မောင်တော မြို့သိမ်းတိုက်ပွဲမှ ဒုရဲမှူးအပါအဝင် ရဲ ၈ ဦး အလင်းဝင်၊ ၃၆ ဦးကို အရှင်ဖမ်းမိ
(သတင်းတို) ရခိုင်ပြည် မောင်တောမြို့နှင့် ဂွမြို့နယ်က ကျိန္တလီမြို့ကို သိမ်းပိုက်နိုင်ရန် အာရက္ခတပ်တော် AA က ကြိုးပမ်းလျှက်ရှိပြီး လက်ရှိတွင်လည်း တိုက်ပွဲက ပြင်းထန်လျှက်ရှိနေသည်။ မောင်တောမြို့သိမ်းတိုက်ပွဲမှ မြို့မဲရစခန်းမှ ရဲ ၈ ဦး လက်နက်ချအလင်းဝင်းပြီး စစ်ကောင်စီတပ်သား ၃၆ ဦးကို စစ်သုံ့ပန်းအဖြစ် အရှင်ဖမ်းမိခဲ့ကြောင်း AA က ဩဂုတ် ၂၄ ရက်တွင် ထုတ်ပြန်ထားသည်။ အလင်းဝင်သူများ၊ စစ်သုံ့ပန်းများနှင့်အတူ လက်နက်ခဲယမ်းအများအပြားကိုလည်း သိမ်းဆည်းရမိကြောင်း ထုတ်ပြန်သည်။ မောင်တောမြို့နှင့် ကျိန္တလီမြို့ကို သိမ်းပိုက်ရရှိရန် နီးကပ်နေပြီး စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးရတော့မည်ဟု AA ထုတ်ပြန်ချက်အရ သိရသည်။ မောင်တောမြို့နှင့် ကျိန္တလီမြို့ မကျရှုံးစေရေးအတွက် အာဏာသိမ်း စစ်ကောင်စီသည် ကြည်း၊
AA ကို စစ်ကောင်စီနှင့် အာဆာတို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း စစ်ကောင်စီ ဗိုလ်မှူး ဝန်ခံ
ဘူးသီးတောင်တွင် အရပ်သားများကို သတ်ဖြတ်ခဲ့ အာရက္ခတပ်တော် AA ကို စစ်ကောင်စီတပ်က ARSA (အာဆာ)နှင့် လက်တွဲပြီး ပူးပေါင်းတိုက်ခိုက်နေခဲ့ကြောင်း ဖမ်းဆီးခံထားရသည့် ဘူးသီးတောင်အခြေစိုက် စစ်ကောင်စီခြေမြန်တပ်ရင်း ခမရ ၃၅၃ရဲ့ တပ်ခွဲမှူးက ထုတ်ဖော် ပြောဆိုလိုက်သည်။ မကြာသေးခင်က AAထံ လက်နက်ချအဖမ်းခံခဲ့ရသည့် ခမရ ၃၅၃၏ တပ်ခွဲမှူး ဗိုလ်မှူးလှိုင်ဝင်းထွန်းက ဘူးသီးတောင်မြို့မှာ The Diplomat သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းရာမှာ ယင်းကဲ့သို့ ထုတ်ဖော် ပြောဆိုလိုက်ခြင်း ဖြစ်သည်။ ဗိုလ်မှူးလှိုင်ဝင်းထွန်းက ပြောဆိုချက်တွင် ဘူးသီးတောင်မြို့နယ်မှာ မွတ်ဆလင် ၇၅၀ဦးကို စစ်သင်တန်းပေးခဲ့ပြီး ARSAအဖွဲ့နှင့်လည်း စစ်ရေးအရ ပူးပေါင်းဖို့ စစ်ကောင်စီတပ်က ဆောင်ရွက်ခဲ့ကြောင်း ၎င်းက ဆိုသည်။ “ကျနော်တို့ အဲ့ဒီ
ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက ထောင်တွင်းရုံး ပြောင်းထုတ်
