ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းအောင်လှိုင်အပါအဝင် ၂၅ ဦး ဖမ်းဝရမ်းထုတ်ခံရ
စစ်ရေး သတင်း
1 min read
0

ဒေါ်အောင်ဆန်းစုကြည်နှင့် မင်းအောင်လှိုင်အပါအဝင် ၂၅ ဦး ဖမ်းဝရမ်းထုတ်ခံရ

ဖေ‌ဖော်ဝါရီ ၁၅ - ၂၀၂၅
0

အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် နိုင်ံတော်အတိုင်အပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတဟောင်း ဦးထင်ကျော် အပါအဝင် ၂၅ ဦး မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်မှုဖြင့် ဖမ်းဝရမ်းထုတ်ခံရသည်။ မြန်မာစစ်တပ်ခေါင်းဆောင်များကို မွတ်ဆလင်လူမျိုးတုံးသတ်ဖြတ်မှုဖြင့် အာဂျင်တီးနားတရားရုံးက ဖမ်းဝရမ်းထုတ်သည့် စာရင်းတွင် သမ္မတဟောင်း ဦးထင်ကျော်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ပါ ပါဝင်လာသည်ဟု မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ (BROUK) က ဖေဖော်ဝါရီ ၁၄ တွင် ထုတ်ပြန်ထားသည်။ ၂၀၁၇ ခုနှစ်က ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်ဒေသတို့တွင် မြန်မာစစ်တပ်က နယ်မြေရှင်းလင်းရေး ပြုလုပ်ရာမှာ မွတ်ဆလင်များအား လူမျိုးတုံးသတ်ဖြတ်ခဲ့သည့် စွပ်စွဲချက်ဖြင့် ဖမ်းဝရမ်းထုတ်ခံရခြင်းဖြစ်သည်။ မြန်မာ့စစ်ခေါင်းဆောင်များကို ဖမ်းဝရမ်းထုတ်ပြီး ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးထင်ကျော်တို့ကို ဖမ်းဝရမ်းမထုတ်ရန် မြန်မာရိုဟင်ဂျာအဖွဲ့ ယူကေ

Continue Reading
AA ထိုးစစ်ကြောင့် စစ်တွေမြို့ စီးပွားရေးဘဏ်က ငွေများကို စစ်ကောင်စီ ပြောင်းရွှေ့ရန် စီစဉ်နေ
စစ်ရေး သတင်း
1 min read
0

AA ထိုးစစ်ကြောင့် စစ်တွေမြို့ စီးပွားရေးဘဏ်က ငွေများကို စစ်ကောင်စီ ပြောင်းရွှေ့ရန် စီစဉ်နေ

ဖေ‌ဖော်ဝါရီ ၁၅ - ၂၀၂၅
0

အာရက္ခတပ်တော် AA က ထိုးစစ်အရှိန် မြှင့်လာ၍ ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စီးပွားရေးဘဏ်မှ ငွေများကို အာဏာသိမ်း စစ်ကောင်စီက ပြောင်းရွှေ့ရန် စီစဉ်နေကြောင်း ဘဏ်အသိုင်းအဝိုင်းနှင့် ဝန်ထမ်းများထံမှ သိရသည်။ ပြည်နယ်စစ်ကောင်စီအဖွဲ့သည် စစ်တွေမြို့ရှိ ဝန်ထမ်းများကို နှစ်လစာ ကြိုတင်ပေး၍ ဘဏ်က ငွေအားလုံးကို ရန်ကုန်နှင့် နေပြည်တော်သို့ ရွှေ့ရန် စီစဉ်နေကြောင်း စစ်တွေမြို့နယ် စီးပွားရေးဘဏ်နှင့် နီးစပ်သူတစ်ဦးက ပြေသည်။ “စီးပွားရေးဘဏ်က ပြည်ဂျာဆီကို ပြည်နယ်မန်နေဂျာပေါ့ ပြည်နယ်အစိုးရအဖွဲ့က စာပို့ထားတယ်လို့ ပြောပါတယ်။ ဒီလထဲမှာ လုံခြုံရေးအခြေအနေအရ ဘဏ်က ငွေတွေကို ရွှေ့ပြောင်းမယ့် အခြေအနေ၊ ဝန်ထမ်းတွေကို လစာ နှစ်လစာ ထုတ်ပေးမယ့် အခြေအနေ စတာတွေ ပါတယ်လို့

