မြန်မာနိုင်ငံကို လျှပ်စစ်ပစ္စည်းနှင့် စက်ယန္တရား တင်ပို့မှု တရုတ် ပိတ်
စီးပွားရေး သတင်း
1 min read
0

မြန်မာနိုင်ငံကို လျှပ်စစ်ပစ္စည်းနှင့် စက်ယန္တရား တင်ပို့မှု တရုတ် ပိတ်

အောက်တိုဘာ ၂၃ - ၂၀၂၄
1

နယ်စပ်ဂိတ်ပေါက်များမှ တစ်ဆင့် မြန်မာနိုင်ငံကို တင်ပို့နေသည့် လျှပ်စစ်ပစ္စည်းများ၊ စက်ယန္တရားများနှင့် အိမ်သုံးလူသုံးကုန်၊ ဆေးဝါးများကို တရုတ်ဘက်က ပိတ်ပင်လိုက်သည်။ အောက်တိုဘာလ ၂၂ ရက်နေ့ကစ၍ မူဆယ်-ကြယ်ခေါင်ဘက်ရှိသည့် နယ်စပ်ဂိတ်ပေါက်များကို တရုတ်ဘက်က ပိတ်ပင်လိုက်ခြင်းဖြစ်သည်။ ကုန်သည်တစ်ဦးက “မနေ့ မနက်ပိုင်းကစပြီး ပစ္စည်းတွေ မြန်မာဘက်အခြမ်းကို တင်သွင်းခွင့်ပိတ်တာ။ လျှပ်စစ်ပစ္စည်းတွေ လုံး၀ သယ်လို့ မရဘူး။ ဆေးဝါး၊ ဆေးပစ္စည်းတွေ တင်လို့မရဘူး။ အစားအသောက်ဆိုရင်တောင် တစ်ကိုယ်ရည်စာပဲရတယ်။ ဆိုင်ကယ်တွေလည်း တင်လို့မရဘူး။ တားမြစ်ထားတာတွေ သယ်ရင် စာအုပ်သိမ်း၊ ပြည်ဝင်ခွင့် ၄ နှစ်ပိတ်မယ်ပြောတယ်။ စက်ပစ္စည်းဆိုရင် ဘာတစ်ခုမှ သယ်ခွင့်မပေးဘူး” ဟု ပြောသည်။ တရုတ်ဘက်က မြန်မာနိုင်ငံကို ပစ္စည်းတင်ပို့မှု ပိတ်ပင်သည့်ကာလ မည်သည့်အချိန်အထိ

Continue Reading
စစ်တွေရှိ စစ်ကောင်စီ တပ်စခန်းများက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့ ၃ မြို့ကို ပစ်ခတ်တိုက်ခိုက်နေ
စစ်ရေး သတင်း
1 min read
0

စစ်တွေရှိ စစ်ကောင်စီ တပ်စခန်းများက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော မြို့ ၃ မြို့ကို ပစ်ခတ်တိုက်ခိုက်နေ

အောက်တိုဘာ ၂၃ - ၂၀၂၄
0

(ရခိုင်က မြို့ ၃ မြို့တွင် နေ့စဉ်ရက်ဆက် တိုက်ပွဲပြင်းထန်) ရခိုင်ပြည် မြို့တော် စစ်တွေမြို့တွင်ရှိသော စစ်ကောင်စီ တပ်စခန်းများက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော ပေါက်တော၊ ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်ဒေသများကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း AA က အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ထားသည်။ ကျိန္တလီ၊ ကမ်းသာယာမြို့များမှလည်း တိုက်ပွဲဖြစ်ပွားရာနေရာများသို့သာမက တိုက်ပွဲဖြစ်ပွားခြင်းမရှိသော နေရာများ၊ မြို့၊ ရွာများသို့ပါ လက်နက် ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။ ပင်လယ်ပြင်တွင် တပ်စွဲထားသော စစ်ကောင်စီ၏ စစ်သင်္ဘောကြီးများပေါ်မှလည်း လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခြင်းများကိုလည်း နေ့တိုင်းပြုလုပ်လျက်ရှိကြောင်း AA က ပြောသည်။ ဤကဲ့သို့ စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများ

Continue Reading
ARSA ၏ အခိုင်အမာ တပ်စခန်း ၄ နေရာကို AA သိမ်းပိုက်
စစ်ရေး သတင်း
1 min read
0

