စစ်တွေက တိုက်ပွဲကြောင့် ရသေ့တောင်မှာ ထိခိုက်သေဆုံးမှုများရှိနေ
စစ်ရေး သတင်း
1 min read
210

စစ်တွေက တိုက်ပွဲကြောင့် ရသေ့တောင်မှာ ထိခိုက်သေဆုံးမှုများရှိနေ

ဩဂုတ် ၂၉ - ၂၀၂၄
0

(အမြင့်ကျွန်းနှင့် ဝါဘိုကျေးရွာအနီးတွင် ယခုအချိန်အထိ လက်နက်ကြီးသံများကြားနေရဆဲဖြစ်) ရခိုင်ပြည် စစ်တွေမြို့နှင့် ၄ မိုင်ခန့်အကွာမှာရှိသော ဝါဘိုကျေးရွာအနီးနှင့် အမြင့်ကျွန်းကျေးရွာအနီးမှာ နှစ်ဖက်ပစ်ခတ်သံများ ယမန်နေ့ ဩဂုတ်လ ၂၈ ရက် ည ၈ နာရီကတည်းက ကြားနေရသည်ဟု ဒေသခံများထံမှ သိရသည်။ စစ်တွေမြို့က စစ်ကောင်စီတပ်ရင်းများကို အာရက္ခတပ်တော် AA က ဝိုင်းရံထားပြီဖြစ်ကြောင်း ပြီးခဲ့သည့်လက AA မှ ထုတ်ပြန်ကြေညာထားသည်။ အာဏာသိမ်း စစ်ကောင်စီကလည်း စစ်တွေမြို့အနီးအနားက ရခိုင်ကျေးရွာ ၁၂ ရွာထက်မနည်းမှ ကျေးရွာသားများကို ရွာလုံးကျွတ် ရွှေ့ပြောင်းခိုင်းထားသည်မှာ ဇူလိုင်လကတည်းက ဖြစ်သည်။ အမြင့်ကျွန်းကျေးရွာအနီးတွင် စစ်ကောင်စီ ရေတပ်က စစ်သင်္ဘောများရှိနေပြီး ဝါဘိုကျေးရွာအနီးက ရွှေမင်းဂံဆိပ်ကမ်းမှာလည်း ဇက်/နေဗီ စစ်သင်္ဘောများရှိနေသည်။

Continue Reading