စစ်ကောင်စီ၏ ဖမ်းဆီးတရားစွဲဆိုမှုကို ခံထားရသည့် ရခိုင်ပြည် စစ်တွေမြို့နယ် ဗျိုင်းဖြူကျေးရွာသားများမှာ စစ်တွေမြို့နယ်တရားရုံး၌ အမှုရင်ဆိုင်နေရာကနေ စစ်တွေအကျဉ်းထောင်ရုံးသို့ ပြောင်းထုတ်လိုက်ကြောင်း ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။ ဖမ်းဆီးခံထားရသူများထဲမှ တစ်ဦး၏ မိသားစုဝင်က “ဒီအပါတ်ရုံးချိန်းမှာ ရုံးထုတ်တာ တရားရုံးမှာ မဟုတ်တော့ဘူး။ ထောင်မှာပဲ ရုံးထုတ်တယ်။ ရုံးချိန်းလာတဲ့သူတွေက ထောင်ဝမှာပဲ နေကြရတယ်။ နောက်ထပ်ရုံးချိန်နေ့ကိုတော့ အထဲတစ်ယောက်က ထွက်လာပြီးပြောခဲ့တယ်” ဟုပြောသည်။ ဗျိုင်းဖြူရွာသားများကို စစ်ကောင်စီက အကြမ်းဖက်ဖမ်းဆီးခဲ့ပြီးနောက် မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁) ဖြင့် တရားစွဲဆိုကာ ခံပြသက်သေများအား စစ်ဆေးနေကြောင်း သိရသည်။ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များမှာ အမှုနှင့်ပတ်သက်၍ တစ်စုံတစ်ရာ တိကျသေချာစွာ မသိရကြောင်း နောက်ထပ် မိသားစုဝင်အမျိုးသမီးတစ်ဦးက ပြောသည်။ “ကျမတို့ ဘာမှမသိပါဘူး။ သက်သေ
ဆင်းရဲချို့တဲ့စာရင်းဝင် ထိုင်းပြည်သူ ၁၄ သန်းခွဲကို ဘတ် ၁၀,၀၀၀ စီ ထောက်ပံ့မည်ဟု သက်ဆင်အတည်ပြု
ထိုင်းပြည်သူများထဲမှ ဆင်းရဲချို့တဲ့သော လူ ၁၄.၅ သန်းကို ရွေးကောက်ပွဲကတိအတိုင်း ဘတ် ၁၀,၀၀၀ (တစ်သောင်း) စီ ထောက်ပံ့ပေးသွားမည်ဟု ဩဂုတ်လ ၂၂ ရက်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှက်နာဝပ် က အတည်ပြုပြောကြားခဲ့သည်။ ယမန်နေ့ ညနေက Nation Group မှ စီစဉ်သော “Vision for Thailand” ဖိုရမ်တွင် မိန့်ခွန်းပြောကြားစဉ် သက်ဆင်က ထုတ်ဖော်ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်က ဖော်ပြသည်။ ၂၀၂၃ ခုနှစ် ထိုင်းအထွေထွေရွေးကောက်ပွဲတွင် ဖီယူထိုင်းပါတီက မဲဆန္ဒရှင်များကို ပေးထားခဲ့သည့် ကတိအတိုင်း ဆောင်ရွက်သည့်အနေဖြင့် ဆင်းရဲချို့တဲ့မှုစာရင်းဝင် ပြည်သူ ၁၃.၅ သန်းနှင့် မသန်စွမ်းပြည်သူ ၁ သန်းတို့ကို ဘတ်ငွေ
စစ်ခေါင်းဆောင် မင်းအောင်လှိုင် တောင်ငူမြို့ ရောက်ရှိနေ