ARSA ၏ အခိုင်အမာ တပ်စခန်း ၄ နေရာကို AA သိမ်းပိုက်

အောက်တိုဘာ ၂၃ - ၂၀၂၄
0

(ဘင်္ဂလားဒေ့ရှ်-ရခိုင် နယ်စပ်တစ်လျှောက် စိန်ခေါ်မှုအသစ်ဖြစ်လာဟုဆို) ဘူးသီးတောင်၊ မောင်တောဒေသရှိ မေယုတောင်တန်းတွင် အခိုင်အမာစခန်းချထားသော စစ်သွေးကြွ မွတ်ဆလင်လက်နက်ကိုင် ARSA ၏ တပ်စခန်း ၄ ခုကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ကြောင်း သိရသည်။ တပ်စခန်းများအား မသိမ်းပိုက်မီ အောက်တိုဘာလ ၁၉ ရက်နေ့ကစ၍ ARSA နှင့် ထိတွေ့တိုက်ပွဲ ၅ ကြိမ်အထိ ဖြစ်ပွားခဲ့ကြောင်း AA က ယမန်နေ့ အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ပြန်ထားသည်။ အဆိုပါ တပ်စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီမှ တပ်ဆင်ပေးထားသော လက်နက်ခဲယမ်းများအပြင် မွတ်ဆလင်လက်နက်ကိုင် တပ်ဖွဲ့တင် အလောင်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း AA က ဆိုသည်။ ဘူးသီးတောင်မြို့နယ်

Continue Reading
ချစ်သူကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူးကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်
မှုခင်း သတင်း
1 min read
0

ချစ်သူကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် PDF ဒုတပ်ခွဲမှူးကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်

အောက်တိုဘာ ၂၃ - ၂၀၂၄
0

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် သခွတ္တောကျေးရွာက အမျိုးသမီးတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ ရွှေဘိုခရိုင်တပ်ရင်း (၂)၊ တပ်ခွဲ (၁) ၏ ဒုတပ်ခွဲမှူးကို ထောင်ဒဏ် ၁၀ နှစ်ချမှတ်လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထုတ်ပြန်သည်။ အကျဉ်းစစ်တရားရုံးချုပ် စစ်ဆေးချက်အရ အမျိုးသမီးအား ပစ်သတ်ခဲ့ကြောင်း အမှုမှန်ပေါက်သဖြင့် ဒုတပ်ခွဲမှူး ပြည့်ထွန်းနိုင် (ခ) လင်းစေ ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ချမှတ်လိုက်ကြောင်း NUG က အောက်တိုဘာလ ၂၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။ NUG ၏ ထုတ်ပြန်ချက်အရ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၆ ရက် ညနေပိုင်းက သမီးရည်းစားချင်း စကားများကြရာမှ

Continue Reading
တနင်္သာရီမှာ ခရီးသည်တင်လှေ နစ်မြုပ်၊ အသက်ရှင်သူ ၇၀ ဦးနှင့် သေဆုံးသူ ၁၇ ဦးကို ပြန်ရှာတွေ့
သတင်း
0 min read
0

တနင်္သာရီမှာ ခရီးသည်တင်လှေ နစ်မြုပ်၊ အသက်ရှင်သူ ၇၀ ဦးနှင့် သေဆုံးသူ ၁၇ ဦးကို ပြန်ရှာတွေ့

အောက်တိုဘာ ၂၃ - ၂၀၂၄
0

တနင်္သာရီတိုင်း ပုလောမြို့နယ်မှာ ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည် ခရီးသည်တင်လှေတစ်စီး အောက်တိုဘာလ ၂၀ ရက် ညနေပိုင်းက နစ်မြုပ်သွားပြီး သေဆုံးသူ ၁၇ ဦးနှင့် အသက်ရှင်သူ ၇၀ ဦးကို ပြန်ရှာတွေ့ထားကြောင်း သိရသည်။ ခရီးသည်တင်လှေမှာ အရေအတွက် မည်မျှပါသည်ကို အတိအကျ မသိရသေး၍ ပျောက်ဆုံးနေသူအများအပြားရှိနေကြောင်းလည်း မြိတ်အခြေစိုက် ရှင်သန်ခြင်း ပရဟိတအသင်းမှ တာဝန်ရှိသူများက ပြောသည်။ ရှင်သန်ခြင်းပရဟိတအသင်း အဖွဲ့ဝင် ဦးဝင်းနောင်က “မနေ့က ၉ လောင်းတွေ့တယ်။ အရင်နေ့က ၈ လောင်းပေါ့။ အသက်ရှင်လျက် ကယ်ဆယ်နိုင်တာက ၇၀ လောက်ရှိတယ်။ ပျောက်နေတဲ့သူတွေလည်း အများကြီးပဲ။ နီးစပ်ရာကျွန်းတွေ၊ အလောင်းမျောနိုင်တဲ့ နေရာတွေတို့တော့ လိုက်ရှာလို့ ကုန်သွားပြီ။

