ဘန်ကောက်မှာ တောင်းရမ်းသူ ၁၂ ဦးကို ဖမ်းမိ၊ မြန်မာတစ်ဦးပါဝင်
ဒုက္ခသည်အရေး သတင်း
1 min read
0

ဘန်ကောက်မှာ တောင်းရမ်းသူ ၁၂ ဦးကို ဖမ်းမိ၊ မြန်မာတစ်ဦးပါဝင်

ဒီဇင်ဘာ ၁၇ - ၂၀၂၄
0

(တောင်းရမ်းသူများအနက် ထိုင်းအမျိုးသမီးထံတွင် လက်ထဲ ငွေသား ဘတ် ၃ သိန်းကျော်နှင့် ဘဏ်အကောင့်ထဲတွင် ဘတ် ၁ သန်းကို တွေ့ရှိရ) ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဒီဇင်ဘာလ ၁၂ ရက်နေ့ညက တောင်းရမ်းစားသောက်သူ ၁၂ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ယင်းအထဲတွင် မြန်မာနိုင်ငံသား တစ်ဦးပါဝင်ကြောင်း သိရသည်။ အဆိုပါ တောင်းရမ်းသူ ၁၂ ဦးမှာ ထိုင်းနိုင်ငံသား ၈ ဦး၊ ကမ္ဘောဒီးယား ၂ ဦး၊ လာအို ၁ ဦးနှင့် မြန်မာနိုင်ငံသား ၁ ဦး ပါဝင်သည်။ တောင်းရမ်းသူများအနက် ထိုင်းနိုင်ငံသား အမျိုးသမီးတစ်ဦးသည် လက်ထဲရှိငွေသား ဘတ် ၃ သိန်းကျော်ကို ယူဆောင်လာပြီး

Continue Reading
ပုသိမ်ခရိုင်ရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီ နှင်ထုတ်နေ
စစ်ရေး သတင်း
0 min read
0

ပုသိမ်ခရိုင်ရောက် ရခိုင်စစ်ဘေးရှောင်များကို စစ်ကောင်စီ နှင်ထုတ်နေ

ဒီဇင်ဘာ ၁၆ - ၂၀၂၄
0

ဧရာဝတီတိုင်းဒေသ ပုသိမ်ခရိုင်အတွင်း အိုးအိမ်စွန့်ခွာ ခိုလှုံနေကြသော ရခိုင်တိုင်းရင်းသား စစ်ဘေးရှောင်များကို အာဏာသိမ်း စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အုပ်ချုပ်ရေးအဖွဲ့များက နှင်ထုတ်နေကြောင်း စုံစမ်းသိရသည်။ ပုသိမ်ခရိုင်ရှိ ရွှေသောင်ယံ၊ ချောင်းသာ စသည့် ဒေသများက စစ်ရှောင်ရခိုင်ပြည်သူများကို တစ်ပတ်အတွင်း ပြောင်းရွှေ့ရမည်ဟု ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်ကောင်စီ အုပ်ချုပ်ရေးအဖွဲ့ဝင်များက ခြိမ်းခြောက်ပြောဆိုနေကြောင်း သိရသည်။ အမည်မဖော်လိုသည့် ဂွမြို့ဒေသခံ စစ်ဘေးရှောင်တစ်ဦးက ” အခုလ ၁၄ ရက်နေ့က ရခိုင်တွေအကုန် တစ်ပတ်အတွင်း ပြောင်းပေးရမယ်လို့ပြောတယ်။ အခုလက်ရှိ နေနေတဲ့ နေရာတွေကပေါ့။ ဒါပေမယ့် ရခိုင်ဘက်ကိုတော့သွားလို့မရဘူး။ သွားရင်တာဝန်မယူဘူးဆိုပြီးပြောတယ်။ နောက် ဒီနေ့ (ဒီဇင်ဘာ ၁၆ ရက်) မှာတော့ မသွားချင်တဲ့သူတွေနေလို့ ရတယ်လို့ပြောတယ်။

Continue Reading
တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် လေယာဉ် ၈ စီးကို မြန်မာစစ်တပ် ပြန်လည် ဖြည့်တင်း
စစ်ရေး သတင်း
1 min read
0

တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် လေယာဉ် ၈ စီးကို မြန်မာစစ်တပ် ပြန်လည် ဖြည့်တင်း