(သတင်းတို) အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပဲခူးတိုင်းဒေသကြီး တောင်ငူမြို့ကို ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက်က ရောက်ရှိနေပြီး မြို့တွင်းလုံခြုံရေးများ အဆမတန် ချထားကြောင်း သတင်းရင်းမြစ်များက ပြောသည်။ မင်းအောင်လှိုင် ရောက်နေ၍ တောင်ငူမြို့တွင်းမြို့ပြင် Jammer များ ပတ်ပတ်လည်ချထားပြီး စစ်အင်အားကိုလည်း ရာနှင့်ချီတိုးချထားကြောင်း သတင်းရင်းမြစ်တစ်ဦးက ဆိုသည်။ ” မင်းအောင်လှိုင်က မနက် ၁၁ နာရီလောက်က တောင်ငူရောက်တယ်။ ဩဂုတ်လ ၂၀ ရက်နေ့က တောင်ငူလေတပ်ကို ရှော့တိုက်ဒုံးနဲ့ပစ်တယ်။ ဩဂုတ်လ ၂၂ ရက်နေ့မှာ စည်ပင်ရုံး၊ လျှပ်စစ်ရုံးနဲ့ ယာဉ်ထိန်းအိမ်ရာမှာ မိုင်းကွဲတယ်။ အဲဒါကြောင့် မအလလာတဲ့အချိန်မှာ တစ်မြို့လုံး လုံခြုံရေးတွေ
မျောက်ကျောက် ရောဂါနှင့် ပတ်သက်၍ တင်းကျပ်စစ်ဆေး
(သတင်းတို) ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO မှ Mpox (မျောက်ကျောက်) ရောဂါကို နိုင်ငံတကာပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေ (PHEIC) အဖြစ် ဩဂုတ်၁၄ ရက်တွင် သတ်မှတ်ကြေညာခဲ့သည်။ ထိုကြောင့် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက အခြားသော ဝန်ကြီးဌာနများဖြင့်ပူးပေါင်း၍ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ် (တံတားဦး)တို့ ပြည်ပနိုင်ငံများမှ ဝင်ရောက်လာသူများကို မျောက်ကျောက်ရောဂါ ရှိမရှိ တင်းကျပ်စွာ စစ်ဆေးနေသည်။ ကရင်ပြည်နယ် မြဝတီမြို့နယ်စပ်ဝင်ထွက်ဂိတ်၊ တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းမြို့ မွေတော်ကျွန်း လူဝင်/လူထွက် စစ်ဆေးရေးကင်းစခန်းနှင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ တံတားအမှတ် (၁) နယ်စပ်ဝင်ထွက်ဂိတ်တို့တွင်လည်းကောင်း Mpox (မျောက်ကျောက်) ရောဂါကာကွယ်ရေး ကိုယ်အပူချိန်တိုင်းတာခြင်း (Mass Thermal Screening) ကို ပြုလုပ်နေသည်။ ယင်းအပြင်
မွန်ပြည်နယ်မှာ သတင်းထောက်နှစ်ဦး သတင်းယူရင်း ပစ်သတ်ခံရပြီးသေဆုံး
မွန်ပြည်နယ် ကျိုက်ထိုမြို့မှာ ဩဂုတ်လ ၂၁ ရက်နေ့က သတင်းထောက်နှစ်ဦး သတင်းသွားယူရင်း မြန်မာစစ်တပ် (စစ်ကောင်စီ) ၏ ပစ်သတ်မှုကိုခံရပြီး နေရာ၌ သေဆုံးသွားကြောင်း The Nation Voice က ပြောသည်။ သေဆုံးသွားသူ သတင်းထောက်နှစ်ဦးမှာ The Nation Voice က သတင်းထောက် ကိုဝင်းထွဋ်ဦးနှင့် ကိုထက်မြတ်သူ (အလွတ်တန်းသတင်းထောက်) တို့ဖြစ်ပြီး စစ်ရေးသတင်းရင်းမြစ် တော်လှန်ရေးတပ်ဖွဲ့ဝင်များနှင့်တွေ့ဆုံနေစဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း The Nation Voice အယ်ဒီတာချုပ် ကိုနေအောင်က ပြောသည်။ ” မနက်ပိုင်း ၉ နာရီလောက်မှာ သတင်းထောက် ကိုထက်မြတ်သူရဲ့ နေအိမ်မှာ ကျနော်တို့ Nation Voice က သတင်းထောက်
