မင်းအောင်လှိုင် ပြင်ဦးလွင်ကို လာမည်ဖြစ်၍ လမ်းဘေးခွေးများကို အဆိပ်ချ သတ်ဖြတ်
မန္တလေးတိုင်း ပြင်ဦးလွင်မှာ ယခု ဒီဇင်ဘာလအတွင်း ကျင်းပမည့် ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့် ပွဲအခမ်းအနားကို အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် တက်ရောက်မည်ဟု တပ်တွင်းသတင်းရင်းမြစ်များက ပြောသည်။ ထိုကြောင့် ပြင်ဦးလွင်မြို့အတွင်းနှင့် ရုက္ခဗေဒဥယျာဉ်အနီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ကင်းပုန်းဝပ်နိုင်ရန် လမ်းဘေးခွေများအားလုံးကို စီမံချက်ဖြင့် အဆိပ်ချ သတ်ဖြတ်နေကြောင်း မြို့နယ်စည်ပင်သာယာရေးဌာနက သိရသည်။ ဒီဇင်ဘာလ မကုန်မီ ရုက္ခဗေဒဥယျာဉ် နှစ် ၁၀၀ ပြည့်ပွဲတော်ကို ကျင်းပမည်ဖြစ်၍ ဒီဇင်ဘာလ အစောပိုင်းကတည်းက လမ်းဘေးခွေးများကို မြို့နယ်စည်ပင်ဌာနက သတ်ဖြတ်နေခြင်းဖြစ်သည်။ မြို့နယ်စည်ပင်အရာရှိတစ်ဦးက ” ခွေးလေ ခွေးလွင့်တွေကြောင့် လုံခြုံရေးကင်းပုန်းဝပ်ရာမှာ အနှောင့်အယှက်မဖြစ်စေဖို့ အဆိပ်ချ ရှင်းလင်းဖို့ နယ်မြေတပ်ရင်းကနေ စာထုတ်ပါတယ်။ အဲဒါကြောင့်
မလေးရှားသွားမည့် ရခိုင် ၈၄ ဦး ထိုင်းမှာ ဖမ်းဆီးခံရ
မလားရှားနိုင်ငံကို အလုပ်သွားလုပ်ကြမည့် ရခိုင်ပြည်က လူပေါင်း ၈၄ ဦးမှာ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်မှုဖြင့် ထိုင်းနိုင်ငံ ကန်ချနပူရီမြို့တွင် ဒီဇင်ဘာလ ၁၁ ရက်နေ့ နံနက် ၁ နာရီတွင် ဖမ်းဆီးခံရကြောင်း ထိုင်း ပတ္တရာသတင်းဌာနက ဖော်ပြသည်။ ထရပ်ကားဖြင့် အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသော ရခိုင်ပြည်သူများမှာ ကန်ချနပူရီရဲတပ်ဖွဲ့က စစ်ဆေးရေးပြုလုပ်နေချိန် ထိပ်တိုက်တွေ့ဆုံပြီးနောက် ထရပ်ကားစွန့်ပစ်ပြီး တောအုပ်ထဲ၌ ပုန်းအောင်နေခဲ့ကြသည်။ သို့သော်လည်း ထိုင်းရဲတပ်ဖွဲ့က ထရပ်ကားကို စစ်ဆေးကြည့်ရာ ကားပေါ်မှာ ခရီးသည်အိတ်အများအပြားကို တွေ့ပြီးနောက် အနီးအနားတောအုပ်အား ဝင်ရောက်ရှာဖွေရာမှာ နယ်စပ်ဖြတ်ကျော်လာသူများကို ဖမ်းဆီးမိခဲ့ခြင်းဖြစ်သည်။ အဆိုပါ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော်လာသူ ၈၄ ဦးမှာ ရခိုင်ပြည်က ဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က
ဖုန်းလိုင်းပြတ်တောက်မှုကြောင့် ရခိုင်က NGO/INGO များ လုပ်ငန်းလည်ပတ်ရ ခက်ခဲနေ
