မြန်မာစစ်တပ် လေကြောင်းလောင်စာဆီနှင့် စက်ကိရိယာ ပိတ်ဆို့အရေးယူမှု UK စတင်
သတင်း
1 min read
0

မြန်မာစစ်တပ် လေကြောင်းလောင်စာဆီနှင့် စက်ကိရိယာ ပိတ်ဆို့အရေးယူမှု UK စတင်

အောက်တိုဘာ ၃၀ - ၂၀၂၄
0

နိုင်ငံတဝန်း အကြမ်းဖက်ရန် အဓိက အသုံးပြုနေသော မြန်မာစစ်တပ်၏ လေယာဉ်များအတွက် လောင်စာဆီနှင့် စက်ပစ္စည်းကိရိယာများ ပံ့ပိုးပေးနေသည့် ကုမ္ပဏီအဖွဲ့အစည်းများကို ယူကေ UK အစိုးရက ပိတ်ဆို့အရေးယူလိုက်ကြောင်း သိရသည်။ စစ်ကောင်စီ၏ လေယာဉ်များအတွက် ပံ့ပိုးပေးနေသော ကုမ္ပဏီ ၅ ခုကို ယူကေ အစိုးရက အရေးယူလိုက်ပြီဟု ယမန်နေ့ အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ ပိတ်ဆို့အရေးယူခံရသည့် ကုမ္မဏီများမှာ Asia Sun Group Company Limited, Swan Energy Company Limited, Myan-Oil Company Limited, Rich Ray Trading Company Limited နှင့် Progress

Continue Reading
သံတွဲမှာ စားနပ်ရိက္ခာနှင့်အတူ လေကြောင်း အန္တရာယ်ကို အလွန်စိုးရိမ်နေရ
စစ်ရေး
1 min read
0

သံတွဲမှာ စားနပ်ရိက္ခာနှင့်အတူ လေကြောင်း အန္တရာယ်ကို အလွန်စိုးရိမ်နေရ

အောက်တိုဘာ ၃၀ - ၂၀၂၄
0

ရခိုင်ပြည် ခရီးသွားဒေသ သံတွဲမြို့နယ်တွင် ဒေသခံပြည်သူများအပါအဝင် စစ်ရှောင်ပြည်သူများ စားနပ်ရိက္ခာနှင့်အတူ လေကြောင်းအန္တရာယ်ကို အလွန်စိုးရိမ်နေရသည်ဟု ဒေသခံပြည်သူများနှင့် စစ်ရှောင်ကူညီထောက်ပံ့သူများက ပြောဆိုကြသည်။ ဒေသတွင်း စီးပွားရေးလုပ်ငန်းများ ပျက်စီးသွားခြင်းနှင့် နေရပ်မပြန်နိုင်သေးသည့်အတွက် စစ်ရှောင်များနှင့် ဒေသခံပြည်သူများမှာ ငွေသားရှားပါးပြီး စားဝတ်နေရေး ခက်ခဲနေကြသည်ဟု စစ်ရှောင်ကူညီထောက်ပံ့သူ ဒေသခံတစ်ဦးက ပြောသည်။ ” ပိုက်ဆံမရှိတော့ စားရေးသောက်ရေး အဆင်မပြေပေါ့။ အဓိကတော့ စားရေးသောက်ရေးအတွက် ငွေက အရေးကြီးတယ်လေ။ ကျနော်တို့ တာဝန်ယူ ထောက်ပံ့ပေးနေတာ စစ်ရှောင် ၇ ထောင်လောက်ရှိတယ်။ ဒီလိုပဲပေါ့ ရှိတဲ့သူကလည်း သူ့ဟာသူ ဝယ်စား၊ မရှိတဲ့သူကလည်း ကျနော်တို့ အလှူရှင်တွေ ထောက်ပံ့တာကို စားတယ်ပေါ့။ ပြည့်ပြည့်စုံစုံတော့ မထောက်ပံ့နိုင်ဘူးလေ။ ” ဟု

Continue Reading
လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းတွင်  ပူးပေါင်းသူမည်သူ့ကိုမဆို အရေးယူမည်ဟု ချင်းညီနောင်ပြော
နိုင်ငံရေး
0 min read
0

