ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်စကားပြော
စီးပွားရေး သတင်း
1 min read
0

ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ဒေါ်နယ်ထရမ့်နှင့် ဖုန်းဆက်စကားပြော

နိုဝင်ဘာ ၂၀ - ၂၀၂၄
1

(ထိုင်းနိုင်ငံသည် အမေရိကန်နှင့်လက်တွဲရန် အဆင်သင့်ရှိနေ) ထိုင်းဝန်ကြီးချုပ် ပေထုန်တန် ရှင်နာဝပ်ထရာ (Paetongtarn Shinawatra) က Trump နှင့် တယ်လီဖုန်းဆက် စကားပြောခဲ့ပြီး အမေရိကန်ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်က ‘ငါလုပ်နိုင်တာမှန်သမျှ မင်းငါ့ကိုပြောပြပါ’ ဟု ပြောဆိုခဲ့ကြောင်း သိရသည်။ ၀န်ကြီးချုပ် ပေထုန်တန် သည် အမေရိကန် ရွေးကောက်ခံသမ္မတ Donald Trump နှင့် ဖုန်းခေါ်ဆိုခဲ့ကြောင်း ၎င်း၏ရုံးက ယမန်နေ့ နိုဝင်ဘာလ ၁၉ ရက်က ပြောကြားခဲ့ပြီး ၎င်းတို့နှစ်ဦးစလုံး၏ အုပ်ချုပ်ရေးပိုင်းကို အချင်းချင်း ပံ့ပိုးပေးမည်ဟု ကတိပြုခဲ့သည်။ စက်တင်ဘာလတွင် တက်လာပြီး ထိုင်းနိုင်ငံ၏ အသက်အငယ်ဆုံး ၀န်ကြီးချုပ်ဖြစ်သည့် မစ္စ ပေထုန်တန်က ၎င်း၏ နိုင်ငံသည်

Continue Reading
စစ်ကောင်စီ ဗုံးစကြောင့် တောင်ကုတ်က LGBT တစ်ဦး သေဆုံး
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ ဗုံးစကြောင့် တောင်ကုတ်က LGBT တစ်ဦး သေဆုံး

နိုဝင်ဘာ ၂၀ - ၂၀၂၄
0

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည် တောင်ကုတ်မြို့ထဲကို စစ်ကောင်စီ လေကြောင်းက ဂျက်ဖိုက်တာများဖြင့် နေ့စဉ်ဗုံးကြဲတိုက်ခိုက်နေပြီး နိုဝင်ဘာလ ၁၇ ရက်နေ့က လိင်စိတ်ခံယူမှုကွဲပြားသူ LGBT တစ်ဦး သေဆုံးသွားကြောင်း သိရသည်။ သေဆုံးသွားသူမှာ ကိုအောင်မြင့်အေး (ခ) မိုးဟေကို ဖြစ်ပြီး အသက် ၄၀ အရွယ်ရှိကြောင်းနှင့် တိုက်ပွဲကြားထဲ ပိတ်မိနေစဉ် ဗုံးစထိမှန်၍ သေဆုံးသွားရခြင်းဖြစ်ကြောင်း မြို့ခံသတင်းရင်းတစ်ဦးက ပြောသည်။ “မနေ့က တောင်ကုတ်မြို့ထဲ အမ်းလမ်းမှာ တိုက်ပွဲဖြစ်ကြတယ်။ အဲဒီလမ်းမှာ KBZ ဘဏ်ရှိတယ်။ တိုက်ပွဲကြောင့် KBZ ဘဏ်လည်း မီးလောင်သွားတယ်။ သူလည်း ဗုံးစထိပြီး သေသွားတယ်။ တိုက်ပွဲဖြစ်တာက နေ့လယ် ၁၂ နာရီလောက် ၂ နာရီကြားမှာလို့ သိရပါတယ်။

Continue Reading
MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားခြင်းမရှိဟု တရုတ်ငြင်း
စစ်ရေး သတင်း
1 min read
0

MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားခြင်းမရှိဟု တရုတ်ငြင်း

နိုဝင်ဘာ ၂၀ - ၂၀၂၄
0

ကိုးကန့်တပ် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို တရုတ်အစိုးရက အကျယ်ချုပ် ဖမ်းဆီးထားသည်ဆိုသော သတင်းမှာ မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနက တရားဝင် ငြင်းဆိုလိုက်သည်။ MNDAA ခေါင်းဆောင် ဖုန်တာရွှင်မှာ တရုတ်နိုင်ငံ၌ ဆေးကုသမှု ခံယူနေခြင်းသာဖြစ်ကြောင်းနှင့် ပြန်လည်သက်သာ ကျန်းမာစေရန် လုပ်ဆောင်နေကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Lin Jian က ပြောသည်။ Lin Jian က နိုဝင်ဘာလ ၁၉ ရက် သတင်းစာရှင်းလင်းပွဲတွင် MNDAA ခေါင်းဆောင် ဖုန်တာရွှင်ကို ဖမ်းဆီးထားခြင်းမရှိကြောင်း ပြောဆိုခဲ့ခြင်းသည်။ “တရုတ်နိုင်ငံမှာ ဆေးကုသမှုခံယူဖို့ အရင် လျှောက်ထားခဲ့ပါတယ်။ လက်ရှိမှာတော့ ဆေးကုသမှုခံယူနေပြီး ပြန်လည်သက်သာ ကျန်းမာလာစေဖို့ လုပ်ဆောင်နေပါတယ်” ဟု ပြောခွင့်ရက

Continue Reading
ဂျပန်က ဖက်ဒရယ်ပွဲတော်မှာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ ရိုးရာဝတ်စားဆင်ယင်မှု ဖော်ထုတ်ပြသ
ဓါတ်ပုံသတင်း ရိုးရာယာဉ်ကျေးမှု သတင်း
1 min read
0

ဂျပန်က ဖက်ဒရယ်ပွဲတော်မှာ ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ ရိုးရာဝတ်စားဆင်ယင်မှု ဖော်ထုတ်ပြသ

နိုဝင်ဘာ ၂၀ - ၂၀၂၄
0

တိုင်းရင်းသားပေါင်းစုံ စုပေါင်းကျင်းပသော တတိယအကြိမ်မြောက် ဖက်ဒရယ်ပွဲတော်ကို ဂျပန်နိုင်ငံ တိုကျိုမြို့မှာ နိုဝင်ဘာလ ၁၇ ရက်နေ့က ကျင်းပခဲ့ကြသည်။ ထိုပွဲတွင် မြန်မာနိုင်ငံက တိုင်းရင်းသားများ၏ ရိုးရာဝတ်စားဆင်ယင်မှုများနှင့် တိုင်းရင်းအလိုက် ရိုးအကများဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသည်။ အဆိုပါ ပွဲတွင် ဂျပန်ရောက် ရခိုင်တိုင်းရင်းသားများကလည်း ရခိုင်ရိုးရာဝတ်စားဆင်ယင်မှုများနှင့် ရိုးရာအကအချို့ကို ဖော်ထုတ်ပြသခဲ့ကြောင်း စီစဉ်သူများက ပြောသည်။ ဖက်ဒရယ်ပွဲတော်တွင် ရခိုင်တိုင်းရင်းသား မျိုးနွယ်စုများ၏ ရိုးရာဝတ်စားဆင်ယင်မှုနှင့် ရိုးရာအကအချို့ကို ဖော်ထုတ်ပြသနိုင်ခဲ့သည့်အတွက် မျိုးနွယ်စုအလိုက် ဂုဏ်ပြုဝမ်းမြောက်ကြောင်းနှင့် ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ (ဂျပန်) – ANDP ကလည်း ဂုဏ်ယူဝင့်ကြွားကြောင်း ပြောဆိုထားသည်။ ဖက်ဒရယ်ပွဲတော်ကို ဂျပန်ရောက် မြန်မာနိုင်ငံသားများ ဒီမိုကရေစီအင်အားစုများနှင့် နွေဦးတော်လှန်ရေးအဖွဲ့အစည်းများတို့က ဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ပွဲတော်တွင် ရိုးရာအစားသောက်များ၊