ရခိုင်တွင် ဖုန်းလိုင်းပြတ်တောက်နေ၍ NGO/INGO များမှာ ဒေသတွင်းလုပ်ငန်း လည်ပတ်နိုင်မှုများ များစွာခက်ခဲလျှက်ရှိနေကြသည်ဟု NGO အသိုင်းအဝန်းမှ သိရသည်။ ရခိုင်တွင် ဒေသတွင်းလည်ပတ်နေသည့် န်ိုင်ငံတကာအဖွဲ့စည်းပေါင်း ၂၀ ကျော်ခန့်ရှိပြီး အဆိုပါအဖွဲ့စည်းများမှာ ဒေသတွင်းကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီးအခွင့်အရေး၊ ပညာရေး၊ ကျန်းမာရေး၊ စိတ်ပိုင်းရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရေး၊ ကျေးလက်ဖွံ့ဖြိုးရေး၊ လူမှုဖူလုံရေး စသည့်အရာများအတွက် ထောက်ပံ့ကူညီရေးများ လုပ်ဆောင်လျှက်ရှိနေခြင်းဖြစ်သည်။ လက်ရှိတွင်မူ ဒေသတွင်းဖုန်းလိုင်းမရရှိမှုများကြောင့် အဆိုပါ ထောက်ပံ့ကူညီရေးလုပ်ငန်းစဉ်များမှာ လုပ်ဆောင်နိုင်ရန် ခက်ခဲလျှက်ရှိနေကြရသည်ဟု စစ်ဘေးရှောင်များအား ကူညီထောက်ပံ့နေသူ NGO ဝန်ထမ်းတစ်ဦးက ပြောသည်။ “အခက်ခဲဆိုတာထက် ဘယ်လို အလုပ်လုပ်ရမယ်မှန်းကို မသိတော့တာပါ။ အရင်က ဖုန်းလိုင်းရတော့ နည်းနည်းအဆင်ပြေပါသေးတယ်။ အခုက အလုပ်ကလူတွေ အချင်းချင်းရော နယ်ဖက်ကလူတွေနဲ့ရော အဆက်သွယ်မရတော့ ထောက်ပံ့ရေးလုပ်ငန်းတွေက
ရခိုင်မှာ စပါးဝယ်လိုအား မရှိသလောက်ကျဆင်းသွား၍ တောင်သူများခက်ခဲနေ
ရခိုင်ပြည်မှာ ယခင်နှစ်နည်းတူ စပါးဝယ်လိုအား မရှိသလောက်ကျဆင်းသွား၍ တောင်သူလယ်သမားများမှာ ခက်ခဲမှုဖြင့်ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရသည်။ မိုးရာသီက စိုက်ပျိုးခဲ့သည့် စပါးများကို လက်ရှိတွင် ရိတ်သိမ်းနေပြီး စပါးပေါ်လာပြီဖြစ်သော်လည်း စပါးဝယ်ယူသူမရှိ၍ တောင်သူများမှာ ဝင်ငွေမရှိသည့် အခက်အခဲကို ကြုံနေရကြောင်း ပြောဆိုနေကြသည်။ ပုဏ္ဏားကျွန်းမြို့နယ်မှ လယ်သမားတစ်ဦးက “လယ်သမားတွေ အတွက်တော့ ဒီနှစ်လည်း အခက်အခဲပဲ။ ရိတ်သိမ်းပြီးစပါးတွေကို ဝယ်မယ့်သူမရှိဘူး။ အခုလိုထွက်လာတဲ့ စပါး ရောင်းမထွက်တော့ အကြွေးကျခံပြီး လယ်စိုက်ထားကြတဲ့ လယ်သမားတွေဆို ဘယ်လို ရှေ့ဆက်ရမယ်မှန်းတောင် မတွေးတတ်ကြတော့ဘူး” ဟု ပြောသည်။ ရခိုင်ပြည်က တောင်သူအများစုသည် ရိုးရိုးစပါးထက် ပေါ်ဆန်းမွှေးစပါးကို အဓိကထားစိုက်ပျိုးကြပြီး ယခင်က ရန်ကုန်အပါအဝင် ပြည်မမြို့များကို ပေါ်ဆန်းမွှေးဆန် ရောင်းချခဲ့ကြောင်း သိရသည်။ သို့သော်လည်း
