ဂွမြို့နယ် တိုင်ကျိုးမှာ AA နှင့် စစ်ကောင်စီ တိုက်ပွဲဖြစ်နေ
ရခိုင်ပြည် ဂွမြို့နှင့် ၁၅ မိုင်အကွာ တိုင်ကျိုးကျေးရွာအနီးတွင် ယနေ့ အောက်တိုဘာလ ၂၅ ရက်နံနက်ပိုင်းကစ၍ AA နှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားနေကြကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ တိုင်ကျိုးကျေးရွာမှာ ကုလားပြင် (ရတနာမြိုင်) နှင့် ကမ်းသာယာကမ်းခြေကြားတွင်ရှိပြီး တိုက်ပွဲများကြောင့် ရွာသားများမှာ အလုအယက် ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံ စစ်ရေးသတင်းရင်းမြစ်က ဆိုသည်။ ” တိုင်ကျိုးဆိုတဲ့ ရွာအနီးမှာ အခု လောလောဆယ် တိုက်ပွဲဖြစ်နေပါတယ်။ ဒီနေ့ မနက်ပိုင်းက စပြီးဖြစ်နေကြတာပါ။ ရွာသားတွေကတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။ ဘယ်လိုတွေတောင် ဖြစ်နေပြီလဲ အသေးစိတ်မသိရပါဘူး။ အဲဒီနဲ့ ၇ မိုင်အကွာလောက်နေ လှမ်းပြီး သတင်းတွေ ကြားနေရပါတယ်။ တိုက်ပွဲက အရမ်းပြင်းထန်နေလို့ မိသားစုတွေကို
အာဏာရှင်ဟောင်း ဦးသန်းရွှေသားမက် နေစိုးမောင်ကို စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်
အာဏာရှင်ဟောင်း ဦးသန်းရွှေ သားမက်လည်းဖြစ် နေရွှေသွေးအောင် ဖခင် ဒေါက်တာ နေစိုးမောင်ကို နိုင်ငံတည်ငြိမ်အေးချမ်းရေး ပျက်ပြားစေရန် လှုံ့ဆော်သည်ဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးအမှုဖွင့်ထားကြောင်း တရားဝင်ထုတ်ပြန်ထားသည်။ ဒေါက်တာ နေစိုးမောင်ကို အောက်တိုဘာလ ၂၃ ရက် ညနေပိုင်းက မရမ်းကုန်မြို့နယ်မှာ ဖမ်းဆီးခဲ့ပြီး ပြည်ကြီးတံခွန်မြို့မရဲစခန်း၌ ထိန်းသိမ်းထားကြောင်း ယမန်နေ့တွင် စစ်ကေင်စီက ထုတ်ပြန်ခဲ့သည်။ Dr Nay Soe Maung Facebook စာမျက်နှာတွင် နိုင်ငံတည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန် ရည်ရွယ်ကာ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ဆောင်ရွက်ခဲ့၍ ဖမ်းဆီးအရေးယူခြင်းဖြစ်ကြောင်း စစ်ကောင်စီက ဆိုသည်။ ဒေါက်တာနေစိုးမောင်သည် အာဏာရှင်ဟောင်း သန်းရွှေ၏ သမီးဖြစ်သူ ဒေါ်ကြည်ကြည်ရွှေနှင့် လက်ထပ်ထားသူဖြစ်ပြီး အာဏာရှင်ဟောင်း သန်းရွှေ၏ အချစ်ဆုံး
ရေကြီးခဲ့သည့် ချင်းမိုင်မြို့ကို လာမည့်လတွင် ခရီးသွားနိုင်ပြီဟုဆို
