ကျားဖြန့်အွန်လိုင်းငွေ လိမ်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၁ဦးအား ထိုင်းအစိုးရထံ လွှဲပြောင်း
ကျားဖြန့်အွန်လိုင်းငွေ လိမ်ဂိုဏ်းများတွင် လူကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၁ဦးအား ထိုင်းအစိုးရထံ ယနေ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နေ့လယ်ပိုင်းက လွှဲပြောင်းလိုက်ကြောင်း ထိုင်းနိုင်ငံ သတင်းဌာနများက ဖော်ပြသည်။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်ရှိ ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းများတွင် ကုန်ကူးခံထားရသည့် နိုင်ငံခြားသား ၂၆၁ဦးအား ထိုင်းအစိုးရထံ ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် DKBA က လွှဲပြောင်းလိုက်ခြင်း ဖြစ်ကြောင်း သိရသည်။ DKBA ထိန်းချုပ်နယ်မြေများတွင် လုပ်ကိုင်နေကြသည့် ကျားဖြန့်ငွေလိမ်ဂိုဏ်းတွင် ပိတ်မိနေသူ နိုင်ငံခြားသား ၂၆၁ ဦးကို DKBA က ယနေ့ ဖေဖော်ဝါရီလ ၁၂ ရက် နံနက်ပိုင်းက ကယ်တင်နိုင်ခဲ့ပြီး လက်ရှိတွင် လွှဲပြောင်းလိုက်ခြင်း ဖြစ်သည်။ ၎င်းတို့ကိုအားလုံးကို ထိုင်းဘက်သို့