အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိကြီးများ ဖမ်းဆီးခံရထားဟုဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံပြီ
စစ်ရေး သတင်း
1 min read
144

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှ စစ်တပ်အရာရှိကြီးများ ဖမ်းဆီးခံရထားဟုဗိုလ်ချုပ် ဇော်မင်းထွန်း ဝန်ခံပြီ

August 5, 2024
0

လက်နက်ချ အလင်းဝင်ရောက်လာသူ စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထောင်နှင့်ချီ ရှိလာနေ ရှမ်းပြည်၊ မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ ဖမ်းဆီးခံရထားကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဩဂုတ် ၅ နံနက်ပိုင်းက ဝန်ခံပြောဆိုလိုက်သည်။ ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် အထိ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် အဆက် အသွယ်ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အဆက်အသွယ် မရရှိဘဲ အရာရှိကြီးများ ဖမ်းဆီးခံထားရကြောင်း ဗိုလ်ချုပ် ဇော်မင်းထွန်းက ပြောသည်။ “အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်းတပ်ဖွဲ့များအနေနဲ့ ရန်သူကို အစွမ်းကုန် ခုခံခဲ့ပါတယ်။ ရွပ်ရွပ်ချွံချွံ အစွမ်းကုန် တိုက်ပွဲဝင်ခဲ့ကြပါတယ်။ တိုင်းစစ်ဌာနချုပ်ရဲ့ တပ်ရင်း

Continue Reading
လားရှိုး ရမခ ကို MNDAA အပြီးသတ် သိမ်းပိုက်လိုက်ပြီ
စစ်ရေး သတင်း
1 min read
81

လားရှိုး ရမခ ကို MNDAA အပြီးသတ် သိမ်းပိုက်လိုက်ပြီ

August 5, 2024
0

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ကို MNDAA ဦးဆောင်သော မဟာမိတ်တပ်များက ယနေ့တွင် အပြီးသတ် သိမ်းပိုက်လိုက်ပြီဟု စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။ စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ တိုင်းစစ်ဌာနချုပ်တစ်ခုကို တော်လှန်ရေးတပ်များက ပထမဆုံးအကြိမ် သိမ်းပိုက်ရရှိခြင်းဖြစ်သည်။ MNDAA ရှေ့တန်းသတင်းရင်းမြစ်က “မနေ့က ကျနော်တို့ သိရတာက တချို့ စစ်ကောင်စီတပ်သားတွေ လက်နက်ချတာတွေရှိတယ်။ တချို့လည်း ရမခထဲကနေ ပွင့်နေတဲ့ လမ်းကြောင်းတွေကနေ ထွက်ပြေးတာတွေလည်း ရှိနိုင်တယ်။ ရမခက အကျယ်ကြီးပဲ။ တကယ်က ရမခ ပတ်ပတ်လည်ကို မဟာမိတ်တပ်တွေအားလုံးက ၀ိုင်းရံပိတ်ဆို့ထားတာ။ ရမခ တကယ်ရပြီဆိုတာတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေက သတင်းတင်ပါလိမ့်မယ်” ဟု ပြောသည်။ ထို့ပြင် လားရှိုး ရမခ

Continue Reading
အရပ်သားများကို လေကြောင်းဖြင့် ဗုံးကြဲမှု နိုင်ငံတကာက အရေးယူပေးရန် MNDAA တောင်းဆို
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
91

အရပ်သားများကို လေကြောင်းဖြင့် ဗုံးကြဲမှု နိုင်ငံတကာက အရေးယူပေးရန် MNDAA တောင်းဆို

