တရုတ်အစိုးရပိုင်ဘဏ်က ကန်ဒေါ်လာ သန်း၂၀၀ နီးပါး စစ်ကောင်စီ ချေးယူမည်
စီးပွားရေး သတင်း
1 min read
0

တရုတ်အစိုးရပိုင်ဘဏ်က ကန်ဒေါ်လာ သန်း၂၀၀ နီးပါး စစ်ကောင်စီ ချေးယူမည်

နိုဝင်ဘာ ၂၅ - ၂၀၂၄
1

တရုတ်အစိုးရပိုင် China EXIM Bank က အမေရိကန်ဒေါ်လာ သန်း ၂၀၀ နီးပါးကို အတိုးမဲ့ချေးငွေဖြင့် အာဏာသိမ်းစစ်ကောင်စီက ချေးယူသွားမည်ဟု တရုတ်နှင့်စစ်ကောင်စီကြား အပြန်အလှန် သဘောတူညီမှုစာချုပ်အရ သိရသည်။ စစ်ကောင်စီ အကောင်အထည်ဖော်မည့် စီမံကိန်းနှစ်ခုအတွက် တရုတ်အစိုးရက အတိုးမဲ့ချေးငွေ ထုတ်ပေးမည်ဖြစ်သည်။ အာဏာသိမ်းစစ်ကောင်စီက အချက်အလက်စင်တာ စီမံကိန်း (e-GIDC- e-Government Integrated Data Center Project) နှင့် မော်တော်ယာဉ်များကို မှတ်ပုံတင်သည့် နည်းပညာစနစ် (RFID- Developing Vehicle Registration by Radio Frequency Identification System) စီမံကိန်းတို့ကို အကောင်အထည်ဖော်မည်ဖြစ်သည်။ e-Government အချက်အလက်စင်တာ စီမံကိန်းအတွက် China

Continue Reading
MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့က ရွာများကို စစ်ကောင်စီ ဗုံးကြဲ
စစ်ရေး သတင်း
1 min read
0

MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့က ရွာများကို စစ်ကောင်စီ ဗုံးကြဲ

နိုဝင်ဘာ ၂၅ - ၂၀၂၄
0

ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားသည့် ရှမ်းမြောက်ဒေသ လားရှိုးမြို့နယ်က သံလွင့်နှင့် နန်းဘန်းကျေးရွာတို့ကို ယမန်နေ့ နိုဝင်ဘာလ ၂၄ ရက်တွင် အာဏာသိမ်းစစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ကိုးကန့်သတင်းက ထုတ်ပြန်သည်။ ညနေ ၇ နာရီ ၃၀ မိနစ်တွင် ဗုံး ၄ လုံးထက်မနည်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သား ၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို သံလွင်တရုတ်စာသင်ကျောင်းနှင့် နန်းဘန်းမြန်မာအထက်တန်းကျောင်း ပြင်းထန်စွာ ပျက်စီးသွားခဲ့ရသည်။ ယင်းအပြင် အဆိုပါ ကျေးရွာများက လူနေအိမ်အများအပြားလည်း ပျက်စီးခဲ့ရသည်။ ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရ ထိန်းသိမ်းထားသည်ဟု သတင်းများထွက်ပေါ်နေအချိန် MNDAA ထိန်းချုပ်ရာ ဒေသများကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်နေခြင်းဖြစ်သည်။ ISP

Continue Reading
စစ်ကောင်စီနှင့် ဆွေးနွေးရေး TNLA က လမ်းကြောင်းစဖွင့်
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီနှင့် ဆွေးနွေးရေး TNLA က လမ်းကြောင်းစဖွင့်

