အစိမ်းရောင်ကတ်ကဲ့သို့ အခွင့်အရေးရမည့် “ရွှေကတ်” ကို နိုင်ငံခြားသားများအတွက် ဒေါ်လာ ၅ သန်းနှင့် ရောင်းမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပြော
အမေရိကန်တွင် နေထိုင်လိုသည့် ချမ်းသာသော နိုင်ငံခြားသားများအတွက် အစိမ်းရောင်ကတ် ကဲ့သို့ အခွင့်အရေးရမည့် “ရွှေရောင်ကတ်” ကို အမေရိကန်ဒေါ်လာ ၅ သန်းနှင့် ရောင်းပေးမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလိုက်သည်။ နိုင်ငံခြားသားများအတွက် ရွှေရောင်ကတ် ရောင်းမည်ဟု ဒေါ်နယ်ထရမ့်က ဖေဖော်ဝါရီလ ၂၅ ရက်နေ့တွင် ပြောကြားလိုက်ပြီး ၎င်းတို့သည့် နေထိုင်အလုပ်လုပ်ကိုင်ခွင့်နှင့် နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းရှိကြောင်း CNN သတင်းဌာနက ဖော်ပြသည်။ “ကျွန်ုပ်တို့ ရွှေကဒ်ရောင်းတော့မယ်။ ရွှေရောင်ကတ်ဟာ အစိမ်းရောင်ကတ်ပါပဲ။ ရွှေရောင်ကတ် ဝယ်ထားတဲ့သူဟာ နိုင်ငံသားဖြစ်ခွင့် လမ်းကြောင်းတစ်ခုဖြစ်လာမယ်။ ချမ်းသာတဲ့သူတွေက ဒီကတ်ကို ဝယ်ပြီး ငါတို့နိုင်ငံထဲကို ဝင်လာလိမ့်မယ်” ဟု ဘဲဥပုံရုံးမှ ထရမ့်က ပြောကြားခဲ့သည်။ လက်ရှိတွင် ဒေါ်နယ်ထရမ့်သည်
ကျောက်ဖြူမှာ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် မာန်အောင်က ရေတပ်ကို စစ်ကောင်စီ အင်အားဖြည့်
ပြီးခဲ့သည့် ရက်ပိုင်းများအတွင်းစ၍ ကျောက်ဖြူမြို့နယ်တွင် စစ်ကောင်စီနှင့် အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေမှုကြောင့် မာန်အောင်မြို့နယ်ကို စစ်အင်အား တိုးမြှင့် ချထားလိုက်ကြောင်း သိရသည်။ ကျောက်ဖြူမြို့ရှိ စစ်ကောင်စီ၏ ဓညဝတီရေတပ်အနီး တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် မာန်အောင်မြို့က ရေတပ်စခန်းနှင့် တပ်စခန်းများတွင် အင်အား ထပ်ဖြည့်တင်းနေကြောင်း ဒေသခံသတင်းရင်းမြစ်များမှ ပြောသည်။ မာန်အောင်သတင်းရင်းမြစ်တစ်ဦးက “မာန်အောင်မှာ စစ်ကောင်စီက အင်အားဖြည့်တာ၊ တပ်သားတွေ စုထားတာက ပုံမှန်ပဲပေါ့နော်။ ဒါပေမယ့် ကျောက်ဖြူမှာ ပြီးခဲ့တဲ့ရက်ပိုင်းက တိုက်ပွဲဖြစ်ကြတော့ မာန်အောင်က ရေတပ်စခန်းနဲ့ တပ်စခန်းတွေမှာ အင်အားတွေ ထပ်ဖြည့်ထားတယ်လို့ သိရတယ်။ မာန်အောင်ကိုတော့ စစ်ကောင်စီက အခိုက်အမာကို ခံစစ်ပြင်ဆင်ထားတယ်” ဟု ပြောသည်။ ကျောက်ဖြူ
အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ကျောင်းသားလက်ရုံးတပ်တော်က ရော့ကတ်ဒုံး အလုံး ၁၀၀ ဖြင့် ပစ်ခတ်တိုက်ခိုက်
