ငလျင်လှုပ်ခတ်ချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် စားပွဲအောက် ဝင်ပုန်းနေခဲ့
သတင်း
0 min read
0

ငလျင်လှုပ်ခတ်ချိန် စစ်ခေါင်းဆောင် မင်းအောင်လှိုင် စားပွဲအောက် ဝင်ပုန်းနေခဲ့

ဧပြီ ၂ - ၂၀၂၅
0

ပြီးခဲ့သည့် မတ်လ ၂၈ ရက်နေ့က ငလျင်လှုပ်ခတ်ချိန်တွင် အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် နေပြည်တော်က ၎င်း၏ ရုံးခန်း စားပွဲအောက်တွင် ဝင်ပုန်းနေခဲ့သည်ဟု မင်းအောင်လှိုင်က ပြောသည်။ ဧပြီလ ၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်ခဲ့သည့် ငလျင်အတွက် အလှူခံပွဲအခမ်းအနားတွင် မင်းအောင်လှိုင်က ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုခဲ့ခြင်းဖြစ်သည်။ “ငလျင်လှုပ်တဲ့အချိန် ရုံးထဲမှာ ငလျင်လှုပ်တာ သိသိချင်းအချိန်မှာ စားပွဲအောက်မှာ ဝင်ပုန်းခဲ့ရတယ်။ ငလျင်လှုပ်တာ နည်းနည်း ငြိမ်းသွားတဲ့အခါမှာလည်း လုံခြုံရေး ရုံးအဖွဲ့တွေက အပြင်မှာနေဖို့ အကြံပြုတဲ့အတွက် အပြင်မှာ တစ်နာရီကျော် မတ်တပ်ရပ်ပြီး နေ့ခဲ့ရတယ်” ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ငလျင်လှုပ်ခတ်၍ ရုံးအဆောက်အဦး အပြင်ဘက်တွင် ၁

Continue Reading
တရုတ်ကြက်ခြေနီ ယာဉ်တန်းကို သေနတ်မိုးပေါ် ထောင်ပစ်ခဲ့ဟု စစ်ကောင်စီ ဝန်ခံ
စစ်ရေး သတင်း
1 min read
0

တရုတ်ကြက်ခြေနီ ယာဉ်တန်းကို သေနတ်မိုးပေါ် ထောင်ပစ်ခဲ့ဟု စစ်ကောင်စီ ဝန်ခံ

ဧပြီ ၂ - ၂၀၂၅
0

ငလျင်သင့် ပြည်သူများအား ကူညီကယ်ဆယ်ရေး ပြုလုပ်ရန် လာရောက်သော တရုတ်ကြက်ခြေနီအသင်း ယာဉ်တန်းကို ရှမ်းမြောက် နောင်ချိုမြို့နယ်တွင် သေနတ်မိုးပေါ် ထောင်ပစ်ခဲ့ဟု အာဏာသိမ်း စစ်ကောင်စီက ပြောခွင့်ရက ဝန်ခံထားသည်။ ဧပြီလ ၁ ရက်နေ့ ညနေ ၉ နာရီ ၃၀ မိနစ်အချိန် နောင်ချိုမြို့နယ်၊ အုမ္မတီးကျေးရွာအနီးတွင် တရုတ်ကြက်ခြေနီအသင်း၏ ကူညီကယ်ဆယ်ရေး ယာဉ်တန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်တားဆီးခဲ့သည်။ ကြိုတင်အကြောင်းကြားထားခြင်းမရှိဘဲ တိုက်ပွဲဧရိယာအတွင်းသို့ ရောက်ရှိလာ၍ သေနတ် မိုးပေါ်ပစ်ခတ်ပြီး တားဆီးခဲ့ကြောင်း စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းက ဝန်ခံပြောဆိုထားသည်။ “အခုဖြစ်ခဲ့တဲ့ အဖွဲ့အနေနဲ့ မြန်မာနိုင်ငံကိုရော သက်ဆိုင်ရာ စစ်သံရုံးကိုရော အကြောင်းကြားထားခြင်းမရှိဘူး။ ဖြစ်တဲ့နေရာကတော့ နောင်ချိုမြို့နယ် အုမ္မတီးရွာအနီးမှာ ဖြစ်ခဲ့တာ။

Continue Reading
ငလျင်ဘေး နိုင်ငံတော် ဘတ်ဂျက် ကျပ် ၅၀၀ ဘီလီယံ အသုံးပြုမည်ဟု စစ်ခေါင်းဆောင်ပြော
သတင်း
1 min read
0