( ရေကြီး၍ ပျက်စီးဆုံးရှုံးမှု ခန့်မှန်းခြေ ဘတ်ငွေ ၅ ဘီလီယံခန့်ရှိ) ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ရေကြီးမှုကြောင့် ပျက်စီးသွားသော ခရီးသွားနေရာများနှင့် အခြားနေရာများအတွက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေကြသည်။ ချင်းမိုင်မြို့သည် ရာသီအကူးအပြောင်းကာလဖြစ်သည့် နိုဝင်ဘာလတွင် ခရီးသွားများကို ကြိုဆိုရန် အဆင်သင့်ဖြစ်နေကြောင်း လက်ထောက်အုပ်ချုပ်ရေးမှူး Tosapol Phuanudom က ကြာသပတေးနေ့တွင် ပြောကြားခဲ့သည်။ မြောက်ပိုင်းခရိုင်များဖြစ်သည့် ချင်းမိုင်၊ မယ်ဟောင်ဆောင်၊ လမ်ပူနှင့် လပူန်တို့တွင် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆွေးနွေးရန် ဖွဲ့စည်းထားသည့် အစိုးရ-ပုဂ္ဂလိကကဏ္ဍအဖွဲ့ အစည်းအဝေးအပြီးတွင် ၎င်းက ကတိပြုခဲ့သည်။ ချင်းမိုင်တွင် ရေကြီးရေလျှံပြီးနောက် ကြီးမားသော ရှင်းလင်းရေး ကြိုးပမ်းမှု ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။ နေအိမ်များ၊ ကျောင်းများ၊ ဟိုတယ်များ၊ စက်ရုံများ၊
ကမ္ဘာ့လေထုညစ်ညမ်းမှု အဆိုးဆုံးမြို့များထဲတွင် ဘန်ကောက်နှင့် ချင်းမိုင် ပါဝင်
(နယူးဒေလီသည် ကမ္ဘာပေါ်တွင် လေထုအညစ်ညမ်းဆုံးမြို့ဖြစ်ပြီး ဟနွိုင်းသည် အရှေ့တောင်အာရှတွင် အဆင့် ၄ ရှိသည်) ရေကြီးပြီးနောက် ထိုင်းနိုင်ငံတွင် လေထုညစ်ညမ်းမှု များလာပြီး ဘန်ကောက်နှင့် ချင်းမိုင်တို့သည် ဖုန်မှုန့်အမှုန်အမွှားများ ညစ်ညမ်းမှုအတွက် ကမ္ဘာတစ်ဝှမ်းရှိ ထိပ်တန်းမြို့ကြီး ၅၀ တွင် ပါဝင်ခဲ့ကြောင်း ဆွစ်ဇာလန်အခြေစိုက် IQAir ၏ နောက်ဆုံးအချက်အလက်များအရ သိရသည်။ သောကြာနေ့ နံနက် ၁၀ နာရီ ၂၅ မိနစ်တွင် ထိုင်းမြို့တော်သည် လေထုအရည်အသွေး အညွှန်းကိန်း (AQI) 101 ဖြင့် အဆင့် ၁၃ တွင်ရှိပြီး ချင်းမိုင်သည် AQI 66 ဖြင့် အဆင့် ၄၃ ရှိသည်။ ဘန်ကောက်မြို့သည် လေထုအရည်အသွေးအတွက်
စစ်အာဏာရှင်စနစ် ကျရှုံးရမည်ဟု KIO ဥက္ကဌပြော
မြန်မာစစ်တပ်ဦးဆောင်သော စစ်ကောင်စီ၏ အာဏာရှင်စနစ် ဧကန်မုချ ကျရှုံးရမည်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုလိုက်သည်။ ယနေ့ အောက်တိုဘာ ၂၅ ရက်တွင် ကျရောက်သည့် KIO တည်ထောင်နေ့ ၆၄ နှစ်မြောက် နှစ်ပတ်လည်အခမ်းအနား မိန့်ခွန်းတွင် ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောဆိုခဲ့ခြင်းဖြစ်သည်။ လက်ရှိ စစ်အာဏာရှင်တော်လှန်ရေးသည် မြန်မာပြည်သူတစ်ရပ်လုံး ပါဝင်ထောက်ခံသော တော်လှန်ရေးဖြစ်ပြီး စစ်အာဏာရှင်စနစ် ဧကန်မုချကျဆုံးမည်ဟု ပြောသည်။ နွေဦးတော်လှန်ရေးအင်အားစုများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့များဖြင့် ဆက်လက် လက်တွဲသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ဆိုသည်။ ပြည်သူ့စစ်အဖွဲ့များအနေဖြင့်လည်း စစ်တပ်လက်အောက်ခံအဖြစ်မှ ရုပ်သိမ်းပြီး KIO နှင့်အတူ ပူးပေါင်းကြရန် ၎င်းက သတိပေးသည်။ KIO
