ရခိုင်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်ပို့
စစ်ရေး
1 min read
0

ရခိုင်မှ ထွက်ပြေးလာသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က ပြန်ပို့

အောက်တိုဘာ ၂၉ - ၂၀၂၄
1

အာရက္ခတပ်တော် AA ၏ တိုက်ခိုက်မှုကြောင့် တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ ဦးကို ဘင်္ဂလားဒေ့ရှ်က မြန်မာနိုင်ငံသို့ ယနေ့ ပြန်ပို့လိုက်ပြီးဖြစ်ကြောင်း ဒေသသတင်းဌာနကများက ရေးသားသည်။ အလားတူ မြန်မာနိုင်ငံတွင် အကျဉ်းကျခံနေရသော ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၅ ဦးသည် ၎င်းတို့၏ အကျဉ်းထောင်များတွင် ပြစ်ဒဏ်ကျခံနေရပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည်ရောက်ရှိလာမည် ဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းများအရ သိရသည်။ ဘင်္ဂလားဒေ့ရှ်၊ Cox’s Bazar ဒုတိယကော်မရှင်နာ Mohammad Salahuddin က “မြန်မာ့အကျဉ်းထောင်တွေမှာ အကျဉ်းကျခံနေရတဲ့ ဘင်္ဂလားဒေ့ရှ် ၈၅ ဦးဟာ ပြစ်ဒဏ်တွေ ကျခံပြီးတာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ပြန်သွားမှာဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ

Continue Reading
AA မှ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့အား လက်နက်ခဲယမ်းများ ကူညီ
စစ်ရေး သတင်း
1 min read
0

AA မှ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့အား လက်နက်ခဲယမ်းများ ကူညီ

အောက်တိုဘာ ၂၉ - ၂၀၂၄
0

အာရက္ခတပ်တော် AA မှ ချင်းညီနောင် Chin Brotherhood အဖွဲ့ဝင်ဖြစ်သော ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့- မတူပီ (တပ်မဟာ-၁) အား လက်နက်ခဲယမ်းများ ကူညီခဲ့ကြောင်း ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ထုတ်ပြန်သည်။ အဆိုပါ လက်နက်ခဲယမ်းအချို့ကူညီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို စက်တင်ဘာလ ၂၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပြီး အခမ်းအနားသို့ အာရက္ခတပ်တော် တပ်မှူးများ ၊ မတူပီ-တပ်မဟာ-၁ မှ တပ်မှူးများ တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။ ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့နှင့် AA တို့ အကြား အားကောင်းလာသည့် မဟာမိတ်ဆက်ဆံရေးများကို ဆက်လက်အားကောင်းစေရေးနှင့် စစ်ရေးပူးပေါင်းမှု ယခုထက်ပိုမိုအားကောင်းစေရေး နှစ်ဖက် တပ်မှူးများမှ ထည့်သွင်းပြောကြားခဲ့ကြသည်။ ချင်းပြည်အတွင်းရှိ ကောင်စီ ကင်းစင်ရေးတိုက်ပွဲတွင် အိမ်နီးနားချင်းမဟာမိတ်ပီသစွာဖြင့် ပူးပေါင်းတိုက်ပွဲဝင်ပေးခဲ့ခြင်းနှင့် လက်နက်ခဲယမ်းများ

Continue Reading
မြန်မာနိုင်ငံ အပါ နိုင်ငံ လေးနိုင်ငံမှ အထောက်အထားမဲ့ အလုပ်သမားများနှင့် ကလေးသူငယ်များကို ထိုင်းအစိုးရမှ မှတ်ပုံတင်ခွင့်ပြု
သတင်း အလုပ်သမားသတင်း
1 min read
0

မြန်မာနိုင်ငံ အပါ နိုင်ငံ လေးနိုင်ငံမှ အထောက်အထားမဲ့ အလုပ်သမားများနှင့် ကလေးသူငယ်များကို ထိုင်းအစိုးရမှ မှတ်ပုံတင်ခွင့်ပြု

အောက်တိုဘာ ၂၉ - ၂၀၂၄
0

ရက်ပေါင်း ၁၂၀ စီမံချက်တွင် မြန်မာနိုင်ငံသား အထောက်အထားမဲ့ ၂သိန်းခန့် ဖမ်းဆီးခံခဲ့ရ မြန်မာနိုင်ငံ အပါအဝင် နိုင်ငံပေါင်း လေးနိုင်ငံမှ အထောက်အထားမဲ့ အလုပ်သမားများအား ထိုင်းနိုင်ငံတွင် တရားဝင် နေထိုင်ခွင့်နှင့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များအား မှတ်ပုံတင်ခွင့် ပြုလိုက်ပြီဟု ထိုင်းအစိုးရ ကြေညာကြောင်း ထိုင်း The Nation သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့် စက်တင်ဘာ ၂၄ ရက်က ပြုလုပ်သည့် နိုင်ငံခြား အလုပ်သမား စီမံခန့်ခွဲရေး ကော်မတီ၏ တောင်းဆိုချက်အရ ထိုင်း အစိုးရအဖွဲ့ ဝန်ကြီးများ အစည်းအဝေးတွင် သဘောတူညီထားသည့် အချက်သုံးချက် ချမှတ်ခဲ့ကြောင်း သိရသည်။ ထိုင်းအစိုးရက အဓိက အချက်သုံးချက်ကို