ငလျင်ဘေး နိုင်ငံတော် ဘတ်ဂျက် ကျပ် ၅၀၀ ဘီလီယံ အသုံးပြုမည်ဟု စစ်ခေါင်းဆောင်ပြော

ဧပြီ ၂ - ၂၀၂၅
0

ငလျင်ကြောင့် ထိခိုက်ပျက်စီးသွားသည့် ဒေသများကို ကူညီကယ်ဆယ်ရေးနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် ကျပ်ဘီလီယံ ၅၀၀ ကို အသုံးပြုသွားမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောသည်။ ဧပြီလ ၁ ရက်နေ့ နေပြည်တော်တွင် ပြုလုပ်သော ငလျင်အတွက် အလှူငွေများ လက်ခံသည့် အခမ်းအနားမှာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နိုင်ငံတော်ဘတ်ဂျက်မှ အသုံးပြုသွားမည်ဟု စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ကတိပေး ပြောဆိုခဲ့ခြင်းဖြစ်သည်။ ငလျင်လှုပ်ခတ်မှုဖြစ်ပြီး နာရီပိုင်းအတွင်း နိုင်ငံတကာကို အကူညီတောင်း ဖိတ်ခေါ်ခဲ့၍ နိုင်ငံ‌ပေါင်း ၁၂ နိုင်ငံ ပါဝင်ကူညီခဲ့ရာ ကူညီကယ်ဆယ်ရေး လေယာဉ် ၃၆ စီး ရောက်ရှိနေပြီး ကယ်ဆယ်ရေး ဝန်ထမ်း‌ပေါင်း ၁၁၄၃

Continue Reading
ARSA သတ်ဖြတ်၍ မောင်တောက အရပ်သား ၄ ဦးသေဆုံး
စစ်ရေး သတင်း
1 min read
0

ARSA သတ်ဖြတ်၍ မောင်တောက အရပ်သား ၄ ဦးသေဆုံး

ဧပြီ ၂ - ၂၀၂၅
0

အကြမ်းဖက် Arakan Rohingya Salvation Army (ARSA) လက်နက်ကိုင်အဖွဲ့ သတ်ဖြတ်မှုကြောင့် ရခိုင်ပြည် မောင်တောမြို့နယ်က အရပ်သား အမျိုးသား ၄ ဦးသေဆုံးသွားကြောင်း ဒေသခံများက ပြောသည်။ မောင်တောမြို့နယ်က ခရီးသွားပြည်သူ ခမီလူမျိုး ၄ ဦးကို မတ်လ ၂၉ ရက်နေ့ နံနက် ၇ နာရီခန့်တွင် ARSA အဖွဲ့က ဖမ်းဆီးသတ်ဖြတ်ခဲ့ပြီး ရုပ်အလောင်းကို သတ်ဖြတ်ထားခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။ မြဝတီ ခမီးကျေးရွာမှ အောက်ဂန္ဒရူးကျေးရွာသို့ သွားရောက်စဉ် လမ်းမှာ ARSA အဖွဲ့ဝင်များက ဖမ်းဆီးသွားပြီး ရုပ်အလောင်းများကို မယူတောင်တန်း ဘဒဂါးတောင်ကျော်လမ်းတွင် စွန့်ပစ်ထားခဲ့ကြောင်း သတ်ဖြတ်ခံရသူများ၏ မိသားစုဝင်များက ပြောသည်။

Continue Reading
ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တစ်လတာ အပစ် ရပ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ ထုတ်ပြန်
စစ်ရေး သတင်း
1 min read
0

ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး တစ်လတာ အပစ် ရပ်ကြောင်း ညီနောင်မဟာမိတ် သုံးဖွဲ့ ထုတ်ပြန်

ဧပြီ ၁ - ၂၀၂၅
0

Western News| ဧပြီ တိုက်ပွဲ ဖြစ်ပွားလျက်ရှိသော နေရာများတွင် ထိုးစစ်များကို ပြုလုပ်မည်မဟုတ်ဘဲ တစ်လတာ အပစ်ရပ်ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့က ထုတ်ပြန် ကြေညာသည်။ မဟာမိတ် သုံးဖွဲ့မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်မှု ပြုလုပ်မည်မဟုတ်ဘဲ ဧပြီလ ၁ ရက်နေ့မှ ၃၀ ရက်နေ့ အထိ တစ်လတာ တစ်ဖက်သတ် အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြသည်။ အာရက္ခတပ်တော် AA၊ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော်နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် တို့က အဆိုပါ ထုတ်ပြန်ချက်ကို ယနေ့ ဧပြီ ၁ရက်နေ့ ညနေမှာ ထုတ်ပြန်သည်။ နိုင်ငံတွင်း ငလျင်နောက်ဆက်တွဲ

Continue Reading
ငလျင်ဒဏ် ဆိုးရွားစွာ ခံနေရသည့် မန္တလေးနှင့် ရှမ်းပြည်က အလှူပွဲ ဝေဖန်မှုမြင့်တက်
သတင်း
1 min read
0

