ပြည်သူ့ဆန့်ကျင်မှု အရှိန်ပြင်းထန်၍ စစ်အာဏာရှင် ချုပ်ငြိမ်းတော့မည်ဟု KNU ဥက္ကဌ ပြော
သတင်း
1 min read
73

ပြည်သူ့ဆန့်ကျင်မှု အရှိန်ပြင်းထန်၍ စစ်အာဏာရှင် ချုပ်ငြိမ်းတော့မည်ဟု KNU ဥက္ကဌ ပြော

ဩဂုတ် ၁၄ - ၂၀၂၄
0

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုကို ပြည်သူများ၏ ဆန့်ကျင်မှု အရှိန်အဟုန် ပြင်းထန်လွန်းသဖြင့် စစ်အုပ်စု မထိန်းနိုင်တော့ဘဲ စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းပျောက်ကွယ်တော့မည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောဆိုလိုက်သည်။ ၇၄ နှစ်မြောက် ကရင်အာဇာနည်နေ့သို့ ပေးပို့သော သဝဏ်လွှာတွင် KNU ဥက္ကဋ္ဌ က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်သည်။ ကရင့်တော်လှန်ရေးသမိုင်းတစ်လျှောက် ကြုံတွေ့နေရသည့် စိန်ခေါ်မှုမှာ လူမျိုးကြီးဝါဒနှင့် စစ်အာဏာရှင်စနစ်ဖြစ်ပြီး လက်ရှိအချိန်အထိလည်း မဟာဗမာလူမျိုးကြီးဝါဒကို စွဲကိုင်ထားသော ဗမာစစ်အာဏာရှင်ကို ရင်ဆိုင်နေရကြောင်း ဥက္ကဌက ဆိုသည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရယူပြီးနောက် ၁၉၆၂ ခုနှစ်မှ စတင်၍ ဗမာစစ်တပ်က တိုင်းပြည်အာဏာကိုလုယူပြီး နိုင်ငံကို စစ်အုပ်ချုပ်ရေး အသွင်သဏ္ဍန်အမျိုးမျိုးဖြင့် အဓမ္မအုပ်စိုးခဲ့သည်မှာ ယနေ့တိုင်ဖြစ်ကြောင်း

Continue Reading
စစ်တွေက မွတ်ဆလင် ၂၄ ဦးကို စစ်ကောင်စီဖမ်းဆီးသွား
စစ်ရေး သတင်း
1 min read
35

စစ်တွေက မွတ်ဆလင် ၂၄ ဦးကို စစ်ကောင်စီဖမ်းဆီးသွား

ဩဂုတ် ၁၄ - ၂၀၂၄
1

ရခိုင်ပြည် စစ်တွေမြို့နယ်မှာ မွတ်ဆလင် ၂၄ ဦးကို စစ်ကောင်စီ ဖမ်းဆီးသွားပြီး မိသားစုဝင်များဖြင့် အဆက်အသွယ်လုပ်ခွင့် ခွင့်မပြုပေးဟု ဖမ်းဆီးခံရသူများ၏ မိသားစုဝင်များက ပြောသည်။ မွတ်ဆလင် ၂၄ ဦးမှာ ဩဂုတ်လ ၉ ရက်မှ ၁၁ ရက်အတွင်း ဖမ်းဆီးခံရပြီး ကုန်တန်း၊ အောင်မင်္ဂလာ ရပ်ကွက် အသက် ၂၇ နှစ်အောက် လူငယ်များဖြစ်ကြောင်း စုံစမ်းသိရသည်။ ကုန်တန်းရပ်ကွက် အကွက် (၅) မှ မွတ်ဆလင် ၄ ဦး၊ အောင်မင်္ဂလာရပ်ကွက် အကွက် (၁၀) မှ မွတ်ဆလင် ၇ ဦး၊ စစ်တွေမြို့ထဲရှိ ဘူးသီးတောင် စစ်ဘေးရှောင် မွတ်ဆလင် ၁၃ ဦး

Continue Reading
မောင်တောမြို့အနီး ဒရုန်းပစ်ခတ်မှုကြောင့် အသက်ရှင်လွတ်မြောက်လာသူ ပြောဆိုချက် Interview
စစ်ရေး ရုပ်သံ သတင်း
1 min read
22

မောင်တောမြို့အနီး ဒရုန်းပစ်ခတ်မှုကြောင့် အသက်ရှင်လွတ်မြောက်လာသူ ပြောဆိုချက် Interview

