တိုင်းရင်းသား လက်နက်ကိုင်များနှင့် PDF များ လက်နက်စွန့်ရန် စစ်ခေါင်းဆောင်ပြော
တိုင်းရင်းသား လက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF အနေဖြင့် လက်နက်ကိုင် လမ်းစဉ်စွန့်ပြီး ပါတီနိုင်ငံရေးလမ်းကြောင်းနှင့် ရွေးကောက်ပွဲလမ်းကြောင်း ရွေးရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် ပြောဆိုလိုက်သည်။ မတ်လ ၂၇ ရက်နေ့တွင် နေပြည်တော်မှာ ကျင်းပသော နှစ် ၈၀ ပြည့် တပ်မတော်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယင်းကဲ့သို့ ပြောဆိုလိုက်ခြင်း ဖြစ်သည်။ “လက်နက်ကိုင်လမ်းစဉ်နဲ့ အကြမ်းဖက်လမ်းစဉ်တွေကြောင့် နိုင်ငံတော်မှာဖြစ်ပေါ်ခဲ့ရတဲ့ ဆုံးရှုံးနစ်နာမှုတွေကိုထောက်ရှု့ပြီး ထာဝရငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို ပြည်သူတွေနဲ့အတူ ဖော်ဆောင်နိုင်ဖို့အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသားလက်နက် အဖွဲ့အစည်းတွေ အကြမ်းဖက်သောင်းကြမ်းတဲ့ အဖွဲ့အစည်းတွေ PDF တွေအနေနဲ့ လက်နက်ကိုင်အကြမ်းဖက်တိုက်ခိုက်တဲ့ လမ်းစဉ်ကို စွန့်လွတ်ပြီး
ALP က အရပ်သား ၃ဦးကို ဖမ်းဆီးထားပြီး ဗဟိုရုံးတွင် ချုပ်နှောင်ထား
ဒေါ်စောမြရာဇာလင်း ဦးဆောင်သော ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင်များက အရပ်သား ၃ဦးကို ရိုက်နှက် ဖမ်းဆီးကာ ချုပ်နှောင်ထားကြောင်း ဖမ်းဆီးခံ မိသားစုဝင်နှင့် နီးစပ်သူများက ပြောသည်။ မတ်လ ၂၅ ရက် ညနေ ၃နာရီခန့်မှာ ရခိုင်ပြည်၊ လွတ်မြောက်ရေးပါတီ ALP တပ်ဖွဲ့ဝင် အင်အား နှစ်ဆယ်ကျော်က ဆပ်ရိုးကျ ကယ်ဆယ်ရေးအကွက် ၂ ရပ်ကွက်ထဲကို ရောက်ရှိလာပြီး ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ စစ်တွေမြို့ ကယ်ဆယ်ရေးအကွက် ၂ နေထိုင်သူတစ်ဦးက ” သူတို့က ဆိုက္ကားမောင်းတဲ့ သာမာန် သူတွေပါ။ သတင်းပေးလို့ လာဖမ်းတာလားတော့ မသိဘူး။ ရိုက်နှက်ပြီးတော့ ဖမ်းဆီးသွားတာတော့ ရပ်ကွက်က လူတိုင်း မြင်လိုက်တယ်။
ကျောက်ဖြူပင်လယ်ပြင်မှာ ငါးဖမ်းနေသည့် ဒေသခံ ရေလုပ်သား ၉ ဦး ပိုင်နက် ကျူးကျော် ဟုဆိုကာ ဖမ်းဆီးခံရ
ရခိုင်ပြည် ကျောက်ဖြူမြို့ ပင်လယ်ပြင်မှာ ဒေသခံ ကျောက်ဖြူရေလုပ်သား ၉ ဦး ငါးဖမ်းနေစဉ် ရေပိုင်နက် ကျူးသည်ဟုဆိုကာ စစ်ကောင်စီရေတပ်က ဖမ်းဆီးသွားကြောင်း ဒေသခံများ၏ ပြောဆိုချက် အရ သိရသည်။ မတ်လ ၂၂ နေ့က ကျောက်ဖြူမြို့နယ်ဒေသခံ ၉ ဦးမှာ ဘုတ်တစ်စီးဖြင့် မြို့အနီး ပင်လယ်ပြင်မှာ ငါးရှာဖွေနေရင်း စစ်ကောင်စီတပ်၏ ဓညဝတီရေတပ်က ဖမ်းဆီးသွားခြင်းဖြစ်သည်။ “ကိုယ့်မြေ ကိုယ့်ရေပြင်မှာ ငါးဖမ်းတာကို