စစ်ကောင်စီ ဖမ်းသွားသည့် ရခိုင်လူငယ် ၃ ဦး ပြန်လွတ်လာ၊ ပိုက်ဆံ ၄ သိန်းခွဲပေးခဲ့ရ
စီးပွားရေး သတင်း
1 min read
164

စစ်ကောင်စီ ဖမ်းသွားသည့် ရခိုင်လူငယ် ၃ ဦး ပြန်လွတ်လာ၊ ပိုက်ဆံ ၄ သိန်းခွဲပေးခဲ့ရ

July 19, 2024
0

အိမ်နီးနားချင်းတိုင်ကြား၍ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ဖမ်းဆီးသွားသော ကျောက်ဖြူဒေသခံ ရခိုင်လူငယ် ၃ ဦး ယနေ့ ဇူလိုင်လ ၁၉ ရက် နံနက်က ပြန်လည်လွတ်မြောက်လာကြောင်း နီးစပ်သူများက ပြောသည်။ ဇူလိုင်လ ၁၇ ရက်နေ့ ည ၈ နာရီက ရန်ကုန်တိုင်း လှိုင်မြို့နယ် အမှတ် ၁၆ ရပ်ကွက် မာလာမြိုင်လမ်းက ရခိုင်လူငယ် ၂ ဦးနှင့် သမိုင်းက ရခိုင်လူငယ် ၁ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ဖမ်းဆီးသွားခဲ့သည်။ အဆိုပါ ရခိုင်လူငယ် ၃ ဦးမှာ အပြစ်တစ်စုံတစ်ရာ မရှိ၍ဟုဆိုကာ လှိုင်မြို့နယ် ဘာတာရဲစခန်းက ကျပ်ငွေ ၄ သိန်းတောင်းယူပြီး ပြန်လွှတ်ပေးလိုက်သည်ဟု နီးစပ်သူတစ်ဦးက ပြောသည်။

Continue Reading
ရန်ကုန်သံဃာတော်များ ကံဆောင်သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်
ဓါတ်ပုံသတင်း နိုင်ငံရေး
0 min read
104

ရန်ကုန်သံဃာတော်များ ကံဆောင်သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုပြုလုပ်

June 28, 2024
0

ရန်ကုန်မြို့ပေါ်တွင် ပြည်သူ့အင်အားစု သပိတ်အဖွဲ့လူငယ်များက သံဃာတော်များ၏ ကံဆောင် သပိတ်ကို ထောက်ခံကြောင်း လှုပ်ရှားမှုကို ယနေ့ ဇွန်လ ၂၈ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့ကြောင်း သိရသည်။

Continue Reading