ငလျင်ဒဏ် ဆိုးရွားစွာ ခံနေရသည့် မန္တလေးနှင့် ရှမ်းပြည်က အလှူပွဲ ဝေဖန်မှုမြင့်တက်

ဧပြီ ၁ - ၂၀၂၅
0

ငလျင်ကြောင့် ထိခိုက်ပျက်စီးမှု သေဆုံးမှု အလွန်များပြားသည့် မန္တလေးနှင့် ရှမ်းပြည်နယ်တွင် အဆို၊ အတီးများဖြင့် ရှင်ပြုပွဲများကို ယနေ့ ဧပြီလ ၁ ရက်တွင် ပြုလုပ်ခဲ့ကြကြောင်း သိရသည်။ အဆိုပါ ရှင်ပြုပွဲ၏ ဗီဒီယိုဖိုင်နှင့် ဓါတ်ပုံများမှာ အွန်လိုင်း လူမှုကွန်ရက်စာမျက်နှာသို့ ရောက်ရှိလာ၍ ယခုကဲ့သို့ ဝေဖန်မှုများ မြင့်တက်နေသည်။ မန္တလေးတိုင်း ချမ်းမြသာစည်မြို့နယ် ၄၈ လမ်း x ၁၀၆ လမ်းမအနီးတွင် ရှင်လောင်းလှည့်နေသော အလှူပွဲ အွန်လိုင်းပေါ် ရောက်ရှိလာခြင်းဖြစ်သည်။ ပြည်သူတစ်ဦးက “ဒီအချိန်မှာ ပျော်ပွဲရွှင်ပွဲဖြစ်ဖြစ်၊ အလှူပွဲပဲဖြစ်ဖြစ် မလုပ်သင့်ဘူးဗျာ။ ပွဲတွေကို နောက်ဆုတ်ထားသင့်တယ်။ လူတွေအများကြီး သေနေကြတယ်။ အိုးမဲ့အိမ်မဲ့ ဖြစ်နေကြတယ်။ ပူဆွေးသောကတွေနဲ့ ကူရာမဲ့ ကယ်ရာမဲ့

Continue Reading
ငလျင်လှုပ်ခတ်ပြီးနောက် ကရင်နီမှာ အနက်ပေ ၁၀၀ ရှိ ကျင်းကြီးတစ်ခု ဖြစ်ပေါ်
သတင်း
0 min read
0

ငလျင်လှုပ်ခတ်ပြီးနောက် ကရင်နီမှာ အနက်ပေ ၁၀၀ ရှိ ကျင်းကြီးတစ်ခု ဖြစ်ပေါ်

ဧပြီ ၁ - ၂၀၂၅
0

ငလျင်လှုပ်ခတ်ပြီးနောက် ကရင်နီပြည်နယ် ဒီးမော့ဆိုမြို့ အနောက်ဘက်ခြမ်းတွင် အနက်ပေ ၁၀၀ ကျော်ရှိသော ကျင်း(တွင်း) ကြီးတစ်ခု ဖြစ်ပေါ်နေကြောင်း ဒေသခံများထံမှ သိရသည်။ မတ်လ ၂၈ ရက်နေ့ ငလျင်လှုပ်ခတ်ပြီး နောက်ရက် မတ်လ ၂၉ ရက် ညနေ ၃ နာရီဝန်းကျင်တွင် မြေစတင်ပြိုကျကာ တစ်ဖြေးဖြေး တွင်းငယ် ဖြစ်ပေါ်ရာကနေ ကျင်းကြီးအဖြစ် ပြောင်းလဲသွားကြောင်း သိရသည်။ ယနေ့ ဧပြီလ ၁ ရက်နေ့အထိ ကျင်းကြီးမှာ မြေသား တိုက်စားလျက်ရှိပြီး တွင်းမှာ တစ်ဖြေးဖြေး အနက်ပေ များလာသလို ကျင်း အကျယ်လည်း တိုးလာနေကြောင်း ဒေသမီဒီယာများက ဖော်ပြသည်။ မြန်မာပြည်အလယ်ပိုင်းဖြစ်သည့် မန္တလေး၊ စစ်ကိုင်းနှင့် နေပြည်တော်တို့ကို

Continue Reading
ငလျင်ကြောင့် မန္တလေး၊ ကျီးအင်းရွာတွင် ကျောင်းတိုက် ပြိုကျ၍ ကလေး ၁၃ ဦးသေဆုံး
သတင်း
1 min read
0