စစ်ကိုင်းတိုင်း မုံရွာ-ရေဦး အဝေးပြေးလမ်းမကြီးအနီးတွင် အခြေစိုက်ထားသော စစ်ကောင်စီ၏ အနောက်မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နမခ) ကို ကျောင်းသားလက်ရုံးတပ်တော် SAF က ရော့ကတ်ဒုံး အလုံး ၁၀၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖေဖော်ဝါရီလ ၂၅ ရက်တွင် ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၁၃ ရက် နေ့လယ် ၃ နာရီကျော်အချိန်တွင် အနောက်မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် ကို ရော့ကတ်ဒုံး အလုံး ၇၀ နှင့် အမှတ် ၅၀၈ အမြောက်တပ်ရင်းကို ရော့ကတ်ဒုံး အလုံး ၃၀ စုစုပေါင်း အလုံး ၁၀၀ ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု ကျောင်းသားလက်ရုံးတပ်တော် SAF က ဆိုသည်။ ထိုတိုက်ခိုက်မှုအတွင်း စစ်ကောင်စီဖက်က
မလေးရှားရှိ စက်ရုံများကို ဝင်ရောက်စီးနင်းမှုကြောင့် မြန်မာနှင့် နိုင်ခြားသား ၄၃၀ နီပါး ထပ်မံ ဖမ်းဆီးခံရ
မြန်မာနိုင်ငံသားများနှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများ အများဆုံး အလုပ် လုပ်ကိုင်နေသည့် မလေးရှားနိုင်ငံ ဂျိုဟိုးပြည်နယ်နှင့် ဆလန်ဂေါပြည်နယ်တွင် စက်ရုံ ၁၂ ရုံးကို အာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင် ဂျိုဟိုးပြည်နယ်နှင့် ဆလန်ဂေါပြည်နယ်ရှိ နိုင်ငံခြားသားများ လုပ်ကိုင်နေကြသည့် အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းစက်ရုံ ၁၂ ရုံကို မလေးရှားအာဏာပိုင်အဖွဲ့မှ စီးနင်းခဲ့ကြောင်း Malaysia Gazette သတင်းဌာနက ဖော်ပြသည်။ အဆိုပါ စက်ရုံများက နိုင်ငံခြားသား ၇၄၅ ဦးကို စစ်ဆေးခဲ့ပြီး အထောက်အထား အပြည့်အစုံရှိသည့် ၃၁၇ ဦးကို ပြန်လွတ်ပေးခဲ့သော်လည်း အထောက်အထားမဲ့ နိုင်ငံခြားသား ၄၂၈ ဦး ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။ မလေးရှား
ဖမ်းဆီးခံ မြန်မာနိုင်ငံသား ၂၀၀ ကို ထိုင်းက စစ်ကောင်စီကို လွှဲပြောင်းပေး
ထိုင်းနိုင်ငံအတွင်း အကြောင်းမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား ၂၀၀ ကို ထိုင်းအာဏာပိုင်များက စစ်ကောင်စီထံ လွှဲပြောင်းပေးလိုက်ကြောင်း ဘန်ကောက်ပို့စ်သတင်းက ယနေ့တွင် ဖော်ပြသည်။ အမျိုးသား ၁၉၈ ဦးနှင့် အမျိုးသမီး ၂ ဦးပါဝင်သော မြန်မာနိုင်ငံသား ၂၀၀ ကို ထိုင်း-မြန်မာနယ်စပ် ရနောင်း-ကော့သောင်း နယ်စပ်ဂိတ်ကနေ ဖေဖော်ဝါရီလ ၂၄ ရက်တွင် လွှဲပြောင်းပေးခဲ့ကြောင်း သိရသည်။ ပြန်ပို့ခံရသည့် မြန်မာနိုင်ငံသား ၂၀၀ ကို ထိုင်းဥပဒေအရ တရားစွဲဆိုမှုများ ပြုလုပ်ခဲ့ပြီး အကျဉ်းထောင် အသီးသီးက လွှတ်မြောက်လာသူများဖြစ်ကြောင်းနှင့် နေရပ်ပြန်ပို့ရေးအစီအစဉ်တွင် ၎င်းတို့ကိုယ်တိုင် ဆန္ဒအလျောက်ပါဝင်ခဲ့ကြောင်းလည်း ထိုင်းအာဏာပိုင်များက ပြောသည်။ ထိုင်းအာဏာပိုင်များမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းလုပ်သားများနှင့် အထောက်အထားမရှိဘဲ ဝင်ရောက်နေထိုင်သူများကို ဆက်တိုက်ဖမ်းဆီးနေပြီး
