ငါးသိုင်းချောင်းမြို့ကနေ ရခိုင်ဘက်ကို ဆေးဝါးနှင့် စားသောက်ကုန်များ မပို့ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကယ်ရီမောင်းသူများကို ဖိအားပေးနေ
ကျန်းမာရေး သတင်း
1 min read
0

ငါးသိုင်းချောင်းမြို့ကနေ ရခိုင်ဘက်ကို ဆေးဝါးနှင့် စားသောက်ကုန်များ မပို့ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ကယ်ရီမောင်းသူများကို ဖိအားပေးနေ

ဇန်နဝါရီ ၃၀ - ၂၀၂၅
0

ဧရာဝတီတိုင်း ငါးသိုင်းချောင်းမြို့နယ်က ဆိုင်ကယ် ကယ်ရီမောင်းသူများကို ရခိုင်ဘက်သို့ ဆေးဝါးနှင့် စာားသောက်ကုန်များ မပို့ဆောင်ရန် စစ်ကောင်စီတပ်ဖွဲ့ဝင်များက အတင်းဖိအားပေးနေကြောင်း သိရသည်။ “ရေကြည်မြို့၊ ငါးသိုင်းချောင်းမြို့တို့ကနေ ရခိုင် ဂွမြို့သို့ ဆိုင်ကယ်တွေနဲ့ ခရီးသည်၊ ရိက္ခာ၊ ဆေးဝါးတွေကို မပို့ဆောင်ဖို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကယ်ရီသမားတွေကို ခေါ်ပြီး ဖိအားပေးနေတယ်။ လက်မှတ်လည်း အတင်းထိုးခိုင်းတယ်” ဟု ကယ်ရီမောင်းသူအချို့က ပြောသည်။ အကယ်၍ ပို့ဆောင်ပေးသူများရှိပါက သို့မဟုတ် ပို့ဆောင်ရန် လာရောက်ငှားရမ်းသူများကို ရဲစခန်းသို့ ချက်ချင်းအကြောင်းကြားရမည်ဟု ဆိုင်ကယ် ကယ်ရီသမားများအား ငါးသိုင်းချောင်းမြို့မရဲစခန်းမှူး တင်လင်းထွဋ်က ညွှန်ကြားထားကြောင်း သိရသည်။ သတင်းပို့ပါမည်ဟုလည်း ကယ်ရီသမားများအားလုံးမှာ ရဲစခန်း၌ ခံဝန်လက်မှတ်များ ရေးထိုးပေးခဲ့ရကြောင်းလည်း သိရသည်။ ကယ်ရီသမားတစ်ဦးက “ဆိုင်ကယ်

Continue Reading
စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်မှာ တစ်လအတွင်း ၉၂ ဦးသေဆုံးပြီး ၉၆ ဦး ဒဏ်ရာရ
စစ်ရေး မှုခင်း သတင်း
1 min read
0

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုကြောင့် ရခိုင်မှာ တစ်လအတွင်း ၉၂ ဦးသေဆုံးပြီး ၉၆ ဦး ဒဏ်ရာရ

ဇန်နဝါရီ ၃၀ - ၂၀၂၅
1

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၃၀ ရက်မှ ၂၀၂၅ ဇန်နဝါရီလ ၃၀ ရက်နေ့အထိ အာဏာသိမ်း စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ရခိုင်ပြည်မှာ တစ်လအတွင်း စစ်သုံ့ပန်းများအပါအဝင် အရပ်သား စုစုပေါင်း ၉၂ ဦးအထိ သေဆုံးခဲ့ရပြီး ဒဏ်ရာရရှိသူ ၉၆ ဦးထက်မနည်းရှိကြောင်း Western News ၏ မှတ်တမ်းစုစည်းချက်အရ သိရသည်။ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ၂၉ ရက်နေ့တွင် အာရက္ခတပ်တော် AA က စစ်ရေးကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် စစ်ကောင်စီအား ငြိမ်းချမ်းရေး ဖိတ်ခေါ်ပြီးနောက် ဒီဇင်ဘာလ ၃၀ ရက်နေ့ကစ၍ ရခိုင်ပြည်မှ မြို့နယ်များမှာ ဗုံးဆက်တိုက်ကြဲခံရပြီး တစ်လအတွင်းမှာ ၁၀၀ နီးပါးအထိကို