ငလျင်ကြောင့် မန္တလေး၊ ကျီးအင်းရွာတွင် ကျောင်းတိုက် ပြိုကျ၍ ကလေး ၁၃ ဦးသေဆုံး

ဧပြီ ၁ - ၂၀၂၅
0

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ ရွာတန်းတိုက်နယ်၊ ကျီးအင်းရွာ၊ တိုက်ကျောင်း ငလျင်ကြောင့် ပြိုကျ၍ ကလေးငယ် ၁၃ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၂၀ ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့သည်။ မတ် ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၅၁ မိနစ်တွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြောင့် အဆိုပါ ကျောင်းတွင် ယဉ်ကျေးလိမ္မာ သင်တန်းတက်ရောက်နေသည့် ကလေး ၁၃ ဦးသေဆုံးခဲ့ပြီး ၂၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်။ ရွာတန်းတိုက်နယ် သဲကျွန်းကျေးရွာက ဆရာတော် အာစိဏ္ဏ က ” ရှေ့ဟောင်းတိုက်ကြီး ပြိုကျသွားတာပါ။ အဲ့ဒီမှာ ယဉ်ကျေး လိမ္မာသင်တန်း တက်နေတဲ့

Continue Reading
ငလျင်ဘေးသင့်ပြည်သူများကို ကူညီရန် ကိုးကန့်လူမျိုး အလှူခံနေ
သတင်း
1 min read
0

ငလျင်ဘေးသင့်ပြည်သူများကို ကူညီရန် ကိုးကန့်လူမျိုး အလှူခံနေ

ဧပြီ ၁ - ၂၀၂၅
0

ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရန် ကိုးကန့်တပ် MNDAA ဦးဆောင်ပြီး ကိုးကန့်လူမျိုးများမှ အလှူငွေများ ထည့်ဝင်နေကြသလို ဒေသခံပြည်သူများထံမှ အလှူခံနေကြကြောင်း သိရသည်။ ကိုးကန့်တပ် ထိန်းချုပ်ထားသော အထူးဒေသ ၁ တွင် ငလျင်သင့်ပြည်သူများအား ကူညီနိုင်ရန် ဒေသခံပြည်သူများမှ အလှူငွေများ ထည့်ဝင်နေကြကြောင်း ကိုးကန့်မီဒီယာက ဖော်ပြသည်။ ကိုးကန့်တပ် အုပ်ချုပ်ရေးကော်မတီမှ အကြံပြုပြီးနောက် ကိုးကန့်လူမျိုးများအပါအဝင် MNDAA ထိန်းချုပ်ဒေသရှိ ဒေသခံပြည်သူများက အလှူငွေများ ထည့်ဝင်နေကြခြင်းဖြစ်သည်။ ငလျင်ဘေးဒဏ်သင့် ပြည်သူများအား ကူညီထောက်ပံ့နိုင်ရေး အလှူငွေများ ထည့်ဝင်ပေးကြရန်လည်း လူတန်းစားအလွှာအသီးသီးကို ကိုးကန့်အုပ်ချုပ်ရေးကော်မတီက တိုက်တွန်းနေသည်။ MNDAA ထိန်းချုပ်ထားသော လောက်ကိုင်မြို့နှင့် လားရှိုးမြို့တို့တွင် စာသင်ကျောင်း၊ ဌာနဆိုင်ရာရုံးများနှင့် အုပ်ချုပ်ရေးရုံးများတွင် အလှူခံပုံးများ ထားရှိထားကြောင်းနှင့်

Continue Reading
မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ငလျင်ကြောင့် သေဆုံးသူ ၄ ဦးရှိ
သတင်း
1 min read
0

မန္တလေး အိုးဘိုအကျဉ်းထောင်တွင် ငလျင်ကြောင့် သေဆုံးသူ ၄ ဦးရှိ

ဧပြီ ၁ - ၂၀၂၅
0

မန္တလေးမြို့ အိုးဘိုအကျည်းထောင်တွင် ငလျင်ကြောင့် သေဆုံးသူ ၄ ဦးရှိကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM က ယနေ့ ဧပြီလ ၁ ရက်တွင် ထုတ်ပြန်ထားသည်။ ယခုသေဆုံးသူမှာ အကျဉ်းသားမှန်း၊ အကျဉ်းဝန်ထမ်းမှန်း ခွဲခြား အတည်မပြုနိုင်သော်လည်း သေဆုံးကြောင်းကိုမူ အတည်ပြုနိုင်ကြောင်း PPNM က ပြောသည်။ အမျိုးသားဆောင် အလုပ်ရုံပြိုကျခဲ့၍ အမျိုးသား ၁ ဦးသေဆုံးခဲ့ကြောင်း၊ အမျိုးသမီး အဆောင် ၁ နှင့် ၂ ပြိုကျ၍ အနည်းဆုံး အမျိုးသမီး ၂ ဦးသေဆုံးသွားပြီး နောက်ထပ် ၁ ဦး စုစုပေါင်း ၄ ဦးကို အတည်ပြုထားနိုင်သည်ဟု PPNM က ထုတ်ပြန်ထားသည်။ နောက်ထပ်လည်း

Continue Reading