ပလက်ဝ-အိန္ဒိယ ရေလမ်းကြောင်း အိန္ဒိယဘက်က တင်းကျပ်၍ ရခိုင်ကုန်သည်များ အခက်ကြုံ
ကျန်းမာရေး သတင်း
1 min read
0

ပလက်ဝ-အိန္ဒိယ ရေလမ်းကြောင်း အိန္ဒိယဘက်က တင်းကျပ်၍ ရခိုင်ကုန်သည်များ အခက်ကြုံ

ဖေ‌ဖော်ဝါရီ ၆ - ၂၀၂၅
0

ပလက်ဝ-အိန္ဒိယ ရေလမ်းကြောင်း အိန္ဒိယဘက်က တင်းကျပ်နေ၍ ရခိုင်ကုန်သည်များ အခက်ကြုံနေရပြီး ထိခိုက်မှု အချို့ ရှိကြောင်း သိရသည်။ ရခိုင်ပြည်အတွင်းက ကုန်သည်များမှာ ပလက်ဝမြို့ကတစ်ဆင့် အိန္ဒိယသွားပြီး ကုန်များယူကာ ရခိုင်ပြည်အနှံ့ စားသောက်ကုန်းများ၊ ဆေးဝါးများနှင့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဝေရောင်းချနေကြသည်။ လက်ရှိတွင် အဓိက ကုန်သွယ်ရေးလမ်းကြောင်းဖြစ်တစ်ခုဖြစ်သည့် ပလက်ဝ-အိန္ဒိယ မီဇူရမ်ပြည်နယ် လောင်တခရိုင် ရေကြောင်းလမ်းကို အိန္ဒိယဖက်က တင်းကျပ်လိုက်၍ ရခိုင်ကုန်သည်များမှာ ကုန်သွယ်ရေး အခက်အခဲကြုံနေရသည်ဟု ကျောက်တော်ဒေသခံ ကုန်သည်တစ်ဦးက ပြောသည်။ “ပြီးခဲ့တဲ့ အပတ်တွေကစပြီး လောင်တလိုင်ခရိုင်မှာ အာသံဖက်က တပ်တွေက လုံခြုံရေးတိုးမြှင့်ပြီး စစ်ဆေးရေးဂိတ်တွေ တိုးချထားတယ်လို့ ပြောကြတယ်။ ဒါကြောင့် သွားလာရေး ဂရုစိုက်ဖို့ ကုန်သည်တွေကြား ပြောနေကြတယ်။ အခု

Continue Reading