သင်္ကြန်ကာလအတွင်း စစ်ကောင်စီ လေကြောင်းနှင့် လက်နက်ကြီး အန္တရာယ် သတိထားရန် လိုအပ်
သင်္ကြန်ကာလအတွင်း စစ်ကောင်စီ၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုများ လုပ်လာနိုင်ရန်၍ အထူး သတိထားရန် လိုအပ်နေကြောင်း လေကြောင်း အန္တရာယ် စောင့်ကြည့်သူများက ပြောသည်။ အာရက္ခတပ်တော် AA သိမ်းပိုက်ထားသော မြို့နယ်များတွင် အချိန် မရွေး၊ နေရာမရွေး လေကြောင်းနှင့် လက်နက်ကြီးများဖြင့် အကြောင်မဲ့ ပစ်ခတ်လာနိုင်ကြောင်း စောင့်ကြည့် ဒေသခံများက ပြောသည်။ စစ်ကောင်စီ လက်ရှိ ထိန်းချုပ်ထားသော စစ်တွေ၊ ကျောက်ဖြူ မာန်အောင်မြို့နယ်များက စစ်ကောင်စီ၏ တပ်စခန်းများနှင့် လေကြောင်းတို့က ပစ်ခတ်လာနိုင်ကြောင်း လေကြောင်း အန္တရာယ် စောင့်ကြည့်နေသူတစ်ဦးက ကပြောသည်။ “ပုံမှန် ရက်တွေတောင် လေကြောင်း တိုက်ခိုက်မှု ဗုံးကြဲမှုတွေက လုပ်နေတာ။ ဒီလို အခါကြီး ရက်ကြီး