နိုဝင်ဘာ ၂၅ - ၂၀၂၄
0

တရုတ်အစိုးရ၏ နယ်စပ်တည်ငြိမ်ရေး၊ တိုက်ပွဲရပ်စဲရေး ကြိုးပမ်းမှုနှင့် စစ်ဘေးဒဏ် ဆိုးရွားစွာခံစားနေရသည့် ပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍ နှစ်ဖက်စစ်ရေး ပဋိပက္ခများ အဆုံးသတ်မှု တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း တအာင်းတပ် TNLA က သတင်းထုတ်ပြန်သည်။ နေ့စဉ်ရက်ဆက်ဖြစ်ပွားနေသော တိုက်ပွဲများတွင် မြန်မာစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုအပါအဝင် ပြင်းထန်သည့် တိုက်ပွဲကြောင့် စစ်ဘေးဒဏ်ဆိုးရွားစွာ ခံစားနေရသည့် ဒေသပြည်သူများ၏ အကျိုးကို ငဲ့ညှာထောက်ထား၍ သော်လည်းကောင်း၊ နယ်စပ်တည်ငြိမ်ရေးနှင့် တိုက်ပွဲရပ်စဲရေး ကြားဝင်ကြိုးပမ်းဆောင်ရွက်နေသည့် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုကို လေးစားအသိအမှတ်ပြု၍ သော်လည်းကောင်း တွေ့ဆုံဆွေးနွေးရန် အဆင်သင့်ရှိကြောင်း TNLA က ဆိုသည်။ စစ်ရေးပဋိပက္ခများကို အဆုံးသတ်ပြီး တည်ငြိမ်အေးချမ်းသည့် နိုင်ငံရေးအခြေအနေ တည် ဆောက်ရန်အတွက် တရုတ်၏ ကြားဝင်စေ့စပ်မှုကို

Continue Reading
စစ်ရေးအခြေအနေများကြောင့် မန္တလေးက လမ်းပိုင်းအချို့ကို မန္တလေးပြည်သူ့တပ်က ယာယီကန့်သတ်
စစ်ရေး သတင်း
1 min read
0

စစ်ရေးအခြေအနေများကြောင့် မန္တလေးက လမ်းပိုင်းအချို့ကို မန္တလေးပြည်သူ့တပ်က ယာယီကန့်သတ်

နိုဝင်ဘာ ၂၅ - ၂၀၂၄
0

မနက်ဖြန် နိုဝင်ဘာလ ၂၆ ရက်နေ့စပြီး စစ်ရေးအခြေအနေများကြောင့် မန္တလေးတိုင်းဒေသ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း စသည့် လမ်းပိုင်းများအား သွားလာမှု ယာယီကန့်သတ်သွားမည်ဟု မန္တလေး PDF က ထုတ်ပြန်သည်။ မန္တလေး PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး) အနေဖြင့် စစ်ရေးအခြေအနေများကြောင့် ပြည်သူများထိခိုက်မှု နည်းစေရန် ထိန်းချုပ်ဒေသက လမ်းပိုင်းအချို့ကို သွားလာမှုယာယီကန့်သတ်လိုက်ခြင်းဖြစ်သည်။ ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ၏ ထိန်းချုပ်စိုးမိုးဒေသများတွင် မြန်မာစစ်တပ်၏ ထုတ်ကုန် ပစ္စည်းများကို တင်သွင်းခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် အသုံးပြုခြင်းများကို တင်းတင်းကြပ်ကြပ် ပိတ်ပင်ကြောင်းလည်း ဆိုသည်။ အကယ်၍ ဖောက်ဖျက်ကျူးလွန်မှုများ စိစစ်တွေ့ရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မန္တလေး PDF က ထုတ်ပြန်

Continue Reading
မွတ်ဆလင်အရေးမှာ AA ကို လျစ်လျူမရှုဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေးပြော
သတင်း
1 min read
0

မွတ်ဆလင်အရေးမှာ AA ကို လျစ်လျူမရှုဖို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးအကြံပေးပြော

