စစ်ကောင်စီတပ်သား ၇ ဦး MNDAA ထံ အလင်းဝင်
စစ်ရေး သတင်း
1 min read
57

စစ်ကောင်စီတပ်သား ၇ ဦး MNDAA ထံ အလင်းဝင်

August 17, 2024
0

ကိုးကန့်တပ် MNDAA ထံသို့ စစ်ကောင်စီတပ်သား ၇ ဦး လက်နက်ချ အလင်းဝင်လာပြီး MNDAA ကလည်း အဆိုပါ တပ်သားများကို ဆုကြေးငွေများ ချီးမြှင့်ပေးခဲ့ကြောင်း ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်သားများမှာ ဩဂုတ်လ ၁၃ ရက်နေ့က မိမိဆန္ဒအလျှောက် ကိုးကန့်တပ်ထံ လက်နက်ချအလင်းဝင်ခဲ့ပြီး MNDAA က တစ်ဦးကို ငွေကျပ် ၁၀ သိန်းစီ ဆုချီးမြှင့်ပေးခဲ့သည်။ လက်နက်ချသော စစ်ကောင်စီတပ်သား ၇ ဦးမှာ လားရှိုးတိုက်ပွဲ အစောပိုင်းတွင် လက်နက်ချရန် ကြိုးစားခဲ့သော်လည်း တိုက်ပွဲများပြင်းထန်နေသောကြောင့် ယခုအချိန်မှ လက်နက်ချနိုင်ခဲ့သည်ဟု သိရသည်။ MNDAA က အဆိုပါ လက်နက်ချတပ်သားများကို ဆုကြေးငွေများ ပေးအပ်သည့်အပြင် ကိုးကန့်ဒေသအတွင်း နေထိုင်ခြင်းကိုလည်း ခွင့်ပြုပေးထားကြောင်း

Continue Reading
စစ်ကောင်စီ ပစ်ခတ်မှုကြောင့် သီပေါမြို့မှာ ၅ ရက်အတွင်း အရပ်သား ၁၁ ဦးသေ၊ ၁၂ ဦးဒဏ်ရာရ
စစ်ရေး သတင်း
1 min read
54

စစ်ကောင်စီ ပစ်ခတ်မှုကြောင့် သီပေါမြို့မှာ ၅ ရက်အတွင်း အရပ်သား ၁၁ ဦးသေ၊ ၁၂ ဦးဒဏ်ရာရ

August 17, 2024
0

သီပေါမြို့နယ်တွင် စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီးများ နေ့စဥ်ပစ်ခတ်မှုကြောင့် ၅ ရက်အတွင်း အရပ်သား ၁၁ ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း တအောင်းတပ် TNLA က ယနေ့ ထုတ်ပြန်သည်။ သြဂုတ်လ ၉ ရက်မှ ၁၃ ရက်နေ့အတွင်း သီပေါမြို့နယ်ရှိ ကျောင်းစု၊ အုတ်ကျင်း၊ တာပုတ်၊ ထုံစင့်ရပ်၊ မြို့လယ်ရပ်၊ နားလွယ်၊ မြို့ဟောင်း၊ ကုန်းဆုံကျေးရွာနှင့် နမ့်ပေါ့ချောင်းသို့ စစ်ကောင်စီမှ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်ခဲ့၍ အမျိုးသား ၇ ဦးနှင့် အမျိုးသမီး ၄ ဦး သေဆုံးသွားခဲ့ရသည်။ ထိုလေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် သီလရှင် ၁ ပါးနှင့် ကလေးငယ်

Continue Reading
လားရှိုးက Non-CDM ဝန်ထမ်းများ၊ စစ်အရာရှိနှင့် ပြည်သူ့စစ်ခေါင်းဆောင်များ၏ နေအိမ်များကို ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပြန်လည်အသုံးပြုမည်
စစ်ရေး စီးပွားရေး သတင်း
1 min read
88

လားရှိုးက Non-CDM ဝန်ထမ်းများ၊ စစ်အရာရှိနှင့် ပြည်သူ့စစ်ခေါင်းဆောင်များ၏ နေအိမ်များကို ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် ပြန်လည်အသုံးပြုမည်