Continue Reading
AA ကို ပြန်တိုက်ခိုက်ရန် ပဲခူးတိုင်းတွင် ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေ
စစ်ရေး သတင်း
1 min read
0

AA ကို ပြန်တိုက်ခိုက်ရန် ပဲခူးတိုင်းတွင် ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေ

ဇန်နဝါရီ ၃၀ - ၂၀၂၅
0

ရခိုင်ပြည်နှင့် ပဲခူးတိုင်းအစပ်က အာရက္ခတပ်တော် AA ၏ ထိုးစစ်များကို ပြန်လည်ခုခံတိုက်ခိုက်ရန် သာယာဝတီခရိုင်ထဲက ပျူစောထီးများကို လက်နက်များ တပ်ဆင်ပေးနေသည်ဟု စုံစမ်း သိရသည်။ ပန်းတောင်းမြို့နယ်နှင့် ထိစပ်နေသော ရခိုင်ရိုးပေါ်က စစ်ကောင်စီ၏ မိုးထိတောင်တပ်စခန်းကို အာရက္ခတပ်တော် AA က သိမ်းပိုက်ထားသည်။ “စစ်ကောင်စီဟာ ပြည်မြို့နဲ့ ဥသျှစ်ပင်ဘက်ကနေ အင်အား ၁၀၀၀ ခန့်ပါတဲ့ စစ်ကောင်စီ ၂၅ စီးကို ပန်းတောင်းမြို့နယ်ဘက်ကို အင်အားဖြည့် ပို့ထားသလို သာယာဝတီခရိုင်ထဲမှာလည်း ပျူစောထီးတွေကို လက်နက်တွေ တပ်ဆင်ပေးထားပါတယ်။ စစ်ကောင်စီရဲ့ အင်အားဖြည့်တာမှာ အမြောက်တပ်၊ ကွန်မန်ဒိုတပ်လည်း ပါပါတယ်။ ရခိုင်ရိုးပေါ်ကို စစ်ကြောင်းထိုးဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်” ဟု သတင်းရင်းမြစ်က ပြောသည်။ ဇန်နဝါရီလ

Continue Reading
AA ကို ကန့်ကွက်ကြောင်း စစ်ကောင်စီဘက်တော်သား အဖွဲ့အစည်းများ ထုတ်ပြန်
နိုင်ငံရေး သတင်း
1 min read
0

AA ကို ကန့်ကွက်ကြောင်း စစ်ကောင်စီဘက်တော်သား အဖွဲ့အစည်းများ ထုတ်ပြန်

ဇန်နဝါရီ ၃၀ - ၂၀၂၅
2

အာဏာသိမ်း စစ်ကောင်စီ ဘက်တော်သား အရပ်ဘက်အဖွဲ့အစည်းများနှင့် ဘာသာရေးအဖွဲ့အစည်းများက အာရက္ခတပ်တော် AA ကို ကန့်ကွက်ကြောင်း ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် အသီးသီးထုတ်ပြန်ထားကြသည်။ နိုင်ငံတစ်ဝှမ်းအကြမ်းဖက်မှုကို နေ့စဉ်ကျူးလွန်နေသည့် စစ်အုပ်စုအား တော်လှန်တိုက်ခိုက်နေသည့် AA ကို အရပ်ဘက်အဖွဲ့အစည်းနှင့် ဘာသာရေးအဖွဲ့အစည်း ၂၀ ကျော်က ကန့်ကွက်စာ ထုတ်ပြန်ခဲ့ကြသည်။ အဆိုပါ အဖွဲ့အစည်းများ၏ ကန့်ကွက်ကြောင်း သဘောထားထုတ်ပြန်ချက်တွင်ပါရှိသည့် အကြောင်းအရာများမှာ တူညီနေကြပြီး သေချာဆန်းစစ်ခြင်းမရှိသော သတင်းကို မျှဝေနေကြသည်။ အာရက္ခတပ်တော် AA သည် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖမ်းဆီးပြီး မြေကျင်းတူးကာ သတ်ဖြတ်ခြင်း၊ တပ်မိသားစုဝင်များနှင့် ကလေးငယ်များအား လိုက်ပါလာသော သင်္ဘောအား နစ်မြှုပ်စေခြင်းနှင့် အဆိုပါလုပ်ရပ်များကို အွန်လိုင်းပေါ် မျှဝေနေသည်ဟုဆိုကာ စစ်ကောင်စီဘက်တော်သား

Continue Reading
ထိုင်းတွင် မြန်မာကလေးငယ် ၁၉၀ ကျော် ပညာသင်ကြားနေသော ကျောင်းကို အာဏာပိုင်များ ဝင်ရောက်စီးနင်း၊ ဆရာ၊ ဆရာမ ၄ဦး ဖမ်းဆီးခံရ
ပညာရေး သတင်း
1 min read
0

ထိုင်းတွင် မြန်မာကလေးငယ် ၁၉၀ ကျော် ပညာသင်ကြားနေသော ကျောင်းကို အာဏာပိုင်များ ဝင်ရောက်စီးနင်း၊ ဆရာ၊ ဆရာမ ၄ဦး ဖမ်းဆီးခံရ

ဇန်နဝါရီ ၂၉ - ၂၀၂၅
0

ထိုင်းနိုင်ငံ ဆူရတ်ဌာနီပြည်နယ် ကော့ဖငန်း (Koh Phangan) ကျွန်းပေါ်ရှိ ခရစ်ယာန်ဘုရားကျောင်း တစ်ခုတွင် မြန်မာကလေးငယ် ၁၉၀ ကျော် ပညာသင်ကြားနေသော မြန်မာစာသင်ကျောင်းတစ်ကျောင်းကို ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်းက ဖော်ပြသည်။ အဆိုပါ ကျောင်းတွင် မြန်မာနိုင်ငံသား ကလေးငယ် အသက် ၃ နှစ်မှ ၁၂ နှစ်ကြား ကလေး ၁၉၀ ပညာသင်ကြားနေခြင်းဖြစ်ပြီး အင်္ဂလိပ်-မြန်မာဘာသာဖြင့် ဖတ်စာအုပ် ၃၁ အုပ်ကိုလည်း ရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့ကြောင်း သိရသည်။ ရဲတပ်ဖွဲ့နှင့် ဒေသဆိုင်ရာ အုပ်ချုပ်ရေးတာဝန်ရှိသူများသည် ခိုဖန်ဂန်ရှိ ခရစ်ယာန်ဘုရားကျောင်းတွင် လည်ပတ်နေသော ကျောင်းကို အင်္ဂါနေ့က တွေ့ရှိခဲ့ကြောင်း Surat Thani ရဲတပ်ဖွဲ့၏ စုံစမ်းစစ်ဆေးရေးမှူး

Continue Reading
မြေပုံမြို့နယ်တွင် လင်ယောင်္ကျားဖြစ်သူက မိန်းမကို ပြင်းထန်စွာ ရိုက်နှက်ပြီး ဆေးကုသခွင့်မပေးဘဲ ပိတ်လှောင်ထား
မှုခင်း သတင်း
1 min read
0

မြေပုံမြို့နယ်တွင် လင်ယောင်္ကျားဖြစ်သူက မိန်းမကို ပြင်းထန်စွာ ရိုက်နှက်ပြီး ဆေးကုသခွင့်မပေးဘဲ ပိတ်လှောင်ထား