ဩဂုတ် ၁၃ - ၂၀၂၄
0

” ကျနော်တို့က AA ကို မမုန်းပါဘူး။ မမုန်းဘူးပေါ့နော်။ ကျနော်တို့က AA ကို ထောက်ခံပါတယ်။ ရခိုင်ပြည်မှာ ကျနော်တို့ အတူတကွ နေကြရမှာပါ။ ဩဂုတ် ၅ ရက် ညနေက ဖြစ်စဉ်မှာ ဒရုန်းတွေက AA ဟာလားဆိုတော့ ဒရုန်းတွေမှာ AA လို့ စာတန်းမပါဘူးလေနော်။ AA ဒရုန်းတွေလို့ ပြောလို့မရဘူးလေနော်။ ” Western News| ဩဂုတ် ၁၃ (အင်တာဗျူး) ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့ ညနေ ၅ နာရီခန့်က မောင်တောမြို့အနီး နတ်မြစ်ကမ်း၌ ဒရုန်းပစ်ခတ်မှုကြောင့် ကလေးတွေအပါအဝင် မွတ်ဆလင် ရာနှင့်ချီ သေဆုံးသွားသည်ဟု

Continue Reading
ကျိန္တလီမြို့၏ စစ်ရေး နောက်ဆုံးအခြေအနေ
စစ်ရေး ရုပ်သံ သတင်း
1 min read
54

ကျိန္တလီမြို့၏ စစ်ရေး နောက်ဆုံးအခြေအနေ

ဩဂုတ် ၁၂ - ၂၀၂၄
0

(အင်တာဗျူး) ဩဂုတ်လ ၁၀ ရက်နေ့က စတင်ခဲ့သည့် ရခိုင်ပြည် ဂွမြို့နယ် ကျိန္တလီမြို့သိမ်းတိုက်ပွဲမှာ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့တွင် စစ်ကောင်စီနှင့် AA တိုက်ပွဲ ပြင်းထန်နေကြသည်။ ကျိန္တလီမြို့ နယ်မြေရဲစခန်းကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ယမန်နေ့ ဩဂုတ်လ ၁၁ ရက်နေ့ကစ၍ စစ်ကောင်စီသည် လေကြောင်းက ဗုံးကြဲခုခံတိုက်ခိုက်နေပြီး ယနေ့တွင် အကြိမ်ရေ ပြင်းပြင်းထန်ထန် ခုခံခဲ့ကြောင်း သိရသည်။ မြေပြင် AA တပ်ဖွဲ့ဝင်များ၏ ကြိုတင်သတိပေးချက်များနှင့် စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျိန္တလီမြို့ခံ အများစုမှာ ဘေးကင်းရာသို့ ထွက်ပြေးတိမ်းရှောင်သွားကြပြီး အနည်းစု ကျန်ရှိနေသေးသည်။ ကျိန္တလီမြို့၏ ယနေ့ ဩဂုတ်လ ၁၂ ရက်နေ့

Continue Reading
လားရှိုး အထင်ကရနေရာများတွင် အထူးဒေသအလံနှင့် MNDAA အလံများ လွှင့်တင်
စစ်ရေး ဓါတ်ပုံသတင်း သတင်း
1 min read
181

လားရှိုး အထင်ကရနေရာများတွင် အထူးဒေသအလံနှင့် MNDAA အလံများ လွှင့်တင်

ဩဂုတ် ၁၂ - ၂၀၂၄
0

ရှမ်းပြည်နယ်၊ လားရှိုးမြို့ တဝိုက်ရှိ အထင်ကရ နေရာများတွင် မဟာမိတ်တပ်ဖွဲ့ နိုင်ငံရေးဌာန လုပ်ငန်းအဖွဲ့မှ အထူးဒေသအလံနှင့် MNDAA တပ်မတော်အလံများ လွှင့်တင်ခဲ့ကြောင်း သိရသည်။ လားရှိုး လွတ်မြောက်ရေး လှုပ်ရှားမှု ပြီးဆုံးသည်နှင့် သြဂုတ်လ ၈ ရက်နေ့တွင် မဟာမိတ်တပ်ဖွဲ့ နိုင်ငံရေးဌာန အလုပ်အဖွဲ့သည် ပြည်ထောင်စု မြန်မာနိုင်ငံ အထူးဒေသ (၁) အလံနှင့် မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် အလံကို နောင်မွန်မှ လားရှိုးလမ်းတစ်လျှောက် ဟိုပိတ်ဒေသနှင့် ယူနိုင်ဒေသကဲ့သို့ အရေးကြီး အထင်ကရ နေရာများတွင် လွှင့်တင်ခဲ့သည်။ မှတ်တိုင် တစ်ခုစီတွင် လွှင့်တင်ထားသော အထူးဒေသအလံများနှင့် MNDAA တပ်မတော်အလံများသည် တော်လှန်ရေးစိတ်ဓာတ်နှင့် ယုံကြည်ချက်

