ရခိုင်စစ်ပွဲ ၄ လကျော်အတွင်း အရပ်သားသေဆုံးသူ ၁၇၉ ဦးရှိ
သတင်း
1 min read
354

ရခိုင်စစ်ပွဲ ၄ လကျော်အတွင်း အရပ်သားသေဆုံးသူ ၁၇၉ ဦးရှိ

April 4, 2024
0

၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့မှ ၂၀၂၄ မတ်လ ၂၁ ရက်နေ့အထိ ရခိုင်ပြည် စစ်ပွဲအတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၁၇၉ ဦး သေဆုံးခဲ့ရကြောင်း ULA/AA ၏ HDCO က ယနေ့ ဧပြီလ ၄ ရက်နေ့တွင် ထုတ်ပြန်ထားသည်။  HDCO သည် ULA/AA ၏ လူသားချင်းစာနာထောက်ထားမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးညှိနှိုင်းရေးရုံး ဖြစ်ပြီး ရခိုင်စစ်ပွဲ ၄ လကျော်ကာလအတွင်း အာဏာသိမ်း စစ်ကောင်စီမှ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသော အရပ်သားပြည်သူများစာရင်းကို ထုတ်ပြန်လာခြင်းဖြစ်သည်။  သေဆုံးသူ ၁၇၉ ဦးထဲတွင် အမျိုးသမီး ၆၄ ဦးနှင့် အမျိုးသား ၁၁၅ ဦးပါဝင်ကြောင်း ထုတ်ပြန်စာရင်းတွင် ဖော်ပြထားသည်။  မတ်လ

Continue Reading
စစ်တွေကလက်နက်ကြီး ထိမှန်သော ပေါက်တောပြည်သူ ၆ ဦး
ဓါတ်ပုံသတင်း
1 min read
491

စစ်တွေကလက်နက်ကြီး ထိမှန်သော ပေါက်တောပြည်သူ ၆ ဦး

April 3, 2024
0

ယမန်နေ့ ဧပြီလ ၂ ရက်နေ့ နေ့လယ်က စစ်တွေမြို့ရှိ စစ်ကောင်စီ၏ အမှတ် ၁၂ ရဲတပ်ရင်းမှ လှမ်းပစ်ခတ်သော လက်နက်ကြီးကြောင့် ပေါက်တောမြို့နယ် မော်ထုပ်ကြီးကျေးရွာမှ အမျိုးသမီး ၃ ဦးအပါအဝင် အရပ်သား ၆ ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည်။  ၎င်းတို့မှာ အသက် ၆၃ နှစ်အရွယ် ဒေါ်ကင်ယုံမေ၊ အသက် ၆၂ နှစ်အရွယ် ဦးမဲခေါက် (ခ) ဦးအောင်ဇံဖြူ၊ အသက် ၄၈ နှစ်အရွယ် ဦးကျော်နုဖြူ၊ အသက် ၃၅ နှစ်အရွယ် ဒေါ်ခိုင်ရွှေဝင်း၊ အသက် ၂၇ နှစ်အရွယ် ဒေါ်စန္ဒာဝင်းနှင့် အသက် ၂၃ နှစ်အရွယ် ကိုဇော်ဝင်းလှိုင်တို့ ဖြစ်ကြသည်။ 

Continue Reading