သံတွဲမြို့ပေါ်က စစ်မှူးထမ်းဟောင်းရုံးနှင့် ကြံ့ခိုင်ရေးပါတီရုံးတို့ကို စစ်ကောင်စီဗုံးကြဲ
ရခိုင်ပြည်၊ သံတွဲမြို့ပေါ်မှာ စစ်မှုထမ်းဟောင်းရုံးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရုံးတို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင့် အဆောက်အဦးအချို့ ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။ အောက်တိုဘာ ၂၄ ရက်နေ့ နံနက် ၄ နာရီအကျော်အချိန် သံတွဲမြို့ပေါ်က စစ်မှူးထမ်းဟောင်းရုံးနှင့် ကြံ့ခိုင်ရေးပါတီရုံးတို့ကို စစ်ကောင်စီတပ် လေကြောင်းကနေ လာရောက် ဗုံးကြဲခဲ့ခြင်း ဖြစ်ကြောင်း အသက် ၃၉ နှစ်ရွယ် အမျိုးသားတစ်ဦးက Western News ကို ပြောသည်။ “သံတွဲမြို့ အံတော်ရပ်ကွက် က စစ်မှုထမ်းဟောင်းရုံးရယ်၊ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး ရုံးရယ် အဲ့ဒီရုံးတွေကို ဗုံးကြဲသွားတာဗျ၊ အားကစားခန်းမ ကို ဗုံးကြဲသွားတာရှိတယ်လို့ ပြောတယ်။ ဖုန်းလိုင်းတွေ အဆက်ဖြတ်ထားတော့ အတည်ပြုနေရတာအရမ်းခက်ခဲတယ်
အမ်းတိုက်ပွဲ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ကိုက် ၁၀၀ အကွာသို့ ရောက်ရှိလာ
ရခိုင်ပြည် အမ်းမြို့နယ်က စစ်ကောင်စီတပ်နှင့် အာရက္ခတပ်တော်တို့ နှစ်ဖက်တိုက်ပွဲမှာ အမ်းမြို့ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နှင့် ကိုက် ၁၀၀ ခန့်အကွာသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ဝန်းရံထားသည့် အရံတပ်စခန်းများကို အာရက္ခတပ်တော်က အရှိန်မြှင့်ထိုးစစ်ဆင်လျှက်ရှိနေပြီး ယမန်နေ့ အောက်တိုဘာ ၂၃ ရက် ညနေပိုင်းအထိ နပခ ၏ အရံတပ်စခန်းထဲက အမြောက်တပ်ကို တိုက်ခိုက်နေကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ “အမြောက်တပ်ကို တိုက်နေကြပြီ။ အမြောက်တပ်နားမှာပဲ ဆေးတပ်နဲ့ ထောက်ပို့တပ်တွေလည်းရှိနေတယ်။ အခုတိုက်ပွဲက နပခ နဲ့ ကိုက် ၁၀ဝ လောက်ပဲ အကွာအဝေးရှိတော့တယ်” ဟုပြောသည်။ အမ်းတိုက်ပွဲတွင် စစ်ကောင်စီဖက်မှ လေကြောင်းပစ်ကူမှု ဆက်တိုက် ပြုလုပ်နေသော်လည်း
မြန်မာနိုင်ငံတစ်ဝန်း ၃ လအတွင်း စစ်ပွဲများနှင့် စစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၄၄ ဦးသေဆုံး