Continue Reading
အိန္ဒိယ လောင်တလိုင်ရောက် ချင်းစစ်ဘေးရှောင်များ AA ကို ဆန္ဒပြနေ
နိုင်ငံရေး သတင်း
1 min read
215

အိန္ဒိယ လောင်တလိုင်ရောက် ချင်းစစ်ဘေးရှောင်များ AA ကို ဆန္ဒပြနေ

ဩဂုတ် ၁၂ - ၂၀၂၄
0

(ဓါတ်ပုံသတင်း) အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ် လောင်တလိုင်မြို့မှာ ရောက်ရှိနေသော ချင်းစစ်ဘေးရှောင်များ ဦးဆောင်၍ အာရက္ခတပ်တော် AA ချင်းပြည်က ထွက်ခွာပေးရန် ယနေ့ လမ်းလျှောက်ဆန္ဒပြနေကြကြောင်း သိရသည်။ လောင်တလိုင်ရှိ ချင်းစစ်ဘေးရှောင်များမှာ ချင်းလန်းကောင်စီ (ချင်းပြည်အစိုး) အဖွဲ့ကိုသာ ထောက်ခံပြီး ချင်းပြည်အတွင်း စစ်ရေးအကူအညီပေးနေသော အာရက္ခတပ်တော် AA ကို အလိုမရှိကြောင်းနှင့် ချင်းပြည်ထဲက ထွက်ခွာပေးရန် တောင်းဆိုနေကြခြင်းဖြစ်သည်။ သို့သော်လည်း လောင်တလိုင်မြို့ရှိ စစ်ဘေးရှောင်များထဲမှ မတူပီ၊ ထန်တလန်၊ ဟားခါး ဒေသက စစ်ရှောင်များသာပါဝင်ပြီး အခြားသော မြို့နယ်များက စစ်ရှောင်များပါဝင်ခြင်းမရှိကြောင်း သိရသည်။

Continue Reading
ကျောက်ဖြူ Posco ရုံးဝန်ထမ်းများကို ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီ ဖမ်းဆီးနေ
နိုင်ငံရေး သတင်း
1 min read
131

ကျောက်ဖြူ Posco ရုံးဝန်ထမ်းများကို ရန်ကုန်လေဆိပ်တွင် စစ်ကောင်စီ ဖမ်းဆီးနေ

ဩဂုတ် ၁၂ - ၂၀၂၄
0

ရခိုင်ပြည် ကျောက်ဖြူမြို့နယ် ရွှေသဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်တွင် ရေနံနှင့် သတဘာဝဓာတ်ငွေ့ တူးဖော်ခြင်းလုပ်နေသည့် Posco International E & P ကုမ္ပဏီရုံးတွင် လုပ်ကိုင်နေသည့် ဝန်ထမ်း ၄ ဦး အိမ်အပြန် ရန်ကုန်လေဆိပ်တွင် ယခု ရက်ပိုင်းအတွင်း ထပ်မံ ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံထားရသူများနှင့် နီးစပ်သူများက ပြောကြားသည်။ Posco International E&P မှ ဝန်ထမ်း ၃ ဦးကို ဇူလိုင်လအတွင်းကလည်း စစ်ကောင်စီတပ်က ရက္ခိုင့်တပ်တော် AA နှင့် ဆက်စပ်သည်ဟုဆိုကာ ဖမ်းဆီးသွားခဲ့ဖူးပြီး ထပ်မံ၍ ၄ ဦးကို ဖမ်းဆီးခြင်းဖြစ်ကြောင်း သိရသည်။ ဖမ်းဆီးခံရသူများနှင့် နီးစပ်သူတစ်ဦးက “ POSCO INTERNATIONAL

Continue Reading
မြောက်ဦးဟိုတယ်ရှေ့ ဗုံးကြဲခံရ၊ ၄ ဦးထက်မနည်းသေဆုံး
စစ်ရေး သတင်း
0 min read
164