Continue Reading
နောင်ချိုကို ပေါင် ၃၀၀ ဗုံးအပါအဝင် ဗုံး ၁၁ လုံးဖြင့် တိုက်ခိုက်
စစ်ရေး သတင်း
1 min read
0

နောင်ချိုကို ပေါင် ၃၀၀ ဗုံးအပါအဝင် ဗုံး ၁၁ လုံးဖြင့် တိုက်ခိုက်

အောက်တိုဘာ ၂၉ - ၂၀၂၄
0

ရှမ်းမြောက် တအောင်းဒေသ နောင်ချိုမြို့ကို အာဏာသိမ်း စစ်ကောင်စီက ပေါင် ၃၀၀ ဗုံးအပါအဝင် ဗုံး ၁၁ ဖြင့် လာရောက်တိုက်ခဲ့ကြောင်း TNLA က ပြောသည်။ အောက်တိုဘာလ ၂၇ ရက် ညနေ ၈ နာရီခန့်အချိန်တွင် စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီ သေဆုံးသူ ၁ ဦးနှင့် ဒဏ်ရာရရှိသူ ၁ ဦးရှိခဲ့ကြောင်း သိရသည်။ ဗုံး ၁၁ လုံးထဲတွင် ပေါင် ၃၀၀ ဗုံးနှစ်လုံးပါဝင်ပြီး ည ၇ နာရီ ၄၅ မိနစ်နှင့် ၈ နာရီ ၁၅ မိနစ်ကြား သပြေရပ်ကွက်ကို ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်။ စစ်ကောင်စီ

Continue Reading
ရခိုင်က ကုန်ဈေးနှုန်းမြင့်တက်ခြင်းကို မထိန်းချုပ်နိုင်ကြသေး
စီးပွားရေး သတင်း
1 min read
0

ရခိုင်က ကုန်ဈေးနှုန်းမြင့်တက်ခြင်းကို မထိန်းချုပ်နိုင်ကြသေး

အောက်တိုဘာ ၂၈ - ၂၀၂၄
0

(ကုန်ဈေးနှုန်းကြောင့် စစ်ရှောင်အချို့ တောင်းရမ်းစားသောက်နေရ) ရခိုင်ပြည်က မြို့နယ်တိုင်းတွင် ကုန်ဈေးနှုန်းများ အဆမတန် ဈေးမြင့်တက်နေပြီး အာရက္ခတပ်တော် AA နှင့် စစ်ကောင်စီတို့မှာ ထိန်းချုပ်နိုင်စွမ်း မရှိသေးကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။ အလုပ်အကိုင်ရှားပါးနေသည့်ကြားထဲ အခြေခံစားသောက်ကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်ခြင်းကြောင့် ဒေသခံပြည်သူလူထုများမှာ ငတ်ပြတ်မှုနှင့် အသက်ရှင်ရပ်တည်ရေး အလွန်ခက်ခဲလာကြသည်။ တကျော့ပြန်တိုက်ပွဲ စတင်ချိန် ရခိုင်ပြည်ကို ကုန်းလမ်း၊ ရေလမ်း စစ်ကောင်စီက ပိတ်ဆို့ခဲ့၍ ကုန်ဈေးနှုန်းမြင့်လာခြင်းမှာ တစ်နှစ်နီးပါး ကြာလာပြီဖြစ်ကြောင်းနှင့် ပြည်သူများအားလုံး များစွာကျပ်တည်းနေကြသည်ကို ကယ်ရီမောင်းသူတစ်ဦးက ပြောသည်။ “ကျနော်မှာ ကိုယ်ပိုင်ကားကို မောင်းနေတာ။ လင်မယား ၂ ယောက်တည်းပဲ ရှိတယ်။ ဒါတောင် ဒီကုန်စျေးနှုန်းကြောင့် ဘယ်လိုမှ လိုက်မမီနိုင်ဘူးဖြစ်နေတယ်။

Continue Reading
အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးဖော်တော့မည်ဟု BPLA ကွက်ကဲရေးမှူးပြော
စစ်ရေး သတင်း
1 min read
0

အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးဖော်တော့မည်ဟု BPLA ကွက်ကဲရေးမှူးပြော

အောက်တိုဘာ ၂၈ - ၂၀၂၄
0

၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာသော ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် BPLA သည် အညာဒေသမှာ အခြေချပြီး စစ်ဆေင်ရေးများ ဖော်ဆောင်တော့မည်ဟု တာဝန်ရှိသူက ထုတ်ပြောလာသည်။ BPLA ကွက်ကဲရေးမှူး မောင်ဆောင်းခ က ယမန်နေ့ အောက်တိုဘာလ ၂၇ ရက်နေ့တွင် ဖေ့စ်ဘုတ်လူမှုကွန်ရက်မှတစ်ဆင့် ပြည်သူများအား ထုတ်ပြန်အသိပေးခဲ့သည်။ “ပြည်သူတွေကို အသိပေးချင်တာတခုက BPLA ဟာ မကြာခင် အညာဒေသမှာ အခြေချပြီး စစ်ဆင်ရေးတွေ ဖော်ဆောင်လာနိုင်တော့မယ် ဆိုတာပါပဲ။ အညာလူထုကလည်း ကျနော်တို့ကို ကြိုဆိုမယ်လို့ ယုံကြည်မျှော်လင့်ပါတယ်” ဟု ရေးသားထုတ်ပြန်ခဲ့သည်။ BPLA အဖွဲ့သည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခြင်းကို လက်မခံရာမှ နွေဦးတော်လှန်ရေးနှင့်အတူ ဖြစ်ပေါ်လာသော တော်လှန်ရေးအဖွဲ့တစ်ခုဖြစ်ပြီး

Continue Reading
ရခိုင်ပြည်သူများ သတင်းသိဖို့ အာရက္ခဒတ်ချ် သတင်းဂျာနယ် အခမဲ့ထုတ်ဝေ
သတင်း
1 min read
0

ရခိုင်ပြည်သူများ သတင်းသိဖို့ အာရက္ခဒတ်ချ် သတင်းဂျာနယ် အခမဲ့ထုတ်ဝေ

အောက်တိုဘာ ၂၈ - ၂၀၂၄
0

ဖုန်းလိုင်း၊ အင်တာနက်လိုင်း ပြတ်ပြီး သတင်းအမှောင်ကျနေသည့် ရခိုင်ပြည်အတွင်း သတင်းအချက်အလက် မှန်မှန်ကန်ကန်စီးဆင်းစေရန် ရခိုင်သတင်းသမားအချို့က “အာရက္ခဒတ်ချ်- ARAKKADESH” အမည်ရှိ သတင်းဂျာနယ်ကို အခမဲ့ ထုတ်ဝေဖြန့်ချိနေကြောင်း သိရသည်။ တိုက်ပွဲပြင်းထန်နေသည့် နေရာဒေသများနှင့် စစ်ကောင်စီ ထိန်းချုပ်ထားဆဲမြို့နယ်များက လွဲပြီး အာရက္ခတပ်တော် AA ထိန်းချုပ်ရာ လွတ်မြောက်နယ်မြေကို ဦးစားပေးဖြန့်ဝေနေကြောင်း ဦးဆောင်သူထဲပါဝင်သူ ကိုတေဇာအောင်က ပြောသည်။ ” ရခိုင်မှာက အခုလောလောဆယ်က အင်တာနက်က လုံးဝ မရသလောက်ဖြစ်သွားပြီလေ။ အင်တာနက် ရခဲ့မယ်ဆိုရင်တောင်မှ ဖုန်းအားသွင်းခက တစ်ခါသွင်းရင် အနည်းဆုံး ကျပ် ၁,၀၀၀၊ ၁,၅၀၀ အထိ ပေးနေရတယ်။ အင်တာနက်ဖို့အတွက် တော်တော်ဝေးတဲ့နေရာတွေကို သွားနေရတာရှိတယ်။ အဲဒီလို ပိုက်ဆံအကုန်မခံနိုင်တဲ့အခါကျတော့ လူတွေက

Continue Reading
KIA ဖမ်းထားသည့် သတင်းထောက်နှစ်ဦး ပြန်လွတ်လာ
လူ့အခွင့်အရေး သတင်း
1 min read
0

