Fortify Rights ဖော်ထုတ်သည့် စစ်သုံ့ပန်းများ ကွပ်မျက်ခံရမှူ အာရက္ခတပ်တော် AA ဝန်ခံ
(စစ်သုံ့ပန်းများအပေါ် ကျူးလွန်ခဲ့သည့် တပ်မှူးနှင့်ပါဝင်ပတ်သက်သူများကို အရေးယူထားပြီဟုဆို) အာရက္ခတပ်တော် AA အနေဖြင့် ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကို လည်လှီးသတ်ဖြတ် ကွပ်မျက်ခဲ့သည်ဟု လူ့အခွင့်အရေးဆိုင်ရာ စုံစမ်းရေးအဖွဲ့ Fortify Rights မှ ဇန်နဝါရီလ ၂၃ ရက်တွင် ဖော်ထုတ်ထားသည်။ AA တပ်ဖွဲ့ဝင်အချို့က စစ်သုံ့ပန်း နှစ်ဦးကို မြေကျင်းတစ်ခုရှေ့တွင် လည်လှီးသတ်ဖြတ်ခြင်း၊ ခုတ်ထစ်ခြင်းပြုလုပ်သည့် ဗီဒီယိုဖိုင်အား လက်ခံရရှိထားသည်ဟု Fortify Rights က ဆိုသည်။ “အရပ်သားတွေ သို့မဟုတ် ဖမ်းဆီးထားသော ရန်သူ့တပ်သားတွေကို ညှဉ်းပန်းနှိပ်စက်ပြီး တရား လက်လွတ်ကွပ်မျက်တာ စစ်ရာဇဝတ်မှုမြောက်ပါတယ်။ ဖမ်းဆီးရမိသော ရန်သူ့တပ်သားများကို စစ်သုံ့ပန်းများအဖြစ် ဂုဏ်သိက္ခာရှိရှိ ဆက်ဆံသင့်ပြီး ဂျီနီဗာကွန်ဗင်းရှင်းရဲ့ ကာကွယ်စောင့်ရှောက်မှု တွေပေးကာ စစ်ရာဇဝတ်မှုတွေ