နိုဝင်ဘာ ၂၅ - ၂၀၂၄
0

မွတ်ဆလင်များ နေရပ်ပြန်ရေး ဖြေရှင်းရာမှာ အာရက္ခတပ်တော် AA ရဲ့ အခန်းကဏ္ဍကို ထည့်သွင်းစဉ်းစားရမှာဖြစ်သလို လျစ်လျူမရှုဖို့လိုအပ်ကြောင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာန အကြံပေး မစ္စတာ တောင်းဟစ် ဟော့ဒ်ဆန်က ပြောသည်။ ဘင်္ဂလားဒေ့ရှ်ကို ရောက်လာကြသည့် မွတ်ဆလင်များကို နေရပ်ပြန်ပို့နိုင်ရေးအတွက် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့က ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် မြန်မာအစိုးရတို့ကြား သဘောတူညီမှု ပြုလုပ်ခဲ့ကြသည်။ သို့သော်လည်း လက်ရှိ ၈ နှစ်ကြာလာသည်အထိ နှစ်နိုင်ငံအနေဖြင့် သဘောတူညီချက်များကို ပြည့်ပြည့်ဝဝ အကောင်အထည်မဖော်နိုင်သေးကြောင်း ၎င်းက ဆိုသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံတကာနှင့် မဟာဗျူဟာလေ့လာရေးသိပ္ပံ (BISS) မှာ နိုဝင်ဘာလ ၂၃ ရက်နေ့က မွတ်ဆလင်အရေး ဖြေရှင်းရေးဆွေးနွေးပွဲမှာ

Continue Reading
မြန်မာပညာတော်သင်ဆု ဒေါ် လာ ၄၅ သန်းကို ထရမ့်အစိုးရ ပြန်ရုပ်သိမ်းနိုင်
ပညာရေး သတင်း
1 min read
0

မြန်မာပညာတော်သင်ဆု ဒေါ် လာ ၄၅ သန်းကို ထရမ့်အစိုးရ ပြန်ရုပ်သိမ်းနိုင်

နိုဝင်ဘာ ၂၅ - ၂၀၂၄
1

မြန်မာနိုင်ငံမှ ကျောင်းသား၊ ကျောင်းသူများအတွက် အမေရိကန်အစိုးရက ပေးထားသော ပညာတော်သင်ဆု ထောက်ပံ့ကြေး ဒေါ်လာ ၄၅ သန်းကို ထရမ့်အစိုးရလက်ထက် ပြန်ရုပ်သိမ်းနိုင်ခြေရှိကြောင်း သိရသည်။ မြန်မာကျောင်းသားများ၏ ပညာတော်သင်ဆု ထောက်ပံ့ငွေများကို ပြန်လည်ရုပ်သိမ်းနိုင်ရန် ဦးစားပေးလုပ်ငန်းအဖြစ် ထရမ့်ခန့်အပ်သော အီလွန်မက်စ် ဦးဆောင်သည့် အစိုးရလုပ်ငန်းစဉ်များပြန်လည်စိစစ်ရေးဌာနက သုံးသပ်တင်ပြထားကြောင်း သိရသည်။ သမ္မတဂျိုးဘိုင်ဒင် ဦးဆောင်သော အမေရိကန်အစိုးရက မြန်မာကျောင်းသား/ကျောင်း သူများအတွက် “Diversity and Inclusion” ပညာသင်ဆု အမေရိကန်ဒေါ်လာ ၄၅ သန်း သုံးစွဲရန် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတွင် အတည်ပြုခွင့်ပြုထားခဲ့သည်။ သို့သော်လည်း ထရမ့်အစိုးရ အီလွန်မက်စ် ဦးဆောင်သောအဖွဲ့က မြန်မာ့ကျောင်းသားများအတွင် ပညာတော်သင်ဆု ထောက်ပံ့ငွေ ပေးသင့်မပေးသင့် ပြန်လည်စိစစ်သုံးသပ်နေခြင်းဖြစ်သည်။

Continue Reading
တောင်ကုတ်က စစ်ရှောင် ၄၀ ကျော် ပြန်လွတ်လာသော်လည်း ၅ ဦးအား စစ်ကောင်စီက ဆက်လက် ဖမ်းဆီးထား
စစ်ရေး သတင်း
1 min read
0

တောင်ကုတ်က စစ်ရှောင် ၄၀ ကျော် ပြန်လွတ်လာသော်လည်း ၅ ဦးအား စစ်ကောင်စီက ဆက်လက် ဖမ်းဆီးထား