လှုပ်ရှားနယ်မြေအတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်း ကောက်ယူရေးလုပ်ငန်းတွင် ပူးပေါင်းသူမည်သူ့ကိုမဆို အရေးယူမည်ဟု ချင်းညီနောင်ပြော

အောက်တိုဘာ ၃၀ - ၂၀၂၄
0

ချင်းပြည်နယ်က လှုပ်ရှားနယ်မြေအတွင်း အာဏာသိမ်း စစ်ကောင်စီ၏ အကျိုးအတွက် သန်းခေါင်စာရင်းကောက်ယူသော လုပ်ငန်းများတွင် ပူးပေါင်းပါဝင်သည့် မည်သူ့ကိုမဆို ထိရောက်စွာ အရေးယူ ဆောင်ရွက်သွားမည်ဟု ချင်းညီနောင်အဖွဲ့က ထုတ်ပြန်သည်။ ချင်းပြည်အပါအဝင် နိုင်ငံတစ်ဝှမ်း ပြည်သူ့ထောက်ခံမှုမပါသော သန်းခေါင်စာရင်းကောက်ယူရေးလုပ်ငန်းကို စစ်ကောင်စီ လုပ်ဆောင်နေခြင်းအပေါ် ချင်းညီနောင်တပ်ဖွဲ့များက ယနေ့ စက်တင်ဘာလ ၃၀ တွင် သဘောထုတ်ပြန်ထားသည်။ အောက်တိုဘာလအတွင်း စစ်ကောင်စီ၏ သန်းခေါင်စာရင်းကောက်ယူရေး လုပ်ငန်းသည် ပြည်သူများ ဖွံ့ဖြိုးရေးထက် စစ်ကောင်စီ အာဏာ သက်ဆိုးရှည်ရေးကို ရည်ရွယ်သည်ဟု ချင်းညီနောင်အဖွဲ့က ဆိုသည်။ တိုင်းပြည်မငြိမ်သက်မှုများ၊ ပြည်တွင်းစစ် ပြင်းထန်နေချိန် အထူးသဖြင့် ပြည်သူများ စစ်ဘေး၊ သဘာဝဘေးဖြင့် ရင်ဆိုင်နေရချိန်တွင် စစ်ကောင်စီက အတုအယောင် ရွေးကောက်ပွဲအတွက် သန်းခေါင်စာရင်းကို

Continue Reading
လားရှိုးမြို့ သာသနာ ၂၅၀၀ တောင်ကုန်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲ
စစ်ရေး သတင်း
1 min read
0

လားရှိုးမြို့ သာသနာ ၂၅၀၀ တောင်ကုန်းနှင့် ဘုန်းကြီးကျောင်းကို စစ်ကောင်စီက ဗုံးကြဲ

အောက်တိုဘာ ၂၉ - ၂၀၂၄
0

ရှမ်းပြည်နယ်၊ လားရှိုးမြို့၊ သာသနာ ၂၅၀၀ တောင်ကုန်းနှင့်ဘုန်းကြီးကျောင်း စစ်လေယာဉ်ဖြင့် ဗုံးကြဲသွားခဲ့ကြောင်း လားရှိုးအခြေစိုက် ဒေသသတင်းရင်းမြစ်၏ ပြောဆိုချက်နှင့် လေကြောင်းကင်းထောက် NAS ၏ ထုတ်ပြန်သည်။ ယနေ့ အောက်တိုဘာလ ၂၉ ရက်နေ့ နံနက် ၁၁ နာရီ ၅၈ မိနစ်အချိန် လားရှိုးမြို့၊ ရပ်ကွက် ၁၁၊ အောင်စေတနာလမ်းအတွင်းသို့ စစ်ကောင်စီတပ်က လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး ထိခိုက်သူမရှိသော်လည်း နေအိမ်တချို့ပျက်စီးခဲ့သည်။ “အောင်စေတနာလမ်းထဲက အိမ်ရှေ့ကျတယ်။ လူအထိအခိုက်မရှိပါဘူး။ အဲဒီအိမ်က အရင်တစ်ခေါက်ကလည်း ကျထားတဲ့အိမ်ပါ။ လူအထိအခိုက်မရှိပါဘူး” ဟု လားရှိုးအခြေစိုက် ဒေသသတင်းရင်းမြစ်က ရှင်းပြသည်။ ထို့ပြင် အောက်တိုဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂ နာရီ

Continue Reading
အာရက္ခတပ်တော် AA က အမ်း နပခ ကို အရပ်လေးမျက်နှာ ပိတ်ဆို့၍ တိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

အာရက္ခတပ်တော် AA က အမ်း နပခ ကို အရပ်လေးမျက်နှာ ပိတ်ဆို့၍ တိုက်ခိုက်နေ

အောက်တိုဘာ ၂၉ - ၂၀၂၄
0

(စစ်ကောင်စီ တပ်သားများ ပြေးစရာမြေမရှိတော့ဟုဆို) ရခိုင်ပြည် အမ်းမြို့သိမ်းတိုက်ပွဲတွင် အာရက္ခတပ်တော် AA ဖက်က အောင်မြင်မှုများနှင့်အတူ စစ်ရေးအသာစီးရနေပြီး စစ်ကောင်စီဖက်လည်း လေကြောင်းပစ်ကူပေး အပြင်းအထန် ခုခံနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အမ်းမြို့တွင် စစ်ကောင်စီ (မြန်မာစစ်တပ်) အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိပြီး ဗျူဟာကုန်းများအပါအဝင် စစ်ကောင်စီတပ်ရင်း ၁၀ ကျော်ရှိသည်။ ထိုအထဲက နပခ ဌာနချုပ်၏ အဓိက အရေးပါသော တောဟိန်းတောင်ဗျူဟာကုန်း၊ စွေ့ချောင်းဗျူဟာကုန်း၊ မဲတောင်ဗျူဟာကုန်းများကို AA က သိမ်းပိုက်ထားပြီး အမ်းမြို့ထဲက ဆက်လက် ထိုးစစ်ဆင်တိုက်ရာ တပ်ရင်းတပ်စခန်း ၅ ခုထက်မနည်းကို သိမ်းပိုက်ထားကြောင်း ဒေသခံ ကိုမျိုးလွင်က ပြောသည်။ “အမ်းမြို့ ထွက်ပေါက် ၄

Continue Reading
အမ်းတိုက်ပွဲပြင်းထန်နေ၊ AA လက်နက်ကြီးကျည်ထိ၍ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ဒဏ်ရာပြင်းထန်
စစ်ရေး သတင်း
1 min read
0

အမ်းတိုက်ပွဲပြင်းထန်နေ၊ AA လက်နက်ကြီးကျည်ထိ၍ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတစ်ဦး ဒဏ်ရာပြင်းထန်

အောက်တိုဘာ ၂၉ - ၂၀၂၄
0

စစ်ကောင်စီ၏ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ရှိရာ ရခိုင်ပြည် အမ်းမြို့နယ်၏ အရပ်လေးမျက်နှာစလုံးတွင် အာရက္ခတပ်တော် AA ပူးပေါင်းတော်လှန်ရေးဖွဲ့က ပိတ်ဆို့တိုက်ခိုက်နေ၍ အမ်းတိုက်ပွဲမှာ အပြင်းထန်ဆုံးအဆင့်သို့ ရောက်ရှိနေကြောင်း အမ်းဒေသခံ တက်ကြွလှုပ်ရှားသူ ကိုမျိုးလွင်က ပြောသည်။ ယနေ့ အောက်တိုဘာလ ၂၉ ရက် နေ့လယ် ၂ နာရီခွဲအချိန်က အမ်းမြို့ စစ်ကောင်စီခန့် လေယာဉ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ လက်နက်ကြီးကျည်ထိမှန်၍ ပြင်းထန်ဒဏ်ရာ ရသွားကြောင်း သိရသည်။ ကိုမျိုးလွင်က ” စစ်ကောင်စီခန့် လေယာဉ်ကွင်းရပ်ကွက်အုပ်ချုပ်ရေးမှူး လေယာဉ်ဗုံးကြဲသံ၊ လက်နက်ကြီးသံများကို နေအိမ်အပြင်ထွက်ပြီး ကြည့်နေစဉ် ထိမှန်သွားတာဖြစ်ပါတယ်။ ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့က ပစ်ခတ်လိုက်တာ ထင်ပါတယ်။ အသေးစိတ်ကိုတော့ နောက်မှ ပြန်ပြောပါမယ်။ ” ဟု ပြောသည်။