August 14, 2024
0

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့ထဲက စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းနေအိမ်များ၊ စစ်အရာရှိနှင့် စစ်သားများ၊ ပြည်သူ့စစ်ခေါင်းဆောင်များ၏ နေအိမ်များအားလုံးကို ချိတ်ပိတ်ထားပြီး ပြည်သူ့အကျိုးပြုလုပ်ငန်းစဉ်များတွင် ပြန်လည်အသုံးပြုမည်ဟု သိရသည်။ MNDAA သတင်းရင်းမြစ်တစ်ဦးက “အခုဆိုရင် စာရင်းအရ သိရတဲ့ စစ်ကောင်စီ လက်အောက်ခံ Non-CDM ဝန်ထမ်းတွေရဲ့ အိမ်တွေ၊ စစ်တပ်က လူတွေနဲ့ ပြည်သူ့စစ်ခေါင်းဆောင်တွေရဲ့ အိမ်တွေကို အတည်ပြု စုံစမ်းစစ်ဆေးပြီး နေအိမ်ချိတ်ပိတ်တာတွေ စလုပ်နေပြီ။ အဲဒီ ချိတ်ပိတ်ထားတဲ့ အိမ်တွေကလည်း နောက်ကျရင် ပြည်သူအကျိုးပြုအတွက် ပြန်သုံးဖို့ အစီအစဉ်ရှိပါတယ်။ အခု ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တွေလည်း ပီပီပြင်ပြင် ဖွဲ့စည်းပြီးရင် အဲဒီလုပ်ငန်းကို ပိုပြီးတော့ အရှိန်မြှင့်လုပ်နိုင်မှာပါ” ဟု ပြောသည်။ ထို့ပြင် လားရှိုးအပါအဝင်

Continue Reading
လားရှိုး အထင်ကရနေရာများတွင် အထူးဒေသအလံနှင့် MNDAA အလံများ လွှင့်တင်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
164

လားရှိုး အထင်ကရနေရာများတွင် အထူးဒေသအလံနှင့် MNDAA အလံများ လွှင့်တင်

August 12, 2024
0

ရှမ်းပြည်နယ်၊ လားရှိုးမြို့ တဝိုက်ရှိ အထင်ကရ နေရာများတွင် မဟာမိတ်တပ်ဖွဲ့ နိုင်ငံရေးဌာန လုပ်ငန်းအဖွဲ့မှ အထူးဒေသအလံနှင့် MNDAA တပ်မတော်အလံများ လွှင့်တင်ခဲ့ကြောင်း သိရသည်။ လားရှိုး လွတ်မြောက်ရေး လှုပ်ရှားမှု ပြီးဆုံးသည်နှင့် သြဂုတ်လ ၈ ရက်နေ့တွင် မဟာမိတ်တပ်ဖွဲ့ နိုင်ငံရေးဌာန အလုပ်အဖွဲ့သည် ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ (၁) အလံနှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် အလံကို နောင်မွန်မှ လားရှိုးလမ်းတစ်လျှောက် ဟိုပိတ်ဒေသနှင့် ယူနိုင်ဒေသကဲ့သို့ အရေးကြီး အထင်ကရ နေရာများတွင် လွှင့်တင်ခဲ့သည်။ မှတ်တိုင် တစ်ခုစီတွင် လွှင့်တင်ထားသော အထူးဒေသအလံများနှင့် MNDAA တပ်မတော်အလံများသည် တော်လှန်ရေးစိတ်ဓာတ်နှင့် ယုံကြည်ချက်

Continue Reading
သပိတ်ကျင်းက ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
စစ်ရေး သတင်း
1 min read
106

သပိတ်ကျင်းက ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

August 12, 2024
0

(သပိတ်ကျင်းမြို့ကို သိမ်းပိုက်ရန် သင်တန်းကျောင်း စစ်စခန်း ၂ ခုနှင့် လက်ရုံးတပ် ၁ ခုသာကျန်ရှိ) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို TNLA ၊ မိုးကုတ်ဗျူဟာနှင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များ၏ ထုတ်ပြန်ချက်နှင့် ပြောဆိုချက်များအရ သိရသည်။ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် TNLA နှင့် မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကောင်စီ၏ အမှတ် ၁၄၈ ခြေလျင်တပ်ရင်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ “ခလရ-၁၄၈ တပ်ရင်းကို