ပိုက်နက်ကျူးကျော်တယ်ဆိုပြီး အဖမ်းခံရတယ်။ ကျောက်ဖြူဒေသခံတွေက ဒီပင်လယ်ပြင်မှာပဲ ငါးဖမ်းလာကြတာ။ လုပ်ကိုင်စားသောက်လာကြတာပါ။ ဖမ်းချင်လို့ကို အကြောင်းပြတာပါ” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ပြောသည်။ ဖမ်းဆီးခံရသူ ၉ ဦးမှာ ကျောက်ဖြူမြို့နယ် ချင်းမင်းပြင်ရွာက မောင်ကျော်လင်းအောင်နှင့် ကိုဇင်မင်းဌေး
စစ်တွေမှာ နှစ်ပတ်လည် အခမ်းအနား လုပ်ကြောင်း ALP ထုတ်ပြန်လာ (ဓါတ်ပုံသတင်း)
ရခိုင်ပြည်၊ စစ်တွေမြို့မှာ ပါတီနှစ်ပတ်လည်နေ့ အခမ်းအနား လုပ်ဆောင်ခဲ့ကြောင်း အာဏာသိမ်း စစ်ကောင်စီနှင့် ပူပေါင်းဆောင်ရွက်နေသော ဒေါ်စောမြရာဇာလင်း ဦးဆောင်သည့် ALP က ထုတ် ပြန်လာသည်။ ရခိုင်ပြည် လွတ်မြောက်ရေးနှင့် ALPR ကိုပြန်လည်ဖွဲ့စည်းကြောင်းကြေငြာသည့် ၃ နှစ်မြောက် အခမ်အနား ဒုတိမြင်ကွင်း ဆိုပြီး ယနေ့တွင် ပါတီခေါင်းဆောင် ဒေါ်စောမြရာဇာလင်း ဓါတ်ပုံ နှင့်တကွ ထုတ်ပြန် လာခဲ့သည်။ ၃ နှစ်မြောက် နှစ်ပတ်လည်နေ့ကို အစိုးရ NCA-S EAO၊ ပြည်နယ် တာဝန်ရှိသူများ နိုင်ငံရေးပါတီများ အားဖိတ်ကြား၍ လူ ၅၀၀ခန့်ဖြင့် အခမ်းအနားကျင်းပရန် စီစဉ်ခဲ့သော်လည်း စစ်ရေးအခြေ အနေကြောင့် ဖျက်သိမ်းခဲ့ရကြောင်း ဆိုသည်။ အခမ်းအနားကို နေရာ
ပုဏ္ဏားကျွန်းက ဗုံးကြဲခံရ လူနာ ၁၄ ဦးထဲက ၂ဦး ထပ်မံ သေဆုံး
ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာကို စစ်ကောင်စီက မတ်လ ၂၅ ရက်နေ့ ညနေပိုင်းတွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ၃ ဦးသေဆုံးခဲ့ပြီး ၁၄ ဦး ပြင်းထန်ဒဏ်ရာများ ရရှိခဲ့ကြသည်။ ပြင်းထန်ဒဏ်ရာ ၁၄ ဦးထဲတွင် အသက်န္တရာယ်စိုးရိမ်ရသည့် လူနာ ၅ ဦးထက်မနည်း ပါဝင်ပြီး ယင်းအထဲက ၂ ဦးမှာ ဆေးကုသမှုခံယူနေစဉ်အတွင်း ယမန်နေ့ မတ်လ ၂၆ ရက်နေ့က သေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ အောင်ဖြူပြင်ကျေးရွာ ဗုံးကြဲခံရမှုဖြစ်ဉ်အတွင်း သေဆုံးသူ ၅ ဦးအထိရှိလာနေပြီး ဆက်လက် ဆေးကုသမှု ခံယူနေရသော ကျန်ရှိလူနာများထဲတွင်လည်း ဒဏ်ရာပြင်းထန်မှုကြောင့် အသက်န္တရာယ်စိုးရိမ်သူများလည်း ရှိနေသေးကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “အောင်ဖြူပြင်က
ကျောက်ဖြူမှာ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်နေကြောင်း ပြောဆိုချက် ဒေါက်တာ အေးမောင် ငြင်း