August 5, 2024
0

ရှမ်းပြည် မြောက်ပိုင်းတွင် အရပ်သား ပြည်သူများကို လေကြောင်းဖြင့် အကြိမ်ကြိမ် ဗုံးကျဲ သတ်ဖြတ်နေသည့် စစ်ကောင်စီကို နိုင်ငံတကာ အသိုင်းအဝိုင်းက ပြင်းပြင်းထန်ထန် အရေးယူပေးရန် MNDAA က တောင်းဆိုလိုက်သည်။ ယင်းထုတ်ပြန်ချက်ကို ဩဂုတ်လ ၂ ရက်နေ့တွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်က တိုက်ပွဲရှုံးနိမ့်တိုင်း အပြစ်မဲ့ပြည်သူများကို ဦးတည်ပြီး ဗုံးကြဲတိုက်ခိုက်နေခြင်း ဖြစ်ကြောင်း MNDAA က ပြောဆိုထားသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လ လဆန်းပိုင်းမှ စ၍ ရှမ်းပြည်မြောက်ပိုင်း လားရှိုး၊ နောင်ချို တိုက်ပွဲများတွင် အထိနာပြီး တိုက်ပွဲများတောက်လျှောက် ရှုံးနိမ့်ခဲ့ရခြင်းကြောင့် စစ်ကောင်စီသည် လောက်ကိုင်မြို့တော်နှင့် သိန္နီခရိုင် အတွင်းရှိ အရပ်သား ပြည်သူများ နေထိုင်ရာ

Continue Reading
စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျသွားပြီ
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
264

စစ်ကောင်စီ၏ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် ကျသွားပြီ

August 5, 2024
0

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်မှအရာရှိကြီးများ ဖမ်းဆီးခံရထားကြောင်း အာဏာသိမ်း စစ်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ယနေ့ ဩဂုတ် ၅ နံနက်ပိုင်းက ဝန်ခံပြောဆိုသည်။ ရမခ ကျဆုံးသွားပြီကို စစ်ကောင်စီက ဝန်မခံရဲသေးပေ။ ဩဂုတ်လ ၃ ရက်နေ့ ညနေ ၆ နာရီခွဲအချိန် အထိ အရှေ့ မြောက်တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများနှင့် အဆက် အသွယ်ရရှိခဲ့သော်လည်း လက်ရှိအချိန်တွင် အဆက်အသွယ် မရကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆိုသည်။ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးတင့်၊ တိုင်းစစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် သန့်ထင်စိုး၊ အမှတ် ၁ စကခမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေးတို့ကို MNDAA က အရှင်ဖမ်းဆီးရရှိထားပြီး ၎င်းတို့၏

Continue Reading
လားရှိုးက စစ်ဆေးရုံအစောင့်တပ် အလံဖြူထောင် လက်နက်ချ (ရုပ်သံ)
စစ်ရေး ဗီဒီယိုသတင်း သတင်း
1 min read
252

လားရှိုးက စစ်ဆေးရုံအစောင့်တပ် အလံဖြူထောင် လက်နက်ချ (ရုပ်သံ)

August 2, 2024
0

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းရှိ ကုတင် ၁၀၀ စစ်ဆေးရုံစစ်သားများ အလံဖြူထောင် လက်နက်ချရုပ်သံဖြစ်သည်။ ဩဂုတ်လ ၁ ရက်နေ့တွင် လေယာဉ်ကွင်းကို သိမ်းပိုက်ထားသော MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတပ်တွေက ရှေ့သို့ ချီတက်လာစဉ် လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လက်နက်ချ အလံဖြူထောင်ခဲ့ကြသည်။ MNDAA တပ်များက ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ရာ စစ်ဆေးရုံတပ်များ အကျဆုံးများစွာဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ပင်မရုံးချုပ်ဘက်သို့ ဆုတ်ခွာသွားခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၏ ကိုယ်ရေးအရာရှိ သေဆုံးခဲ့သည့်အပြင် ဆေးရုံတက်ကုသမှု ခံယူနေရသည့် စစ်အရာရှိကြီးတချို့လည်း တစ်ပါတည်း သေဆုံးခဲ့ကြောင်း သိရသည်။ ဆုတ်ခွာသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ ယနေ့

Continue Reading
လားရှိုးတိုက်ပွဲမှာ တိုင်းမှူးဟောင်း ကိုယ်ရေးအရာရှိအပါအဝင် ဒဏ်ရာရ အရာရှိများ သေဆုံး
စစ်ရေး သတင်း
1 min read
95

လားရှိုးတိုက်ပွဲမှာ တိုင်းမှူးဟောင်း ကိုယ်ရေးအရာရှိအပါအဝင် ဒဏ်ရာရ အရာရှိများ သေဆုံး