Continue Reading
မြန်မာနိုင်ငံသားများသည် ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးအချိန်ကို ဖြတ်ကျော်နေရဟု WFP ကိုယ်စားလှယ်သစ်ပြော
နိုင်ငံရေး သတင်း
1 min read
0

မြန်မာနိုင်ငံသားများသည် ခေတ်သစ်သမိုင်းမှာ အဆိုးရွားဆုံးအချိန်ကို ဖြတ်ကျော်နေရဟု WFP ကိုယ်စားလှယ်သစ်ပြော

နိုဝင်ဘာ ၂၀ - ၂၀၂၄
0

မြန်မာနိုင်ငံအနေဖြင့် ယခင့်ယခင်ထက် ပိုမိုဆိုးရွားလာသော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြုံတွေ့ရင်ဆိုင်နေရချိန် နိုင်ငံအတွက်အရေးကြီးသော အခိုက်အတန့်တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP က မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် Mr. Michael Dunford ကို ရာထူးခန့်အပ်လိုက်ကြောင်း သိရသည်။ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်သစ် Mr. Dunford မှာ ရန်ကုန်မြို့တွင် ရောက်ရှိတာဝန်ထမ်းနေပြီဟု WFP က ယနေ့ နိုဝင်ဘာလ ၂၀ ရက်တွင် သတင်းထုတ်ပြန်သည်။ ယခုအခါ မြန်မာနိုင်ငံတွင် လူလေးဦးလျှင် တစ်ဦးနှုန်းဖြင့် လူဦးရေပေါင်း ၁၃.၃ သန်း သည် စားနပ်ရိက္ခာ မလုံလောက်မှုကို ရင်ဆိုင်နေရပြီး လူဦးရေ ၃.၅ သန်းနီးပါးမှာ

Continue Reading
AA ထိုးစစ်ကြောင့် ကျောက်ဖြူက တရုတ်စီးပွားရေးကာကွယ်ရန် လုံခြုံရေးအဖွဲ့ ဖွဲ့စည်း
စစ်ရေး စီးပွားရေး သတင်း
1 min read
0

AA ထိုးစစ်ကြောင့် ကျောက်ဖြူက တရုတ်စီးပွားရေးကာကွယ်ရန် လုံခြုံရေးအဖွဲ့ ဖွဲ့စည်း

နိုဝင်ဘာ ၁၉ - ၂၀၂၄
0

ရခိုင်ပြည်အတွင်း စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေချိန် တစ်ပြိုင်တည်းတွင် AA ထိုးစစ်ကြောင့်ဆိုကာ ကျောက်ဖြူမြို့က တရုတ်စီးပွားရေးများကို ကာကွယ်ရန် လုံခြုံရေးအဖွဲ့ ဖွဲ့စည်းကြောင်း သိရသည်။ ယခု နိုဝင်ဘာလအတွင်းတွင် ကျောက်ဖြူ အထူးစီးပွားရေးဇုန်၏ လုံခြုံရေးအတွက် စစ်ကောင်စီနှင့် တရုတ်တို့ပါဝင်သော လုံခြုံရေးအဖွဲ့ကို ပူးတွဲဖွဲ့စည်းပြီး ဆောင်ရွက်ခြင်းဖြစ်သည်။ ထိုအဖွဲ့ကို ကျောက်ဖြူအထူး စီးပွားရေးဇုန် စီမံခန့်မှုခွဲကော်မတီ ဥက္ကဋ္ဌ ဗိုလ်ချုပ် ကျော်ရွှေထွန်းဦးဆောင်ပြီး တရုတ် CITIC Group ကုမ္ပဏီမှ တာဝန်ရှိသူများ၊ တရုတ်လုံခြုံရေးအဖွဲ့ဝင်များ၊ တရုတ်နည်းပညာရှင်များလည်း ပါဝင်ကြောင်း သိရသည်။ ကျောက်ဖြူ SEZ နှင့်နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးက “ကျောက်ဖြူစီမံကိန်းအတွက် နှစ်ဖက် လုံခြုံရေးအဆင့်မြှင့်နေပြီ။ SEZ ဥက္ကဌ ဗိုလ်ချုပ် ကျော်ရွှေထွန်း

