စစ်တွေမြို့မှာ ထိပ်ပိုင်းအရာရှိအချို့ကို စစ်ကောင်စီ အပြောင်းအလဲလုပ်
ရခိုင်ပြည်ထဲက စစ်ကောင်စီ ထိန်းချုပ်ထားသော မြို့တော် စစ်တွေမြို့တွင် ရဲတပ်ဖွဲ့နှင့် ရေတပ်ဌာနတို့တွင် ထိပ်ပိုင်းအရာရှိအချို့ကို အပြောင်းအလဲလုပ်ထားကြောင်း ဒေသခံများထံမှ သိရသည်။ စစ်တွေမြို့တွင် ရုံးစိုက်ထားသော ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့တွင် ရဲမင်းကြီး အပြောင်းအလဲနှင့် စစ်တွေရေတပ်ဌာနချုပ်တွင် ရေတပ်အကြီးအကဲကို ပြောင်းအလဲလုပ်ထားကြောင်း မြို့ခံတစ်ဦးက ပြောသည်။ “နာမည်တွေဘာတွေနဲ့တော့ တွဲပြီး မသိဘူး။ ဌာနဆိုင်ရာဝန်ထမ်းအချို့ပြောတာက ရဲမင်းကြီးနဲ့ ရေတပ်အကြီးအကဲကို အပြောင်းအလဲလုပ်ထားတယ်။ ဇန်နဝါရီလထဲမှာ အပြောင်းအလဲလုပ်ထားတယ်လို့ သိထားတယ်။ ရဲမင်းကြီးအသစ်ရောက်လို့ ဧည့်စာရင်းစစ်တပ်၊ နေ့ခင်းဆိုရင်လည်း ကင်းလှည့်ဆောင်ရွက်တာ ပိုလုပ်တာ တွေ့ရပါတယ်” ဟု ပြောသည်။ လမ်းမတော်၊ တရားသီးစုရပ်ကွက်တို့တွင် အစစ်အဆေးများနေပြီး ကယ်ဆယ်ရေး အကွက် (၁)၊ အကွက် (၂) တို့တွင် ညအပါအဝင် နေ့ခင်းလည်း