ဒီဇင်ဘာ ၁၆ - ၂၀၂၄
0

မြန်မာစစ်တပ်မှာ အာဏာသိမ်းပြီးနောက် တော်လှန်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲအတွင်း ဆုံးရှုံးသွားသည့် ရဟတ်ယာဉ်နှင့် တိုက်ခိုက်ရေးလေယာဉ် ၈ စီးကို ယမန်နေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ပြန်လည်ဖြည့်တင်းထားကြောင်း သိရသည်။ မြန်မာစစ်တပ် ပြန်လည်ဖြည့်တင်းထားသည့် လေယာဉ်များမှာ Mi17 ရဟတ်ယာဉ် ၃ စီး၊ FTC2000G တိုက်လေယာဉ် ၃ စီး၊ K-8W တိုက်လေယာဉ် ၁ စီးနှင့် Y-8 ထောက်ပို့လေယာဉ် ၁ စီး စုစုပေါင်း ၈ စီးဖြစ်သည်။ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ကျရောက်သည့် မြန်မာစစ်တပ် (လေ) ၏ ဖွဲ့စည်းတည်ထောင်မှု ၇၇ နှစ်မြောက် နှစ်ပတ်လည်နေ့တွင် ဆုံးရှုံးသွားသည့် လေယာဉ်များကို

Continue Reading
စကခ ၅ တပ်မဌာနချုပ်ကို သိမ်းပိုက်ရရှိ၍ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို AA ထိန်းချုပ်
စစ်ရေး သတင်း
1 min read
0

စကခ ၅ တပ်မဌာနချုပ်ကို သိမ်းပိုက်ရရှိ၍ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို AA ထိန်းချုပ်

ဒီဇင်ဘာ ၁၅ - ၂၀၂၄
0

ရခိုင်ပြည် တောင်ကုတ်မြို့နယ်က အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) ကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီ တောင်ကုတ်မြို့နယ်တစ်ခုလုံးကို ထိန်းချုပ်လိုက်ပြီး ဖြစ်ကြောင်း စစ်ရေးသတင်းရင်းများထံမှ သိရသည်။ တောင်ကုတ်မြို့ကို နိုဝင်ဘာလ ၂၄ ရက်နေ့က အလုံးစုံထိန်းချုပ်ပြီးနောက် စကခ ၅ တပ်မ၊ ခမရ ၃၄၆ တပ်ရင်း၊ ခမရ ၅၄၄ တပ်ရင်းတို့ကို AA က ဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ယမန်နေ့ ဒီဇင်ဘာလ ၁၄ ရက်နေ့ ညနေပိုင်းတွင် စကခ ၅ တပ်မအပါအဝင် တပ်ရင်းများကို သိမ်းပိုက်နိုင်ခဲ့၍ လက်ရှိတွင် တောင်ကုတ်မြို့နယ်တစ်ခုလုံးအား အပြီးသတ်သိမ်းပိုက် ထိန်းချုပ်လိုက်ပြီဟု သတင်းရင်းမြစ်က ဆိုသည်။

Continue Reading
အာရက္ခတပ်တော် AA လက်နက်စွန့်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တိုက်တွန်းနေ
ဓလေ့ထုံးတမ်း သတင်း
1 min read
0

အာရက္ခတပ်တော် AA လက်နက်စွန့်ရန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် တိုက်တွန်းနေ

ဒီဇင်ဘာ ၁၅ - ၂၀၂၄
1

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် မြို့များ ဆက်တိုက်သိမ်းပိုက်နေသော အာရက္ခတပ်တော် AA ကို လက်နက်ကိုင်လမ်းစဉ် လွှတ်ပြီး လမ်းကြောင်းမှန်ပေါ်သို့လာရန် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းနေသည်။ ယနေ့ ဒီဇင်ဘာလ ၁၅ ရက်နေ့ ကျရောက်သော နှစ် ၅၀ ပြည့် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာတွင် အာဏာသိမ်း မြန်မာစစ်တပ်ခေါင်းဆောင် မင်းအောင်လှိုင်က တိုက်တွန်းပြောဆိုခဲ့ခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ် အောက်တိုဘာလက စတင်ခဲ့သည့် MNDAA, TNLA, AA တို့ကြောင့် ပြည်သူများ၏ လူမှုစီးပွားအခြေနေ ပိုမိုဆိုးရွာစေခဲ့ပြီး နိုင်ငံရေးကို အကြောင်းပြပြီး လွဲမှားသော အယူအဆများဖြင့် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေကြခြင်းဖြစ်သာ ဖြစ်သည်ဟု မင်းအောင်လှိုင်က