မြန်မာနိုင်ငံတစ်ဝန်း ဇူလိုင်လမှ စက်တင်ဘာလအထိ ၃ လအတွင်း တိုက်ပွဲများနှင့် စစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် ပြည်သူ ၁၂၄၄ ဦးသေဆုံးခဲ့ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့က ပြောသည်။ ၂၀၂၄ ခုနှစ် ဇူလိုင်လမှ စက်တင်ဘာလအတွင်း စစ်တပ်က ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့မှုကြောင့် ထိခိုက်သေဆုံးသူ ၁၀၄၄ ဦးအထိရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၁၃၈၃ ဦးအထိရှိခဲ့သည်။ စစ်ပွဲများဖြစ်ပွားချိန် ၃ လတာ ကာလအတွင်း အရပ်သား သေဆုံးမှု ၂၀၀ ဦးနှင့် ဒဏ်ရာရရှိမှု ၂၄၁ ဦးရှိကြောင်း၊ ထို့ကြောင့် စစ်တပ်၏ ပစ်မှတ်ထားတိုက်ခိုက်မှုနှင့်တိုက်ပွဲများအတွင်း အရပ်သား သေဆုံးမှုမှာ ၃ လတာကာလအတွင်း ၁၂၄၄ ဦးရှိကြောင်း သိရသည်။ ထို့ပြင် လက်နက်ကိုင်တော်လှန်ရေးအင်အားစုများက စစ်ကောင်စီတပ်များကို
အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” ရခိုင်ပြည် ဂွမြို့ အနီးတွင်ရှိ
ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနှင့် အနောက်မြောက်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” (DANA) သည် အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ပိုမိုအားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း “ဒါနာ” အဖြစ်သို့ ရောက်ရှိခဲ့ပြီဟု သိရသည်။ ယနေ့ အောက်တိုဘာလ ၂၄ ရက် နံနက်ပိုင်း စစ်ကောင်စီ၏ မိုးလေဝသဌာနမှ ထုတ်ပြန်ချက်အရ ရခိုင်ပြည် ဂွမြို့၏ အနောက်မြောက်ဘက် ရေမိုင် ၃၆၅ မိုင်ခန့် အကွာနှင့် အိန္ဒိယနိုင်ငံ၊ ဩရိဿပြည်နယ်၊ ဒမ်မရာမြို့ အရှေ့တောင်ဘက် ရေမိုင် ၁၆၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း ဆိုသည်။ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက် လေပြင်းများကျရောက်ပြီး လှိုင်းကြီးရာမှ လှိုင်းအလွန်ကြီးမည်ဖြစ်သည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည်
KIA ဖမ်းထားသည့် သတင်းထောက်နှစ်ဦးကို ပြန်လွှတ်ပေးရန် CPJ တောင်းဆို
(သတင်းလုပ်ငန်းက ရာဇဝတ်ပြစ်မှုကျူးလွန်ခြင်း မဟုတ်ကြောင်း IPCM ပြော) ကချင်လွတ်မြောက်ရေးတပ်မတော် KIA က Red News Agency သတင်းထောက်နှင့် အလွတ်တန်းသတင်းထောက်ကို ဖမ်းဆီးထားသည့်အတွက် အမြန်ဆုံး ပြန်လွှတ်ပေးရန် သတင်းသမားများ ကာကွယ်ရေးကော်မတီ CPJ က တောင်းဆိုလိုက်သည်။ စက်တင်ဘာလ ၂၉ ရက်နှင့် ၃၀ ရက်တွင် သတင်းထောက်နှစ်ဦးကို ဖားကန့်မြို့နယ်ရှိ ၎င်းတို့နေအိမ်ကနေ KIA က ဖမ်းဆီးသွားခြင်းဖြစ်ပြီး တာဝန်ခံမှုရှိရမည်ဟု အောက်တိုဘာ ၂၂ ရက်တွင် CPJ က ထုတ်ပြန်ခဲ့သည်။ ဖမ်းဆီးခံရသည့် သတင်းထောက်နှစ်ဦးမှာ Red News Agency က သတင်းထောက် တာလင်းမောင်နှင့် အလွတ်တန်းသတင်းထောက် နောင်ရိုးတို့ဖြစ်သည်။ CPJ