မောင်တောခရိုင်နှင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်ထူထောင်ရာတွင် စစ်သွေးကြွ ARSA, RSO, ARA များက အဖျက်အမှောက်လုပ်နိုင်ဟုဆို
ရခိုင်ပြည် ဘူးသီးတောင်၊ မောင်တောဒေသကို ပြန်လည်ထူထောင်ခြင်းနှင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်အသက်သွင်းချိန်တွင် စစ်သွေးကြွ လက်နက်ကိုင်များအနေဖြင့် အဖျက်အမှောက်လုပ်ငန်းများကို ပြုလုပ်လာနိုင်သည်ဟု ဒေသခံများက သုံးသပ်နေကြသည်။ မောင်တောဒေသ တစ်ခုလုံးကို ဒီဇင်ဘာလ ၈ ရက်နေ့က အပြီးသတ်သိမ်းပိုက်လိုက်ပြီဟု အာရက္ခတပ်တော် AA က ထုတ်ပြန်ပြီးနောက် မောင်တောခရိုင် ပြန်လည်ထူထောင်ရေးနှင့် နယ်စပ်ကုန်သွယ်ရေး အမြန်ဆုံးလည်ပတ်နိုင်ရန် ဒေသခံပြည်သူများမှာ မျှော်လင့်စောင့်ဆိုင်းနေကြသည်။ ရခိုင်ပြည်၏ အဓိက ဝင်ငွေတစ်ခုဖြစ်သည့် ရခိုင်-ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောနယ်စပ်ကုန်သွယ်ရေးကို တကျော့ပြန်တိုက်ပွဲစသည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ ရက်နေ့ကတည်းက ပိတ်ထားခဲ့သည်မှာ ယခုအချိန်အထိ ဖြစ်သည်။ မောင်တောဒေသ ပြန်လည်ထူထောင်ရေးနှင့် နယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများကို ပြန်လည်ချိန်တွင် စစ်သွေးကြွ မွတ်ဆလင် လက်နက်ကိုင်များက အဖျက်အမှောက်လုပ်ငန်းများ လုပ်ဆောင်လာမည်ဟု
စစ်ကောင်စီ တောင်သုံးလုံးစခန်းကို တော်လှန်ရေးတပ်ဖွဲ့ သိမ်းပိုက်
ကရင်ပြည်နယ် ဒွယ်လိုးမြို့နယ်က အာဏာသိမ်း စစ်ကောင်စီ၏ တောင်သုံးလုံး စစ်စခန်းကို တော်လှန်ရေးပူးပေါင်းအဖွဲ့များက ဒီဇင်ဘာလ ၁၁ ရက်နေ့က သိမ်းပိုက်လိုက်ပြီဟု BPLA ထုတ်ပြန်ချက်အရ သိရသည်။ စစ်ကောင်စီ၏ တောင်သုံးလုံးစစ်စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)နှင့် Force for Federal Democracy(FFD)တို့ပါဝင်သော မဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။ ဒွယ်လိုးမြို့နယ်ရှိ စစ်ကောင်စီတောင်သုံးလုံးစခန်းသည် KNU တပ်မဟာ(၅)နယ်မြေတွင်ရှိသော စစ်စခန်းဖြစ်ပြီး အဆိုပါစခန်းမှ ၁၂၀(မမ)၊ ၈၁(မမ)၊ ၆၀(မမ)လက်နက်ကြီးများအပါအဝင် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။
စစ်အာဏာရှင်စနစ်နှင့်အတူ ကျားမအခြေပြု အကြမ်းဖက်မှုကိုလည်း တော်လှန်ကြရန် မောင်ဆောင်းခ တိုက်တွန်း
စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ် တော်လှန်တိုက်ခိုက် သကဲ့သို့ ကျားမအခြေပြု အကြမ်းဖက်မှုများကိုလည်း တော်လှန်တိုက်ထုတ်ကြရန် ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ခေါင်းဆောင် မောင်ဆောင်းခက ပြောသည်။ BPLA က လစဉ်ထုတ်ဝေနေသော ၂၀၂၄ ခုနှစ် ဒီဇင်ဘာလထုတ် “ဗမာသူပုန်” စာတွင် မောင်ဆောင်းခက ယင်းကဲ့သို့ တိုက်တွန်းပြောဆိုထားသည်။ “ဖိုဝါဒကြီးစိုးမှု၊ လူမျိုးကြီးဝါဒ၊ အစွန်းရောက်အမျိုးသားရေးဝါဒနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုတွေဟာ စစ်အာဏာရှင်စနစ်ရဲ့ ထောက်တိုင်တွေ ဖြစ်တာကြောင့် ဒီစနစ်နဲ့ ဒီခံယူချက်အတွေးအခေါ်တွေကိုပါ တခါတည်း တော်လှန်တိုက်ထုတ်သွားကြဖို့ လိုအပ်ပါတယ်” ဟု ပြောဆိုထားသည်။ မြန်မာနိုင်ငံတွင် ဆယ်စုနှစ်များစွာ ရှိလာခဲ့သော ပဋိပက္ခများ၊ ပြည်တွင်းစစ်များနှင့် စစ်အာဏာရှင်စနစ်များ သက်ဆိုးရှည်နေရသည့် အခြေခံအကြောင်းတရားများထဲတွင် ဖိုဝါဒကြီးစိုးမှုကလည်း တခုအပါအဝင်ဖြစ်ကြောင်း မောင်ဆောင်းခက ပြောသည်။
မြန်မာ့စီးပွားရေး အလားအလာမကောင်းဟု ကမ္ဘာ့ဘဏ်ပြော
သဘာဝဘေးအန္တရာယ်များ၊ ဆက်လက်ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ကျယ်ပြန့်သော အခြေခံစားသောက်ကုန် ပြတ်လပ်မှုများကြောင့် မြန်မာ့စီးပွားရေးမှာ ဆိုးဝါးစွာ ရိုက်ခတ်လျက်ရှိပြီး စီးပွားရေးမှာ အလားအလာ မကောင်းဖြစ်နေကြောင်း ကမ္ဘာ့ဘဏ်က ထုတ်ပြန်သည်။ အကျပ်အတည်းများသည် မြန်မာ့စီးပွားရေးနှင့် ပြည်သူများကို ထိခိုက်နစ်နာစေပြီး မြန်မာ့ဂျီဒီဘီသည် လက်ရှိ ဘဏ္ဍာနှစ်အတွင်း ၂၀၂၅ မတ်လအတွက် စီးပွားရေးခန့်မှန်းချက်မှာ အနုတ် ၁ ရာခိုင်နှုန်းဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ဒီဇင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယခင် ခန့်မှန်းချက်ထက် ပိုလျော့နည်းနေသည့်အတွက် ပြန်လည်ပြင်ဆင်ရမည်ဟု ကမ္ဘာ့ဘဏ်က ဆိုသည်။ ကုန်ကြမ်းပြတ်လပ်မှု၊ လျှပ်စစ်ဓာတ်အား မလုံလောက်မှုနှင့် ပြည်တွင်းဝယ်လိုအား အားနည်းခြင်းကြောင့် ထုတ်လုပ်မှုကို ကန့်သတ်ထားသဖြင့် စိုက်ပျိုးရေး၊ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုကဏ္ဍများမှာ တိုးတက်မှုမရှိဘဲ ဆက်လက်ကျဆင်းမည်ဟု