Continue Reading
၁ ရက်အတွင်း တရားမဝင် ဝင်လာသည့် မြန်မာတစ်ရာကျော် ထိုင်းမှာ ဖမ်းမိ
သတင်း အလုပ်သမားသတင်း
1 min read
0

၁ ရက်အတွင်း တရားမဝင် ဝင်လာသည့် မြန်မာတစ်ရာကျော် ထိုင်းမှာ ဖမ်းမိ

ဖေ‌ဖော်ဝါရီ ၁၅ - ၂၀၂၅
0

ဖေဖော်ဝါရီ ၁၄ ရက်နေ့ တစ်ရက်တည်းအတွင်း ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ကလေးငယ် အပါအဝင် ၁၂၉ ဦး ထိုင်းရဲတပ်ဖွဲ့ ဖမ်းမိထားကြောင်း ထိုင်းအခြေစိုက်သတင်းဌာနများက ဖော်ပြသည်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ နံနက်တွင် ထိုင်းနိုင်ငံ ဖက်ချာဘူရီခရိုင် ဖက်ခါဆမ်လမ်းပေါ်မှာ အမျိုးသား ၄၉ ဦး၊ အမျိုးသမီး ၄၆ ဦးနှင့် ကလေး ၁၁ ဦး လိုက်ပါလာသော ကုန်တင်ကားတစ်စီး ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ မြန်မာနိုင်ငံသားများကို ရတ်ချဘူရီကနေ ထက်ရိုင်ခရိုင်သို့ ပို့ဆောင်ပေးရန် ငှားရမ်းခဲ့ကြောင်း ယာဉ်မောင်းက ရဲတပ်ဖွဲ့ထံ ထွက်ဆိုခဲ့ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ယာဉ်မောင်းကို တရားမဝင် လူမှောင်ခိုကူးမှုနှင့်

Continue Reading
ဗန်းမော်မြို့နယ်ကို လေကြောင်း ကနေ ဗုံးကြဲမှုကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

ဗန်းမော်မြို့နယ်ကို လေကြောင်း ကနေ ဗုံးကြဲမှုကြောင့် အရပ်သား ၂ဦးသေဆုံးပြီး ၃ဦး ဒဏ်ရာရ

ဖေ‌ဖော်ဝါရီ ၁၅ - ၂၀၂၅
0

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်၊ စင်းခန်းရွာကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး အပြင်းအထန် ဒဏ်ရာ ရရှိကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၆ မိနစ်ခန့်တွင် ဗန်းမော်မြို့နယ်၊ စင်းခန်းရွာကို စစ်ကောင်စီတပ်က ဂျက်ဖိုက်တာဖြင့် ပေါင် ၂၀၀ ဗုံးသီး ၃ လုံး ကြဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။ “ဂျက်ဖိုက်တာ ၁ စီးနဲ့ ပေါင် ၂၀၀ ဗုံး ၃ လုံးကြဲချ တိုက်ခိုက်သွားတာ ပြည်သူ အသက် ၄၀ အရွယ်

Continue Reading
ဧရာဝတီ ငါးသိုင်းချောင်းက အမြောက်တပ် ၃၄၄ ကို AA တိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