Continue Reading
ပြင်ဦးလွင်က လူနေခွင့်မရှိသော သစ်တောနှင့် ဥယျာဉ်ခြံမြေများကို စစ်ကောင်စီ အရာရှိများ ရောင်းစားနေ
စီးပွားရေး သတင်း
1 min read
0

ပြင်ဦးလွင်က လူနေခွင့်မရှိသော သစ်တောနှင့် ဥယျာဉ်ခြံမြေများကို စစ်ကောင်စီ အရာရှိများ ရောင်းစားနေ

နိုဝင်ဘာ ၁၉ - ၂၀၂၄
0

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့တွင် စစ်တပ်အရာရှိများနှင့် အုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်း၍ လူနေထိုင်ခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက် ရိုက်၍ ရောင်းချနေပြီး သိန်းထောင်သောင်းချီ စီးပွားဖြစ်နေကြောင်း ပြင်ဦးလွင်အခြေစိုက် အိမ်ခြံမြေ အကျိုးဆောင်များက ပြောဆိုကြသည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက် စစ်တပ်ထိပ်ပိုင်း တပ်မမှူး၊ ဗျူဟာမှူး၊ တပ်ရင်းမှူးအဆင့် အရာရှိများနှင့် ဇနီးများက ပြင်ဦးလွင် အိမ်ခြံမြေစျေးကွက်အတွင်းသို့ ဝင်ရောက်လာပြီး အမိန့်အာဏာဖြင့် မြေကွက်အရောင်းအဝယ်များတွင် ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာကြ သိရသည်။ အထူးသဖြင့် လူနေထိုင်ခွင့်မရှိသည့် သစ်တောမြေ၊ ဥယျာဉ်ခြံမြေများကို အကွက်ရိုက်၍ အုပ်ချုပ်ရေးအဖွဲ့များထံမှ စာရွက်စာတမ်းရယူကာ မြေကွက်များကို ရောင်းချလာကြခြင်းဖြစ်သည်။ ပြင်ဦးလွင်တွင် စစ်တပ်အရာရှိများစွာ အိမ်ခြံမြေလုပ်ငန်း လုပ်ကိုင်ကြသည့်အနက်မှ ဗိုလ်မှူး သန်းထွေးဖြူ၊ ဗိုလ်မှူး

Continue Reading
ဗိုလ်လောင်းများကျဆုံးမှု ၁၀ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား AA ပြုလုပ်
စစ်ရေး သတင်း
1 min read
0

ဗိုလ်လောင်းများကျဆုံးမှု ၁၀ နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနား AA ပြုလုပ်

နိုဝင်ဘာ ၁၉ - ၂၀၂၄
0

ကချင်လွတ်လပ်ရေးတပ်မတော် KIA ထိန်းချုပ်နယ်မြေ ဝေကြိုင်ဘွမ် ဗိုလ်သင်တန်းကျောင်း လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခံရမှုတွင် ကျဆုံးခဲ့သူများအတွက် ၁၀ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို အာရက္ခတပ်တော် AA က အကျဉ်းရုံး ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။ ကုန်ခဲ့ပြီးသော ၂၀၁၄ ခုနှစ် နိုဝင်ဘာလ ၁၉ ရက်နေ့မှာ မြန်မာစစ်တပ်က ဝေကြိုင်ဘွမ်၊ ဗိုလ်သင်တန်းကျောင်းကို လက်နက်ကြီးများဖြင့် လစ်အငိုက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ဗိုလ်သင်တန်းကျောင်းမှာ စစ်ပညာသင်ယူနေသည့် အာရက္ခတပ်တော်မှ ဗိုလ်လောင်း ၈ ဦးအပါအဝင် အခြားသောတိုင်းရင်းတော်လှန်ရေး တပ်ဖွဲ့များက ဗိုလ်လောင်းများ စုစုပေါင်းဗိုလ်လောင်း ၂၃ ဦး ကျဆုံးခဲ့ရသည်။ ကျဆုံးခဲ့သည့် ဗိုလ်လောင်း ၂၃ ဦးထဲတွင် တအောင်းတပ်မတော် TNLA မှ

