စစ်ကောင်စီက ကျောက်ဖြူကို ဗုံးကြဲပြီး ပုဏ္ဏားကျွန်းကို အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီက ကျောက်ဖြူကို ဗုံးကြဲပြီး ပုဏ္ဏားကျွန်းကို အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်

မတ် ၂၈ - ၂၀၂၅
0

(ပုဏ္ဏားကျွန်း ဆေးရုံနှင့် ကျောက်ဖြူက နေအိမ်များ ထိခိုက်ပျက်စီး) ရခိုင်ပြည် ကျောက်ဖြူမြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့ ဆေးရုံကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲခြင်း၊ အတွဲလိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ဆေးရုံနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးသွားကြောင်း သိရသည်။ ယမန်နေ့ မတ်လ ၂၇ ရက်နေ့ ညနေပိုင်းတွင် ကျောက်ဖြူမြို့နယ် ဂုံးချွိန်တိုက်နယ် ကုလာဘာကျေးရွာကို စစ်ကောင်စီက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနေအိမ်အချို့ မီးလောင်ပျက်စီးသွားသည်။ ယနေ့ မတ်လ ၂၈ ရက် နံနက် ၉ နာရီခန့်ကလည်း ကျောက်ဖြူမြို့နယ် ပြင်ရှည်ကျေးရွာအနီးတစ်ဝိုက်ကို ဂျက်ဖိုက်တာတစ်စီးဖြင့် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အရပ်သားပြည်သူများ ထိခိုက်မှုရှိမရှိကို Western News က ဆက်လက် စုံစမ်းနေဆဲဖြစ်သည်။

Continue Reading
ပုဏ္ဏားကျွန်းက ဗုံးကြဲခံရ လူနာ ၁၄ ဦးထဲက ၂ဦး ထပ်မံ သေဆုံး
စစ်ရေး သတင်း
1 min read
0

ပုဏ္ဏားကျွန်းက ဗုံးကြဲခံရ လူနာ ၁၄ ဦးထဲက ၂ဦး ထပ်မံ သေဆုံး

မတ် ၂၇ - ၂၀၂၅
0

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာကို စစ်ကောင်စီက မတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ပြင်းထန်ဒဏ်ရာ ၁၄ ဦးထဲတွင် အသက်န္တရာယ်စိုးရိမ်ရသည့် လူနာ ၅ ဦးထက်မနည်း ပါဝင်ပြီး ယင်းအထဲက ၂ ဦးမှာ ဆေးကုသမှုခံယူနေစဉ်အတွင်း ယမန်နေ့ မတ်လ ၂၆ ရက်နေ့က သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ အောင်ဖြူပြင်ကျေးရွာ ဗုံးကြဲခံရမှုဖြစ်ဉ်အတွင်း သေဆုံးသူ ၅ ဦးအထိရှိလာနေပြီး ဆက်လက် ဆေးကုသမှု ခံယူနေရသော ကျန်ရှိလူနာများထဲတွင်လည်း ဒဏ်ရာပြင်းထန်မှုကြောင့် အသက်န္တရာယ်စိုးရိမ်သူများလည်း ရှိနေသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အောင်ဖြူပြင်က

Continue Reading
ဥသျှစ်ပင်မြို့အနီး စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ
စစ်ရေး သတင်း
1 min read
0

