စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့တွင် သင်္ကြန်ကျင်းပနိုင်ရန် စစ်ကောင်စီ စတင် ဆွေးနွေးနေ
ရိုးရာယာဉ်ကျေးမှု သတင်း
1 min read
0

စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်တို့တွင် သင်္ကြန်ကျင်းပနိုင်ရန် စစ်ကောင်စီ စတင် ဆွေးနွေးနေ

မတ် ၂၀ - ၂၀၂၅
0

အာဏာသိမ်း စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သည့် ရခိုင်မြို့နယ်များတွင် ၂၀၂၅ သင်္ကြန်ပွဲတော်ကို ကျင်းပနိုင်ရန် ပြည်နယ် စစ်ကောင်စီအဖွဲ့သည် ညှိနှိုင်းဆွေးနွေးမှုများ စတင်နေပြီဟု ရခိုင်ပြောခွင့်ရ ဦးလှသိန်းက ပြောဆိုထားသည်။ ယခုနှစ် စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင် မှာ သင်္ကြန်ကျမည်လား ခေါင်းစဉ်ဖြင့် ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ယမန်နေ့ မတ်လ ၁၉ ရက်တွင် လူမှုကွန်ရက်စာမျက်နှာက တစ်ဆင့် ထုတ်ဖော် ပြောဆိုထားသည်။ “ဒီနှစ် စစ်တွေမှာ သင်္ကြန်ကျမှာလား။ ရိုးရာသင်္ကြန် ဒြပ်မဲ့ကမ္ဘာအသိအမှတ်ပြု ရခိုင်တို့သင်္ကြန်၊ မြန်မာတို့သင်္ကြန်၊ တိုင်းရင်းသားတို့သင်္ကြန်၊ အရေးပါတဲ့ သင်္ကြန်ပွဲ စစ်တွေမှာနွှဲကြရအောင်၊ နံ့သာသွေးပွဲ၊ သက်ကြီးပူဇော်ပွဲတွေလဲ ပါဝင်ပါမယ်” ဟု ပြောဆိုထားသည်။ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း

Continue Reading