Continue Reading
စစ်ကောင်စီ ပစ်ထားခဲ့သော တပ်ဖွဲ့ဝင် ၁၃ ဦးကို MNDAA ရှာဖွေကယ်ထုတ်
စစ်ရေး သတင်း
1 min read
83

စစ်ကောင်စီ ပစ်ထားခဲ့သော တပ်ဖွဲ့ဝင် ၁၃ ဦးကို MNDAA ရှာဖွေကယ်ထုတ်

August 12, 2024
0

ရှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့နယ်တွင် စစ်ကောင်စီ ပစ်ထားခဲ့သော သေလုမြောပါးဖြစ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ ၁၃ ဦးကို အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အတွင်း ဘန်ကာအောက်တွင် ပုန်းအောင်းနေစဉ် MNDAA က တွေ့ရှိပြီး ကယ်တင် ဆေးကုသပေးထားကြောင်း သိရသည်။ သြဂုတ်လ ၈ ရက်က လားရှိုးအရှေ့မြောက်တိုင်းစစ်ဌာနချုပ်ကို မဟာမိတ်တပ် စစ်ဆေးရာ ဘန်ကာတစ်ခုအောက်တွင် ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၃ ဦးကို တွေ့ရှိခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။ ဒဏ်ရာရ စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဘန်ကာအောက်တွင် ပုန်းအောင်းကာ ရှင်သန်နေသေးပြီး ရက်အတန်ကြာဆာလောင်မှု၊ အအေးမိခြင်းနှင့် အနာပိုးဝင်ခြင်းတို့ကို ခံစားရ၍ သေလုမြောပါးဖြစ်နေကြောင်း MNDAA က ဆိုသည်။ ယင်းနောက် MNDAA တပ်ဖွဲ့က ဒဏ်ရာရရှိသူများကို ကျန်းမာရေးဆိုင်ရာ

Continue Reading
မူဆယ်မြို့က ရမခ တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင် လက်နက်ချရန် မြောက်ပိုင်းမဟာမိတ်ပြော
စစ်ရေး သတင်း
1 min read
99

မူဆယ်မြို့က ရမခ တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင် လက်နက်ချရန် မြောက်ပိုင်းမဟာမိတ်ပြော

August 12, 2024
0

လားရှိုးကို မရောက်ဘဲ မူဆယ်မြို့တွင် ရှိနေသည့် စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) တိုင်းမှူး ဗိုလ်မှူးချုပ်စိုးလှိုင် အမြန်ဆုံး လက်နက်ချရန် မြောက်ပိုင်းညီနောင်မဟာမိတ်တပ်ဖွဲ့က သတိပေးကမ်းလှမ်းထားကြောင်း ခိုင်လုံသော စစ်ရေးသတင်းရင်းမြစ်များကြား သတင်းထွက်နေသည်။ လားရှိုးမြို့ကို MNDAA ပူးပေါင်းတပ်က သိမ်းပိုက်နေချိန် လားရှိုး-ရမခ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်ကို စစ်ကောင်စီက ဖြုတ်ချခဲ့ပြီး မူဆယ်မြို့အထိုင်ချ တပ်မ (၉၉) တပ်မမှူး ဗိုလ်မှူးချုပ်စိုးလှိုင် (DSA- 42) ကို ရမခ တိုင်းမှူးအဖြစ် အစားထိုးခန့်အပ်ခဲ့သည်။ သို့သော်လည်း လားရှိုး-ရမခ တိုင်းမှူးသစ် ဗိုလ်မှူးချုပ် စိုးလှိုင်မှာ လားရှိုးမြို့သို့ မသွားရောက်ဘဲ မူဆယ်မြို့မှနေ၍ ကွက်ကဲစီမံညွှန်ကြားခဲ့ကြောင်း သိရသည်။ လက်ရှိတွင် မူဆယ်မြို့အား သိမ်းပိုက်နိုင်ရန် ညီနောင်မဟာမိတ်တပ်ဖွဲ့များနှင့်