KIA ဖမ်းထားသည့် သတင်းထောက်နှစ်ဦး ပြန်လွတ်လာ

အောက်တိုဘာ ၂၈ - ၂၀၂၄
0

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်းဆီးထားသည့် Red News Agency က သတင်းထောက် ကိုတာလင်းမောင်နှင့် အလွတ်တန်းသတင်းထောက် ကိုနောင်ရိုးတို့မှာ ယမန်နေ့ အောက်တိုဘာလ ၂၇ ရက် နေ့လယ် ၁၂ နာရီခန့်က ပြန်လည်လွတ်မြောက်လာကြောင်း သိရသည်။ Red News Agency ၏ ဖားကန့်မြို့နယ်အခြေစိုက် သတင်းထောက် ကိုတာလင်းမောင်နှင့် အလွတ်သတင်းထောက် ကိုနောင်ရိုးတို့ကို KIA က စက်တင်ဘာ ၂၉ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ သတင်းထောက် ကိုနောင်ရိုးနှင့် အဆက်အသွယ်ရပြီး နေကောင်းကျန်းမာစွာဖြင့် ပြန်လည်လွတ်လာကြောင်း Red News Agency အယ်ဒီတာ ဦးဝင်းဇော်နိုင်က အတည်ပြုပြောကြားထားသည်။ “ဟုတ်ပါတယ်ဗျ။ မနေ့က နေ့လယ်

Continue Reading
စစ်ကောင်စီ၏ အတုအယောင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို လက်မခံဟု IEC ထုတ်ပြန်
နိုင်ငံရေး
1 min read
0

စစ်ကောင်စီ၏ အတုအယောင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို လက်မခံဟု IEC ထုတ်ပြန်

အောက်တိုဘာ ၂၈ - ၂၀၂၄
0

အာဏာသိမ်း စစ်ကောင်စီ၏ အတုအယောင် ငြိမ်းချမ်းရေးကမ်းလှမ်းမှုကို လုံးဝ လက်မခံဟု ကရင်နီကြားကာလအုပ်ချုပ်ရေးကောင်စီ IEC က ယနေ့ စက်တင်ဘာ ၂၈ ရက်တွင် ထုတ်ပြန်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဖိတ်ခေါ်ချက်သည် ဒီမိုကရေစီအင်အားစုများကြား သွေးခွဲရန် ရည်ရွယ်ချက်ဖြင့် အတုအယောင် ငြိမ်းချမ်းရေးကို ကမ်းလှမ်းနေခြင်းဖြစ်သည်ဟု IEC က ဆိုသည်။ အကြမ်းဖက် အဖွဲ့ဖြစ်သည့် မြန်မာစစ်တပ် (စစ်ကောင်စီ) ၏ ရက်စက်ကြမ်းကြုတ်မှုများကို လူထုပေါင်းစုံမှ တက်ညီလက်ညီ ဆန့်ကျင့်ကြသဖြင့် ၎င်းတို့၏ အုပ်ချုပ်ရေးယန္တရားများမှာ တရားဝင်မှုမရှိတော့ကြောင်း ကရင်နီကောင်စီ IEC က ပြောသည်။ “စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများမှာ တရားဝင်မှုမရှိတော့သည့်အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မှုမှာလည်း မြန်မာတစ်နိုင်ငံလုံး

Continue Reading
၁၀၂၇ နေ့ အထိမ်းအမှတ် “ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှု ဂျပန်နိုင်ငံတွင်ပြုလုပ်
နိုင်ငံရေး သတင်း
1 min read
0

၁၀၂၇ နေ့ အထိမ်းအမှတ် “ရန်ကုန်မှာပြန်ဆုံမယ်” လှုပ်ရှားမှု ဂျပန်နိုင်ငံတွင်ပြုလုပ်

အောက်တိုဘာ ၂၈ - ၂၀၂၄
0

ဂျပန်နိုင်ငံတွင် ၁၀၂၇ စစ်ဆင်ရေး နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် “ရန်ကုန်မှာ ပြန်ဆုံမယ်” လှုပ်ရှား ပြုလုပ်ခဲ့ကြောင်း ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း) မှတာဝန်ရှိသူတစ်ဦးက ပြောသည်။ အောက်တိုဘာ ၂၇ ရက်နေ့က ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ စစ်ကောင်စီသံရုံး၊ ဂျပန်လွှတ်တော်၊ ကုလသမဂ္ဂတက္ကသိုလ်နှင့် အထင်ကရ နေရာများတွင် “ရန်ကုန်မှာပြန်ဆုံမယ်” စာတန်းပါ အင်္ကျီများဝတ်ဆင်၍ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ကြသည်။ “ရန်ကုန်မှာပြန်ဆုံ မယ်” လှုပ်ရှားမှုကို ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲအစည်း) နှင့် Revolution Tokyo Myanmar – R.T.M တို့ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။ စစ်တပ်မှ ကျူးလွန်နေသည့် စစ်ရာဇဝတ်မှု မှတ်တမ်းများအား အထူး အလေးအနက်ထား အရေးယူရန်လည်း

Continue Reading