Continue Reading
ရခိုင်တိုက်ပွဲ တစ်နှစ်အတွင်း အရပ်သား ၇၄၉ ဦး ဖမ်းဆီးခံထားရ
စစ်ရေး သတင်း
1 min read
0

ရခိုင်တိုက်ပွဲ တစ်နှစ်အတွင်း အရပ်သား ၇၄၉ ဦး ဖမ်းဆီးခံထားရ

နိုဝင်ဘာ ၁၈ - ၂၀၂၄
0

(ရခိုင်ပြည်အတွင်း စစ်ရှောင် ၅၅၀,၀၀၀ ကျော် အစာအဟာရ အရေးတကြီးလိုအပ်) ရခိုင်ပြည်အတွင်း တကျော့ပြန်တိုက်ပွဲ စတင်ခဲ့သည့် ၂၀၂၃ နိုဝင်ဘာလ ၁၃ မှ ၂၀၂၄ နိုဝင်ဘာ ၁၃ အထိ တစ်နှစ်အတွင်း အပြစ်မဲ့အရပ်သားပြည်သူ ၇၄၉ ဦးကို အာဏာသိမ်း စစ်ကောင်စီတပ်နှင့် စစ်သွေးကြွ မွတ်ဆလင် လက်နက်ကိုင်များက ဖမ်းဆီးထားကြောင်း HDCO က ယနေ့ နိုဝင်ဘာလ ၁၈ ရက်တွင် ထုတ်ပြန်ထားသည်။ အာရက္ခတပ်တော် ULA/AA ၏ HDCO မှ ယနေ့ ထုတ်ပြန်သော “ရက္ခိုင်ပြည်တွင်း လူသားချင်းစာနာမှုဆိုင်ရာ အစီရင်ခံစာ” တွင် ပြောဆိုထားခြင်းဖြစ်သည်။ စစ်ကောင်စီတပ် (မြန်မာစစ်တပ်) က ဖမ်းဆီးထားသည့်

Continue Reading
စစ်ကောင်စီ ဗုံးကြဲ၍ ကွတ်ခိုင်မြို့မှာ ကလေး အပါအဝင် ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ
စစ်ရေး သတင်း
1 min read
0

စစ်ကောင်စီ ဗုံးကြဲ၍ ကွတ်ခိုင်မြို့မှာ ကလေး အပါအဝင် ၃ ဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရ

နိုဝင်ဘာ ၁၈ - ၂၀၂၄
0

ရှမ်းပြည် မြောက်ပိုင်း တအောင်းဒေသ ကွတ်ခိုင်မြို့ကို ယမန်နေ့ နိုဝင်ဘာလ ၁၇ ရက် ညဉ့် ၁၂ နာရီခန့်အချိန်တွင် အာဏာသိမ်း စစ်ကောင်စီ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့၍ အပြစ်မဲ့ ကလေးငယ် တစ်ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရသည်။ ကွတ်ခိုင်မြို့ ရပ်ကွက် ၄ ဦးကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကလေးတစ်ဦးနှင့် အမျိုးသမီး နှစ်ဦး သေဆုံးခဲ့ကာ အမျိုးသား ၇ ဦး၊ အမျိုးသမီး ၆ ဦး စုစုပေါင်း ၁၃ ဦးမှာ ထိခိုက်ဒဏ်ရာရကြောင်းနှင့် နေအိမ် ၈ လုံးလည်း ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

Continue Reading