ရခိုင်ပြည် ကျောက်ဖြူမြို့နယ်ရှိ တရုတ်စီမံကိန်းများတွင် တရုတ်ပုဂ္ဂလိက လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း ရခိုင့်ဦးဆောင်ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က ပြောဆိုသည်ဟု ယနေ့ မတ်လ ၂၆ ရက်တွင် သတင်းများ ပျံ့နှံ့နေသည်။ ကျောက်ဖြူမှာ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိနေကြောင်း ပြောဆိုချက် ဟုတ်မဟုတ်နှင့် ကျောက်ဖြူမှာ တရုတ်လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိမှု ရှိမရှိကိုမူ ဒေါက်တာ အေးမောင်အား ယနေ့ မတ်လ ၂၆ ရက် ညနေ ၄ နာရီခွဲအချိန်က Western News မှ တယ်လီဖုန်းဆက် မေးမြန်းခဲ့သည်။ “မဟုတ်ဘူး၊ ဟုတ်တယ်ဆိုတာကို ကျနော် မပြောနိုင်ဘူး။ ခင်ဗျားတို့ သတင်းဌာနတွေက သွားကြည့်ရမှာလေ။ ကျောက်ဖြူမှာ ဘယ်လိုအခြေအနေရှိလဲ ကျနော်လည်း
၃၆ နှစ်ကျော်ကြာ တပ်စွဲထားသော ထိုင်း-မြန်မာနယ်စပ်က စစ်ကောင်စီ ခလယ်ဒေးစခန်းကို KNU သိမ်းပိုက်
ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် လှိုင်းဘွဲ့မြို့နယ်မှာ ၃၆ နှစ်ကြာ တပ်စွဲအထိုင်ချထားသော စစ်ကောင်စီ၏ ခလယ်ဒေးတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး KNU က သိမ်းပိုက်ရရှိကြောင်း သိရသည်။ ခလယ်ဒေးတပ်စခန်း အား တိုက်ခိုက်သိမ်းပိုက်ရရှိမှုအတွင်း စစ်ကောင်စီထံမှ လက်နက်ခဲယမ်းအများအပြားနှင့်အတူ စစ်သုံ့ပန်းနှစ်ဦး အလောင်းကိုလည်း သိိမ်းဆည်းရမိခဲ့သည်ဟု KNU ဗဟိုက သတင်းထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်၏ ခလယ်ဒေး စစ်စခန်းကို KNU ၏ စစ်တပ် KNLA တပ်မဟာ ၇၊ တပ်မဟာ လုံခြုံရေးစစ်ကြောင်း၊ တပ်ရင်းများနှင့် ပူးပေါင်းတပ်များက မတ်လ ၂၂ ရက်နေ့မှ စတင်ပြီး တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ စစ်တပ်က မတ်လ ၂၄ ရက်နေ့တွင် တိုက်လေယာဉ် နှစ်စင်းဖြင့် ပေါင်
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို စစ်ကောင်စီ အကောင်အထည်ဖော်ရန် မဖြစ်နိုင်ဟုဆို
အာဏာသိမ်း စစ်ကောင်စီက ရခိုင်ပြည် ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရန် အစွမ်းကုန်ကြိုးပမ်းဆောင်ရွက်နေသော်လည်း မြေပြင်တိုက်ပွဲအခြေအနေများကြောင့် စီမံကိန်းမှာ အကောင်အထည်ဖော်ရန် မဖြစ်နိုင်ဟု သုံးသပ်သူများက ပြောသည်။ စစ်ကောင်စီအဖွဲ့သည် တရုတ်နှင့် ပူးပေါင်းပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးကို အရှိန်မြှင့်ဆောင်ရွက်နေသည်။ ယမန်နေ့ မတ်လ ၁၅ ရက်နေ့ကလည်း စစ်ကောင်စီ၏ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ကျောက်ဖြူအထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ရေးကို ဆွေးနွေးခဲ့ကြသည်။ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့ ဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ကံဇော်နှင့် ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံတို့ ဦးဆောင်ကာ ကျောက်ဖြူ၊ သီလဝါ၊ ထားဝယ် အထူးစီးပွားရေးဇုန်မှ တာဝန်ရှိသူများဖြင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။ “ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံကိန်း အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ဖို့
ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး တွေ့ဆုံမှု ရခိုင်အရေး ထည့်ပြော
ဘင်္ဂလားဒေ့ရှ် စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နိုင်ရန် အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီး Joel Vowell သည် ဘင်္ဂလားဒေ့ရှ်ကို မတ်လ ၂၄ ရက်နေ့က ရောက်ရှိလာပြီး ဘင်္ဂလားဒေ့ရှ်စစ်တပ်နှင့် တွေ့ဆုံရာတွင် ရခိုင့်အရေးကို ထည့်သွင်း ဆွေးနွေးခဲ့ကြသည်။ အမေရိကန် ဒုတိယဗိုလ်ချုပ်ကြီးသည် ဘင်္ဂလားဒေ့ရှ်ကို နှစ်ရက်ကြာ ခရီးစဉ်အဖြစ် ရောက်ရှိလာပြီး ဒါကာမြို့တွင် ဘင်္ဂလားဒေ့ရှ်တပ်က အရာရှိများနှင့် တွေ့ဆုံကာ ဘင်္ဂလားဒေ့ရှ်စစ်တပ်ကို ကူညီပေးမည်ဟု ပြောဆိုသွားခဲ့သည်။ ဘင်္ဂလားဒေ့ရှ် – မြန်မာ နယ်စပ်အရေးကို ဆွေးနွေးခဲ့သလို နယ်စပ်လုံခြုံရေးကို အဓိက ထားဆွေးနွေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းမီဒီယာများက ဖော်ပြကြသည်။ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ကို အာရက္ခတပ်တော် AA က ထိန်းချုပ်ထားသည့်အတွက် AA ၏ စစ်ရေးအခြေအနေများကိုလည်း
ပုဏ္ဏားကျွန်းကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက် မိသားစု ၃ ဦး သေဆုံး၊ ၁၄ ထိခိုက် ဒဏ်ရာရ
အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော ရခိုင်ပြည်၊ ပုဏ္ဏားကျွန်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်းက ယမန်နေ့ မတ်လ ၂၅ ရက် ညနေပိုင်းတွင် ဗုံးကြဲမှုကြောင့် မိသားစုများ သေဆုံး ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ ပုဏ္ဏားကျွန်းမြို့နယ် အောင်ဖြူပြင်ကျေးရွာကို ညနေ ၇ နာရီကျော်အချိန်တွင် ပေါင် ၅၀၀ ဗုံးအသုံးပြုပြီး ဂျက်ဖိုက်တာ တစ်စီးဖြင့် စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများ က ပြောသည်။ ပုဏ္ဏားကျွန်း ဒေသခံတစ်ဦးက “အောင်ဖြူပြင်ရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာတစ်စီးနဲ့ ဗုံး ၃ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်။ မိသားစု ၃ ဦးသေဆုံးပြီးတော့ ၁၄ ဦးထက်မနည်း ဒဏ်ရာရသွားတယ်။ နေအိမ်တွေလည်း ပျက်စီးသွားတယ်”