မင်းအောင်လှိုင် ရုရှားခရီးစဉ် လုံခြုံရေးကို အရပ်ဘက်ကမဟုတ်ဘဲ စစ်တပ်ကအရာရှိများက တာဝန်ယူ
ယနေ့ မတ်လ ၃ ရက်နေ့တွင် စတင်ထွက်ခွာသည့် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် လုံခြုံရေးကို အရပ်ဘက်ဝန်းထမ်းများက မဟုတ်ဘဲ စစ်တပ်အရာရှိများက တိုက်ရိုက်တာဝန်ယူကြောင်း သိရသည်။ မင်းအောင်လှိုင်သည် ရုရှားခရီးစဉ်ကို ၃ ရက်ကြာ သွားရောက်မည်ဖြစ်ပြီး ယနေ့ နံနက်က နေပြည်တော်က စတင်ထွက်ခွာသွားပြီဟု သိရသည်။ ၎င်း၏ ခရီးစဉ်အတွက် လုံခြုံရေး အခြံအရံများကို ယခင်က အရပ်ဘက်ဝန်ထမ်းများမှ တာဝန်ယူခဲ့ရသော်လည်း လက်ရှိတွင် စစ်တပ်က အရာရှိများကိုယ် တိုက်ရိုက် တာဝန်ယူရကြောင်း နေပြည်တော် တပ်တွင်း သတင်းရင်းမြစ်များက ပြောသည်။ “ဒီတစ်ခေါက် ရုရှားခရီးစဉ်မှာ လုံခြုံရေးအတွက် အထူးစိုးရိမ်လို့ အရပ်ဘက် ဝန်ထမ်းတွေကို အသုံးပြုတာ အတော်ကိုနည်းပါတယ်။ စစ်ဘက်ကပဲ