August 2, 2024
0

ရှမ်းပြည်နယ် မြောက်ပိုင်း၊ လားရှိုး၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းရှိ ကုတင် ၁၀၀ စစ်ဆေးရုံတပ်နှင့် MNDAA တို့အကြား တိုက်ပွဲတွင် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၏ ကိုယ်ရေးအရာရှိ ဗိုလ်မှူး အပါအဝင် ဒဏ်ရာရ စစ်အရာရှိကြီးတချို့ပါ သေဆုံးခဲ့ကြောင်း သိရသည်။ ဩဂုတ်လ ၁ ရက်နေ့တွင် လေယာဉ်ကွင်းကို သိမ်းပိုက်ထားသော MNDAA အပါအဝင် မြောက်ပိုင်းမဟာမိတပ်များက ရှေ့သို့ ချီတက်လာစဉ် လားရှိုး ကုတင် ၁၀၀ စစ်ဆေးရုံတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြသည်။ MNDAA တပ်များက ၀ိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်ရာ စစ်ဆေးရုံတပ်များ အကျဆုံးများစွာဖြင့် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ ပင်မရုံးချုပ်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲအတွင်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ်စိုးတင့်၏ ကိုယ်ရေးအရာရှိ

Continue Reading
မိုးမိတ်မြို့သိမ်းပြီးနောက် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ
စစ်ရေး သတင်း
1 min read
109

မိုးမိတ်မြို့သိမ်းပြီးနောက် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများ

August 2, 2024
0

ရှမ်းမြောက် တအောင်းဒေသရှိ မိုးမိတ်မြို့နယ်ကို စစ်ကောင်စီထံမှ အလုံးစုံ သိမ်းပိုက်ရရှိပြီးနောက် သိမ်းဆည်းရမိသော လက်နက်ခဲယမ်းများကို တအောင်းတပ် TNLA က ယနေ့ ဩဂုတ် ၁ ရက်တွင် ထုတ်ပြန်သည်။ TNLA နှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့က မိုးမိတ်မြို့ကို ဇွန်လ ၂၇ ရက်နေ့က စတင် တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၃၁ ရက်တွင် အပြီးသတ်သိမ်းပိုက် ရရှိခဲ့ခြင်းဖြစ်သည်။ စစ်ကောင်စီ၏ စကခ-၂၁ (မပခ)၊ ခမရ-၃၄၈၊ ခလရ (၂၂၃၊ ၂၇၆) ဗျူဟာမှူးကြီးအခြေချ ကွပ်ကဲနေသည့် တပ်စခန်းအားလုံးတို့ကို ဇူလိုင် ၃၁ ရက်နေ့တွင် TNLA မှ သိမ်းပိုက်ခဲ့သည်။ ယင်းအပြင် မိုးမိတ်မြို့နယ်က စစ်ကောင်စီ၏ ကင်းချောင်းစခန်း၊

Continue Reading
တိုက်ပွဲတစ်လကျော်အတွင်း အရပ်သား ၁၃၃ ဦးသေဆုံးခဲ့ကြောင်း TNLA ပြော
စစ်ရေး သတင်း
1 min read
86

တိုက်ပွဲတစ်လကျော်အတွင်း အရပ်သား ၁၃၃ ဦးသေဆုံးခဲ့ကြောင်း TNLA ပြော

August 2, 2024
0

ရှမ်းမြောက် လားရှိုးတိုက်ပွဲ တစ်လကျော် ကာလအတွင်း စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ ၁၃၃ ဦး ထိခိုက်သေဆုံးခဲ့ရကြောင်း TNLA ယမန်နေ့ ဇူလိုင် ၃၁ တွင် ထုတ်ပြန်ထားသည်။ ဇူလိုင်လ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီက လေကြောင်းကနေ လားရှိုးမြို့ကို တိုက်ခိုက်ခဲ့၍ အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၃ ဦး လက်နက်ကြီး ထိမှန်သေဆုံးခဲ့ကြောင်းနှင့် နေအိမ် ၁၅ လုံး ပျက်စီးသွားသည်။ တစ်လကျော် ၃၆ ရက်အတွင်းမှာ အရပ်သား ၁၃၃ ဦးသေဆုံးပြီး ၁၇၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဘုန်းတော်ကြီးကျောင်း၊ စာသင်ကျောင်းနှင့် နေအိမ်များ စသည်ည ၁၀၅