နိုဝင်ဘာ ၂၄ - ၂၀၂၄
0

ရခိုင်ပြည် တောင်ကုတ်မြို့နယ်မှ စစ်ရှောင် ဒေသခံများကို စစ်ကောင်စီတပ်က ဖမ်းဆီးထားခဲ့ရာတွင် ၄၀ ဦးကို ပြန်လည်လွတ်ပေးခဲ့သော်လည်း ၅ ဦးကို ဆက်လက် ဖမ်းဆီးထားကြောင်း ပြန်လည်လွတ်မြောက်လာသူများက ပြောသည်။ အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲများ ပြင်းထန် ဖြစ်ပွားနေသော တောင်ကုတ်မြို့နယ်အတွင်း ပိတ်မိနေသည့် ဒေသခံအများအပြား ဘေးလွတ်ရာသို့ ထွက်ပြေးရာတွင် နိုဝင်ဘာ ၁၃ ရက်နေ့ ညပိုင်းတွင် ရိုးတောင်အလွန် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။ ၎င်းတို့မှာ ရိုးတောင်အလွန် ဥသျှစ်ပင်တွင် ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်ပြီး ဥသျှစ်ပင် ရဲစခန်းတွင် တစ်ညတာ ဖမ်းဆီး စစ်ဆေးခံခဲ့ရပြီးနောက် ယနေ့ နိုဝင်ဘာ ၂၄ ရက်နေ့ နံနက် ၁၀နာရီခန့်က

Continue Reading
တက္ကစီ ငှားစီးမိသည့် ခရီးသွား လူငယ် ၃ ဦး စစ်သားအဖြစ် စုဆောင်းခံရ
သတင်း
1 min read
0

တက္ကစီ ငှားစီးမိသည့် ခရီးသွား လူငယ် ၃ ဦး စစ်သားအဖြစ် စုဆောင်းခံရ

နိုဝင်ဘာ ၂၄ - ၂၀၂၄
0

ရန်ကုန်မြို့တွင် တက္ကစီ ငှားစီးမိသည့် ခရီးသွား လူငယ် ၃ ဦးကို စစ်သားအဖြစ် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးစုဆောင်းသွားကြောင်း ဖမ်းဆီးခံရသည့်လူငယ်များ၏ မိဘများနှင့်ရင်းနှီးသော မိတ်ဆွေများက ပြောဆိုသည်။ အဆိုပါလူငယ် သုံးဦးမှာ ဧရာဝတီတိုင်း ပန်းတနော်မြို့နယ် မရမ်းအုပ်စု ဗောဓိကုန်းကျေးရွာမှ ဖြစ်ပြီး ရန်ကုန်မြို့သို့ သွားရောက်ခဲ့ပြီး ရန်ကုန်မြို့တွင် ကားငှားစီးခဲ့ရာတွင် စစ်သားစုဆောင်းရေးတပ်အတွင်းသို့ ပို့ဆောင်ခံခဲ့ရခြင်း ဖြစ်သည်။ နိုဝင်ဘာလ ဒုတိယအပတ်တွင် ၎င်းလူငယ်သုံးဦးမှာ တက္ကစီကို ငှားရမ်းမိခဲ့ပြီး ယာဉ်မောင်းက ခရီးသွား လူငယ် ၃ ဦးကို လိုရာခရီးမပို့ဘဲ စစ်ကောင်စီတပ်၏ စစ်သားစုဆောင်းရေးတပ်အတွင်းသို့ ပို့ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ဖမ်းဆီးခံလူငယ်များနှင့် မိဘများနှင့်ရင်းနှီးသော မိတ်ဆွေများက ရှင်းပြသည်။ “အဲဒီကောင်တွေ ဖမ်းသွားတဲ့အချိန်မှာ

Continue Reading
မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အရေအတွက် မြန်မာက ဆီးရီးယားကိုကျော်တက်
စစ်ရေး သတင်း
1 min read
0