ဥသျှစ်ပင်မြို့အနီး စစ်ကောင်စီနှင့် AA တိုက်ပွဲပြင်းထန်နေ

မတ် ၂၁ - ၂၀၂၅
0

ပဲခူးတိုင်းဒေသ ဥသျှစ်ပင်မြို့အနီးမှာ အာရက္ခတပ်တော် AA ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန် ဖြစ်ပွားနေကြောင်း သိရသည်။ ပန်းတောင်းမြို့နယ် ညောင်ကျိုးတပ်စခန်းအား AA က တိုက်ခိုက်ပြီးနောက် ဥသျှစ်ပင်မြို့အနီးသို့ ရောက်ရှိလာခြင်းဖြစ်ပြီး တိုက်ပွဲမှာ ပြင်းထန်နေဆဲဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ဥသျှစ်ပင် ဒေသခံတစ်ဦးက “ဒီမနက်ဆိုရင်လည်း ဥသျှစ်ပင်မြို့ပေါ်မှာ လက်နက်ကြီးသံတွေ ကြားနေရတယ်။ အခု တိုက်ပွဲဖြစ်နေတာက ညောင်ကျိုးနဲ့ ညောင်ခြေထောက်အကြားမှာ ဖြစ်နေတာ။ ဥသျှစ်ပင်မြို့ပေါ်ကနေလည်း လက်နက်ကြီးတွေ တောက်လျှောက်ပစ်ကူ ပေးနေတယ်။ ညောင်ခြေထောက်ဆိုတာက ဥသျှစ်ပင်နဲ့ ကပ်လျက်ဆိုတော့ တိုက်ပွဲတွေက တဖြည်းဖြည်းကို အရမ်းနီးလာနေပြီ” ဟု ပြောသည်။ ဥသျှစ်ပင်မြို့အနီး ညောင်ခြေထောက်က စစ်ကောင်စီတပ်စခန်းများကို အာရက္ခတပ်တော် AA ပူးပေါင်းတပ်က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး

Continue Reading
ကျောက်ဖြူတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

ကျောက်ဖြူတိုက်ပွဲ ပြင်းထန်၊ စစ်ကောင်စီက လေကြောင်း ဗုံးကြဲတိုက်ခိုက်

ဖေ‌ဖော်ဝါရီ ၂၈ - ၂၀၂၅
0

တရုတ်စီမံကိန်းများရှိသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်က စစ်ကောင်စီ၏ ဓညဝတီရေတပ်အနီး အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲ ပြင်းထန်နေဆဲ ဖြစ်ကြောင်း ဒေသခံများ ပြောဆိုချက် အရ သိရသည်။ ဓညဝတီရေတပ်စခန်းအနီးက စစ်ကောင်စီ၏ ကာကင်းစခန်းများကို အာရက္ခတပ်တော် AA က ထိုးစစ်ဆင် တိုက်ခိုက်နေသလို ဓညဝတီရေတပ်ကိုလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေသည်။ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများဖြင့် ခုခံနေပြီး သစ်ပုတ်တောင်ကျေးရွာ အနီးတစ်ဝိုက်နှင့် ကြတ္တိန်၊ စည်မော် ကျေးရွာဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ ဒေသခံတစ်ဦးက “မနေ့က တနေ့လုံးနီးပါး သစ်ပုတ်တောင်နဲ့ ရေတပ်မနီးက ရွာတွေကို လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ပါတယ်။ ဒေသခံပြည်သူတွေက ဘေလွတ်ရာကို ရွှေ့ပြောင်းနေနေကြပါတယ်။ အထိအခိုက် သေဆုံးမှုရှိလားမရှိဘူးလား

Continue Reading
စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် ရခိုင်မှာ ၂လအတွင်း ၉၈ ဦးသေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ လေကြောင်း ဗုံးကြဲမှုကြောင့် ရခိုင်မှာ ၂လအတွင်း ၉၈ ဦးသေဆုံးပြီး ၁၁၇ ဦး ဒဏ်ရာရ

ဖေ‌ဖော်ဝါရီ ၂၁ - ၂၀၂၅
0

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၂၅ ဖေဖော်ဝါရီလ ၂၁ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်မှာ နှစ်လအတွင်း စစ်သုံ့ပန်းများအပါအဝင် အရပ်သား စုစုပေါင်း ၉၈ ဦးအထိ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၁၁၇ ဦးထက်မနည်းရှိသည်။ စစ်ကောင်စီ လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇန်နဝါရီလတွင် ရခိုင်ပြည်အတွင်း အရပ်သားပြည်သူ ၉၂ ဦးသေဆုံးခဲ့ရပြီး ၉၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို ဖေဖော်ဝါရီလတွင် အရပ်သား ၆ ဦးသေဆုံးခဲ့ကြောင်းနှင့် ၂၁ ဦး ထိခိုက်ဒဏ်ရာရရှိသွားသည်။ အဆိုပါ စာရင်းသည် Western News ၏ မှတ်တမ်းစုစည်းချက်ဖြစ်ပြီး မြို့နယ်အတွင်းက ဒဏ်ရာ ရရှိသူများ စာရင်းသာ