မြောက်ဦးဟိုတယ်ရှေ့ ဗုံးကြဲခံရ၊ ၄ ဦးထက်မနည်းသေဆုံး

ဩဂုတ် ၁၂ - ၂၀၂၄
0

ရခိုင်ပြည် မြောက်ဦးမြို့ထဲ မြောက်ဦးဟိုတယ်ရှေ့ကို အာဏာသိမ်း စစ်ကောင်စီက ယနေ့ ဩဂုတ်လ ၁၀ ရက် နေ့လယ် ၁၂ နာရီခွဲကျော်အချိန်တွင် တိုက်လေယာဉ်ဖြင့် ဗုံးတစ်လုံးကြဲချခဲ့ကြောင်း မြို့ခံများက ပြောသည်။ စစ်ကောင်စီ ဗုံးကြောင့် ခရီးသွားလာနေသော တုတ်တုတ်ပေါ်ကျရောက်၍ ယာဉ်မောင်းအပါအဝင် ခရီးသည်စုစုပေါင်း ၄ ဦးထက်မနည်း သေဆုံးသွားကြောင်း မြို့ခံများထံမှ ကနဦး သတင်းရရှိသည်။ ” နေ့လယ် ၁၂ နာရီခွဲကျော်လောက်ကပါ။ ဗုံးလာကြဲတာ။ မြောက်ဦးဟိုတယ်ရှေ့နဲ့ နဝရတ်ဟိုတယ်ရှေ့ကို ကျပါတယ်။ လမ်းမှာ ခရီးသည်နဲ့ သွားနေတဲ့ တုတ်တုတ်ပေါ်ကို ထိတယ်လို့ ပြောတယ်။ ၄ ဦးလား၊ ၅ ဦးလား မသိဘူး။ ပွဲချင်းပြီး သေသွားတယ်။ တော်တော်လေး

Continue Reading
ဘရာဇီးနိုင်ငံမှာ လေယာဉ်ပျက်ကျ ခရီးသည်အပါအဝင် ၆၂ ဦးသေဆုံး
သတင်း
1 min read
97

ဘရာဇီးနိုင်ငံမှာ လေယာဉ်ပျက်ကျ ခရီးသည်အပါအဝင် ၆၂ ဦးသေဆုံး

ဩဂုတ် ၁၂ - ၂၀၂၄
0

ဘရာဇီးနိုင်ငံ ဆောလ်ပေါ်လိုမြို့အပြင်ဘက်တွင် ခရီးသည်တင်လေယာဉ်တစ်စီး ယမန်နေ့ ဩဂုတ်လ ၉ ရက် မွန်လွဲပိုင်းတွင် ပျက်ကျ၍ ခရီးသည် ၅၈ ဦးနှင့် လေယာဉ်ဝန်ထမ်း ၄ ဦး စုစုပေါင်း ၆၂ ဦး သေဆုံးသွားကြောင်း Voepass Linhas Aéreas လေကြောင်းလိုင်းက ထုတ်ပြန်ထားသည်။ ဒေသစံတော်ချိန် ၁ နာရီ ၂၂ မိနစ်တွင် ပျက်ကျသွားသည့် လေယာဉ်မှာ ATR 72-500 လေယာဉ်အမျိုးအစား ဖြစ်ပြီး Voepass Linhas Aéreas လေကြောင်းလိုင်းက ပိုင်ဆိုင်ကြောင်း သိရသည်။ ” ပျက်ကျမှုမှာ မည်သူမျှ အသက်ရှင် ကျန်ရစ်ခြင်းမရှိပေ။ မြေပြင်ကသူတွေလည်း ထိခိုက်သူ မရှိခဲ့ပေ။ ”

Continue Reading
သပိတ်ကျင်းက ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်
စစ်ရေး သတင်း
1 min read
125

သပိတ်ကျင်းက ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို TNLA ပူးပေါင်းတပ်ဖွဲ့ သိမ်းပိုက်

ဩဂုတ် ၁၂ - ၂၀၂၄
0

(သပိတ်ကျင်းမြို့ကို သိမ်းပိုက်ရန် သင်တန်းကျောင်း စစ်စခန်း ၂ ခုနှင့် လက်ရုံးတပ် ၁ ခုသာကျန်ရှိ) မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်ရှိ စစ်ကောင်စီ၏ ခလရ ၁၄၈ တပ်ရင်းနှင့် စစ်စခန်း ၅ ခုကို TNLA ၊ မိုးကုတ်ဗျူဟာနှင့် တော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း တော်လှန်ရေးသတင်းရင်းမြစ်များ၏ ထုတ်ပြန်ချက်နှင့် ပြောဆိုချက်များအရ သိရသည်။ ဩဂုတ်လ ၉ ရက်နေ့ ညနေ ၅ နာရီခန့်အချိန် TNLA နှင့် မိုးကုတ်ဗျူဟာ အပါအဝင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့ဝင်များက စစ်ကောင်စီ၏ အမှတ် ၁၄၈ ခြေလျင်တပ်ရင်းကို တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်ခဲယမ်းများလည်း သိမ်းဆည်းနိုင်ခဲ့ကြောင်း သိရသည်။ “ခလရ-၁၄၈ တပ်ရင်းကို

Continue Reading