ဧရာဝတီ ငါးသိုင်းချောင်းက အမြောက်တပ် ၃၄၄ ကို AA တိုက်ခိုက်နေ

ဖေ‌ဖော်ဝါရီ ၁၄ - ၂၀၂၅
1

အာရက္ခတပ်တော် AA နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပူးပေါင်းတပ်ဖွဲ့တို့သည် ဧရာဝတီတိုင်းထဲက ငါးသိုင်းချောင်းမြို့နယ်ရှိ စစ်ကောင်စီ၏ အမြောက်တပ် ၃၄၄ တပ်ရင်းကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း သိရသည်။ အမြောက်တပ် ၃၄၄ နှင့် ငါးသိုင်းချောင်းမြို့တို့သည် ၄ မိုင်ကျော်မှာရှိပြီး မြောက်စမ်းရွာမှာရှိကြောင်းနှင့် တိုက်ပွဲမှာ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပြင်းထန်နေကြကြောင်း သတင်းရင်းမြစ်များက ပြောသည်။ “ဟုတ်တယ်ဗျ။ ငါးသိုင်းချောင်းက အမြောက်တပ် ၃၄၄ ကို AA ရဲ့ ပူးပေါင်းတပ်ဖွဲ့က ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။ စစ်ကောင်စီကလည်း ပြန်ခုခံနေပါတယ်။ တိုက်ပွဲကတော့ ပြင်းထန်နေကြပါတယ်။ လက်နက်ကြီး ပစ်ခတ်မှုတွေလည်း ပါတယ်လို့ သိရပါတယ်” ဟု ဧရာဝတီသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ အာရက္ခတပ်တော်

Continue Reading
ရွှေကုက္ကိုလ်နှင့် ကျားဖြန့်လုပ်ငန်းပိုင်ရှင် တရုတ်များကို BGF နှင့် DKBA က လုံခြုံရေးအပြည့်ဖြင့် စောင့်ရှောက်ထား
သတင်း
1 min read
0

ရွှေကုက္ကိုလ်နှင့် ကျားဖြန့်လုပ်ငန်းပိုင်ရှင် တရုတ်များကို BGF နှင့် DKBA က လုံခြုံရေးအပြည့်ဖြင့် စောင့်ရှောက်ထား

ဖေ‌ဖော်ဝါရီ ၁၄ - ၂၀၂၅
0

ကရင်ပြည်နယ် မြဝတီမြို့နယ် ရွှေကုက္ကိုလ်ဒေသနှင့် ကျောက်ခတ်ဒေသက ကျားဖြန့်လုပ်ငန်းပိုင်ရှင် တရုတ်နိုင်ငံသားများကို မြန်မာနယ်ခြားစောင့်တပ် BGF နှင့် ကရင်အကျိုးပြုတပ်မတော် DKBA တို့က လုံခြုံရေးအပြည့်ဖြင့် လိုက်လံစောင့်ရှောက်ပေးထားကြောင်း သိရသည်။ မြဝတီဒေသတွင်းရှိသည့် ကျားဖြန့်လုပ်ငန်းများကို လိုက်လံရှင်းလင်းနေသော BGF နှင့် DKBA တို့က ကျားဖြန့်လုပ်ငန်းပိုင်ရှင်များ အပြင်ထွက် အသွားအလာကို လုံခြုံရေးယူကာ စောင့်ရှောက်ပေးနေခြင်းဖြစ်သည်။ “ကျားဖြန့်လုပ်ငန်းလုပ်တဲ့ တရုတ်တွေကတော့ မြ၀တီထဲမှာ လုံခြုံရေးအခြံအရံ အပြည့်နဲ့သွားလာနေကြတုန်းပဲ။ ကျောက်ခက် မှာလည်း အတူတူပါပဲ။ နည်းနည်းအကောင်ကြီးရင် ရှေ့ရော နောက်ရော တပ်ဖွဲ့ဝင်တွေပါတယ်။ ပုံမှန်ဆိုရင်တော့ ရှေ့ကနေ လက်ကိုင်တပ်ဖွဲ့ဝင်တွေပါတဲ့ ပွိုင့်ကားက ရှေ့ကသွားတယ်။ တရုတ်တွေကတော့ ကားအကောင်းစားတွေနဲ့ မြ၀တီထဲမှာ အသွားအလာမပြတ်ဘူး” ဟု ဖေဖော်ဝါရီလ

Continue Reading
မင်းပြားက မွတ်ဆလင်ရွာ လက်မမှာ မီးလောင်မှုဖြစ်ပွား
သတင်း
1 min read
0