မြေမြှုပ်မိုင်းကြောင့် ထိခိုက်သေဆုံးသူ အရေအတွက် မြန်မာက ဆီးရီးယားကိုကျော်တက်

နိုဝင်ဘာ ၂၂ - ၂၀၂၄
0

ကမ္ဘာ့နိုင်ငံများထဲတွင် မြန်မာနိုင်ငံသည် မြေမြှုပ်မိုင်းကြောင့် ထိခိုက်ဒဏ်ရာရရှိသူ၊ သေဆုံးသူ အရေအတွက်မှာ ဆီးရီးယားနိုင်ငံကိုကျော်တက်ပြီး အများဆုံးနိုင်ငံဖြစ်လာကြောင်း အပြည်ပြည်ဆိုင်ရာ မြေမြှုပ်မိုင်းပိတ်ပင်တားဆီးရေးလှုပ်ရှားမှုအဖွဲ့ ICBL ၏ စစ်တမ်းမှာ ဖော်ပြထားသည်။ ၂၀၂၃ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် ကမ္ဘာ့နိုင်ငံများထဲတွင် မြေမြုပ်မိုင်းနှင့် စစ်လက်နက်အကြွင်းအကျန်များကြောင့် သေဆုံးသူနှင့် ကိုယ်လက်အင်္ဂါစွန့်လွှတ်ရသည့် ဖြစ်စဉ်အများဆုံး ဖြစ်ခဲ့သည့် နိုင်ငံဖြစ်ကြောင်း သိရသည်။ “မြေမြုပ်မိုင်းကြောင့် အသေအပျောက်အများဆုံး နိုင်ငံစာရင်းမှာတော့ မြန်မာပြီးရင် ဆီးရီးယား၊ ယူကရိန်းနဲ့ အာဖဂန်နစ္စတန်တို့ရပ်တည်နေတယ်” ဟု စစ်တမ်းတွင် ဖော်ပြထားသည်။ ၂၀၂၁ ခုနှစ် မြန်မာစစ်တပ်က အာဏာသိမ်းပြီးနောက် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း မြန်မာနိုင်ငံတစ်ဝှမ်းတွင် မြေမြှုပ်မိုင်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုလာပြီး စစ်ကောင်စီ အခြေစိုက်ရာ နေပြည်တော်မှာလည်း မြေမြုပ်မိုင်းများရှိလာကြောင်း

Continue Reading
ရွှေဘိုမြို့နယ်တွင်မင်္ဂလာပွဲကျင်းပနေစဉ် စစ်ကောင်စီ ဝင်ရောက်စီးနင်း၊ အရပ်သားများ ဖမ်းဆီးသွား
စစ်ရေး သတင်း
0 min read
0

ရွှေဘိုမြို့နယ်တွင်မင်္ဂလာပွဲကျင်းပနေစဉ် စစ်ကောင်စီ ဝင်ရောက်စီးနင်း၊ အရပ်သားများ ဖမ်းဆီးသွား

နိုဝင်ဘာ ၂၂ - ၂၀၂၄
0

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာ၌ မင်္ဂလာဆောင်ပွဲကျင်းပနေစဉ် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်းပြီး အရပ်သား ၁၀ ဦးကိုဖမ်းဆီး၍ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ နိုဝင်ဘာလ ၂၂ ရက်နေ့ နံနက် ၈ နာရီခန့်က ရွှေဘိုမြို့နယ်၊ နှမစားရစ်ကျေးရွာတွင် မင်္ဂလာဆောင်ပွဲ ကျင်းပနေစဉ် စစ်ကောင်စီတပ်သားများ အင်အား အလုံးအရင်းဖြင့် ဝင်ရောက် စီးနင်းခဲ့ပြီး မင်္ဂလာပွဲကို ဖျက် ဆီးခဲ့ကြောင်း ဖြစ်ကြောင်း သိရသည်။ ဇီးဖြူကုန်းရွာ ပျူစောထီးစခန်းမှ ပျူစောထီးခေါင်းဆောင် အောင်သာခိုင် ဦးဆောင်သော အင်အား ၅၀ ခန့်ရှိ စစ်ကောင်စီ စစ်သားနှင့် ပျူစောထီးများက ဝင်ရောက်စီးနင်းပြီး မင်္ဂလာဆောင်ပွဲအတွင်းမှ ထွက်ပြေးနိုင်ခြင်းမရှိသည့် အရပ်သား ၁၀

Continue Reading