Continue Reading
ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်းဆီးထားသည့် ဖားကန့်မြို့နယ်အခြေစိုက် သတင်းထောက်နှစ်ဦးနှင့် ပတ်သက်၍ Red News Agency ၏ ထုတ်ပြန်ချက်
သတင်း
0 min read
0

ကချင်လွတ်မြောက်ရေးတပ်မတော် KIA က ဖမ်းဆီးထားသည့် ဖားကန့်မြို့နယ်အခြေစိုက် သတင်းထောက်နှစ်ဦးနှင့် ပတ်သက်၍ Red News Agency ၏ ထုတ်ပြန်ချက်

အောက်တိုဘာ ၂၃ - ၂၀၂၄
0

Continue Reading
စစ်ကောင်စီက အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေကြောင်း သံအမတ် ဦးကျော်မိုးထွန်းပြော
စစ်ရေး မှုခင်း သတင်း
1 min read
0

စစ်ကောင်စီက အကြမ်းဖက်မှုမျိုးစုံ ကျူးလွန်နေကြောင်း သံအမတ် ဦးကျော်မိုးထွန်းပြော

အောက်တိုဘာ ၂၂ - ၂၀၂၄
1

အာဏာသိမ်း စစ်ကောင်စီအနေဖြင့် စစ်ရှုံးနေ၍ ရှုံးမဲမဲကာ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံနှင့် ဆေးရုံများအပါအဝင် ကြမ်းဖက်မှုမျိုးစုံကို ကျူးလွန်နေကြောင်း သံအမတ် ဦးကျော်မိုးထွန်းက ပြောသည်။ အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့မှာ အောက်တိုဘာလ ၂၁ ရက်နေ့က ကျင်းပခဲ့သည့် ၇၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ တတိယကော်မတီ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောဆိုခဲ့ခြင်းဖြစ်သည်။ အာဏာသိမ်းစစ်တပ်မှာ မြေပြင်တွင် ရှုံးနိမ့်လျက်ရှိသဖြင့် စာသင်ကျောင်းများ၊ ဘာသာရေး အဆောက်အဦများနှင့် ဆေးရုံများကို မဆင်မခြင် လေကြောင်းမှတဆင့် ဗုံးကျဲ တိုက်ခိုက်မှုများ အပါအဝင် အကြမ်းဖက် တိုက်ခိုက်မှုအမျိုးမျိုးကို ရည်ရွယ်ချက်ရှိရှိ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဆိုသည်။ စစ်တပ်က သံသယရှိသူများကို စစ်ဆေးမေးမြန်းရန်၊ အကျဉ်းထောင်များတွင်

Continue Reading
အမ်းနှင့် မောင်တောမှာ စစ်ကောင်စီ ပစ်ခတ်၍ တစ်ရက်တည်း အရပ်သား ၈ ဦးသေ၊ ၂၄ ဦး ဒဏ်ရာရ
စစ်ရေး သတင်း
0 min read
0

အမ်းနှင့် မောင်တောမှာ စစ်ကောင်စီ ပစ်ခတ်၍ တစ်ရက်တည်း အရပ်သား ၈ ဦးသေ၊ ၂၄ ဦး ဒဏ်ရာရ

အောက်တိုဘာ ၂၂ - ၂၀၂၄
0

ရခိုင်ပြည် အမ်းမြို့နယ်နှင့် မောင်တောမြို့နယ်မှာ စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်မှု၊ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ယမန်နေ့ အောက်တိုဘာလ ၂၁ တစ်ရက်တည်းတွင် အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိကြောင်း သိရသည်။ အမ်းမြို့နယ် လောင်းစပ်ကျေးရွာကို ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် နေ့လယ် ၂ နာရီက စစ်ကောင်စီ လက်နက်ကြီးပစ်ခတ်ခဲ့၍ အပြစ်မဲ့အရပ်သား ၃ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာ ပြင်းထန်ရရှိခဲ့သည်။ တိုက်ပွဲမရှိသည့် လောင်းစပ်ကျေးရွာကို အရပ်သားသေဆုံးစေလိုသည့် ရည်ရွယ်ချက်ဖြင့် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ရွာသားများက ဆိုသည်။ သေဆုံးသူများမှာ အသက်မပြည့်သည့် ၁၇ နှစ်အရွယ် ကိုဖြိုးမင်းသူ၊ အသက် ၆၀

