တောင်ကိုရီးယားတွင် လေယာဉ် ပေါက်ကွဲမှုဖြစ်စဉ်တွင် ခရီးသည် ၁၇၃ ဦးသေဆုံး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မှ တောင်ကိုရီးယားသို့ ပျံသန်းလာသော ဂျေဂျူး (Jeju) လေကြောင်းလိုင်း၏ လေယာဉ်တစီးပေါက်ကွဲမှုမှာ ခရီးသည် ၁၇၃ ဦး သေဆုံးခဲ့ကြောင်း နောက်ဆုံးရ ကိုရီးယား သတင်းများက ဖော်ပြကြသည်။ ဘန်ကောက်မှ တောင်ကိုရီးရားနိုင်ငံ၊ မွမ်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပျံသန်းလာသော Jeju လေကြောင်းလိုင်း၏ ခရီးသည်တင်လေယာဉ်တစီးမှာ ဒီဇင်ဘာ ၂၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် လေယာဉ်ပြေးလမ်းခြံစည်းရိုးနှင့်တိုက်မိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။ Jeju လေကြောင်းလိုင်း၏ Boeing 737-800 လေယာဉ်၊ လေယာဉ်အမှတ် 7C2216 သည် တောင်ကိုရီးယားနိုင်ငံ၊ Muan အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်ဘီးများ ချမရဘဲ ဆင်းသက်လာစဉ် ပြေးလမ်းအဆုံး ခြံစည်းရိုးနံရံနှင့် တိုက်မိခဲ့ခြင်း ဖြစ်သည်။
ဘန်ကောက်မှ တောင်ကိုရီးယားသို့ ပျံသန်းလာသော လေယာဉ် ပေါက်ကွဲမှုဖြစ်ပြီး ခရီးသည် အနည်းဆုံး ၂၈ ဦးသေဆုံး
ထိုင်းနိုင်ငံ၊ ဘန်ကောက်မှ တောင်ကိုရီးယားသို့ ပျံသန်းလာသော Jeju လေ ကြောင်းလိုင်းမှ ပြေးလမ်းခြံစည်းရိုးနှင့် တိုက်ကာ ပေါက်ကွဲမှုကြောင့် ခရီးသည် အနည်းဆုံး ၂၈ ဦးသေဆုံးခဲ့ကြောင်း ကနဦး သတင်းအရ သိရသည်။ ဒီဇင်ဘာ ၂၉ ရက်နေ့ ယနေ့ နံနက်ပိုင်း Jeju လေကြောင်းလိုင်း၏ Boeing 737-800 လေယာဉ်၊ လေယာဉ်အမှတ် 7C2216 သည် တောင်ကိုရီးယားနိုင်ငံ၊ Muan အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေယာဉ်ဘီးများ ချမရဘဲ ဆင်းသက်လာစဉ် ပြေးလမ်းအဆုံး ခြံစည်းရိုးနံရံနှင့် တိုက်မိခဲ့သည်။ လေယာဉ်မှာ ပေါက်ကွဲ မီးလောင်ခဲ့ပြီး လတ်တလော ခရီးသည် ၂၈ ဦးသေဆုံးပြီး ၂ ဦး အသက်ရှင်လျက်