစဥ်ကျန်းမာရေးဌာနကနေ ထုတ်ပေးနေတော့ အဆင်ပြေပါတယ်။ အခုဆေးကုန်လို့ ဆေးထုတ်ဖို့ မေးမြန်းကြည့်တော့ ဆေးမရှိတော့ဘူးလို့ ပြောတယ်။ ကျနော်တို့ ဘယ်လိုလုပ်ရမလဲမသိတော့ဘူး ”

Continue Reading
ရသေ့တောင်က စစ်ကောင်စီတပ်သားများ အလံဖြူထောင် လက်နက်ချခဲ့
ဗီဒီယိုသတင်း မှတ်တမ်းမှတ်ရာ
1 min read
808

ရသေ့တောင်က စစ်ကောင်စီတပ်သားများ အလံဖြူထောင် လက်နက်ချခဲ့

April 2, 2024
0

ရခိုင်ပြည် ရသေ့တောင်မြို့ကို ရက္ခိုင့်တပ်တော် AA က မတ်လ ၁၇ ရက်နေ့က သိမ်းပိုက်ရရှိခဲ့သည်။ ထိုမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများနှင့် တပ်မိသားစုဝင်များမှာ အလံဖြူထောင်၍ လက်နက်ချအညံ့ခံခဲ့သည့် ရုပ်သံဖိုင်ဖြစ်သည်။

Continue Reading
ရခိုင်မှာ အခုနှစ်အတွင်း အမျိုးသမီး အကြမ်းဖက်ခံရမှု (၅၅၅) မှုအထိရှိနေ
ဗီဒီယိုသတင်း သတင်း အမျိုးသမီးကဏ္ဍ
1 min read
14

ရခိုင်မှာ အခုနှစ်အတွင်း အမျိုးသမီး အကြမ်းဖက်ခံရမှု (၅၅၅) မှုအထိရှိနေ

August 31, 2022
0

ရခိုင်မှာ အခုနှစ်အတွင်း အမျိုးသမီးတွေ အကြမ်းဖက်ခံရမှု (၅၅၅) မှုအထိရှိပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ အများဆုံးဖြစ်ပွားမှုရှိနေတယ်လို့ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေက ပြောပါတယ်။

Continue Reading