Continue Reading
လားရှိုးလေဆိပ်အနီးက စစ်စခန်းကို MNDAA သိမ်းပိုက်
စစ်ရေး သတင်း
1 min read
82

လားရှိုးလေဆိပ်အနီးက စစ်စခန်းကို MNDAA သိမ်းပိုက်

August 2, 2024
0

ရှမ်းပြည် မြောက်ပိုင်းဒေသ လားရှိုးမြို့ လေဆိပ်အနီးက အရှေ့မြောက်တိုင်းစစ်ဌာနချုပ် စစ်စခန်းကို ကိုးကန့်တပ် MNDAA နှင့် မဟာမိတ်ပူးပေါင်းတပ်က ဇူလိုင်လ ၃၀ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း သိရသည်။ လားရှိုးလေဆိပ်၊ အနီးက စစ်စခန်းအပြင် ဇူလိုင်လ ၃၁ ရက်နေ့က လေဆိပ်အကျော် စစ်ကောင်စီ တပ်စွဲထားသော မြို့နယ်အားကစားကွင်းတို့ကိုလည်း ကိုးကန့်တပ်က သိမ်းပိုက်ခဲ့သည်။ ယင်း စစ်စခန်းများကို သိမ်းပိုက်ပြီးနောက် တစ်ပြိုင်တည်း အရှေ့မြောက်တိုင်းစစ်ဌာနချုပ် (ရမခ) ဧည့်ရိပ်သာကိုလည်း MNDAA နှင့် မဟာမိတ်တပ်တို့က ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နေသည်။ စစ်ရေးသတင်းရင်းမြစ်က ” မြောက်ပိုင်းတပ်တွေက ၀ိုင်းပိတ်ဆို့ထားလို့ အထဲက စစ်သားရော ပြည်သူ့စစ်တွေရော လက်နက်တွေ ဝှက်ပြီး အရပ်ဝတ်တွေလဲပြီး ရသလို

Continue Reading
လားရှိုးသို့ စစ်ကူလာသော စစ်ကောင်စီတပ် ကြားဖြတ် တိုက်ခိုက်ခံရပြီး သေဆုံးမှု များပြား
စစ်ရေး သတင်း
1 min read
85

လားရှိုးသို့ စစ်ကူလာသော စစ်ကောင်စီတပ် ကြားဖြတ် တိုက်ခိုက်ခံရပြီး သေဆုံးမှု များပြား

August 1, 2024
0

ရှမ်းပြည်မြောက်ပိုင်း၊ လားရှိုးမြို့နယ်သို့ စစ်ကူသွားသော စစ်ကောင်စီတပ်များကို တော်လှန်ရေးတပ်များက ကြားဖြတ်တိုက်ခိုက်မှုကြောင့် သေဆုံး ဒဏ်ရာမှု ရှိကြောင်း တော်လှန်ရေး သတင်းရင်းမြစ်ထံမှ သိရသည်။ စစ်ကောင်စီတပ် စစ်ကြောင်းကို ဇူလိုင်လ ၃၀ ရက်နေ့ နံနက်အစောပိုင်း လားရှိုးမြို့နယ် မန်ပန်နှင့် ဟိုနားကျေးရွာအနီး ကြားဖြတ်တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်ပြီး စစ်ကောင်စီတပ်သား အများအပြား သေဆုံးခဲ့ပြီး ကစဉ့်ကလျားဖြင့် ထွက်ပြေးသွားကြောင်း သိရသည်။ စစ်ကောင်စီတပ် အင်အား ၃၀၀ ဝန်းကျင်က စစ်ကားကြီး ၁၅ စီးဖြင့် ဇူလိုင်လ ၂၉ ရက်နေ့ တန့်ယန်းမြို့နယ်မှ နမ့်မူဆယ်၊ နောင်လိုင်တို့ကို ဖြတ်သန်းပြီးလားရှိုးဘက်သို့ ထွက်သွားခဲ့အချိန်တွင် ကြားဖြတ် တိုက်ခိုက်ခံရခြင်း ဖြစ်သည်။ တော်လှန်ရေး သတင်းရင်းမြစ်တချို့ထံမှ ပြောဆိုချက်မှာ

Continue Reading