Continue Reading
မြန်မာအများဆုံးနေထိုင်သော ထိုင်း တာ့ခရိုင် အုန်းဖျန်မြို့တွင် ဗုံးပေါက်ကွဲ
မှုခင်း သတင်း
1 min read
0

မြန်မာအများဆုံးနေထိုင်သော ထိုင်း တာ့ခရိုင် အုန်းဖျန်မြို့တွင် ဗုံးပေါက်ကွဲ

ဒီဇင်ဘာ ၁၄ - ၂၀၂၄
0

(ဗုံးပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၄၀ ဦးခန့် ဒဏ်ရာရ) ထိုင်းနိုင်ငံ၊ တာ့ခရိုင်ရှိ မြန်မာနိုင်ငံသားများနှင့် ကရင်တိုင်းရင်းသား အများအပြား နေထိုင်သော အုန်းဖျန်မြို့တွင် ဖျော်ဖြေပွဲ လုပ်နေစဉ် ဗုံးဖောက်ခွဲခံရပြီး ၃ ဦးသေဆုံးကာ ၃၉ ဦး ဒဏ်ရာရှိကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြကြသည်။ ယမန်နေ့ ဒီဇင်ဘာ ၁၃ ရက် ထိုင်းစံတော်ချိန် ည ၁၁ နာရီ ၃၀ မိနစ်အချိန် တာ့ခရိုင်၊ အုန်းဖျန်မြို့၊ လေဆိပ်အဟောင်းကွင်းပြင်တွင် အကဖျော်ဖြေပွဲပြုလုပ်နေစဉ် ဗုံးဖြင့် ပစ်ပေါက် ဖောက်ခွဲခံရခြင်း ဖြစ်သည်။ ဖျော်ဖြေပွဲမှာ ဒီဇင်ဘာလ ၈ ရက်နေ့မှ ဒီဇင်ဘာလ ၁၄ ရက်နေ့ အထိ

Continue Reading
ထိုင်းမှာ ဘတ်အသစ်စာရင်း ဖွင့်လှစ်ကြောင်း စစ်ကောင်စီ မြန်မာသံရုံးကြေညာ
သတင်း
1 min read
0

ထိုင်းမှာ ဘတ်အသစ်စာရင်း ဖွင့်လှစ်ကြောင်း စစ်ကောင်စီ မြန်မာသံရုံးကြေညာ

ဒီဇင်ဘာ ၁၄ - ၂၀၂၄
0

ဒီဇင်ဘာလ ၁၆ ရက်နေ့ကစပြီး ထိုင်းနိုင်ငံမှာ ပန်းရောင်ကတ် (ဘတ်) အသစ်စာရင်း စတင်ဖွင့်လှစ်ပြီး ဒီဇင်ဘာလ ၃၀ ရက်နေ့အထိ ပြုလုပ်ခွင့်ပြုကြောင်း ဘန်ကောက်မြို့ရှိ စစ်ကောင်စီ မြန်မာသံရုံးက ကြေညာထားသည်။ ထိုင်းနိုင်ငံ၊ အလုပ်အကိုင်ဦးစီးဌာနက ပေးပို့လာသည့် သတင်းအချက်အလက်ကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဒီဇင်ဘာလ ၁၃ ရက်က ထပ်ဆင့်အသိပေးထုတ်ပြန်ရာတွင် ယင်းသို့ဖော်ပြ ထားခြင်းဖြစ်သည်။ ထိုင်းတွင် ယာယီနေထိုင်အလုပ်လုပ်ခွင့်ပြုသည့် ယင်းကတ်ကို ဘတ်ဟုခေါ်ကြသလို ပန်းရောက်ကတ်ဟုလည်း ခေါ်ကြသည်။ တရားမဝင် ရောက်ရှိလုပ်ကိုင်နေသော နိုင်ငံခြားသားအလုပ်သမားများ၊ ဘတ် သက်တမ်းကုန်ဆုံးသူများ၊ တရားဝင် ဝင်ရောက်ခဲ့ပြီးနောက် အလုပ်တရားမဝင် လုပ်ကိုင်နေသည့် နိုင်ငံခြားသားများမှာ တရားဝင်နေထိုင်လုပ်ကိုင်ခွင့် ရရှိရန် ထိုင်းအစိုးရက အမည်စာရင်းတင်ခွင့်ပြုခြင်း ဖြစ်သည်။ ပထမအဆင့်အဖြစ်

Continue Reading
တောင်ကုတ်တပ်မထဲ AA ထိုးဖောက်ဝင်ရောက်တိုက်ခိုက်၊ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ
စစ်ရေး သတင်း
1 min read
0