ဇန်နဝါရီ ၂၉ - ၂၀၂၅
1

(ဒေသအာဏာပိုင်အဖွဲ့က ကူညီဖြေရှင်းဆောင်ရွက်ပေးရန် မိသားစုဝင်များ လိုလားနေ) ရခိုင်ပြည်၊ မြေပုံမြို့နယ် ခရမ်းပြင်အုပ်စု လဟာကြီးကျေးရွာမှာ လင်ယောင်္ကျားဖြစ်သူက ဇနီးဖြစ်သူကို ရိုက်နှက် ညှဉ်းပန်းမှုကြောင့် ဒဏ်ရာများ ပြင်းပြင်း ထန်ထန် ရရှိထားသော်လည်း ဆေးကုသခွင့်မပေးဘဲ အိမ်ထဲ ပိတ်လှောင်ထားကြောင်း စုံစမ်းသိရသည်။ အမျိုးသားဖြစ်သူမှ ၎င်း၏ ဇနီး ဖြစ်သူအား ခြေထောက်ဖြင့် ကန်ကျောက်ခြင်း၊ လက်သီးများဖြင့် ထိုးနှက်ခြင်း၊ တုတ်ဖြင့်ရိုက်နှက်ခြင်းကြောင့် အပြင်ဒဏ်ရာများအပြင် အတွင်းဒဏ်ရာများမှာ ပြင်းထန်စွာ ရရှိထားပြီး လမ်းမလျောက်နိုင်ဘဲ အိပ်ရာထဲ လဲနေရသည်။ အသက် ၄၃ နှစ်အရွယ် လင်ယောင်္ကျားဖြစ်သူ ဦးမောင်ဒေါင်းချေ (ခေါ်) မောင်ထွန်းဝင်းမှ ဇနီးဖြစ်သူ အသက် ၄၁ နှစ်အရွယ် ဒေါ်ခင်မေသန်းကို မျက်နှာအပါအဝင် ခန္ဓာကိုယ်တစ်ကိုယ်လုံးကို

Continue Reading
သိမ်းပိုက်ထားသည့် မြို့များတွင် AA က ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်နေ (ဓါတ်ပုံသတင်း)
ဓါတ်ပုံသတင်း သတင်း
1 min read
0

သိမ်းပိုက်ထားသည့် မြို့များတွင် AA က ယာဉ်အန္တရာယ်ကင်းရှင်းရေးဆောင်ရွက်နေ (ဓါတ်ပုံသတင်း)

ဇန်နဝါရီ ၂၉ - ၂၀၂၅
0

အာရက္ခတပ်တော် AA သည် ရခိုင်ပြည်အတွင်း သိမ်းပိုက်ထားသော မြို့များတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေး စနစ်တကျဆောင်ရွက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ယာဉ်အသွားအလာများသော နေရာများ၊ လမ်းဆုံးလမ်းခွများတွင် အထူးသဖြင့် အလေးထားဆောင်ရွက်နေပြီး မြို့ထဲသို့ ပြည်သူများ ပြန်လည်ဝင်ရောက် နေထိုင်ကတည်းက အများအပြည်သူ အန္တရာယ်ကင်းရှင်းရေးကို ပြုလုပ်နေသည်ဟု သိရသည်။ ကား၊ ဆိုင်ကယ်၊ သုံးဘီး၊ ဘေးတွဲ၊ တေဗာ၊ ကုန်ကား စသဖြင့် စနစ်တကျ မောင်းနှင်သွားလာရေးနှင့် ဆိုင်ကယ်ဦးထုပ်များ ဆောင်းရေးအတွက်လည်း အသိပညာပေးခြင်းများ ပြုလုပ်ပေးလျှက်ရှိသည်ဟု သိရသည်။

Continue Reading
AA ထိုးစစ်ရှိနေသည့် ဧရာဝတီ သာပေါင်းမြို့က မြို့မရဲစခန်းမှူး စနိုက်ပါပစ်ခတ်ခံရ၍ သေဆုံး
စစ်ရေး သတင်း
1 min read
0

AA ထိုးစစ်ရှိနေသည့် ဧရာဝတီ သာပေါင်းမြို့က မြို့မရဲစခန်းမှူး စနိုက်ပါပစ်ခတ်ခံရ၍ သေဆုံး