Continue Reading
လားရှိုးက တပ်မိသားစုဝင်များကို MNDAA က ပြန်လွှတ်ပေး
စစ်ရေး သတင်း
1 min read
61

လားရှိုးက တပ်မိသားစုဝင်များကို MNDAA က ပြန်လွှတ်ပေး

August 12, 2024
0

(ဓါတ်ပုံသတင်း) ရှမ်းမြောက် လားရှိုးမြို့သိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များကို လမ်းခရီးစရိတ် ငွေကျပ် ၅ သောင်းပေး၍ ကိုးကန့်တပ် MNDAA က ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။ စစ်သုံ့ပန်းအချို့နှင့် တပ်မိသားစုဝင် ၃၈၀ ကျော် အိမ်ထောင်စုတစ်စုလျှင် ငွေကျပ် ၅ သောင်းစီ ပေးအပ်ပြီး ဩဂုတ်လ ၆ ရက်နေ့က နေရပ်ပြန် ဘေးကင်းစေရန် ကားများဖြင့် ပို့ဆောင်ပေးခဲ့ကြောင်း MNDAA က ထုတ်ပြန်ထားသည်။ လားရှိုးက စစ်ဆေးရုံကို MNDAA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်တိုက်ခိုက်သည်ဟု စစ်ကောင်စီက စွပ်စွဲထားသော်လည်း စစ်ဆေးရုံဆရာဝန်များက MNDAA က ပစ်ခတ်ခြင်းမဟုတ်ကြောင်းနှင့် စစ်ကောင်စီ လေကြောင်းကသာ ပစ်ခတ်ခြင်းဖြစ်ပြီး

Continue Reading
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဦးဝီးရသူ ဆုံးမဩဝါဒပေး
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
315

စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဦးဝီးရသူ ဆုံးမဩဝါဒပေး

August 9, 2024
0

Continue Reading
ရှမ်းမြောက်က တရုတ်နိုင်ငံသား အမြန်ဆုံး ထွက်ခွာရန် တရုတ်အစိုးရ သတိပေး
စစ်ရေး သတင်း
1 min read
62

ရှမ်းမြောက်က တရုတ်နိုင်ငံသား အမြန်ဆုံး ထွက်ခွာရန် တရုတ်အစိုးရ သတိပေး

August 9, 2024
0

လားရှိုးမြို့နှင့် ရှမ်းပြည်မြောက်ပိုင်းက တရုတ်နိုင်ငံသားများအနေဖြင့် အမြန်ဆုံး ပြောင်းရွှေ့ ထွက်ခွာကြရန် မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယမန်နေ့တွင် WeChat ကတစ်ဆင့် သတိပေး ကြေညာထားကြောင်း သိရသည်။ လက်ရှိတွင် လားရှိုးနှင့် ရှမ်းပြည်မြောက်ပိုင်းတွင် လုံခြုံရေးအခြေအနေမှာ တင်းမာလျက်ရှိနေ၍ တရုတ်နိုင်ငံသားများအနေဖြင့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံး၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ကောင်စစ်ဝန်ရုံး သို့ သတင်းပေးပို့ကြရန် တိုက်တွန်းထားသည်။ “စိုးရိမ်ရသည့် လုံခြုံရေး အခြေအနေများကြောင့် ဖြစ်နိုင်လျှင် တရုတ်နိုင်ငံသို့ အမြန်ဆုံးပြန်လည် ထွက်ခွာကြရန်” တရုတ်သံရုံးက ပြင်းပြင်းထန်ထန် သတိပေးထားသည်။ လုံခြုံရေး အထူးသတိထားပြီး အန္တရာယ်များကို ရှောင်ရှားကာ ပဋိပက္ခဇုန်များနှင့် ဝေးကွာသော သို့မဟုတ် နေရပ်သို့ ပြောင်းရွှေ့နေထိုင်ရန် ဖော်ပြထားသည်။ တရုတ်နိုင်ငံသားများ အ‌ရေးပေါ်အခြေအနေ ကြုံလာရပါက

Continue Reading