Continue Reading
မန္တလေးပြည်သူ့တပ် စစ်သုံ့ပန်းအချုပ်ဆောင်ကို စစ်ကောင်စီ ဗုံးကြဲ
စစ်ရေး သတင်း
1 min read
0

မန္တလေးပြည်သူ့တပ် စစ်သုံ့ပန်းအချုပ်ဆောင်ကို စစ်ကောင်စီ ဗုံးကြဲ

အောက်တိုဘာ ၂၉ - ၂၀၂၄
0

(စစ်သုံ့ပန်းအပါအဝင် ၁၂ ဦး သေဆုံးပြီး ၆၀ ဦးဝန်းကျင် ဒဏ်ရာရ) မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်၏ စစ်သုံ့ပန်းအချုပ်ဆောင်ကို ယမန်နေ့ အောက်တိုဘာလ ၂၈ ရက် ညနေ ၆ နာရီခွဲတွင် အာဏာသိမ်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ်ခဲ့ကြောင်း သိရသည်။ စစ်ဆင်ရေးများအတွင်း ဖမ်းဆီးရမိခဲ့သော စစ်သုံ့ပန်းများထားရှိရာ အချုပ်ဆောင်ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်ဟု မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်က MDY PDF က ယနေ့ ထုတ်ပြန်ထားသည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘီလူးစစ်ကြောင်းမှ စစ်သုံ့ပန်းများနှင့် အခြားစစ်သုံ့ပန်းများ ထားရှိရာ အဆောက်အအုံအား ထိမှန်ခဲ့ပြီး စစ်သုံ့ပန်း ၈ ဦး အပါအဝင် ၁၂ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာရရှိသူ ၆၀

Continue Reading
“ဝ” ဒေသမှာ ကုန်ပစ္စည်း ဈေးတင်ရောင်းသူများကို အရေးယူမည်
စီးပွားရေး သတင်း
1 min read
0

“ဝ” ဒေသမှာ ကုန်ပစ္စည်း ဈေးတင်ရောင်းသူများကို အရေးယူမည်

အောက်တိုဘာ ၂၉ - ၂၀၂၄
1

UWSA ‘ဝ’ ထိန်းချုပ်ရာဒေသများတွင် အခြေခံစားသောက်ကုန်များအပါအဝင် ကုန်ပစ္စည်းများကို ဈေးတင်ရောင်းပါက ပြင်းပြင်းထန်ထန် အရေးယူဆောင်ရွက်မည်ဟု UWSA အာဏာပိုင်များက ပြောသည်။ UWSA အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၂၅ ရက်နေ့တွင် သတိပေးစာ ထုတ်ပြန်ခဲ့ပြီး လက်ရှိ ‘ဝ’ ဒေသမှာ ကုန်ဈေးနှုန်း အလွန်မြင့်တက်နေကြောင်း ဒေသခံများက ပြောသည်။ ကုန်ပစ္စည်းများ အားလုံးကို စောင့်ကြည့်သွားမည်ဖြစ်ပြီး မရောင်းဘဲ တာရှည် သိုလှောင်သိမ်းဆည်းထားခြင်း၊ ဈေးလိမ်ရောင်းခြင်း၊ ဈေးမြှင့်တင်ရောင်းခြင်းများကို တရားမဝင် လုပ်ငန်းအဖြစ် သတ်မှတ်ကာ မည်သူ့ကိုမဆို အရေးယူသွားမည်ဟု ‘ဝ’ အုပ်ချုပ်ရေးအဖွဲ့က ဆိုသည်။ ယင်းကဲ့သို့ စည်းကမ်းတင်းကျပ်ခြင်းမှာ ပြည်သူလူထု စားဝတ်နေရေး အဆင်ပြေစေရန်နှင့် ကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်စေရန်အတွက် ထုတ်ပြန်ခြင်းဖြစ်ပြီး ရှမ်းပြည်မြောက်ပိုင်းက

