မှောင်ခိုသမားများကျက်စားသည့် ရခိုင်သစ်တော 
သတင်း
1 min read
458

မှောင်ခိုသမားများကျက်စားသည့် ရခိုင်သစ်တော 

January 14, 2024
1

Western News – မှ စုံစမ်းဖော်ထုတ် ရေးသားသည်။ Western News| ဇန်နဝါရီ ၁၄ ရိုးမတောင်ရိပ်ကို ခိုပြီး တောင်ယာလယ်လုပ် ဓားမခုတ်ဖြင့် အသက်မွေးသည့် ကျေးရွာသားများအတွက် ရခိုင်ရိုးမ တောကြီးက ရွှေသီး၊ ရွှေပင်ဟု အရင်က ဆိုကြသည်။ သို့သော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် ယင်းစကား မှာ ဆန့်ကျင်ဘက် ဖြစ်လာသည်။ ဂွမြို့နယ် ကျိန္တလီချောင်းကြောင်းဒေသရှိကျေးရွာသားများမှာ လက်ရှိကာလတွင် ရိုးမတောကို မှီခိုပြီး အလုပ်မရှိတော့ သလို အနာဂတ်အတွက် ရင်လေးစရာများက နေ့စဉ်ရှိလာနေတော့သည်။ “တောထဲမှာ သစ်ပင်ကြီးတွေ ရှားသွားပြီ။ ငါတို့က တပိုင်တနိုင် သစ်ခုတ်စားက ဒီလောက် မဆိုးဘူး။ အခုတော့ အဲလို မဟုတ်တော့ဘူးလေ” ဟု တောတောင်ကိုမှီခိုပြီး အသက်မွေးသူ ကျိန္တလီဒေသခံ (အမည်လွှဲ)

Continue Reading