မင်းပြားက မွတ်ဆလင်ရွာ လက်မမှာ မီးလောင်မှုဖြစ်ပွား

ဖေ‌ဖော်ဝါရီ ၁၄ - ၂၀၂၅
0

ရခိုင်ပြည် မင်းပြားမြို့နယ် မွတ်ဆလင်ကျေးရွာဖြစ်သည့် လက်မကျေးရွာမှာ ပေါ့ဆမီး မီးလောင်မှုဖြစ်ပွား၍ နေအိမ် ၄ ဆောင် ပြာကျသွားကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညနေ ၅ နာရီခန့်အချိန်က မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နေအိမ်များအပြင် စပါးကျီတစ်လုံးလည်း မီးလောင်သွားသည်။ အာရက္ခတပ်တော် AA ၏ မီးသတ်အဖွဲ့က ရွာသားများနှင့်ပူးပေါင်းကာ မီးငြိမ်းခဲ့၍ ညနေ ၆ နာရီခန့်တွင် နေအိမ်အများအပြားသို့ မီးမကူးစက်မီ မီးငြိမ်းသွားကြောင်း သိရသည်။ ဖေဖော်ဝါရီလ ၈ ရက်နေ့ကလည်း မောင်တောမြို့ ၃ မိုင်ရပ်ကွက်တွင် တောများကို မီးရှိုခဲ့ရာမှ မီးလောင်မှုဖြစ်ပွားခဲ့ပြီး ဘတ်ဟိုးနှစ်စီး မီးလောင်ပျက်စီးသွားသည်။ ဇန်နဝါရီလ ၂၉ ရက်နေ့ကလည်း မြောက်ဦးမြို့နယ် မွတ်ဆလင်ရွာ

Continue Reading
စစ်တွေမြို့က စစ်ဘေးရှောင် တစ်သောင်းခန့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေ
စစ်ရေး သတင်း
1 min read
0

စစ်တွေမြို့က စစ်ဘေးရှောင် တစ်သောင်းခန့် စားနပ်ရိက္ခာ အကူအညီလိုအပ်နေ

ဖေ‌ဖော်ဝါရီ ၁၄ - ၂၀၂၅
0

ရခိုင်ပြည် စစ်တွေမြို့အတွင်း ဘုန်းတော်ကြီးကျောင်းများတွင် ခိုလှုံနေကြသော စစ်ဘေးရှောင် တစ်သောင်းခန့်မှာ စားနပ်ရိက္ခာထောက်ပံ့မှု အရေးတကြီးလိုအပ်နေကြောင်း စစ်ရှောင်များအား လက်ခံကျွေးမွေးထားကြသည့် ဘုန်းတော်ကြီးများက ပြောဆိုကြသည်။ စစ်ကောင်စီ၏ နှင်ထုတ်မှုကြောင့် စစ်တွေမြို့အနီးက ဗျိုင်းဖြူကျေးရွာအပါအဝင် ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ တစ်သောင်းခန့်မှာ စစ်တွေမြို့အတွင်း ဘုန်းတော်ကြီးကျောင်း ၅၃ ခုတွင် ခိုလှုံနေထိုင်နေကြရသည်။ ၂၀၂၄ ခုနှစ် မတ်လကတည်းကစ၍ နေထိုင်ကြခြင်းဖြစ်ပြီး ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က ထောက်ပံ့မှု မရသည်မှာ နှစ်လခန့် ကြာမြင့်လာပြီဟု စစ်ဘေးရှောင် ၁၂၀ ကျော်ရှိသော ဘုန်းတော်ကြီးကျောင်းမှာ ကျောင်းထိုင်ဆရာတစ်ပါးက ပြောသည်။ “ဦးဇင်းတို့ကျောင်းမှာ စစ်ရှောင် ၁၂၀ ကျော်ရှိပါတယ်။ စစ်တွေမြို့ အနယ်နယ်အရပ်ရပ်ကပေါ့။ ဗျိုင်းဖြူရွာသားတွေလည်း

Continue Reading
ဘင်္ဂလားဒေ့ရှ်က ၈ နှစ်ကြာပိတ်ပင်ခဲ့သည့် နတ်မြစ်အတွင်း ငါးဖမ်းခွင့်ကို ပြန်လည်ခွင့်ပြုပေး
စီးပွားရေး သတင်း
1 min read
0