တောင်ကုတ်တက္ကသိုလ်မှာ အမြောက်တပ်စွဲပြီး AA အား ခုခံရန် စစ်ကောင်စီ ပြင်ဆင်ထား
ရခိုင်ပြည် တောင်ကုတ်မြို့မှာရှိသည့် တောင်ကုတ်တက္ကသိုလ်မှာ အာဏာသိမ်း စစ်ကောင်စီက အမြောက်အထိုင်ချ တပ်စွဲထားပြီး အာရက္ခတပ်တော် AA အား ခုခံတိုက်ခိုက်ရန် ပြင်ဆင်ထားကြောင်း ခိုင်မာသည့် သတင်းရင်းမြစ်များက ပြောသည်။ ဇွန်လ နောက်ဆုံးအပတ်က တောင်ကုတ်တက္ကသိုလ်ထဲ ဝင်ရောက်လာသည့် စစ်ကောင်စီတပ်သား အင်အား ၃၀ ကျော်ခန့်မှာ လက်ရှိတွင် အင်အား ၁၀၀ ကျော်အထိ တိုးမြှင့်ကာ အမြောက်များဖြင့် အခိုင်အမာအထိုင်ချ တပ်စွဲလိုက်ပြီဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။” စစ်ကောင်စီဟာ တောင်ကုတ်တက္ကသိုလ်ထဲမှာ အမြောက် ၃ ခုထက်မနည်း အထိုင်ချတပ်စွဲထားတယ်။ တက္ကသိုလ်က မြို့အဝင်မှာဆိုတော့ စစ်ကောင်စီအတွက် ခုခံတိုက်ခိုက်ဖို့ အကောင်းဆုံး နေရာပဲလေ။ တက္ကသိုလ်နဲ့ သိပ်မဝေးတဲ့ မောင်းတံဂိတ်မှာလည်း ဗန်ကာတွေ အများကြီးတူးထားတယ်။
မျောက်ကျောက်ရောဂါရှိသူနှင့် ထိတွေ့ခဲ့သူများကို ထိုင်းက စုံစမ်းစစ်ဆေးရေးဖွဲ့ပြီး ရှာဖွေနေ
ထိုင်းနိုင်ငံတွင် ယမန်နေ့ နံနက်က တွေ့ရှိခဲ့သည့် မျောက်ကျောက်ရောဂါရှိသူနှင့် အနီးကပ် ထိတွေ့ခဲ့သူများကို ရောဂါစုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ပြီး စုံစမ်းရှာဖွေကာ အနီးကပ်စောင့်ကြည့်နေကြောင်း ထိုင်းရောဂါကာကွယ်ထိန်းချုပ်ရေး DDC က ယနေ့ ဩဂုတ်လ ၂၂ ရက်တွင် ထုတ်ပြန်သည်။ အာဖရိကတိုက်ကနေလာသော ဥရောပနိုင်ငံသား အသက် ၆၆ နှစ်ရှိသူ အမျိုးသားတစ်ဦးထံ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသည်ကို တွေ့ရှိထားကြောင်း ဩဂုတ်လ ယမန်နေ့ ဩဂုတ်လ ၂၁ ရက်တွင် ထိုင်း DDC က တရားဝင်ထုတ်ပြန်ခဲ့သည်။ အဆိုပါ လူနာ ဥရောပနိုင်ငံသားနှင့် အနီးကပ် ထိတွေ့ခဲ့သူ ခရီးသည် ၄၃ ဦးရှိပြီး ၎င်းတို့ကို ထိုင်းကျန်းမာရေးဌာနက စုံစမ်းရှာဖွေပြီး အနီးကပ်စောင့်ကြည့်ကာ အခြေအနေများကို ချက်ချင်း