တောင်ကုတ်တပ်မထဲ AA ထိုးဖောက်ဝင်ရောက်တိုက်ခိုက်၊ နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ဒီဇင်ဘာ ၁၃ - ၂၀၂၄
0

ရခိုင်ပြည် တောင်ကုတ်မြို့ကို ထိန်းချုပ်ပြီးနောက် အမှတ် ၅ စစ်ဆင်ရေးကွက်ကဲမှုဌာနချုပ် (စကခ ၅) တပ်မထဲကို အာရက္ခတပ်တော် AA က ထိုးဖောက်ဝင်ရောက် တိုက်ခိုက်နေပြီဟု စစ်ရေးသတင်းရင်းမြစ်များက ပြောသည်။ တောင်ကုတ်မြို့ထဲက စစ်ကောင်စီ စစ်စခန်း ၁၀ ခုကို သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့တစ်ခုလုံးအား နိုဝင်ဘာလ ၂၄ ရက်နေ့တွင် ထိန်းချုပ်နိုင်ခဲ့ပြီဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ထားသည်။ တစ်ဆက်တည်းမှာပဲ တောင်ကုတ်မြို့နှင့် ကပ်လျက်ရှိသည့် စကခ ၅ တပ်မနှင့် ခမရ ၅၄၄၊ ခမရ ၃၄၆ တပ်ရင်းတို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက “မနေ့ကအထိ တပ်မထဲကို ဝင်ရောက်တိုက်ခိုက်နေပြီလို့ သိရတယ်။ ခမရ

Continue Reading
ပခုက္ကူ ရေလာလေး စစ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

ပခုက္ကူ ရေလာလေး စစ်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ ဝင်ရောက်စီးနင်းတိုက်ခိုက်

ဒီဇင်ဘာ ၁၃ - ၂၀၂၄
0

မကွေးတိုင်း ပခုက္ကူမြို့နယ် ရေလာလေးကျေးရွာက စစ်ကောင်စီ စစ်စခန်းကို ကျောင်းသားတပ် SAF နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ပွဲကို အမှတ် ၈ စစ်ကြောင်း ဦးဆောင်မှုဖြင့် SAF, EPDF, PLA, အနောက်မြောက် စစ်ဒေသ အထူးတပ်ဖွဲ့၊ ပခုက္ကူခရိုင်တပ်ရင်းနှင့် KRF တို့က ဒီဇင်ဘာလ ၁၁ ရက် နံနက်ပိုင်းတွင် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တော်လှန်ရေးတပ်ဖွဲ့ ဝင်ရောက်စီးနင်း တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးကာ ၇ ဦးကို အရှင်ဖမ်းမိခဲ့ပြီး လက်နက် ၁၈ လက်နက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။ ၆၀ မမ စိန်ပြောင်း ၁

Continue Reading
၂၀၂၅ မှာ ခရီးသွားဧည့်သည် သန်း ၄၀ အထိ ဝင်ရောက်ရန် ထိုင်းရည်မှန်း
ရိုးရာယာဉ်ကျေးမှု သတင်း
1 min read
0

၂၀၂၅ မှာ ခရီးသွားဧည့်သည် သန်း ၄၀ အထိ ဝင်ရောက်ရန် ထိုင်းရည်မှန်း

ဒီဇင်ဘာ ၁၃ - ၂၀၂၄
0

လာမည့် ၂၀၂၅ ခုနှစ်တွင် ထိုင်းနိုင်ငံသို့ ခရီးသွားဧည့်သည် သန်း ၄၀ အထိ ဝင်ရောက်ရန် ရည်မှန်းထားကြောင်း ထိုင်းခရီးသွားအေးဂျင့်များအသင်း ATTA က ပြောသည်။ ယခု ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၈ ရက်နေ့အထိ ခရီးသွားဧည့်သည် ၃၂ သန်းကျော် ဝင်ရောက်ခဲ့ပြီး ၁ ဒသမ ၅၃၅ ထရီလီယံ ဘတ် ရရှိခဲ့ကြောင်း ATTA က ထုတ်ပြန်ထားသည်။ အဆိုပါ ခရီးသွားဧည့်သည်များမှာ တရုတ်နိုင်ငံက ၆ ဒသမ ၃၂ သန်း၊ မလေးရှားမှ ၄ ဒသမ ၅၈ သန်း၊ အိန္ဒိယမှ ၁

Continue Reading