စစ်ကောင်စီအား ထောက်ပံ့နေသည့် တရုတ် AVIC ကုမ္ပဏီကို မိတ်ဖက်ရင်းနှီးမြှုပ်နှံသူအဖြစ်မှ ရပ်ဆိုင်းရန် Airbus ကုမ္ပဏီကို အရပ်ဘက်အဖွဲ့ ၃၀၀ ကျော် တောင်းဆို
အာဏာသိမ်း စစ်ကောင်စီ စစ်ရာဇဝတ်မှု နေ့စဉ်ကျူးလွန်နေသော စစ်လေယာဉ်များကို ထောက်ပံ့ပေးနေသေည့် တရုတ် Aviation Industry Corporation of China (AVIC) ကုမ္ပဏီနှင့် ဆက်ဆံရေး အဆုံးသတ်ရန် Airbus ကုမ္ပဏီ CEO ထံသို့ မြန်မာတော်လှန်ရေးအင်အားစုများနှင့် အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က အိတ်ဖွင့်ပေးစာ ပေးပို့တောင်းဆိုခဲ့ကြောင်း သွေးစွန်းငွေဖြတ်တောက်ရေးအဖွဲ့တာဝန်ရှိသူက ပြောကြားသည်။ AVIC ကုမ္ပဏီသည် စစ်ကောင်စီအတွက် စစ်လေယာဉ်များကို ရောင်းချခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းများကို ပြုလုပ်ပေးနေသည်။ မြန်မာနိုင်ငံသည် အီးယူ၏ စစ်လက်နက်ရောင်းချမှု ပိတ်ပင်ရေးပြဋ္ဌာန်းချက် ချမှတ်ခံထားရသည်။ Airbus ကုမ္ပဏီအနေဖြင့် စစ်တပ်၏ လက်နက်ပွဲစားကုမ္ပဏီကို ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့မှုများပေးအပ်နေခြင်းနှင့် ဆက်ဆံနေခြင်းသည် အန္တရာယ်ကို ဖိတ်ခေါ်နေခြင်းဖြစ်ကြောင်း အိတ်ဖွင့်ပေးစာက
တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း မိမိကိုယ်ကို သတ်သေရန်ကြံစည်
စစ်အုပ်ချုပ်ရေးအမိန့်မှာ သမ္မတနှင့်အတူ ပါဝင်ခဲ့သည့် တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဟောင်း မိမိကိုယ်ကို သတ်သေရန် ကြံစည်ကြိုးပမ်းခဲ့ကြောင်း သိရသည်။ ကာကွယ်ရေးဝန်ကြီးဟောင်း Kim Yong-hyun သည် ဆူပူသောင်းကျန်းမှု စွဲချက်ဖြင့် ထိန်းသိမ်းရေးစခန်းတွင် ထိန်းသိမ်းခံထားရစဉ် သူ့အသက်ကို သတ်ရန် ကြိုးပမ်းခဲ့သော်လည်း လက်ရှိအခြေအနေမှာ တည်ငြိမ်နေကြောင်း တရားရေးဝန်ကြီးဌာနက ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ပြောကြားထားသည်။ Kim သည် ဆိုးလ်အရှေ့ပိုင်းရှိ Dongbu ထိန်းသိမ်းရေးစင်တာရှိ ရေချိုးခန်းအတွင်း အတွင်းခံအဝတ်အစားများ ချည်နှောင်ထားသည့် ကြိုးဖြင့် မိမိကိုယ်ကို ကြိုးဆွဲချရန် ကြိုးစားနေသည်ကို တွေ့ရှိခဲ့ရသည်။ “ဆေးဘက်ဆိုင်ရာအဖွဲ့ရဲ့ ကုသမှုက သူဟာ ပုံမှန်မဟုတ်တဲ့ အခြေအနေမှာ တည်ငြိမ်နေတယ်ဆိုတာကို ပြသခဲ့ပြီး လက်ရှိမှာတော့ ပုံမှန်အခြေအနေအောက်မှာပဲ ထိန်းသိမ်းထားပါတယ်။”