ရခိုင်ပြည်အတွင်း မြို့နယ်အချို့ ဗုံးကြဲခံရမှုမှာ သတင်းပေးကြောင့်လား၊ သတင်းပေါက်ကြားမှုကြောင့်လား
ယခု ရက်ပိုင်းအတွင်း ရခိုင်ပြည်က ရမ်းဗြဲ၊ ကျောက်တော်၊ ပေါက်တော စသည့် မြို့နယ်အချို့ ဗုံးကြဲခံရမှုဖြစ်စဉ်များမှာ အာဏာသိမ်း စစ်ကောင်စီအား သတင်းပေးများရှိနေခြင်းကြောင့် ဖြစ်သည်ဟု စစ်ရေးစောင့်ကြည့်သူများက ပြောသည်။ ဇန်နဝါရီလ ၁၁ ရက် နံနက် ၉ နာရီက ကျောက်တော်မြို့ ဗုံးကြဲခံရမှုအတွင်း အာရက္ခတပ်တော် AA က အုပ်ချုပ်ရေးအဖွဲ့ဝင်အချို့ ဗုံးထိမှန်ပြီး သေဆုံးခဲ့သလို ဈေးရောင်းချနေသည့် ဒေသခံတချို့လည်း သေဆုံးခဲ့ကြောင်း သိရသည်။ အာရက္ခတပ်တော် AA က တရားဝင်ထုတ်ပြန်ခြင်းမရှိသော်လည်း မြေပြင်သတင်းများအရ ဗဟိုနိုင်ငံရေးမှူးအဖွဲ့ဝင် အကောက်အခွန်ဌာနက ဦးဝိုင်းမောင်နှင့် ၎င်း၏သားတို့ သေဆုံးသွားသည်ဟု သတင်းရင်းမြစ်က ပြောသည်။ ကျောက်တော်မြို့ခံတစ်ဦးက “ဗုံးထိလို့ ဗဟိုနိုင်ငံရေးမှူးအဖွဲ့ဝင် အကောက်အခွန်ဌာနက ဦးဝိုင်းမောင်နဲ့