ထိုင်း-မြန်မာနယ်စပ်မှာ တရုတ်ခရီးသွား ၅ ဦး လူကုန်ကူးခံရ
ထိုင်း-မြန်မာနယ်စပ် မဲဆောက်ဒေသမှာ တရုတ်ခရီးသွား ၅ ဦး လူကုန်ကူးခံရ၍ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ထိုင်းရဲတပ်ဖွဲ့မှ ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။ တရုတ်ခရီးသွား ၅ ဦးမှာ တရားဝင် ပါ့စ်ပို့နှင့် ဗီဇာများရှိနေပြီး ထိုင်းနိုင်ငံ ပတ္တရာကမ်းခြေကို သွားရန် စီစဉ်ခဲ့သော်လည်း မဲဆောက်နယ်စပ်သို့ လူကုန်ကူးခံရကြောင်း ထိုင်းရဲတပ်ဖွဲ့က ပြောသည်။ ၎င်းတို့ ၅ ဦးနှင့် လူကုန်ကူးသူများကို တက်ခ်-မဲဆောက် လမ်းပေါ်ရှိ Haui Hin လုံခြုံရေးဂိတ်တွင် ဖမ်းဆီးနိုင်ခဲ့ကြောင်းနှင့် တရုတ်ခရီးသွားများမှာ လမ်းကြောင်းပြောင်းသွားသည်ကို သိလိုက်သောအခါ တုန်လှုပ်ခြောက်ခြားသွားကြောင်း တရုတ်စကားပြန်ထံမှ သိရသည်။ “တရုတ်လူမျိုး ၅ ဦးဟာ ပတ္တရားကမ်းခြေကို ခရီးသွားဖို့ စီစဉ်ခဲ့တာ ဖြစ်ပေမယ့် မြန်မာနိုင်ငံ