Continue Reading
မြေသြဇာစျေးကြီးမားမှုကြောင့် ရခိုင်က ဆောင်းသီးနှံစိုက်ပျိုးသူများ အခက်ကြုံ
စီးပွားရေး သတင်း
1 min read
0

မြေသြဇာစျေးကြီးမားမှုကြောင့် ရခိုင်က ဆောင်းသီးနှံစိုက်ပျိုးသူများ အခက်ကြုံ

အောက်တိုဘာ ၂၂ - ၂၀၂၄
0

မြေသြဇာစျေးကြီးမားမှုကြောင့် ရခိုင်က ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများမှာ အခက်ကြုံတွေ့နေကြရကြောင်း ဆောင်းသီးနှံ စိုက်ပျိုးသူများက ပြောသည်။ လက်ရှိ မြေသြဇာစျေးမှာ 50 kg တစ်အိတ်ကို ကျပ် ၆ သိန်းခန့်ရှိနေသည့်အတွက် စိုက်ပျိုးထားသည့်အပင်များအား မြေသြဇာမှန်မှန် မကျွေးနိုင်ဘဲဖြစ်နေကြောင်း မင်းပြားမြို့နယ်က ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူတစ်ဦးက ပြောသည်။ “အပင်တွေက မြေသြဇာကျွေးချိန် ရောက်နေပြီ။ ဒါပေမယ့် မြေသြဇာစျေးတွေက ကြီးတော့ မဝယ်နိုင်ဘူး။ အိတ်လိုက်က ကျပ် ၆ သိန်းလောက်ရှိတယ်။ ပြည်နဲ့ချိန်ပြီး ရောင်းကြတာလည်းရှိတယ်။ ၁ ပြည်ကို ကျပ် ၁၅,၀၀၀ လောက်ရှိတယ်။ မြေသြဇာ မကျွေးနိုင်တော့ အထွက်နှုန်းကျဖို့ကလည်းများတယ်လေ” ဟု ပြောသည်။ ရခိုင်တွင် ဘင်္ဂလာနှင့် အိန္ဒိယဘက်တို့မှ တင်သွင်းသည့်

Continue Reading
ဒေသခံများ နေရပ်ပြန်နိုင်ရေး မတူပီ တပ်မဟာ အချင်းချင်း ညှိနှိုင်းမည်
စစ်ရေး သတင်း
1 min read
0

ဒေသခံများ နေရပ်ပြန်နိုင်ရေး မတူပီ တပ်မဟာ အချင်းချင်း ညှိနှိုင်းမည်

အောက်တိုဘာ ၂၂ - ၂၀၂၄
1

အိုးအိမ်စွန့်ခွာ စစ်ရှောင်နေရသော ချင်းပြည်သူများ နေရပ်ပြန်နိုင်ရေးအတွက် မတူပီ တပ်မဟာအချင်းချင်း ညှိနှိုင်းပြေလည်ပြီး ကြားခံအဖွဲ့အစည်းတစ်ခုဖြင့် ကြိုးပမ်းဆောင်ရွက်မည်ဟု သိရသည်။ ဒေသခံပြည်သူများ အပူအပင်မရှိ နေရပ်ပြန်နိုင်ရန် တတိယအဖွဲ့အစည်း (ကြားခံအဖွဲ့အစည်း) မှ တစ်ဆင့် ကြိုးပမ်းဆောင်ရွက်မည်ဟု မတူပီတပ်မဟာ ၂ က အောက်တိုဘာလ ၂၁ ရက်တွင် သတင်းထုတ်ပြန်သည်။ မတူပီမြို့နယ်တွင် ပြည်သူ့ကာကွယ်ရေးတပ် CDF မှာ တပ်မဟာ ၁ နှင့် တပ်မဟာ ၂ တို့ရှိပြီး ၎င်းတို့မှာ မူဝါဒနှင့် သဘောထားမတိုက်ဆိုင်၍ နှစ်ခြမ်းကွဲသွားကြသည်။ မတူပီ တပ်မဟာ ၁ CDF သည် ချင်းညီနောင်တပ်ဖွဲ့သို့ ဝင်ရောက်သွားပြီး မတူပီ တပ်မဟာ ၂ မှာ

Continue Reading