ဘင်္ဂလားဒေ့ရှ်က ၈ နှစ်ကြာပိတ်ပင်ခဲ့သည့် နတ်မြစ်အတွင်း ငါးဖမ်းခွင့်ကို ပြန်လည်ခွင့်ပြုပေး

ဖေ‌ဖော်ဝါရီ ၁၄ - ၂၀၂၅
1

ရခိုင်ရေပြင်နှင့် ထိစပ်နေသည့် နတ်မြစ်အတွင်းမှာ ၈ နှစ်ကြာ ပိတ်ပင်ခဲ့သော ငါးဖမ်းခွင့်ကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက သူ့နိုင်ငံသားများအား ဖေဖော်ဝါရီလ ၁၃ ရက်နေ့က ပြန်လည်ခွင့်ပြုပေးလိုက်ပြီဟု သိရသည်။ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုနှင့် ခိုးဝင်သူများ စိမ့်ဝင်မှုကြောင့် နတ်မြစ်အတွင်း ငါးဖမ်းခွင့်ကို ၈ နှစ်ကြာ ပိတ်ပင်ပြီးနောက် ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည်ရုပ်သိမ်းလိုက်ပြီဖြစ်ကြောင်း Dhaka Tribune က ဖော်ပြသည်။ ဘင်္ဂလားဒေ့ရှ် ကော့ဘဇားခရိုင်အုပ်ချုပ်ရေးမှူးက နတ်မြစ်အတွင်း ငါးဖမ်းခွင့် ပြန်လည်ခွင့်ပြုကြောင်း စာတစ်စောင်ကို တက္ကနပ်ဆိပ်ကမ်း တာဝန်ရှိသူများထံ ပေးပို့ခဲ့ကြောင်း သိရသည်။ နတ်မြစ်ထဲမှာ ငါးဖမ်းခွင့်ကို နံနက် ၈ နာရီမှာ ညနေ ၄ နာရီအထိ ခွင့်ပြုပေးခြင်းဖြစ်ပြီး စောင့်ကြည့်ကာလအနေဖြင့် ၃

Continue Reading
မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းစစ်သားများက နှိပ်စက်သတ်ဖြတ်ခဲ့မှု ထိုင်းရှေ့နေ ကောင်စီ အမှု လက်ခံ
သတင်း အလုပ်သမားသတင်း
1 min read
0

မြန်မာနိုင်ငံသားတစ်ဦးကို ထိုင်းစစ်သားများက နှိပ်စက်သတ်ဖြတ်ခဲ့မှု ထိုင်းရှေ့နေ ကောင်စီ အမှု လက်ခံ

ဖေ‌ဖော်ဝါရီ ၁၃ - ၂၀၂၅
0

ထိုင်းနိုင်ငံ၊ မဲဆောက်မြို့တွင်နေထိုင်သည့် မြန်မာနိုင်ငံသား တစ်ဦးကို ထိုင်းစစ်သားများက ဖမ်းဆီး နှိပ်စက်သတ်ဖြတ်ခဲ့မှုကြောင့် သေဆုံးခဲ့မှုတွင် စစ်ဆေးပေးရန် တောင်းဆိုမှုကို ထိုင်းနိုင်ငံ ရှေ့နေများကောင်စီမှ လက်ခံလိုက်သည်။ သေဆုံးခဲ့သော မြန်မာနိုင်ငံသား ကိုအောင်ကိုကို အတွက် တရားမျှတမှုရရှိရန် ထိုင်းနိုင်ငံရှေ့နေများ ကောင်စီက ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် လက်ခံလိုက်ပြီဖြစ်ကြောင်း လူ့အခွင့်အရေးအဖွဲ့ Fortify Rights က ယနေ့တွင် ပြောသည်။ မြန်မာနိုင်ငံသား အောင်ကိုကို အတွက် တရားမျှတမှုရရှိစေရန် Fortify Rights က တင်သွင်းသည့် အမှုကို ထိုင်းနိုင်ငံ ရှေ့နေများ ကောင်စီ Lawyers Council of Thailand က လက်ခံလိုက်ခြင်းဖြစ်ကြောင်း ထိုင်းနိုင်ငံ ရှေ့နေ့များ

Continue Reading