Continue Reading
ပေါက်တောမြို့ပေါ်နှင့် ကျေးရွာ ၁၂ ရွာကို စစ်ကောင်စီ ဗုံးအလုံး ၅၀ ဖြင့် ကြဲ၍ အရပ်သား ဒဏ်ရာရသူနှင့် သေဆုံးသူ ၂၁ ဦးရှိ
စစ်ရေး သတင်း
1 min read
0

ပေါက်တောမြို့ပေါ်နှင့် ကျေးရွာ ၁၂ ရွာကို စစ်ကောင်စီ ဗုံးအလုံး ၅၀ ဖြင့် ကြဲ၍ အရပ်သား ဒဏ်ရာရသူနှင့် သေဆုံးသူ ၂၁ ဦးရှိ

ဖေ‌ဖော်ဝါရီ ၂၁ - ၂၀၂၅
0

ရခိုင်ပြည် ပေါက်တောမြို့ပေါ်နှင့် ကျေးရွာ ၁၂ ရွာကို စစ်ကောင်စီက ဖေဖော်ဝါရီလ ၂၀ ရက် နေ့လယ်ပိုင်းတွင် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့၍ အရပ်သား ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ စုစုပေါင်း ၂၁ ဦး ရှိကြောင်း သိရသည်။ ထိခိုက်ဒဏ်ရာရသူနှင့် သေဆုံးသူ ၂၁ ဦးထဲတွင် သေဆုံးသူ ၄ ဦးနှင့် ဒဏ်ရာရရှိသူ ၁၇ ဦးတို့ဖြစ်ပြီး သေဆုံးသူများထဲတွင် ကလေးနှစ်ဦး ပါဝင်ကြောင်းလည်း သိရသည်။ ကျောက်တောင်၊ ငပြီကျွန်း၊ ဆင်တက်မော် ဘော်ဒလီ၊ တောင်ချောင်၊ ဆင်တက်မော် တောတန်း၊ ဆင်တက်မော် မွတ်ဆလင်ရွာ၊ မညင်းကိုင်း၊ အနောက်ရဲရွာ၊ ဆံတော်ရှင်ကျွန်း၊ သဲခုံ၊ ပိန္နဲချောင်း၊ တောင်ဦးမော်ကျေးရွာနှင့် ပေါက်တောမြို့ပေါ်

Continue Reading
AA တိုက်ခိုက်မှုကြောင့် ဒဏ်ရာရပြီး စစ်တွေဆေးရုံတွင် ကုသနေသော စစ်ကောင်စီတပ်သား ၃၈ ဦးထဲက ၃ ဦး သေဆုံးသွား
စစ်ရေး သတင်း
1 min read
0

AA တိုက်ခိုက်မှုကြောင့် ဒဏ်ရာရပြီး စစ်တွေဆေးရုံတွင် ကုသနေသော စစ်ကောင်စီတပ်သား ၃၈ ဦးထဲက ၃ ဦး သေဆုံးသွား

ဖေ‌ဖော်ဝါရီ ၂၀ - ၂၀၂၅
0

အာရက္ခတပ်တော် AA ၏ လက်နက်ကြီးပစ်ခတ် တိုက်ခိုက်မှုကြောင့် ဒဏ်ရာပြင်းထန်စွာ ရရှိသွားသော စစ်ကောင်စီတပ်သား ၃၈ ဦးမှာ စစ်တွေပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေစဉ် ယနေ့ ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းက ၃ ဦး သေဆုံးသွားကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ ညက အာရက္ခတပ်တော် AA သည် ပါဒလိပ်၊ အမြင့်ကျွန်းနှင့် ရေချမ်းပြင်က စစ်ကောင်စီ တပ်စခန်းများကို အတွဲလိုက်ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်သားများ ဒဏ်ရာ ရရှိခဲ့ခြင်း ဖြစ်သည်။ ထိုတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား ဒါဇင်နှင့်ချီ ဒဏ်ရာရရှိသွားပြီး စစ်တွေမြို့အဝင်ရှိ စစ်ဆေးရုံ ကုတင် ၁၀၀ တွင် ဆေးကုသမှုခံယူနေစဉ်

