AA ထိန်းချုပ်ရာ မြောက်ဦးနှင့် ကျောက်တော်ကြားတွင် ခရီးသည်များမှာ မကြာခဏ ဓါးပြတိုက်၊ လုယက်ခံနေရ
အာရက္ခတပ်တော် AA အပြည့်အဝ ထိန်းချုပ်ထားသည့် မြောက်ဦးနှင့် ကျောက်တော်ကြား ဟိုက်ဝေးလမ်းမတစ်လျှောက်တွင် ဓါးပြတိုက်မှု၊ လုယက်မှု ဆက်တိုက်ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ ဓါးပြတိုက် လုယက်မှု ခံရသူမိသားစုဝင်များနှင့် Western News တို့အဆက်အသွယ် ရရှိခဲ့ရာမှာ ဓါးမြတိုက်သူများသည် မျက်နှာဖုံးစွပ်ထားပြီး ဓါးရှည်များ ကိုင်ဆောင်ကာ ချုံနွယ်ကြားမှ ထွက်လာခြင်း ဖြစ်ကြောင်း ပြောသည်။ မျက်နှာဖုံးစွက်ထားသူများသည် လူငယ်များဟု ယူဆရပြီး အသက် ၂၅ ကျော်ကနေ ၃၅ နှစ်ကြား ခန့်မှန်း နိုင်ကာ လူ သုံးဦးကနေ ၅ ဦးအထိ အုပ်စုဖွဲ့ ရှိနိုင်ကြောင်း ဓါးမြတိုက်ခံရမှုတွင် ပါဝင်သူတစ်ဦး၏ မိသားစုဝင်တစ်ဦးက ပြောပြသည်။ မြောက်ဦးမြို့ခံ လူငယ်တစ်ဦးက “ဟုတ်တယ်ဗျ၊