Continue Reading
မြန်မာ့စစ်ရေးပဋိပက္ခ ၃ လအတွင်း အမျိုးသမီး ၂၀၀ နီးပါး သေဆုံးခဲ့ရ
စစ်ရေး အမျိုးသမီးကဏ္ဍ
1 min read
0

မြန်မာ့စစ်ရေးပဋိပက္ခ ၃ လအတွင်း အမျိုးသမီး ၂၀၀ နီးပါး သေဆုံးခဲ့ရ

အောက်တိုဘာ ၂၉ - ၂၀၂၄
0

မြန်မာ့စစ်ရေးပဋိပက္ခအတွင်းက အမျိုးသမီးများမှာ ငြိမ်းချမ်းရေးနှင့် လူမှုဘဝအပေါ် စိန်ခေါ်မှုများစွာ ရှိနေပြီး ၂၀၂၄ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာအထိ ၃ လအတွင်း အမျိုးသမီး ၁၉၆ ဦးသေဆုံးခဲ့ကြောင်းနှင့် ၁၆၄ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်ကောင်စီက ဖုန်း၊ အင်တာနက် ဆက်သွယ်လိုင်းများ ဖြတ်တောက်ထား၍ ကိန်းဂဏန်းများမှာ မြေပြင်တွင် ပိုများပြားနိုင်ကြောင်း မြန်မာ့အမျိုးသမီးသမဂ္ဂ BWU က ဆိုသည်။ အာဏာသိမ်း စစ်ကောင်စီ၏ ရက်စက်ကြမ်းကြုတ်မှုများနှင့် လက်နက်ကိုင်ပဋိပက္ခများ ပြင်းထန်လာခြင်းကြောင့် အမျိုးသမီးများ၏ ငြိမ်းချမ်းရေးနှင့် လူမှုဘဝလုံခြုံရေး အခြေအနေသည် အန္တရာယ်ရှိသော အနေအထားတွင် ရှိလာနေသည်။ အမျိုးသမီးများသည် ၎င်းတို့၏ မိသားစုများကို ကာကွယ်စောင့်ရှောက်နေရသည့်အပြင် တော်လှန်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ

Continue Reading
ဟားခါးတိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကျည် ပြည်သူ ၄ ဦးကိုထိ
စစ်ရေး သတင်း
0 min read
0

ဟားခါးတိုက်ပွဲ စစ်ကောင်စီလက်နက်ကြီးကျည် ပြည်သူ ၄ ဦးကိုထိ

အောက်တိုဘာ ၂၉ - ၂၀၂၄
0

ချင်းပြည်နယ် မြို့တော် ဟားခါးမြို့မှာ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့တို့ကြား ယမန်နေ့ အောက်တိုဘာလ ၂၈ ရက်နေ့က စ၍ တိုက်ပွဲဖြစ်ပွားနေကြသည်။ နံနက်ပိုင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ပစ်ခတ်သော လက်နက်ကြီးများမှာ အပြစ်မဲ့အရပ်သားပြည်သူ ၄ ဦးကို ထိခိုက်သွားပြီး အမျိုးသမီး ၃ ဦးနှင့် အမျိုးသား ၁ ဦးပါဝင်သည်။ ဟားခါးမြို့ရုန်းတောင်အခြေစိုက် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များမှာ မြို့သစ်ရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့၍ အရပ်သားများ ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်သည်။ ဟားခါးမြို့က စစ်ကောင်စီတပ်ရင်းများကို ချင်းတော်လှန်ရေးတပ်ဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ မြို့ထဲသို့ ဆုတ်ခွာသွားကြောင်း သိရသည်။ ဆုတ်ခွာသွားသော တပ်ဖွဲ့ဝင်များမှာ မြို့ထဲက စစ်ကောင်စီတပ်ရင်းများဖြင့် ပူးပေါင်းကာ တော်လှန်ရေးတပ်ဖွဲ့အား ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နေ၍ ဟားခါးတိုက်ပွဲမှာ

Continue Reading