Continue Reading
ဆွေးနွေးညှိနှိုင်းမှုအပြီး TNLA ထိန်းချုပ် နောင်ချိုမြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

ဆွေးနွေးညှိနှိုင်းမှုအပြီး TNLA ထိန်းချုပ် နောင်ချိုမြို့ကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်

ဖေ‌ဖော်ဝါရီ ၂၀ - ၂၀၂၅
0

(အရပ်သား ၃ ဦးသေဆုံးသွားပြီး ၄ ဦး ထိခိုက်ဒဏ်ရာပြင်းထန်) စစ်ကောင်စီနှင့် ရှမ်းမြောက် တအောင်းတပ် TNLA တို့ တရုတ်နိုင်ငံမှာ တွေ့ဆုံဆွေးနွေးပွဲ မအောင်မြင်ပြီးနောက် စစ်တပ်က နောင်ချိုမြို့ကို လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ရာမှာ အရပ်သား ၃ ဦးသေဆုံးပြီး ၄ ဦးအထိ ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၁၉ ရက် ည‌ ၈ နာရီကျော်အချိန်တွင် စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံးသူများမှာ နောင်ချိုမြို့ ဘူတာရပ်ကွက်က အရပ်သားပြည်သူများ ဖြစ်ကြောင်း သိရသည်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့တွင် ဖေဖော်ဝါရီလ ၁၆ ရက်ကနေ ၁၇ ရက်နေ့အထိ တွေ့ဆုံတွေးနွေး

Continue Reading
AA က စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ အပါအဝင် မိသားစုဝင် ၁၉၈ ဦးကို ထပ်မံလွှတ်ပေး
စစ်ရေး သတင်း
1 min read
0

AA က စစ်သုံ့ပန်း ဒုတိယ ရဲမှူးကြီး ၁ အပါအဝင် မိသားစုဝင် ၁၉၈ ဦးကို ထပ်မံလွှတ်ပေး

ဖေ‌ဖော်ဝါရီ ၁၈ - ၂၀၂၅
0

လွှတ်ပေးလို့ရသည့် စစ်သုံ့ပန်း မိသားစုဝင်များထဲက ၁၉၈ ဦးကို အာရက္ခတပ်တော် AA က ယခုရက်ပိုင်းအတွင်းမှာ ထပ်မံလွှတ်ပေးလိုက်ကြောင်း သိရသည်။ ပြန်လွှတ်ပေးခဲ့သည့် စစ်သုံ့ပန်းမိသားစုဝင် ၁၉၈ ထဲတွင် စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးထားသော ဒုတိယ ရဲမှူးကြီး ၁ ဦးလည်း ပါဝင်ကြောင်း AA က တာဝန်ရှိသူများက ပြောသည်။ စစ်သုံ့ပန်း မိသားစုဝင် အမျိုးသား ၅၁ ဦးနှင့် အမျိုးသမီး ၁၄၇ ဦးကို AA က လွှတ်ပေးခဲ့ခြင်းဖြစ်သည်။ အာရက္ခတပ်တော် AA က ပြီးခဲ့သည့် ဖေဖော်ဝါရီလ ပထမပတ်အတွင်းမှာလည်း စစ်သုံ့ပန်းမိသားစုဝင် ၁၁၆ ဦးနှင့် အရပ်သားအကျဉ်းသား ၂၆ ဦးကိုလည်း လွှတ်ပေးခဲ့သည်။

Continue Reading
ဗန်းမော်မြို့နယ်ကို လေကြောင်း ကနေ ဗုံးကြဲမှုကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

ဗန်းမော်မြို့နယ်ကို လေကြောင်း ကနေ ဗုံးကြဲမှုကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရ

ဖေ‌ဖော်ဝါရီ ၁၅ - ၂၀၂၅
0

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်းရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၆ မိနစ်ခန့်တွင် ဗန်းမော်မြို့နယ်၊ စင်းခန်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ ဗုံးသီး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ဂျက်ဖိုက်တာ ၁ စီးနဲ့ ပေါင် ၂၀၀ ဗုံး ၃ လုံးကြဲချ တိုက်ခိုက်သွားတာ ပြည်သူ အသက် ၄၀ အရွယ်

Continue Reading