အွန်လိုင်း ငွေလိမ်ဂိုဏ်းကြောင့် နာမည်ကြီးနေသည့် BGF ခေါင်းဆောင် စောချစ်သူကို ဖမ်းဝရမ်းထုတ်ရန် ထိုင်းအစိုးရကို Justice For Myanmar တိုက်တွန်း
ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်မြို့တွင် အွန်လိုင်းငွေလိမ်ဂိုဏ်း ကျားဖြန့်လုပ်ငန်းကို လက်ခံထားသည်ဟု နာမည်ကြီးနေသည့် ကရင်နယ်ခြားစောင့်တပ် BGF ခေါင်းဆောင် ဗိုလ်မှူးကြီး စောချစ်သူကို ဖမ်းဝရမ်းထုတ်ပေးရန် ထိုင်းအစိုးရအား Justice For Myanmar က တိုက်တွန်းလိုက်သည်။ တရုတ် ကျားဖြန့်လုပ်ငန်း အွန်လိုင်းငွေလိမ်ဂိုဏ်းသည် ဗိုလ်မှူးကြီး စောချစ်သူ ဦးဆောင်သော BGF တပ်အောက်တွင် ရွှေကုက္ကိုလ်မြို့၌ လုပ်ကိုင်နေသလို ၎င်းလုပ်ငန်းမှာ နိုင်ငံပေါင်းစုံက လူကုန်ကူးထားကြောင်းလည်း သိရသည်။ အမည်ရင်း စံမြင့် (ခေါ် ) ဗိုလ်မှူးကြီး စောချစ်သူကို ဖမ်းဆီးနိုင်ရေး ထိုင်းအထူးစုံစမ်းစစ်ဆေးရေးဌာန DSI က ကြိုးပမ်းနေသည့်အပေါ် ကြိုဆိုကြောင်းလည်း Justice For Myanmar က ပြောသည်။
မကွေးတိုင်း မြိုင်မြို့နယ်က မင်္ဂလာဆောင်တစ်ခုကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်
(ထိခိုက်သေဆုံးမှုများပြားပြီး အရေအတွက်ကို အတိအကျ မသိရသေး) မကွေးတိုင်း မြိုင်မြို့နယ် ကျောက်ခွက်ရေနံမော်ဒေသက ဆုံကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ပြုလုပ်နေသော မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲ တိုက်ခိုက်ခဲ့၍ သေဆုံးသူများပြားကြောင်း သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၂၅ ရက် နံနက် ၁၀ နာရီခန့်က မြိုင်မြို့နယ် ဆုံကုန်းကျေးရွာမှ မင်္ဂလာဆောင်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မြိုင် ပကဖ မှ ဗိုလ် Cross က “လက်ရှိ အထိတော့ အထိအခိုက်ရှိတယ်ပဲ သိရသေးတယ်။ ဘုန်းကြီးကျောင်းပေါ် တည့်တည့်ကျတယ်၊ သူတို့ကို ထမင်းဟင်းချက်ကျွေးနေတဲ့ စားဖိုတွေရော အကုန်လုံးမီးလောင်သွားတာ။ အဲဒီ အပေါ်တွေ တည့်ကျတာဆိုတော့။ ဂျက်ဖိုက်တာနဲ့ ၂ ကြိမ်လာကြဲသွားတာ၊
ပဲခူးနှင့် မကွေးက စစ်ကောင်စီတပ်စခန်းနှစ်ခုကို AA တိုက်ခိုက်
ပဲခူးတိုင်း ပန်းတောင်းမြို့နယ် ညောင်ကျိုးရွာအနီးက စစ်ကောင်စီတပ်စခန်းနှင့် မကွေးတိုင်း ငဖဲမြို့နယ် အမ်း-ပဒါန်းလမ်းမှာရှိသည့် နတ်ရေကန်ဗျူဟာ စစ်ကောင်စီတပ်စခန်းတို့ကို အာရက္ခတပ်တော် AA နှင့် ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ ညောင်ကျိုးကျေးရွာအနီးက စစ်ကောင်စီတပ်စခန်းကို ထိုးစစ်ဆင်တိုက်ခိုက်နေသည်မှာ တစ်ပတ်ခန့် ရှိလာနေပြီး နတ်ရေကန်ဗျူဟာ တပ်စခန်းသိမ်းတိုက်ပွဲမှာလည်း ပြင်းထန်နေဆဲဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ “တိုက်ပွဲကတော့ နှစ်နေရာစလုံးမှာ ပြင်းပြင်းထန်ထန်ပဲ။ စစ်ကောင်စီဘက်ကတော့ အကျအဆုံး များတယ်လို့ သိရတယ်။ လေကြောင်းတိုက်ခိုက်မှုတွေ၊ စစ်ကူဖြည့်ပေးတာကိုတော့ စစ်ကောင်စီက တောက်လျှောက်လုပ်ပေးနေတာပေါ့လေ။ AA နဲ့ ပူးပေါင်းတပ်ဖွဲ့တွေကလည်း အသားကုန်ဆော်နေကြတာ” ဟု ပြောသည်။ စစ်ကောင်စီ၏ ညောင်ကျိုးတပ်စခန်းမှာ ညောင်ခြေထောက် ကပစ (၆) နှင့် ၁၀ မိုင်အကွာတွင်
လယ်လုပ်ငန်းအရှုံးပေါ်၍ ရခိုင်တောင်သူများ လယ်ယာမြေများကို ထုတ်ရောင်းလာ
ရခိုင်တွင် ယခင်နှစ်ကများထက် ယခုနှစ် စပါးရိတ်သိမ်းချိန်တွင် အရှုံးပေါ်၍ တောင်သူများမှာ လယ်ယာမြေများကို ထုတ်ရောင်းချလာနေကြကြောင်း လယ်သမားများထံမှ သိရသည်။ ပြီးခဲ့သည့် မိုးရာသီကာလက စပါးစိုက်ပျိုးရန် မြေဩဇာများအပါအဝင် အလုပ်သမားငှားရမ်းခ၊ စက်ယန္တရားများငှားရမ်းခ စသည့် အရင်းအနှီးများများဖြင့် ရခိုင်လယ်သမားများမှာ လယ်လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြသော်လည်း စပါးပေါ်ချိန် စပါးအထွက်နှုန်း ကျဆင်းသွား၍ အရှုံးပေါ်နေကြခြင်းဖြစ်သည်။ မင်းပြားမြို့နယ်မှ လယ်သမားတစ်ဦးက “ဒီနှစ် လယ်သမားတွေရဲ့ ခံနိုင်ရည်က တော်တော်ကျသွားတယ်။ လယ်ရောင်းချင်တဲ့ သူတွေလည်း အများကြီးပဲ။ ရောင်းကြတဲ့ပုံစံက ရှိသမျှအကုန်ရောင်းကြတာတော့ မဟုတ်ဘူး။ ၃ ဧကလောက်ရှိရင် ၁ ဧကကို ရောင်းချင်တာမျိုး။ ဘာလို့လဲဆိုတော့ စိုက်ပျိုးစရိတ်ကြီးလို့ ကိုယ်တနိုင်တပိုင်လေးပဲ လုပ်ချင်တော့တာမျိုးပေါ့။ တစ်နှစ်အတွက် ကိုယ့်မိသားစု သုံးဖို့, စားဖို့
စစ်တွေအကျဉ်းထောင်တွင် စစ်မှုထမ်း ခေါ်မည်ဟု သတင်းထွက်နေ၍ စိုးရိမ်နေကြ
(လူ့အခွင့်အရေး ချိုးဖောက်မှုများ ဆိုးရွားနေ) အကျဉ်းသား၊ အကျဉ်းသူ ၁၁၀၀ ကျော်ရှိသော စစ်တွေ အကျဉ်းထောင်တွင် စစ်ကောင်စီက စစ်မှုထမ်း ခေါ်မည်ဟု သတင်းများ ထွက်ပေါ်နေ၍ အကျဉ်းသားများနှင့် မိသားစုဝင်များ စိုးရိမ်နေကြကြောင်း စုံစမ်း သိရသည်။ စစ်တွေ အကျဉ်းထောင်အတွင်း အကျဉ်းကျနေသော ရဲပြေး၊ စစ်ပြေးနှင့် အမှုရင်ဆိုင်နေရသော အကျဉ်းသားများ အမှုကျ အကျဉ်းသားများကို ထောင်အာဏာပိုင်များက စာရင်းကောက်ယူမှုများရှိနေကြောင်း Western News က စုံစမ်း သိရသည်။ စစ်တွေထောင်တွင် အကျဉ်းကျနေသော ရဲပြေး၊ စစ်ပြေးနှင့် အကျဉ်းသားများ စစ်မှုထမ်းရန်အတွက် စာရင်းကောက်ယူမှု ရှိကြောင်း မကြာသေးခင်က စစ်တွေမြို့နယ်သို့ ရုံးထုတ်လာသည့် တရားရင်ဆိုင်နေသူများက ပြောပြသည်။ “ရဲပြေး၊ စစ်ပြေးနဲ့