ဇန်နဝါရီ ၂၉ - ၂၀၂၅
1

အာရက္ခတပ်တော် AA ထိုးစစ်များရှိနေသော ဧရာဝတီတိုင်းထဲက သာပေါင်းမြို့နယ်တွင် စစ်ကောင်စီ၏ မြို့မစခန်းမှူး ရဲမှူးဝင်နိုင်ဦးမှာ စနိုက်ပါပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။ ယမန်နေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ ညနေပိုင်းတွင် စနိုက်ပါပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း ပုသိမ်းသတင်းအထူးတပ်ဖွဲ့က ယနေ့တွင် ထုတ်ပြန်ထားသည်။ “ကျားခေါင်းသို့ ပရဟိတကားနဲ့ ရိက္ခာပို့သွားရောက်စဉ် Sniper ဖြင့် ပစ်ခတ်ခံရပြီး လည်ပင်းထိဒဏ်ရာနဲ့ သေဆုံးသွားတယ်။ Dead Body ကို သူ့ရဲ့ဇာတိ လက်ပံကွင်းသို့ ပြန်လည်သယ်ယူလာခဲ့ကြတယ်” ဟု ပြောသည်။ Sniper ကျည်ပစ်ခတ်စဉ် စခန်းမှူးသေဆုံးမှုကြောင့် ဘေးတွင်ရှိနေသည့် ပရဟိတကားသမား လန့်ပြီးသတိလစ်သွားကြောင်း ပုသိမ်သတင်းအထူးတပ်ဖွဲ့က ဆိုသည်။ “အဆိုပါဖြစ်စဉ်ကြောင့် ရခ/နယ်ထိန်များ ကိုယ်လွတ်ရုံးပြေးကြကာ ထိုအထဲတွင် “ငါသေမှ

Continue Reading
မောင်တောမြို့ကို စစ်ရှောင် ၄၆၀၀ ကျော် AA ကပြန်လည် နေထိုင်ခွင့်ပြု
သတင်း
1 min read
0

မောင်တောမြို့ကို စစ်ရှောင် ၄၆၀၀ ကျော် AA ကပြန်လည် နေထိုင်ခွင့်ပြု

ဇန်နဝါရီ ၂၈ - ၂၀၂၅
0

အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်သွားသော မောင်တောမြို့ခံ ရခိုင်နှင့် မွတ်ဆလင် အိမ်ထောင်စု ၁၇၀၀ ကျော်ကို AA က ပြန်လည် နေထိုင်ခွင့် ပြုလိုက်ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။ ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ရက်နေ့ ကနေ ၂၇ ရက်နေ့ အထိ အိမ်ထောင်စု ၁၇၂၄ စုကို မောင်တောမြို့ထဲသို့ ဝင်ခွင့်ပြုလိုက်ပြီး ယင်းမှာ ကျေးရွာပေါင်း ၁၅ ထက်မနည်း စစ်ရှောင်များ ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း AA စစ်ရေး သတင်းရင်းများက ပြောသည်။ ယင်းတို့မှာ ပြင်ဖြူ၊ ပေါင်းဇား၊ ကျောက်လှေကားစသည့် မွတ်ဆလင်

Continue Reading
စစ်ကောင်စီ တပ်စခန်းပေါင်း ၁၈၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား၊ အများစုမှာ ရခိုင်နှင့် ရှမ်းက ဖြစ်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ တပ်စခန်းပေါင်း ၁၈၀ နီးပါးကို တော်လှန်ရေးတပ်ဖွဲ့များ သိမ်းပိုက်ထား၊ အများစုမှာ ရခိုင်နှင့် ရှမ်းက ဖြစ်

ဇန်နဝါရီ ၂၈ - ၂၀၂၅
0

မြန်မာစစ်တပ်က အာဏာသိမ်းသည့် ၂၀၂၁ မှ ၂၀၂၄ ခုနှစ်အတွင်း စစ်ကောင်စီ၏ အခြေစိုက်ပေါင်း ၁၇၄ ထက်မနည်းကို တော်လှန်ရေးအင်အားစုများက သိမ်းပိုက်ထားသည်ဟု ISP Myanmar ၏ အစီရင်ခံစာအရ သိရသည်။ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ထုတ်ပြန်သော Institute for Strategy and Policy- Myanmar (ISP Myanmar) ၏ အစီရင်ခံစာတွင် ယင်းသို့ ဖော်ပြထားသည်။ တိုင်းစစ်ဌာနချုပ် နှစ်ခု အပါအဝင် အခြေစိုက်စခန်း ၁၄၁ ခုထက်မနည်းမှာ ရခိုင်ပြည်နှင့် ရှမ်းပြည်နယ်ထဲကဖြစ်ကြောင်း ပြောဆိုထားသည်။ စစ်ကောင်စီ၏ အမိန့်ပေးကွက်ကဲမှုဌာနချုပ်ပေါင်း ၁၂ ခုထက်မနည်း တိုက်ခိုက်သိမ်းပိုက်ခံထားရပြီး ရှမ်းပြည်နယ်တွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ် အပါအဝင်

Continue Reading